Ayanaddy Feed Shop - ဧရာနဒီ ကြက်စာဆိုင်

  • Home
  • Myanmar
  • Taunggyi
  • Ayanaddy Feed Shop - ဧရာနဒီ ကြက်စာဆိုင်

Ayanaddy Feed Shop - ဧရာနဒီ ကြက်စာဆိုင် " ဧရာနဒီ "
မွေးမြူရေး အစာ ၊ဆေး၊ကြက်ဥ ၊ ကြက်ပေါက်

18/03/2026

သင့်နွားတွေ ဒီကောင်ကြီးလို
မကြီးထွားလို့စိတ်ညစ်နေပြီလား...?
=====x=====x=====x=====
ဖြစ်နိုင်တာကတော့ "ခွန်သုံး" နဲ့ မတွေ့သေးလို့ဖြစ်ပါလိမ့်မယ်။"ခွန်သုံး" ဆိုတာဘာလဲ..?
"ခွန်သုံး" ဆိုတာက ဒီဟတ်(စ်) ငါးကိုးခွန်သုံး (၅၉၇၃) ကိုပြောတာပါဗျ။
ဒီဟတ်(စ်) ငါးကိုးခွန်သုံး (5973) ရဲ့ အစွမ်းကဘယ်လောက်ထိစွမ်းသလဲဆိုရင်...
🐂 အသက် (၆) လကျော်ကတည်းက ကျွေးလို့ရတယ်။
💪ပိန်နေတဲ့ နွားကြီးတွေတောင် ပြန်ဝဖြိုးလာစေရမယ်။
😋 မြက်စို၊ မြက်ခြောက်၊ ပဲမှော်... ကြိုက်တာနဲ့ ရောကျွေး၊ စားလိုက်တာမှ ရှယ်ပဲ။
နွားခန္ဓာကိုယ်အလေးချိန်ရဲ့ (၁%) ပုံမှန်အတိုင်း ကျွေးသွားရုံနဲ့ သိသာတဲ့ ရလဒ်ကိုရရှိစေမှာပါ။
ခြံထဲကနွားတွေ "ကိတ်" လာဖို့ Gym သွားခိုင်းစရာမလိုတော့ပါဘူး။ ဒီဟတ်(စ်)ရဲ့ ငါးကိုးခွန်သုံး (5973) ရှိနေပါပြီ။ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီလင့်ခ် (m.me/deheusmyanmar) ကိုနှိပ်ပြီးတော့ ဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့အမြန်ဆုံးပြန်လည်ဆက်သွယ်ပေးပါ့မယ်ခင်ဗျာ။
ဒီဟတ်(စ်) 5973 နွားအသားတိုးကြီးထွားစာ
(၂၅ ကီလို) = ၄၆,၆၇၅ ကျပ်
(၅ဝ ကီလို) = ၉၃,၁၅၀ ကျပ်

#နွားစာ #အသားတိုးနွားစာ #နွားကြီးထွားစာ

ဧရာနဒီ မိသားစု ဝင်လေးများ ၂၀၂၅ တနှစ်တာ မောသမျှ ပြေစေဖို့ 💙💙💙
27/12/2025

ဧရာနဒီ
မိသားစု ဝင်လေးများ ၂၀၂၅ တနှစ်တာ မောသမျှ ပြေစေဖို့ 💙💙💙

Check out Yin Htay’s video.

သီတင်းကျွတ် ဂါရဝ 🙏🙏🙏၉-၁၀-၂၀၂၅ခရီးသွားနေလို့ ဆိုင်ရောက်တုန်း ထိုင်စရာ နေရာ မပြင်ဆင်ပဲ အမြန်ကန်တော့ကြသော ချစ်တပည့်များ 💙ဖြ...
12/11/2025

သီတင်းကျွတ် ဂါရဝ 🙏🙏🙏၉-၁၀-၂၀၂၅
ခရီးသွားနေလို့ ဆိုင်ရောက်တုန်း
ထိုင်စရာ နေရာ မပြင်ဆင်ပဲ အမြန်ကန်တော့ကြသော ချစ်တပည့်များ 💙
ဖြစ်သလို ထိုင်ကြရလို့ စိတ်မကောင်းဖြစ်ရပါတယ်နော် 😔
အားလုံးဘေးရန်ကင်းလို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ 🙏
အခက်အခဲများကို လွယ်ကူစွာ ကျော်လွှားနိုင်ကြပါစေ🙏
ဝင်ငွေများတိုးပွါးကြပါစေ 🙏

