03/06/2020
(Facebook) ဘာအတွက် အသုံးပြုပါသလဲ ?
👇👇👇👇👇👇👇👇👇👇👇👇
မိနစ်အနည်းငယ် အချိန်ပေးပါ။ မရက share ထားပါ။
သင့်အတွက် အကျိုးပြုစေမယ့်စာသားတစ်ချို့ကို
ရေးသားထားပါသည် !
ယခုလိုတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လူဦးရေ (70) % က ဖုန်းကိုင်နိုင်ကြပါတယ် !
ဖုန်းကိုင်နိုင်သူ (80) % ဟာလည်း (facebook) ကို အသုံးပြုနေကြပါတယ် !
အသုံးပြုသူ (90) % က အကျိုးမဲ့စွာ အသုံးချနေကြပါတယ် !
ဒါကို မိတ်ဆွေသတိထားမိပါလိမ့်မည် !
သင် ဖိနပ်စီးပါလိမ့်မည်။
ဘာအတွက် စီးပါသလဲ ……
#လှချင်လို့လား ………
#ဆူးညှောင့်ခလုတ်ကို ကြောက်လို့လား ……
#ဒီလိုလေးတွေ မိမိကိုယ်ကို မေးဖူးပါသလား ?
#အခု (facebook) သုံးနေတယ် !
#ဘာအတွက် အသုံးပြုတာလဲ ?
#ပုံတင်ပြီး လှကြောင်းကြွားဖို့လား .………
#အီစီကလီ လုပ်ဖို့လား
#ရည်းစားနဲ့ကဲနေတာတွေ ကြေငြာဖို့လား
#ချမ်းသာတာကို အများသိစေချင်လို့လား
ဘာအတွက် အသုံးပြုနေတာလဲ ?
အကောင်း အဆိုး ကွဲဖို့လိုပါလိမ့်မည် !
(facebook) ကိုဘယ်လိုအကျိုးရှိအောင် သုံးကြမလဲ ?
မိတ်ဆွေကောင်း ရှာပါ !
နေ့စဉ် ဖြစ်ပျက်နေတဲ့ သတင်းတွေ ဖတ်ပါ !
မိတ်ဆွေများကို ပြန် (share) ပေးပါ !
အသိပညာတိုးပွားစေမယ့် ပို့စ်တွေရှာဖွေဖတ်ပါ !
.
လေ့လာထားသမျှလေးတွေ ကျင့်သုံးပါ
☝☝☝☝☝☝☝☝☝☝☝
ကျန်းမာရေးအသိပေးစာတွေ ရှာဖတ်ပါ !
ဟာသလေးတွေ အပျင်းပြေဖတ်ကာ ရယ်မောပါ !
သင်သိသမျှ ကုသိုလ်အချို့ ဗဟုသုတအချို့ကို အားလုံးသိရန် !
ပို့စ်တင်ခြင်း (share) ခြင်းဖြင့်မျှဝေပါ !
ဘဝအတွက် အကျိုးရှိစေမည့်ပို့စ်များကို ရှာဖွေပြီး အစဉ်လေ့လာပါ !
မိတ်ဆွေကောင်း / ပညာရှိများနဲ့ အချိန်ရလျှင် စကား စမြည်ဟြေဆိုပါ !
မှတ်သားထိုက်သော စကားများကို မှတ်သားပါ !
ဒီလိုလေးတွေအတွက် အသုံးပြုတယ်ဆိုရင် !
သင်နှင့်သင့်မိတ်ဆွေအားလုံး အကျိုးရှိပါလိမ့်မည်။
ဘယ်အရာမဆို သုံးတက်လျှင်ဆေးကောင်းပါ !
မသုံးတက်လျှင် ဘေးဖြစ်စေပါလိမ့်မည်။
( ဥပမာ ) ပုံလှလှတွေတင်ဖို့ (facebook) သုံးသူ
တစ်ချို့ဟာ (sexy) page လုပ်ခံရသလိုပေါ့ !
