13/01/2026
Marketing Technology (MarTech) နယ်ပယ်ဟာ ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ သိသိသာသာ ပြောင်းလဲတိုးတက်လာနေပါတယ်။ အထူးသဖြင့် AI ဟာ အရင်ကလို မေးတာဖြေပေးတဲ့ အဆင့်ကနေ ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး အလုပ်လုပ်ပေးတဲ့ Agentic AI အဆင့်ကို တက်လှမ်းလာတာက အဓိက Key factor ပါပဲ။
၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ အကူးမှာ တွေ့မြင်ရမယ့် Marketing သမားတိုင်းသိထားသင့်တဲ့ အရေးကြီးတဲ့ MarTech Update တွေကတော့..
၁။ AI Agents များ ခေတ်စားလာခြင်း (The Rise of AI Agents)
ယခင်က AI ကို စာရေးခိုင်းတာ၊ ပုံဆွဲခိုင်းတာလောက်ပဲ သုံးခဲ့ကြပေမဲ့ အခု ၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ AI Agents တွေက Campaign တွေကို ကိုယ်တိုင်စီမံခန့်ခွဲတာ (Management)၊ Data Analytics တွေကို အလိုအလျောက် တွက်ချက်တာနဲ့ Real-time Optimization လုပ်ဆောင်တာတွေကို လူရဲ့ ပါဝင်ပတ်သက်မှုမလိုဘဲ လုပ်ဆောင်လာနိုင်ပါတယ်။
AI ဟာ အမေးအဖြေလုပ်ရုံတင်မဟုတ်ဘဲ Workflow တစ်ခုလုံးကို အစအဆုံး လူရဲ့ ဝင်ရောက်စွက်ဖက်မှု အနည်းဆုံးနဲ့ ကိုယ်တိုင် ex*****on လုပ်ဆောင်ပေးနိုင်တဲ့အဆင့် ဖြစ်လာပါတယ်။
၂။ Search Engine မှ Generative Engine သို့ (SEO to GEO)
Google ရဲ့ AI Overviews နဲ့ အခြား AI Search Engine တွေကြောင့် Search ကနေ Answer Engine တွေအဖြစ် ပြောင်းလဲသွားပြီမလို့ လူတွေရဲ့ ရှာဖွေမှုပုံစံတွေက အကြီးအကျယ် ပြောင်းလဲသွားပါတယ်။ ဒါကြောင့် အခုခေတ်မှာ Google Search ရလဒ် ပထမစာမျက်နှာမှာ ပါဖို့တင် မလုံလောက်တော့ပါဘူး။ ဒါကို Generative Engine Optimization (GEO) လို့ ခေါ်လာကြပါတယ်။
ဒါကြောင့် Website တွေအနေနဲ့ Google Search ရလဒ်မှာ ပါဖို့တင်မကဘဲ ChatGPT သို့မဟုတ် Gemini လို AI တွေက အဖြေထုတ်ပေးတဲ့အခါ ကိုယ့် Brand ကို ညွှန်းဆိုပြနိုင်အောင် Content Strategy တွေကို ပြောင်းလဲလာရပါတယ်။ ၂၀၂၆ မှာ ဒါဟာ မရှိမဖြစ် Content နည်းဗျူဟာ ဖြစ်လာပါလိမ့်မယ်။
၃။ First-Party Data ကို ပိုမိုအာရုံစိုက်လာခြင်း
Third-party cookies တွေ ဖျက်သိမ်းလိုက်တာကြောင့် ကုမ္ပဏီတွေဟာ ကိုယ်တိုင်စုဆောင်းထားတဲ့ First-party data ကို ပိုမိုအားကိုးလာရပါတယ်။
ယခုအခါမှာ User တွေရဲ့ Privacy ကို လေးစားတဲ့ Privacy-centric marketing နည်းပညာတွေ ပိုမိုအားကောင်းလာပြီး၊ Customer တွေဆီက တိုက်ရိုက်ရတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး တစ်ဦးချင်းစီအတွက် ကွက်တိဖြစ်စေမယ့် Hyper-personalization ကြော်ငြာစနစ်တွေဟာ ၂၀၂၆ ရဲ့ အဓိက Trend ဖြစ်လာပါတယ်။
၄။ Composable MarTech Architecture
Marketing tool တွေကို Software တစ်ခုတည်းမှာ အကုန်သုံးတာမျိုး (Monolithic) မဟုတ်တော့ဘဲ ကိုယ်လိုအပ်တဲ့ Tool လေးတွေကို စိတ်ကြိုက်ချိတ်ဆက်သုံးနိုင်တဲ့ Composable CDPs (Customer Data Platforms) တွေ ခေတ်စားလာပါတယ်။
Snowflake သို့မဟုတ် BigQuery လို Data warehouses တွေကို အခြေခံပြီး ကိုယ့်ရဲ့ Marketing Stack ကို လိုအပ်သလို စိတ်ကြိုက် တည်ဆောက် (Build) လို့ရတဲ့ စနစ်တွေ ပိုမိုများပြားလာပါတယ်။ ဒါဟာ လုပ်ငန်းတွေအတွက် ပိုမိုမြန်ဆန်စေသလို ကုန်ကျစရိတ်ကိုလည်း ထိရောက်စွာ စီမံနိုင်စေပါတယ်။
၅။ Video AI & Short-form Video Tools
Short-form ဗီဒီယိုတွေဟာ Marketing ရဲ့ ဘုရင်ဖြစ်နေဆဲပါ။ ဒါပေမဲ့ TikTok, Reels နဲ့ Shorts တွေအတွက် AI အသုံးပြုပြီး ဗီဒီယိုတွေကို အမြောက်အမြား (Mass Production) ကို ကိုယ်လိုချင်တာကို ပြောပြပေးရုံနဲ့ ထုတ်လုပ်ပေးနိုင်တဲ့ Tool တွေဟာ ၂၀၂၅ နှစ်ကုန်မှာ ပိုပြီးများပြားလာပါတယ်။
ဗီဒီယိုတည်းဖြတ်တာတင်မကဘဲ AI က Script ရေးပေးခြင်း၊ Voiceover လုပ်ပေးခြင်းနဲ့ ပရိသတ်အကြိုက်ကို ခန့်မှန်းပြီး ဗီဒီယိုဖန်တီးပေးခြင်း (Predictive Content Creation) တွေဟာ အရင်ကလို ပြောပြပေးရုံတင်မဟုတ်ပဲ ကိုယ်တိုင်လုပ်ပေးပြီး ပိုမိုမြန်ဆန်တိကျလာပါတယ်။
အချုပ်အားဖြင့်ဆိုရရင်... ၂၀၂၅ - ၂၀၂၆ MarTech လောကဟာ "လူကခိုင်းမှလုပ်တာ" ထက် "AI က ကြိုတင်ခန့်မှန်းပြီး ကူညီပေးတာ" ဘက်ကို အလုံးစုံ ရောက်ရှိနေပါပြီ။
ဒီလို ခေတ်မီပြီး လျင်မြန်လှတဲ့ MarTech အပြောင်းအလဲတွေကြားမှာ သင့်လုပ်ငန်းကို နောက်ကျမကျန်ရစ်စေဖို့ GEO Strategy နဲ့အညီ AI Search တွေမှာပါ ကိုယ့် Brand ကို ညွှန်းပေးနိုင်မယ့် Website တွေတည်ဆောက်ဖို့နဲ့ နောက်ဆုံးပေါ် AI နည်းပညာတွေကို အသုံးပြုပြီး Campaign တွေ ဖန်တီးချင်တယ်ဆိုရင်တော့...