12/11/2025
🌼ဧရာနဒီ 🌼မိသားစုဝင်များ အပျော်ခရီး အမှတ်တရပါ (၂၆-၁၀-၂၀၂၅)အားလုံးလည်းပျော် ကိုယ်လဲပျော် 😊😊😊အားကိုးရသော အင်အားစုလေးများ 💙💙...
12/11/2025

🌼ဧရာနဒီ 🌼
မိသားစုဝင်များ အပျော်ခရီး အမှတ်တရပါ (၂၆-၁၀-၂၀၂၅)
အားလုံးလည်းပျော် ကိုယ်လဲပျော် 😊😊😊
အားကိုးရသော အင်အားစုလေးများ 💙💙💙

04/09/2025
01/09/2025
 #အသားတိုးကြက်စာ  #ကိုယ်စားလှယ်
03/08/2025

#အသားတိုးကြက်စာ

#ကိုယ်စားလှယ်

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တဲ့အခါ အစကောင်းဖို့က အရေးကြီးတယ်ဆိုတာ မှန်ပေမဲ့၊ အစကောင်းတာတစ်ခုတည်းနဲ့တော့ ‌ရေရှည်အောင်မြင်မှုကို အာမခံနိုင်မှာမဟုတ်ပါဘူး။ တကယ့်တကယ် အောင်မြင်တဲ့လုပ်ငန်းတွေဟာ လုပ်ငန်းစဉ်ရဲ့ အဆင့်တိုင်းမှာ ထူးချွန်ပြောင်မြောက်အောင် ကြိုးစားနိုင်စွမ်း ရှိကြပါတယ်။ ဒါမှသာ ကိုယ်မြှုပ်နှံထားတဲ့ အရင်းအနှီးနဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အကောင်းဆုံး တွက်ခြေကိုက်ပြီး အမြတ်များများရရှိနိုင်မှာ ဖြစ်ပါတယ်။

ထို့တူပါပဲ အသားတိုးကြက်မွေးမြူတဲ့နေရာမှာလဲ စလုံရေး ‘စ’ တဲ့ ကြက်ငယ်ဘဝကစလို့ ဒီဟတ်(စ်)ရဲ့ ကယ်စီယမ်၊ ပရိုတိန်းနှင့် အဟာရစွမ်းအင်ဓါတ်များစွာပါဝင်တဲ့ 6010 ကြက်ငယ်စာ၊ 6020 ကြက်လက်စာ၊ 6030 ကြက်ကြီးစားကို ခြံစထည့်တဲ့ အချိန်ကစပြီး ကြက်ထုတ်ချိန်ထိ အဆင့်ဆင့်ကျွေးသွားမယ်ဆိုရင် တွက်ခြေကိုက် အမြတ်များများရှိနိုင်မှာပဲ ဖြစ်ပါတယ်။

အသားတိုးကြက်စာနဲ့ ပတ်သက်ပြီး အစကောင်းမှ အနှာင်းသေချာတဲ့ အစတင်မဟုတ်ပဲ အဆင့်တိုင်းကောင်းနေမှတော့ တွက်ချေကိုက် အမြတ်များအောင်လုပ်လို့ရမှာမို့ အခုပဲ Send message ဆိုတဲ့နေရာလေးကိုနှိပ်ပြီးဆက်သွယ်လိုက်ပါခင်ဗျ။

"မွေးမြူရေးအစာမှာဆို ဒီဟက်(စ်)၊
ဒီဟက်(စ်) အကောင်းဆုံးမွေးမြူရေးအစာ”

#အသားတိုးကြက်စာ #ကြက်စာ #ကြက်

03/08/2025

"မိုးရာသီနှင့် ကြက်ပေါက်မီးကိုင်ခြင်း"