ဒါဟာ မသုံးတက်တော့ အရှက်ကွဲစေတာပေါ့ !
တိုင်လို့ရပါတယ် ဒါပေမယ့် နာမည်ကပျက်ခဲ့ပြီ !
နာမည်ပျက်ပြီဆို ဆုံးရှုံးမှုတွေအရမ်းများပါမည် !
ဒီလို အဖြစ်မျိုးတွေ နေ့စဉ်ဒုနဲ့ဒေးပဲ !
ကျွန်တော်ဆိုလိုသည်က
အကျိုးရှိစွာအသုံးချစေဖို့ပါ !
အသုံးပြုပုံ မှန်ကန်စေချင်ပါသည် !
မိမိကိုယ်ကိုယ် ဆန်းစစ်ပါ !
ငါ ဘာအတွက်အသုံးပြုနေတာလဲ ?
ငါ့အတွက် ဘာအကျိုးရှိစေလဲ ?
အကျိုးရှိစွာဖြင့် အသုံးချတက်ပါစေ …
မေတ္တာဖြင့် ရေးသားတင်ပြခြင်း ဖြစ်ပါ၏ !
.
သင်တို့ရဲ့ Facebook ကိုနေ့စဉ်ပုံမှန် သန့်ရှင်းရေး ပြုလုပ်သင့်တယ်။
Facebook ဆိုတာ - မိမိတို့ လွတ်လပ်စွာ ဖွင့်ဟလို့ရတဲ့ နေရာလေးတစ်ခု ။
Facebook ဆိုတာ - မိမိတို့ ခဏတာ အပန်းဖြေနိုင်တဲ့ ပျော်စရာ နေရာလေးတစ်ခု ။
Facebook ဆိုတာ - အသိပညာ ၊ ဗဟုသုတပေါင်းစုံတဲ့ ကမ္ဘာလေးတစ်ခု ။
Facebook ဆိုတာ - မိမိတို့ရဲ့ စာသင်ခန်းလေးတစ်ခုဖြစ်သလို ကျောင်းတော်ကြီးတစ်ခုလည်း ဖြစ်တယ် ။
Facebook ဆိုတာ - အသုံးပြုတတ်သူအတွက် ကောင်းကျိုးတွေရရှိနိုင်သလို ၊ အသုံးမပြုတတ်သူအတွက် ဆိုးကျိုးတွေလည်း အများကြီးရရှိနိုင်တယ် ။
အခုတလော Facebook ပေါ်မှာ ကြုံတွေ့နေရတာတစ်ခုက လူငယ်တွေ စကားမပီကြတော့တဲ့ ပြဿနာပါ ။ ( သယ်ရင်း ၊ တား ၊ ဆမီး ဘိုယဲ လှယား ကျောကျိကျိ ၊ တစ်ထုထုကျောတွားလေ ) ဆိုပြီး သတ်ပုံတွေကို သတ်နေကြတယ် ။
ဒီလိုမျိုးတွေ မပီတပီပြောနေကြမယ့်အစား မိမိရဲ့အတွေးတစ်ခု စာလေးတစ်ကြောင်းဖြစ်ဖြစ် အဓိပ္ပါယ်ရှိရှိ မျှဝေခဲ့သင့်တယ် ။
လူတစ်ယောက်ရဲ့ စိတ်နေသဘောထားဆိုတာ အသက်အရွယ်ကြောင့်လဲ ပြောင်းလဲတတ်သလို ၊ သူငယ်ချင်းအပေါင်းအသင်းကြောင့်လည်း ပြောင်းလဲသွားနိုင်တယ် ။
ဥပမာ - တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလို ကိုယ့်ရဲ့ Facebook Friend အယောက် 100 ထဲမှာ 50 လောက်ရဲ့ Post တွေက စကားမပီတဲ့ post တွေဖြစ်နေလို့ ကိုယ်လည်း ရောယောင်မိပြီးအတုမယူကြဖို့နဲ့ ၊ တစ်ချို့သူတွေရဲ့ အဓိပ္ပါယ်ရှိတဲ့ စာလေးတစ်ကြောင်း အတွေးလေးတစ်ခု ကိုဖတ်မိလို့ သူတို့တောင် ဒီလိုမျိုးတွေးနိုင် ရေးနိုင်သေးတာပဲ ငါက ဘာလို့ မတွေးနိုင် မရေးနိုင်ရမှာလည်း ဆိုတဲ့အတွေးမျိုးတွေကို တွေးမိကြဖို့လိုတယ် ။
