Marketing by KMZ

Marketing by KMZ Marketing by KMZ

တွဲဖက်မသုံးသင့်သော 𝙨𝙠𝙞𝙣𝙘𝙖𝙧𝙚 ပါဝင်ပစ္စည်းများ၁။ 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾 + 𝘼𝙃𝘼/𝘽𝘼𝙃Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(...
28/02/2022

တွဲဖက်မသုံးသင့်သော 𝙨𝙠𝙞𝙣𝙘𝙖𝙧𝙚 ပါဝင်ပစ္စည်းများ

၁။ 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾 + 𝘼𝙃𝘼/𝘽𝘼𝙃

Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(glycolic, salicylic,lactic acid..စသည်) ကလည်း အက်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ...အတူတူသုံးမိတဲ့အခါ ကိုယ်ရဲ့ပင်ကိုယ်ပသားအရေ က PH levelတွေကို မတည်မငြိမ်ဖြစ်စေတဲ့အတွက်အချိန်ကြာလာတဲ့အခါ break out တွေအသားအရေပါးလာတာတွေနဲ့...skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့

Vitamin C က အေရကြောင်းတွေကိုသက်သာစေတယ် အသားအေရကို ကြည်လင်စေတယ် အမဲစက်နဲ့ ဝက်ခြံသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်

AHA/BHA တွေကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်စို့ခြင်းကို သက်သာစေပြီး အသားအေရကို ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး ဆဲလ်သေ ဖြစ်ပျက်နှုန်းကို မြန်စေတဲ့အတွက် အရေပြားနုပျိုစေတဲ့ peeling acid တွေဘဲဖြစ်ပါတယ် ]

၂။ 𝙍𝙚𝙩𝙞𝙣𝙤𝙡+ 𝘼𝙃𝘼/𝘽𝙃𝘼

Retinol က AHAနဲ့ BHAလို ဆဲလ်သေဖယ်ရှားပေးတဲ့ပစ္စည်းမဟုတ်ပေမဲ့ အရေပြားအတွင်းပိုင်းက ဆဲလ်သေ တွေကို အပေါ်ယံအရေပြားကို တွန်းတင်ကွာကျ စေပြီးဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ကူညီပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

Retinol နဲ့ AHA/ BHAလို acidတွေနဲ့ တြဲသုံးမိတဲ့အခါ အရေပြားအလွန်အမင်းခြောက်သွေ့စေပြီး အသားအရေရဲ့သဘာဝအစိုဓာတ်ကိုပျက်စီးစေလို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်....

၃။ 𝙍𝙚𝙩𝙞𝙣𝙤𝙡 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾

Retinol နဲ့ Vitamin C ကို တွဲသုံးမိရင် အသားအရေနီမြန်းတာ ခြောက်သွေ့တာနဲ့ အရေပြားအဖတ်လန်တာတွေ ဖြစ်စေနိုင်တဲ့အပြင် အသားအေရက နေရောင်ခြည်ရဲ့ UV Rays တွေကို အထိမခံနိုင် ဖြစ်စေတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်လို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

[မှတ်ချက်
ဝက်ခြံနဲ့အရေးကြောင်းသမားတွေအတွက်ကတော့
Vitamin C ကို မနက်ပိုင်းသုံးပြီး..ညဘက် တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ္ကို ရနိုင်ပါတယ်]

၄။ 𝙊𝙞𝙡 𝙗𝙖𝙨𝙚𝙙 + 𝙒𝙖𝙩𝙚𝙧 𝙗𝙖𝙨𝙚𝙙 𝙥𝙧𝙤𝙙𝙪𝙘𝙩𝙨

Oil based နဲ့ water based productsတွေကတော့
တြဲသုံးလို့ လုံးဝအဆင်မပြေနိုင်ဘူးနော်..စဉ်းစားကြည့်လေ ရေနဲ့ဆီ ရောလို့မှ မရတာ..oil based product တွေက water based product တွေရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို ဟန့်တားထားတဲ့အတွက် ဘာအကျိုးရလဒ်မှ ထူးလာစေမှာ မဟုတ်ပါဘူး..