DKMads မှာ ကျွန်တော်တို့ရဲ့ Marketing Experts တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး သင့်လုပ်ငန်းအတွက် အကောင်းဆုံး MarTech Solution တွေကို အခုပဲ အကောင်အထည်ဖော်လိုက်ပါ။ 🚀
Contact Us
Email: [email protected]
Mobile: 09 26100 2559, +855 81 650 406
English Below~~~
The Marketing Technology (MarTech) landscape is undergoing significant transformation as we head into late 2025. The primary key factor is the evolution of AI—moving from simply answering questions to Agentic AI, which can make autonomous decisions and execute tasks.
These are MarTech updates that every marketer should know as we transition from late 2025 into 2026:
1. The Rise of AI Agents
Previously, AI was used mainly for writing copy or generating images. However, by late 2025, AI Agents have emerged to manage campaigns independently, perform automated data analytics, and handle real-time optimization without human intervention. AI has moved beyond simple Q&A; it can now execute entire workflows from start to finish with minimal human involvement.
2. From Search Engines to Generative Engines (SEO to GEO)
With the advent of Google’s AI Overviews and other AI-powered search engines, search behavior has shifted from Search Engines to "Answer Engines." As a result, simply appearing on the first page of Google search results is no longer enough. This new approach is being called Generative Engine Optimization (GEO). Websites must now adapt their content strategies so that when AI models like ChatGPT or Gemini generate answers, they cite and recommend your brand. In 2026, this will become an essential content strategy.
3. Greater Focus on First-Party Data
Because third-party cookies have been deleted, companies are relying more heavily on their own First-party data. We are seeing a rise in privacy-centric marketing technologies that respect user privacy. Hyper-personalization systems, which deliver tailored advertising based directly on customer insights, have become a major trend for 2026.
4. Composable MarTech Architecture
Instead of using all marketing tools in a single software (monolithic), Composable CDPs (Customer Data Platforms) are becoming popular, allowing you to connect and use the tools you need as you wish.. By using data warehouses like Snowflake or BigQuery as a foundation, businesses can build their own custom Marketing Stacks. This approach enables faster operations and more effective cost management.
5. Video AI & Short-form Video Tools
Short-form video remains the king of marketing. However, tools for the mass production of TikToks, Reels, and Shorts using AI have proliferated by late 2025. Beyond mere editing, AI now handles scriptwriting, voiceovers, and Predictive Content Creation—predicting audience preferences to create content autonomously, making the process faster and more accurate than ever.
Summary:
The 2025–2026 MarTech era has fully transitioned from "human-commanded AI" to "Predictive AI Assistance."
To ensure your business doesn't get left behind amidst these rapid changes—whether you need to build a website optimized for AI search via GEO Strategy or want to create campaigns using the latest AI technology:
Consult with our Marketing Experts at DKMads today to implement the best MarTech solutions for your business! 🚀
Contact Us
Email: [email protected]
Mobile: 09 26100 2559, +855 81 650 406