(Facebook) ပေါ်မှာ တစ်စုံတစ်ယောက်က မိတ်ဖွဲ့လာခဲ့လို့ရှိရင် ၊ အများစုကတော့ သူ့ရဲ့(Wall) ထဲဝင်ကြည့်ပြီးမှ လက်ခံသင့် မခံသင့် ဆုံးဖြတ်တတ်ကြတယ် ။
(Friend) တစ်ယောက်ယောက်က (Negative) ဆန်တဲ့ ၊ မကောင်းတဲ့ (Post) တစ်ခုကို (Tag) တွဲထားတာကို ကိုယ်က မသိလို့ (Tag) မဖြုတ်သေးတာပဲဖြစ်ဖြစ် ၊
လုပ်ငန်းခွင် သူငယ်ချင်း အပေါင်းအသင်းတွေကြား စိတ်အခန့်မသင့်တဲ့အချိန် လတ်တလောစိတ်ခံစားမှုကို ဦးစားပေးပြီး တင်လိုက်မိတဲ့ (Post) တစ်ခုခုဖြစ်ဖြစ်
အဲဒီလို (Post) မျိုးတွေကို ကိုယ့်ရဲ့ (Wall) ပေါ်မှာ ကြာကြာမထားသင့်ဘူး ။
အဲလို (post) မျိုးတွေက ကိုယ့်အတွက် လူအထင်သေးစရာ ၊ သိက္ခာကျစရာ ၊ မျက်နှာပျက်စရာတွေဖြစ်လာနိုင်တယ် ။
ကိုယ့် (Wall) ပေါ်ရှိနေတဲ့ (Post) တစ်ခုတိုင်းစီက ကိုယ့်ကိုတစ်စိတ်တစ်ဒေသကို ဖော်ညွှန်းနေတတ်တယ် ။
ဥပမာ - သင်ဒေါသတကြီးတင်လိုက်မိတဲ့ (Post) တစ်ခုခုကို (Friend) တစ်ယောက်ယောက်က တွေ့သွားခဲ့ရင် သင်ရဲ့ စိတ်က ဒီလိုမျိုးပါလား ဆိုတဲ့ အတွေး ဝင်သွားနိုင်တယ် ။
သင့်ရဲ့(Status) တစ်ကြောင်းချင်းစီမှာ အဓိပ္ပါယ်တစ်ခုစီရှိနေတယ် ။
ဒါကြောင့် ကိုယ့်ရဲ့ (Wall) ကို ပြန်စစ်ပြီး ဖျက်သင့်တဲ့ (Post) ဆိုရင်လည်း ဖျက်လိုက်ပါ ။
စာဖတ်ဝါသနာရှင်တွေ ၊ နိုင်ငံရဲ့သားကောင်း ရတနာလောင်းလေးတွေကိုလည်း သတိတစ်ခု ပေးချင်တယ် ။ တစ်ချို့ စာရေးသူတွေဆိုရင် တစ်ဖက်သတ် အရမ်းဆန်လွန်းအားကြီးတယ် ။
ဒီလို ရေးတင်တဲ့သူတွေရဲ့ (Post) တစ်ခုကိုလည်း အချိန်ပေးပြီး ကြာကြာဆက်ပြီးဖတ်မနေသင့်ဘူး ။
တစ်ခါဖတ်ဖူးရုံနဲ့ သူ့ရဲ့ အရည်အချင်းနဲ့ အတွေးအခေါ်ကို ကောင်းကောင်းနားလည်သင့်တယ် ။
မကောင်းတဲ့စာတွေကို အဖတ်များရင် မကောင်းတဲ့ ခံယူချက်တွေ အတွေးအခေါ်တွေ အနည်းနဲ့ အများဆိုသလို လွှမ်းမိုးလာတတ်တယ် ။