၅။ 𝙂𝙡𝙮𝙘𝙤𝙡𝙞𝙘 𝘼𝙘𝙞𝙙 + 𝙎𝙖𝙡𝙞𝙘𝙮𝙡𝙞𝙘 𝘼𝙘𝙞𝙙

နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့ သုံးတဲ့ ပစ္စည်းတွေဖြစ်နေတဲ့ အတွက် တွဲသုံးမိရင် အရေပြားနီမြန်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေအပြင် ဓာတ်မတည့်မှုကိုပါဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

၆။ 𝙉𝙞𝙖𝙘𝙞𝙣𝙖𝙢𝙞𝙙𝙚 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 C

Niacinamide နဲ့ Vitamin C က အမဲစက်ထွက်တတ်တဲ့အသားအရေနဲ့ အမာရွတ်တွေကုသဖို့ အတွက် အကောင်းဆုံး ပစ္စည်းတွေ ဆိုပေမဲ့ တွဲသုံးမိရင် Niacinamide က vitamin C ကိုဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့ အသားအရေနီးမြန်းတာတွေနဲ့ ဝက်ခြံတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

ပျိုမေတို့အနေနဲ့ skincareသုံးတာဟာ အသားအေရ နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါတယ်..ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့ skincare ingredientsတွေကို သိထားမှသာ ငွေကုန် လူပမ်း မဖြစ်စေမှာ မဟုတ်ပါလား
to owner

မနေ့က ဆိုင်ပိတ်တုန်းသေချာဓာတ်ဖမ်း🤗🥰🥰အပြင်ပုံလေးတွေပါနော် သဲလေးတို့
02/02/2022

မနေ့က ဆိုင်ပိတ်တုန်းသေချာဓာတ်ဖမ်း🤗🥰🥰အပြင်ပုံလေးတွေပါနော် သဲလေးတို့

ပြည်မြို့မှာလည်းရောက်‌နေပီနော် သဲတို့ရေFebအမီ ပြန်ပြုစုဖို့မှာလိုက်ရတာ ဟူးးး🥵ဒါမျိုးလေးတွေကြိုက်တတ်တယ်ဆိုတာကိုကိုမောင်မေ...
31/01/2022

ပြည်မြို့မှာလည်းရောက်‌နေပီနော် သဲတို့ရေ

Febအမီ ပြန်ပြုစုဖို့မှာလိုက်ရတာ ဟူးးး🥵

ဒါမျိုးလေးတွေကြိုက်တတ်တယ်ဆိုတာကိုကိုမောင်မောင်တွေသိအောင် shareပြလိုက်နော် ခေးတို့

Suprise giftလေးဘာလေး ရမလားမပြောတတ်ဘူးလေနော့်

ဘသူမှဝယ်မပေးလဲ အားကျမခံ ကိုယ့်ဘာသာ ဝယ်ပစ်ကွာ😂😂
ပြည်မြို့မှာရောက်ပီဆိုတော့ ဆိုင်မှာစိတ်ကြိုက်လာရွေးလို့ရပီနော် 🙋💁💁

ဆိုင်ကမြို့လယ်ခေါင်ဆိုတော့ ပိုအဆင်ပြေတာပေါ့
ပြုစုနည်းလေးပါ တစ်ခါတည်းပြောလိုက်မယ်🥰
ဆိုင်လေး‌ကတော့ 🌿🌿ရွှေတစ်ချောင်းလမ်း ပြည်တက္ကသိုလ် သိပ္ပံဆောင်ရှေ့ 508သဘာဝမြေဩဇာဆိုင်ပါရှင့်🌿🌿

ဆောင်းရာသီမှာဖြစ်တတ်တဲ့ နှုတ်ခမ်းကွဲ နှုတ်ခမ်းခြောက်တာတွေ သက်သာစေမယ့် KB lip scrub နဲ့ lip mask လေးရှိတယ်...💋Lip scrubလေ...
30/01/2022

ဆောင်းရာသီမှာဖြစ်တတ်တဲ့ နှုတ်ခမ်းကွဲ နှုတ်ခမ်းခြောက်တာတွေ သက်သာစေမယ့် KB lip scrub နဲ့ lip mask လေးရှိတယ်...💋
Lip scrubလေးကတော့ နှုတ်ခမ်းကွဲတာတွေကနေဖြစ်လာတဲ့ cellသေတွေကို ဖယ်ရှားပေးတယ်🥰
Lip mask လေးကတော့ မနက်ပိုင်းနှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းလေး တင်ရင်းနေစေဖို့ ညဘက်မှာ 15minလောက်လိမ်းပေးထားရုံပါပဲရှင့်😘😘

