Easy Mart

Easy Mart ..

ဒီ LED မီးအိမ်လေးရှိရင် မီးပျက်လို့ စိတ်ညစ်စရာ မလိုတော့ဘူးတအိမ်လုံး မီးလင်းထိန်သွားစေရမယ်လို့ အာမခံတယ် LED မီးလုံး 336 လ...
22/03/2023

ဒီ LED မီးအိမ်လေးရှိရင် မီးပျက်လို့ စိတ်ညစ်စရာ မလိုတော့ဘူး
တအိမ်လုံး မီးလင်းထိန်သွားစေရမယ်လို့ အာမခံတယ်
LED မီးလုံး 336 လုံးတောင် ပါတယ်
Watt က 300 နော် လမ်းမီးတိုင်တောင် လုပ်လို့ရမယ်
ဆိုက်ကလည်း မသေးဘူး (6)လက်မရှိတယ်
ကွာလတီကတော့ Solid အပြည့်ပဲ
ဆိုလာရော လျှပ်စစ်နဲ့ပါအားသွင်းလို့ရတယ်
(Type C အားသွင်းကြိုးပါ)
USB ပေါက်ကနေ အားပြန်သွင်းလို့ရမယ်
အလင်းရောင်ရှိရုံနဲ့ အားသွင်းလို့ရတယ်
ရေစိုလည်း ခံတော့ ရေလည် မိုက်တယ်
မီးအလင်းရောင်ကို ၃မျိုး‌ပြောင်းလို့ရမယ်
အရေးပေါ်မီးအဖြစ်လည်းသုံးလို့ရတယ်
ခရီးဆောင်သယ်သွားလည်း မိုက်မှမိုက်ပဲ
မီးအလင်းအပြင်းဆုံးနဲ့ 7နာရီဝန်းကျင်
အသုံးပြုလို့ရမယ်
ဘက်ထရီက 12000 ma/h ပါတယ်
ပါဝါဘဏ် အဖြစ်လဲသုံးလို့ရသေးတယ်
ပါဝါဘဏ် တလုံးကို 30,000 ကျော်ပေးနေရတဲ့ အချိန်မှာ
ဒီမီးအိမ်ရဲ့ဈေးနှုန်းက 45,000 ပဲကျမှာပါ
အရေအတွက် အနဲငယ်ပဲ ပါတာမို့ ချစ်မိတ်ဆွေများ
09449009100 နဲ့ 09795559800
ကိုဆက်ပြီး အမြန်မှာပေးပါ

သိန်း ၃၅၀ လောက်ရင်းပြီး လပိုင်းအတွင်း သိန်း ၃၀၀၀ ကျော်မြတ်တဲ့နည်း( ကိုယ်ချင်းစာတရားမရှိရင် စာနာစိတ်မရှိရင် ငရဲမကြောက်တတ်...
26/06/2022