အဓိပ္ပါယ်မရှိတဲ့ (Post) မျိုးတွေကို အချိန်အကုန်ခံဖတ်နေမယ့်အစား ကိုယ့်အတွက်အကျိုးတစ်စုံတရာပေးနိုင်တဲ့ စာမျိုးကိုပဲ အချိန်ပေးပြီးဖတ်လိုက်ပါ ။
မိမိရဲ့ (Wall) ကိုလည်း သန့်ရှင်းရေးပုံမှန်လုပ်ပေးကြပါ ။
Facebook သုံးရင် ပိုက်ဆံ မကုန်ကြစေနဲ့
👌👌👌👌👌👌👌👌👌👌👌
တစ်ခါက ရွာတစ်ရွာမှာ သမီးအဖနှစ်ယောက် ရှိကြသတဲ့။
တစ်နေ့တော့ အဖေဖြစ်သူက ခရီးသွားခါနီး သမီးဖြစ်သူကို စကားလေးတစ်ခွန်း မှာခဲ့တယ် ………
"သမီးရေ တကယ်လို့များ အဖေမရှိခင် ဧည့်သည်လာခဲ့လို့ရှိရင် ထမင်းလေးတော့ ကောင်းကောင်းမွန်မွန် ချက်ကျွေးလိုက်ပါ ဒါပေမဲ့ သမီးရယ် ဆန်တော့ မကုန်ပါစေနဲ့ " လို့ မှာခဲ့သတဲ့။
သမီးလည်း အဖေဖြစ်သူ စကားကို ကြားရတော့ အနက်အဓိပ္ပါယ်နားမလည်သဖြင့်………
"ဖေဖေကလည်း ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မှာပေါ့ အဖေရဲ့ ".လို့ ပြန်ပြောလိုက်သတဲ့။
ဖခင်ဖြစ်သူလည်း
"ေဩာ် သမီးရယ် ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မယ်ဆိုတာ ဖေဖေလည်း သိတာပေါ့ ဒါပေမဲ့သမီး စေတနာထားပြီး ချက်ကျွေးရင် ဆန်ကုန်ပေမဲ့ ကုသိုလ်တွေ ပြန်ရတယ် စေတနာ မပါပဲ ချက်ကျွေးတော့ ကုသိုလ်လည်းမရဘူး ဆန်လည်းကုန်သေးတယ် ဒါ့ကြောင့် စေတနာထားပြီး ချက်ကျွေးပါလို့ ပြောတာသမီး "လို့ ဖခင်ဖြစ်သူက ရှင်းပြလိုက်မှ သမီးဖြစ်သူလည်း သဘောပေါက်သွားသတဲ့။
အဲဒီအခါကြမှ သမီးဖြစ်သူလည်း ……
"ဟုတ်ကဲ့ပါ ဖေဖေ ဧည့်သည်လာလို့ ထမင်းချက်ကျွေးရင် ဆန်မကုန်စေရပါဘူး " ပြန်ပြောလိုက်သတဲ့
ကဲ. (Fb)သုံးနေကြတဲ့ ညီငယ်/ညီမငယ်များလည်း (Facebook)သုံးရင် ပိုက်ဆံတွေ မကုန်ကြပါစေနဲ့။
ကုန်သွားတဲ့ ပိုက်ဆံတန်ကြေးထက် အဆပေါင်း မြောက်များစွာ တန်ဖိုးရှိတဲ့ အသိပညာ ဗဟုသုတတွေကို ပြန်လည်ရယူနိုင်ကြပါစေလို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။
်
ဆောင်းပါးလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like , Share လေးလုပ်ပြီး ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေကို အတွေးကောင်းလေးတွေကို မျှဝေလိုက်ပါနော်။
ပြန်လည်မျှဝေသူ
Crd #