Lip Scrub = 6800 ks
Lip Mask = 7500 ks




💛 သာမန်ထက် ၅ဆ.. ပိုမိုကောင်းမွန်သော KB Hydrogel Face Mask 💛ပွဲနီးမှ မိတ်ကပ်လိမ်းရင် မိတ်ကပ်တွေကွက်နေလား?? မျက်နှာနဲ့အသား...
24/01/2022

💛 သာမန်ထက် ၅ဆ.. ပိုမိုကောင်းမွန်သော KB Hydrogel Face Mask 💛
ပွဲနီးမှ မိတ်ကပ်လိမ်းရင် မိတ်ကပ်တွေကွက်နေလား?? မျက်နှာနဲ့အသားမကျဖြစ်နေတာလား??
ဒါဟာ မျက်နှာမှာ အစိုဓာတ်လိုနေပီဆိုတာကိုဖော်ပြနေတာပါ

ပြင်သစ် နည်းပညာနဲ့ ဂျပန်၊ UK က Ingredients များနှင့် ထုတ်လုပ်ထားပြီး
သာမန် sheel mask များထက် အသားရေကို အာဟာရ ပိုမိုဖြည့်ပေးပါတယ်. ကျစ်လစ်သိပ်သည်းစွာ မျက်နှာပြင်မှာ ကပ်နေခြင်းဖြင့် Ingredients များကို အရေပြားအောက်ဆုံးလွှာထိစိမ့်ဝင်စေပါတယ်... Ingredients မှာ collagen ပါဝင်သည့်အပြင် Mask ကိုပါ collagen ဖြင့် ပြုလုပ်ထား၍ အရေးကြောင်းများကို လျင်မြန်စွာပျောက်ကင်းစေပါတယ်...

💛 အသားရေကို နူးညံ့ချောမွတ်စေပြီး Baby skin ပိုင်ဆိုင်လိုသူများအတွက် ၁ပတ်ကို ၃ ကြိမ်အသုံးပြုပေးပါ...

💛 အသားရေထိန်းသိမ်းချင်သူများ ၁ပတ် ၁ကြိမ်ဆိုရပါပြီ..

*အသုံးပြုနည်း *

1. မျက်နှာကိုသေချာသန့်စင်ပါ။
2. KB Facial Mask ကိုမိနစ် ၂၀ -၃၀ ခန့်ထားပါ
3. ရေဖြင့်ဆေးချပါ ။

မှတ်ချက်။ ။တခြား product များထပ်မလိမ်းပါနဲ့ရှင့်.. (ဓါတ်မတည့်မှု ဖြစ်မှာစိုးလို့ပါ)။ KB Rice Toner & KB Vitamin C essence လေးတော့ထပ်လိမ်းလို့ရပါတယ်။

မနက်အိပ်ယာနိုးလာရင် နူးညံ့အိစက်နေပါလိမ့်မယ်

Diamond Hydrogel Face Mask
တဗူး (5 ခုပါ). 18,000.Ks
တခု - 3600Ks
ပါရှင့်🥰

KBရဲ့Skin care set လိုက်အားပေးသွားတဲ့မမကိုရော တစ်မျိုးချင်းစီအားပေးတဲ့ ကာကာလေးတွေရောကို ကျေးဇူးတင်ပါတယ်ရှင့်🥰💞💞
20/01/2022

KBရဲ့Skin care set လိုက်အားပေးသွားတဲ့မမကိုရော တစ်မျိုးချင်းစီအားပေးတဲ့ ကာကာလေးတွေရောကို ကျေးဇူးတင်ပါတယ်ရှင့်🥰💞💞

Hello!!!!💞💞မနက်က gel scrub(face)ဝယ်သွားတဲ့ မမကိုအသုံးပြုပုံသေချာရှင်းမပြလိုက်ရလို့ပါရှင့်😁Gel scrubလေးကို မျက်နှာမသစ်ခင်...
14/01/2022