သိန်း ၃၅၀ လောက်ရင်းပြီး လပိုင်းအတွင်း သိန်း ၃၀၀၀ ကျော်မြတ်တဲ့နည်း
( ကိုယ်ချင်းစာတရားမရှိရင် စာနာစိတ်မရှိရင် ငရဲမကြောက်တတ်ရင် ဂုဏ်သိက္ခာကို ထည့်မတွက်ရင် မြန်မာပြည်မှာ ငွေရှာရလွယ်ပါတယ် )
”လြယ္သလား ခက္သလား ရာမ”
စင်ကာပူအလုပ်အကိုင် ရှာဖွေးရေးဂရုတွေထဲ ကျနော်ဝင်ထားတယ်။
ကျနော်ရှာဖို့ မဟုတ်ဘူး၊ ရှာနေတဲ့သူတွေကို ကိုယ်သိတာလေးတွေ ဝင်ပြောပြပေးဖို့ သက်သက်သာ ဖြစ်တယ်။
အဓိကက….
သူတို့ကို လူအလိမ် မခံရစေချင်တာ။
တစ်ယောက်ယောက်က…
”ဘာအလုပ်လိုချင်ပါတယ်၊ ညာအလုပ်လိုချင်ပါတယ်”… လို့ ပိုစ့်တင်ကြည့်။
”CB လာခဲ့”… ဆိုတာချည်းပဲ။
ခများတို့ကို ပြောလိုက်မယ်…အဲ့လို CB လာခဲ့ဆိုတာနဲ့ အလိမ်ခံရဖို့ ၉၉% သေချာပီမှတ်။
ဘာလိုင်စင်မှ မရှိ ဘယ်မှာနေမှန်း မသိ ဘာအဆင့်မှန်း မသိ ဖုန်းနံပတ်လေး တစ်ခုနဲ့ ဖေ့စဘုတ်အကောင့်တစ်ခု ဖွင့်ပီး လူတွေကို အချဉ်ဖမ်းနေတာ။
အဲလို… ကလေကချေ အုတ်ကြားမြက်ပေါက်တွေကို ယုံတဲ့သူ ခံ။ လမ်းမှာတွေ့တဲ့ လူတစ်ယောက်က… … ”ညီမလေး… အကိုကြီးနဲ့ လိုက်အိပ်မလား၊ ညီမလေးကို အကိုကြီးက အတည်ယူမှာပါ”… ဆိုရင် လိုက်အိပ်ကြမလား?
ခုလည်း အတူတူပဲ။ ဘာမှန်းညာမှန်း မသိ၊ အခြေအမြစ်မရှိတဲ့သူက လူမမြင်အောင် CB ခေါ်ပြီး ဂျင်းအတောင့်လိုက် ထည့်မလို့ဟာကို ယုံလည်း ခံပေါ့ဗျာ။
ခများတို့ကို ပြောပြမယ်… နိုင်ငံခြားကို အလုပ်သမားပို့မယ့် အေဂျင်စီဟာ အနည်းဆုံး လိုင်စင်ရအေးဂျင့်တော့ ဖြစ်ပါစေ။ လိုင်စင်ရှိပီး၊ ရုံးခန်းဘာညာကို မြို့လယ်ကောင်ဖွင့်ပီး၊ လိမ်ပြေးတဲ့ အေးဂျင့်တွေတောင် အများကြီး ရှိတာဗျာ။
ပြောပြအုံးမယ်… မြန်မာပြည်မှာ ပိုက်ဆံရှာရတာ သိပ်လွယ်တဲ့ အကြောင်းလေး။ ဥပမာ…
ကျုပ်က အလုပ်သမားပို့မယ့် အေးဂျင့် ထောင်လိုက်မယ်။ T4K global man power Co.ltd ကြီး ဆိုပါတော့။
မြို့ထဲမှာ… စမ်းချောင်းဘက်လောက်မှာ တိုက်ခန်းငှားပီး ရုံးဖွင့်လိုက်မယ်။ တစ်လ ၅ သိန်းနဲ့ ၁၂ လစာ သိန်း ၆၀ ရင်းမယ်။ ရုံခန်းနည်းနည်းပြင် ပရိဘောဂထည့် သိန်း ၄၀ ထား။အလုပ်သမားဝန်ကြီးဌာနမှာ မှတ်ပုံတင်မယ်၊ စရံ သိန်း၂၀၀ (သိန်း ၂ဝဝ ထင်တယ်) တင်လိုက်မယ်။ တခြား ဘာကြေားညာကြေး သိန်း ၅၀ ထား။ စုစုပေါင်း သိန်း ၃၅၀ ရင်းရင် ရပြီ။
ပေါ်လာပြီ… T4K global man power Co.ltd ကြီး ပေါ်လာပြီ။ ခန့်ခန့်ညားညားကြီး။ လိုင်စင်နံပတ်နဲ့ ဘာနဲ့ ရုံးခန်းနဲ့ အဲကွန်းနဲ့။ အေး… ပထမဆုံးအကြိမ် လူခေါ်ထည့်လိုက်မယ် – စင်ကာပူနိုင်ငံ၊ ဟော်တယ် house keeping ဝန်ထမ်း အလိုရှိသည်။
– Spass ရမည်
– ပညာအရည်အချင်း ဆယ်တန်းအောင်
– အသက် ၂၃ မှ ၄၀ အတွင်း (ကျား/မ)
– လစာ ၂၃၀၀၊ အချိန်ပို ၁ ဆခွဲ၊
– နေစရာ ပေးမည်၊ (အစားအသောက် မိမိအစီအစဉ်)
– တစ်လ နားရက် ၄ ရက်