မိုးရာသီမှာ ကြက်မွေးမြူရေးသမားတွေအတွက် ကြက်မီးကိုင်ခြင်းဟာ ခါတိုင်းခြောက်သွေ့ ပူအိုက်တဲ့ ရာသီ တွေထက် ပိုအရေးကြီးတဲ့ မီးကိုင်ကာလတစ်ခု ဖြစ်ပါတယ်။ မိုးရာသီရဲ့ စိုစွတ်မှုနဲ့ အပူချိန် ကျဆင်းမှုတွေကြောင့် ကြက်တွေဟာ အအေးမိလွယ်ပြီး ရောဂါဘယ ကျရောက်မှုလည်း များတတ်ပါတယ်။ ဒါကြောင့် ကြက်မီးကိုင်ခြင်း (Brooding) ကို စနစ်တကျ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

🚨 မိုးရာသီတွင် ကြက်ပေါက် စနစ်တကျမီးကိုင်ခြင်း၏ အကျိုးကျေးဇူးများ

• အအေးဒဏ်မှ ကာကွယ်ခြင်း
မိုးရာသီမှာ အပူချိန် လျော့ကျတတ်တာကြောင့် ကြက်ပေါက်လေးတွေ အအေးမိပြီး သေဆုံးနိုင်ပါတယ်။ မီးကိုင်ပေးခြင်းဖြင့် ကြက်ပေါက်လေးတွေအတွက် သင့်လျော်တဲ့ နွေးထွေးမှုကို ရရှိစေပါတယ်။

• ခုခံအား ကောင်းမွန်စေခြင်း
အပူချိန် သင့်တင့်မျှတမှုက ကြက်ပေါက်လေးတွေရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါဘယတွေကို တိုက်ထုတ်နိုင်စွမ်း ပိုမိုမြင့်မားစေပါတယ်။

• ကြီးထွားနှုန်း မြှင့်တင်ခြင်း
သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ နေရတဲ့ ကြက်ပေါက်လေးတွေဟာ အစာစားနှုန်းနဲ့ ကြီးထွားနှုန်း ပိုကောင်းပါတယ်။

• သေဆုံးနှုန်း လျှော့ချခြင်း
အထက်ပါ အချက်တွေကြောင့် ကြက်ပေါက်လေးတွေရဲ့ သေဆုံးနှုန်းကို သိသိသာသာ လျှော့ချနိုင်ပါတယ်။

🚨 ကြက်မီးကိုင်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ

• နေရာ
ကြက်မီးကိုင်မယ့်နေရာကို လေဝင်လေထွက်ကောင်းပြီး မိုးမယိုစေရန် သေချာပြင်ဆင်ပါ။ ကြက်ပေါက်လေးတွေအတွက် လုံလောက်တဲ့ နေရာကျယ်ဝန်းမှုရှိဖို့လည်း အရေးကြီးပါတယ်။ ကြက်ပေါက် ၁ ကောင်အတွက် အနည်းဆုံး ၀.၅ စတုရန်းပေ (၄၆၅ စတုရန်းစင်တီမီတာ) ခန့် နေရာလိုအပ်ပါတယ်။

• အပူပေးစနစ်
ကြက်မီးကိုင်ရာတွင် မီးလုံးများ၊ ဂတ်(စ်)စနစ် အပူပေးစက်များ (သို့မဟုတ်) မီးသွေးမီးဖိုများ အသုံးပြုနိုင်ပါတယ်။ မီးသွေးမီးဖိုများအသုံးပြုမည်ဆိုပါက ကြက်ပေါက် အကောင် (၅၀၀)စာအတွက် မီးသွေးမီးဖိုတစ်ပုံး အသုံးပြုနိုင်ပါတယ်။

• အပူချိန်
ပထမအပတ်မှာ အပူချိန် ၉၅°F (၃၅°C) ခန့် ထားရှိသင့်ပြီး၊ ဒုတိယအပတ်ကစပြီး တစ်ပတ်လျှင် (၂°C) နှုန်းဖြင့် တဖြည်းဖြည်း လျှော့ချပေးရပါမယ်။ ကြက်ပေါက်လေးတွေက အပူချိန် သင့်လျော်မှု ရှိ၊ မရှိကို သူတို့ရဲ့ အပြုအမူတွေကနေတစ်ဆင့် သတိထားကြည့်ရှုနိုင်ပါတယ်။