Hello!!!!💞💞
မနက်က gel scrub(face)ဝယ်သွားတဲ့ မမကိုအသုံးပြုပုံသေချာရှင်းမပြလိုက်ရလို့ပါရှင့်😁
Gel scrubလေးကို မျက်နှာမသစ်ခင် 2-3minလောက် စက်ဝိုင်းပုံသဏ္ဍာန်နှိပ်နှယ်ပေးရပါမယ်ရှင့်။3ရက်မှတစ်ကြိမ်ပဲအသုံးရုံပါပဲနော်။
သူ့ရဲ့effectလေးတွေကတော့
(၁)Hydrate silicaပါလို့ oxygenလည်ပတ်မှုကိုအားပေးတယ်
(၂)Glycerineပါလို့ အသားအရည်းနူးညံ့ချောမွတ်‌
(၃)အညစ်အကြေးကင်းစင် ဆားဝက်ခြံ အမဲစက်ပျောက်
(၄)sensitive skinတွေအတွက်လည်း သင့်တော့တဲ့ all skin typeလေးပါရှင့်💞💞
စမ်းသုံးကြည့်ချင်တယ်ဆိုရင်လည်း နမူနာဘူးသေးထွက်ပါတယ်နော်
ဆိုင်လေးကတော့ ပြည်တက္ကသိုလ် သိပ္ပံဆောင်ရှေ့က 508သဘာဝမြေဩဇာဆိုင်လေးပါကာကာတို့ရေ😍
အဆုံးထိဖတ်ပေးတဲ့ အတွက်ကျေးဇူးပါရှင့်😘😘

KBရဲ့ Vitamin C Essence လေးကတော့ Best Seller ဖြစ်တဲ့အပြင် Try ကြည့်ချင်တဲ့သူရော သုံးဖူးသူတိုင်းရော 2ခေါက်ပြန်လာဝယ်ရတဲ့ P...
13/01/2022

KBရဲ့ Vitamin C Essence လေးကတော့ Best Seller ဖြစ်တဲ့အပြင် Try ကြည့်ချင်တဲ့သူရော သုံးဖူးသူတိုင်းရော 2ခေါက်ပြန်လာဝယ်ရတဲ့ Products လေးပါ🍊🍊🍊

သုံးဖူးသူတိုင်း အသဲစွဲ ဖြစ်တာအမှန်ပဲ ....
💛အသဲစွဲဖြစ်စေတဲ့မှာပေါ့ ..........KBရဲ့ Vitamin C Essence ဟာ Collagen ပါဝင်တဲ့အတွက် သာမန် Vit C များထက် ၂ဆပိုမိုကောင်းမွန်တဲ့အပြင် မျက်နှာကို ပိုမိုတင်းရင်းစေပြီး ဖြူဝင်းစေတယ် ✨✨✨

💛ဝက်ခြံကြောင့်ဖြစ်တဲ့ အမဲစက်အမာရွတ်တွေကို သက်သာပျောက်ကင်းစေတယ်

💛 စီးကပ်ကပ်ကြီးမဖြစ်ဘဲ အေးအေးလေးနဲ့အသားထဲစိမ့်ဝင်သွားတာကိုသဘောကျတယ်လေ ✨✨✨✨

🔶Vitamin-C Essence - 14,000 ks

Anti-aging🔸 အိုမင်းမှုကို ဟန့်တားခြင်း
Brightening -🔸 အသားရေ ကြည်လင်စေခြင်း
Firming 🔸- အသားရေတင်းရင်စေခြင်း
Anti Oxidant 🔸- နေရောင်ခြည်ကြောင့် အရေပြားဆဲလ်ထိခိုက်မှုကိုကာကွယ်ခြင်း
Lighten brown spots🔸 - အမဲစက်များမှိန်စေခြင်း တို့အတွက် အဓိကထုတ်လုပ်ထားပါတာပါရှင့်🥰🥰
KBရဲ့ rice tonerနဲ့ VitC essenceနှစ်မျိုးနဲ့တင် ကိုယ့်ရဲ့အသားအရည်က သိသိသာသာကိုပြောင်းလဲလာမှာ သေချာပါတယ်နော်

KBမမတို့အတွက် သတင်းကောင်းပါနော်!!!!!အရောင်းသွက်တဲ့   လေး stockပြန်‌ရောက်ပါပြီရှင့် 🥰🥰🥰
09/01/2022

KBမမတို့အတွက် သတင်းကောင်းပါနော်!!!!!အရောင်းသွက်တဲ့ လေး stockပြန်‌ရောက်ပါပြီရှင့် 🥰🥰🥰