– စင်ကာပူဥပဒေအတိုင်း အခြားအကျိုးခံစားခွင့် ရမည်
– လူ ၁၅ ဦးသာ
– အေးဂျင့်ကြေး ၅၀၀၀ (အကြွေးမရ)
– အလုပ်အပ်လျင် စရံ ၁၀၀၀
– အင်တာဗျူးအောင်လျင် ၁၅၀၀ ထပ်သွင်းရမည်။
– Spass တင်လျင် ကျန်ငွေ အကြေရှင်းရမည်
– ဖုန်း 09###xxccxx
– ကုမ္ပဏီ ရုံးခန်းသို့ ဆက်သွယ်ပါ။
ပြည်တွင်းမှာ လုပ်ကိုင်စားဖို့ အလွန်အမင်းခက်နေတော့…ဒီအလုပ်ကို စုပြုံတိုးကြတာပေါ့။
လူ ၂၀၀ ပဲ လာလျှောက်ပီး အလုပ်အပ်တယ်ဆိုပါစို့။ (တကယ်က ဒီထက်အများကြီး ပိုဖို့ပဲ ရှိတယ်)
ပထမအကြိမ် ဝင်ငွေ… S$1000 x 200 = S$200000
အကုန်လုံးကို အင်တာဗျူး အအောင်ပေးထည့်လိုက်တယ် (ဘသူသိတာမှတ်လို့၊ တကယ်က စကတည်းက အင်ထုနေတာလေ) လာထား… နောက်ထပ် 1500၊ (လူ ၅၀ လောက်က ငွေထပ်မသွင်းနိုင်လို့ မလာဘူးပဲထား) S$1500 x 150 = S$225000
အေး… Spass တင်ပြီ ကျန်ငွေ S$2500 မ,စပါ။ အဲ့မှာတချို့နဲ့ ပြသနာ စညှိပြီ။ ငွေကလည်း ထပ်သွင်းစရာ မရှိ သွင်းပြီးသား ပြန်တောင်းတော့လည်း နေ့ရွှေ့ညရွှေ့နဲ့ ခနစောင့်ခိုင်း။ အရင်ပေးထားတဲ့ငွေ ဆုံးမှာစိုးလို့ တချို့က ကျန်ငွေ ၂၅၀၀ ကို ပေါင်နှံရောင်းချပေးကြရော။
(အို… စလုံးရောက်ရင် တစ်လ ၂၃၀၀ တောင်ရမယ်၊ အိုတီနဲ့ဘာနဲ့ဆို ၃၀၀၀ လောက်ရမှာ၊ တစ်လ ၂ ထောင်လောက်တော့ အသားတင်ကျန်တယ်၊ သုံးလဆို အရင်းကြေပါပြီ၊ ချသာချ နောက်မဆုတ်နဲ့)
လူ ၁၀၀ ပဲကျန်တယ်ထား S$2500 x 100 = S$250000 ရပြီ။ ဒါဆို ခုတစ်ကြိမ် ဝင်ငွေ ဘယ်လောက်ရ…
S$200000
S$225000
S$250000
ဆိုတော့… စုစုပေါင်း S$675000 မြန်မာငွေနဲ့ သိန်းပေါင်း ၉၈၀၀ ခန့်။ ကျုပ်တွက်တာ အရမ်းများနေလား တစ်ဝက်လျှော့ဗျာ သိန်း ၅၀၀၀ ပဲထားလိုက်။ များသေးလား ထပ်လျှော့ပေးမယ် သိန်း ၃၀၀၀ ပဲထား။ ရှိသမျှလူ Spass တင်ပေးမယ်ပြောပြီး ငွေရတာနဲ့ ခုန သိန်း ၃၀၀၀ ကိုပိုက်ပြီး လစ်ပြီလေ။
ရုံးခန်းခ တစ်နှစ်စာ အဆုံးခံလိုက်မယ်။ သွင်းထားတဲ့ စပေါ် သိန်း ၂၀၀ အဆုံးခံလိုက်မယ်။
ခများတို့က အလိမ်ခံလိုက်ရလို့ ပြာသလူးခတ်ပြီး ဘယ်လိုက်ရ ဘယ်တိုင်ရမှန်း မသိ ဖြစ်နေချိန်မှာ
ကျုပ်ကတော့ ပိုငွေလေး ပိုက်ပြီး ငွေဆောင်မှာ လုလုလေး နဲ့ သွားနှပ်နေပြီလေ။ ငွေကုန်တော့ ဘာအရေးလဲ နောက်နာမည်တစ်မျိုးနဲ့ နောက်ကုမ္မဏီ ထပ်ဖွင့်မှာပေါ့။ လိုင်စင်တင်မရလည်း ဘာအရေးလဲဗျာ
လိုင်စင်မပါလည်း… ”ကုမ္မဏီတိုက်ရိုက်ခေါ်တာ” ဆိုပီး ဂျင်းထည့်ရင် အတောင့်လိုက်မြိုမယ့် ပုဂ္ဂုလ်တွေ အများကြီးပါ။ ကိုယ်ချင်းစာတရားမရှိရင် စာနာစိတ်မရှိရင် ငရဲမကြောက်တတ်ရင် ဂုဏ်သိက္ခာကို ထည့်မတွက်ရင် မြန်မာပြည်မှာ ငွေရှာရလွယ်ပါ့။
ကဲ… ဒီတခါတော့… စင်ကာပူကို မပို့တော့ဘူး ဒူဘိုင်းပို့မယ်
လိုက်ကြအုံးမလား အရပ်ကတို့
စဆရက – သန်၄ကို