• အပူချိန် များလွန်းပါက :
ကြက်ပေါက်လေးတွေဟာ အပူပေးစက်နဲ့ ဝေးရာကို တိုးဝှေ့ပြီး ပါးစပ်ဟ၍ အသက်ရှူကြပါတယ်။

• အပူချိန် နည်းလွန်းပါက :
ကြက်ပေါက်လေးတွေဟာ အပူပေးစက်နားမှာ စုဝေးပြီး တိုးဝှေ့နေတတ်ပါတယ်။

• သင့်လျော်သော အပူချိန်
ကြက်ပေါက်လေးတွေဟာ အပူပေးစက်အောက်မှာ တစ်ညီတစ်ညာတည်း ပျံ့နှံ့နေပါလိမ့်မယ်။

• အလင်းရောင်
ကြက်ပေါက်လေးတွေအတွက် ပထမ ၃ ရက်ခန့်ကို ၂၄ နာရီလုံး အလင်းရောင် ပေးသင့်ပါတယ်။ အလင်းရောင်ကြောင့် အစာနဲ့ ရေကို လွယ်ကူစွာ ရှာဖွေနိုင်ပြီး ကြီးထွားနှုန်း ပိုကောင်းစေပါတယ်။

• အခင်း
သတင်းစာစက္ကူ၊ အစာအိတ် အဖြစ် အသုံးပြုနိုင်ပါတယ်။ မီးကိုင်ခန်း၏ 25 % ခန့်ခင်းနိုင်ပါသည်။ (ကြက်ပေါက်ထည့် ထားသော ကပ်ထူစက္ကူဖာများ ပြန်ခင်း အသုံးပြုခြင်းကိုရှောင်ကျဉ်ပါ။)

• သောက်ရေနှင့် အစာ
ကြက်ပေါက်လေးတွေအတွက် သန့်ရှင်းတဲ့ သောက်ရေကို အချိန်တိုင်း ရရှိနိုင်ဖို့ လိုအပ်ပါတယ်။ ကြက်ပေါက်စာကိုလည်း အသက်အရွယ်အလိုက် သင့်တော်တဲ့ ပမာဏ ပေးဖို့လိုပါတယ်။

• လေဝင်လေထွက်
မိုးရာသီမှာ အပြင်မှာ စိုစွတ်ပေမယ့် ကြက်ခြံထဲမှာ လေဝင်လေထွက် ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ လေဝင်လေထွက် မကောင်းရင် အမိုးနီးယားဓာတ်ငွေ့ ရှူမိပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။

မိုးရာသီမှာ ကြက်မီးကိုင်ခြင်းနှင့် အခြား လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေကို စနစ်တကျ ပြုလုပ်ပေးခြင်းဖြင့် ကြက်ပေါက်လေးတွေ ကျန်းမာစွာ ကြီးထွားလာပြီး အောင်မြင်တဲ့ ကြက်မွေးမြူရေးလုပ်ငန်းကို လုပ်ဆောင်နိုင်ပါလိမ့်မယ်ခင်ဗျာ။
မွေးမြူရေးဆိုင်ရာ ဗဟုသုတများနှင့် ပတ်သက်ပြီး ဖတ်ရှုလေ့လာလိုပါကလည်း “https://www.deheus.com.mm/articles/insights” က‌နေ ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

"မွေးမြူရေးအစာမှာဆိုဒီဟက်(စ်)၊
ဒီဟက်(စ်)အကောင်းဆုံးမွေးမြူရေးအစာ"

#အသားတိုးကြက်မွေးမြူရေး #အသားတိုးကြက် #ကြက်မီးကိုင်ကာလ

Address

စံပြ ဦးစိုးမြင့် ဆီဆိုင် နှင့် JJ Cafe အနီး၊ အမှတ်(၅) ရပ်ကွက်, အေးသာယာမြို့
Taunggyi

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+95941008644

Website

Alerts

Be the first to know and let us send you an email when Ayanaddy Feed Shop - ဧရာနဒီ ကြက်စာဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayanaddy Feed Shop - ဧရာနဒီ ကြက်စာဆိုင်:

Share