05/01/2022

ရည်းစားနဲ့ပြတ်လို့
အသည်းကွဲ တိုင်ပတ်နေမယ့်အစား..
မွေးကတည်းက
အပင်နှစ်ဆယ်မကျော်တဲ့
မျက်ခုံးမွှေး ကျိုးတို့ကျဲတဲကို
ရှာစောင်းလက်ပတ်နဲ့ အားနေပွတ်ပေး
တစ်လလောက်နေ
စင်ယော်မျက်ခုံးမွှေးလို မတရားလှသွားလိမ့်မယ်။

သတိရလို့ မျက်ရည်ဝဲမနေနဲ့
ညအိပ်ယာဝင်တိုင်း မျက်နှာသစ် #တိုနာလိမ်း #နို့ရည်လိမ်း
Skin တွေ Glow ပြီး
ဖိတ်ဖိတ်တောက် အခွက်လေးပိုင်ဆိုင်ရလိမ့်မယ်။

အားနေငိုခဲ့ရ အိပ်ရေးပျက်ခဲ့ရလို့
Black Hole ဖြစ်နေတဲ့ မျက်လုံးနှစ်ဖက်
တစ်ရက်နှစ်ခါ KBရဲ့ ကပ်
ကြာလာရင် အမြင်တွေရှင်း မို့အစ်ပြီး
ချစ်စရာ မျက်လုံးလေး ရလာလိမ့်မယ်။

ဒင်းနဲ့တွဲနေတုန်းက
ဖြစ်သလိုနေခဲ့ရလို့ ပစ်ထားခဲ့မိတဲ့ ဆံပင်
တစ်ပတ် ၂ ခါ လက်ဖက်ရွက်နဲ့ ၁ နာရီနှပ်ပေး
မည်းနက်သန်စွမ်းပြီး ကော့စင်းလာလိမ့်မယ်။

သံယောဇဉ်မပြတ်
အကောင့်ပြေးပြေးချောင်း ကြေကွဲမနေနဲ့
ခြေသည်း လက်သည်း Highlight ဖောက်
ကိုယ့်ကိုယ်ကိုယ် ပိုလှအောင်နေပေး
ကိုယ့်အလှကိုယ်မျော စိတ်ချမ်းသာနေလိမ့်မယ်။

ရည်ရွယ်ပြီးမှ ပြတ်ခဲ့တာဖြစ်လို့
စိတ်တွေတို နာကျည်းတာတွေ လုပ်မနေနဲ့
ဆားကြမ်းကို နေ့တိုင်း အားတိုင်း
ခြေထောက်နဲ့စိမ်ပေး နင်းပေး
အမြဲကျွတ်တတ်တဲ့ဆံပင် မကျွတ်တော့ဘဲ
အကြောအချဉ်တွေပြေ လန်းဆန်းနေလိမ့်မယ်။

ငါဒီလောက် လှတာကို
ဒင်းက ဘာလို့ ပစ်တာလဲ တွေးမနေနဲ့
ခရမ်းချဉ်သီးဖျော်ရည် Daily သောက်ပေး
Gym သြားဖို့မလိုဘဲ
Slim Body လေး Auto ပိုင်ဆိုင်လာလိမ့်မယ်။

ကိုယ့်ဘဝထဲမှာ မရှိတော့တဲ့
ကိုယ့်တန်ဘိုးမသိတဲ့ လူတစ်ယောက်ကို
အချိန်ကုန်ခံ ပြန်တမ်းတ လေလွင့်နေမယ့်အစား

ကိုယ့်ကိုယ်ကိုယ် ဒီ့ထက်ပိုလှအောင်သာနေပေး
ဘဝက အဓိပ္ပါယ်တွေရှိပြီး
ခမ်းနားလှပလာတာ တွေ့ရလာပါလိမ့်မယ်။
to owner😁
Eye mask
Tonerနဲ့ Face lotion
မင်မင်ဆီမှာရပါပြီးရှင့်🥰😍😍
ပိုပြီး glowချင်ရင် Vitamin C essenceလည်း ရနေပါပီနော်😘

Address

Lanmadaw
Pyay

Website

Alerts

Be the first to know and let us send you an email when Marketing by KMZ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share