Otu Outdoor 2x USB 5V 2A Mobile Power Bank 10000mah with 3W LightCapacity:10000mAh Output: 5V/2A (Max)Input: DC5V/2A(Max...
02/06/2022

Otu Outdoor 2x USB 5V 2A Mobile Power Bank 10000mah with 3W Light

Capacity:10000mAh

Output: 5V/2A (Max)
Input: DC5V/2A(Max)

Price 25000 ks
09449009100 နဲ့ 09795559800 ကိုဆက်ပြီး မှာပေးပါ

12V DC Male Jack Battery Cable Connector for Wi-Fi Router & CCTV Security Camera.မီးပျက်လျှင် သုံးဖို့ 12V ကြိုးFor 12V ...
01/06/2022

12V DC Male Jack Battery Cable Connector for Wi-Fi Router & CCTV Security Camera.
မီးပျက်လျှင် သုံးဖို့ 12V ကြိုး
For 12V WiFi Route, Light Cat, switches, and other equipment.
For other 12V Device (power Less than 12W 1000mA)
12V Battery Alligator Clips to Male DC Connector Cable
Myanmar Net , 5BB , ADSL , Router , CCTV နှင့် 12V adapter သုံး စက်များအတွက် မီးပျက်လျှင်12V Battery နဲ့တွဲသုံးနိုင်သော cable ... ကြိုးလေးပဲ ဖြစ်ပါတယ် ။မီးပျက်တဲ့အခါပဲဖြစ်ဖြစ်လျှပ်စစ်မီ းမရတဲ့ဒေသတွေမှာပဲဖြစ်ဖြစ်12V သုံးပစ္စည်းတွေကို အားတိုးသွင်းပေးနိုင်မယ့်ကြားခံအထောက်ကူပစ္စည်းလေးပါ။12V Wifi Router, 12V IP Camera, 12V CCTV, 12V Charger, 12V သုံး ပစ္စည်းမှန်သမျှကို သုံးနိုင်အောင် ပံ့ပိုးပေးမှာပါ။12V ထွက်ပေးသောကြောင့်Wifi router များနှင့်သာမက တခြား 12Vထွက်သော Device များတွင်လည်းတွဲဖက်အသုံးပြုနိုင်ပါတယ် ။
ဈေးနှုန်းက 3,000 ပဲကျမှာပါ
09449009100 နဲ့ 09795559800
ကိုဆက်ပြီး မှာပေးပါ

ခေတ်မှီပြီး Smart ကျကျသုံးလိုသူတိုင်းအတွက် Fighter ရှိတယ်နော်ဒီ LED မီးအိမ်လေးရှိရင် မီးပျက်လို့ စိတ်ညစ်စရာ မလိုတော့ဘူးတ...
01/06/2022

ခေတ်မှီပြီး Smart ကျကျသုံးလိုသူတိုင်းအတွက် Fighter ရှိတယ်နော်
ဒီ LED မီးအိမ်လေးရှိရင် မီးပျက်လို့ စိတ်ညစ်စရာ မလိုတော့ဘူး
တအိမ်လုံး မီးလင်းထိန်သွားစေရမယ်လို့ အာမခံတယ်
LED မီးလုံး အဖြူ 50 ပါတယ် အရေးပေါ်မီးအတွက် 10 လုံး Wow အလုံး60 ကြီးများတောင် Watt က 50
ဆိုက်ကလည်း မသေးဘူး (6)လက်မရှိတယ်
ကွာလတီကတော့ Solid အပြည့်ပဲ
ဆိုလာရော လျှပ်စစ်နဲ့ပါအားသွင်းလို့ရတယ် (အားသွင်းကြိုးပါ)
အလင်းရောင်ရှိရုံနဲ့ အားသွင်းလို့ရတယ်
ရေစိုလည်း ခံတော့ ရေလည် မိုက်တယ်
မိးအလင်းရောင်ကို ၃မျိုး‌ပြောင်းလို့ရမယ်
အရေးပေါ်မီးအဖြစ်လည်းသုံးလို့ရတယ်
ခရီးဆောင်သယ်သွားလည်း မိုက်မှမိုက်ပဲ
မီးအလင်းအပြင်းဆုံးဆို 5နာရီဝန်းကျင်
မီးအလင်းအနဲဆုံးဆို 10နာရီ ဝန်းကျင် အသုံးပြုလို့ရမယ်
ဘက်ထရီက 11000 ma/h ပါတယ်
ပါဝါဘဏ် အဖြစ်လဲသုံးလို့ရသေးတယ်
ပါဝါဘဏ် တလုံးကို 20,000 ကျော်ပေးနေရတဲ့ အချိန်မှာ
ဒီမီးအိမ်ရဲ့ဈေးနှုန်းက 25,000 ပဲကျမှာပါ
09449009100 နဲ့ 09795559800
ကိုဆက်ပြီး မှာပေးပါ

Address

Pazundaung

Website

Alerts

Be the first to know and let us send you an email when Easy Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Easy Mart:

Share