Thet Tant Eain

Thet Tant Eain We craft soulful brands & empower future creatives with design, storytelling & AI skills. Design with soul, share with heart!

Yello! 🌟 သက်တံအိမ်ကနေ အားလုံးကို ထပ်မံကြိုဆိုလိုက်ပါတယ်! ❤️💕၂၀၂၆ နှစ်သစ်မှာ ပိုမိုစုံလင်တဲ့ Creative Project တွေ ဖန်တီးန...
30/12/2025

Yello! 🌟 သက်တံအိမ်ကနေ အားလုံးကို ထပ်မံကြိုဆိုလိုက်ပါတယ်! ❤️💕

၂၀၂၆ နှစ်သစ်မှာ ပိုမိုစုံလင်တဲ့ Creative Project တွေ ဖန်တီးနိုင်ဖို့အတွက် အဖွဲ့ဝင်သစ် " Mascot Character " လေး တစ်ယောက်ကတေ့သက်တံ တို့ရဲ့ Member အနေနဲ့ တိုးလာခဲ့ပါပြီ ။

ဒီ Mascot လေးကတော့ သက်တံအိမ် မှာ ရှိနေတဲ့ မင်းသွေး (Brand Avatar) နဲ့ တိပုလေး (Brand Hero) တို့ အတူ Collab လုပ်ပြီး နှစ်သစ်မှာ အတူတူ ရှေ့ဆက်သွားမယ့် Content Writer လဲဖြစ်တဲ့ "သဲဆု (Thae Su)" ပဲ ဖြစ်ပါတယ်။ သဲဆုလေးဟာ သက်တံတို့ ကိုယ်တိုင် သေချာ Concept ထုတ်ပြီး အချိုးအစားကျကျ ဖန်တီးထားတဲ့ Mascot တစ်ခုဖြစ်တဲ့အပြင် မူရင်း Art Style နဲ့ AI Tools တွေနဲ့ အကောင်းဆုံးပေါင်းစပ်ပြီး ဖန်တီး ထားတာပဲ ဖြစ်ပါတယ်။

Meet "Thae Su" - The Content Writer 🖋✨ Su Myat Nandar Aung
သဲဆုလေးဟာ သက်တံအိမ်ရဲ့ Creative Team ထဲမှာ Content Writer Position နဲ့ တာဝန်ယူသွားမှာဖြစ်ပြီး မင်းသွေး၊ တိပုတို့နဲ့အတူ Project အသစ်တွေကို အတူတူ Brainstorming လုပ်ပြီး ဖန်တီးသွားမှာပဲ ဖြစ်ပါတယ် ။

သဲဆုရဲ့ Unique Points လေးတွေကတော့... 💡

Style: Moana curly short hair style နဲ့ မျက်မှန်လေးက သူမရဲ့ အမှတ်အသားပေါ့။

Outfit: Blouse Shirt၊ Jean short pants နဲ့ White sneakers တို့ကို ဝတ်ဆင်ထားပြီး ပေါ့ပါးသွက်လက်တဲ့ လူငယ် (Youthful Spirit) တစ်ယောက်ရဲ့ အသွင်ရှိပါတယ်။

Accessories: အမြဲ Ready ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ "ဘေးလွယ်အိတ် (Crossbody bag)" လေးကို လွယ်ထားတတ်ပါတယ်။

Habit: Client complain တွေနဲ့ Revise တွေကို အပြုံးမပျက် ရင်ဆိုင်နိုင်ဖို့ "ရှူဆေးဘူး" လေးကို အမြဲဆောင်ထားတတ်တာကတော့ သူမရဲ့ ချစ်စရာ Habit လေးပါပဲ။

ဒီလို ချစ်စရာကောင်းတဲ့ Mascot လေးနဲ့ အတူ Artwork ပေါင်းများစွာ အပြင် Comic ဆန်ဆန် Storytelling Concept လေးတွေ နဲ့ Activity လေးတွေ များစွာ ဖန်တီးသွားမှာမို့ Stay Tuned ပါ ဗျို့ ..

---အဆုံးထိ အချိန်ပေးပြီး ဖတ်ပေးကြတဲ့အတွက် ကျေးဇူးကမ္ဘာပါဗျ။

#သဲဆု

🌸 Soft & Elegant 🌸ဒီ Logo လေးကိုတော့ မြင်လိုက်တာနဲ့ တန်းမှတ်မိလွယ်စေဖို့ (Memorable)၊ Brand ရဲ့ Identity ကို ပေါ်လွင်စေဖ...
13/12/2025

🌸 Soft & Elegant 🌸

ဒီ Logo လေးကိုတော့ မြင်လိုက်တာနဲ့ တန်းမှတ်မိလွယ်စေဖို့ (Memorable)၊ Brand ရဲ့ Identity ကို ပေါ်လွင်စေဖို့ (Distinctive) ဖြစ်နေဖို့အတွက် အများကြီး အချိန်ယူခဲ့ရပါတယ် ⏳💡

🧠 Behind the Design Process

ဒီ Logo လေး မစတင်ခင်မှာ ... 📌 Mind Mapping 📌 Moodboard 📌 Data Research 📌 Competitors Research

စတာတွေ အဆင့်ဆင့် အသေးစိတ် တည်ဆောက်ခဲ့ပြီးမှ Conceptual Logo တစ်ခုဖြစ်လာအောင် သေချာ ဖန်တီးပေးထားတာပါ 🎨 ဒါ့အပြင် Market ထဲမှာ သူများနဲ့မတူ ကွဲထွက်နေဖို့ Brand Differentiation နဲ့ Competitive Advantage ရရှိအောင် Brand Core Values, Brand Personality, Brand Tone of Voice တွေပါ ထည့်သွင်းစဉ်းစားပြီးမှ ဒီ Final Output ထွက်လာတာ ဖြစ်တာကြောင့် Premium ဖြစ်တဲ့ Feel ကို အပြည့်အဝ ရရှိစေမယ်လို့ မျှော်လင့်ပါတယ် . 💎🚀

💫 Logo Meaning & Philosophy

Logo လေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကတော့ ...

🌸 Cherry Blossom Petal: ပန်းပွင့်ဖတ်လေးတွေက အချစ် (Love)၊ နူးညံ့မှု (Softness) နဲ့ အမှတ်တရ (Memory) တွေကို ကိုယ်စားပြုပြီး Brand ရဲ့ Emotional Value နဲ့ တိုက်ရိုက် ချိတ်ဆက်ထားပါတယ်ဗျ။

⭕️ Circle & The Gaps: စက်ဝိုင်းပုံစံက Community နဲ့ Wholeness (ပြည့်စုံခြင်း) ကို ပြသနေပြီး၊ စက်ဝိုင်းရဲ့ ဟနေတဲ့ နေရာလေးနှစ်ခု (Broken circle) ကတော့ Open-heartedness နဲ့ Inclusivity (အားလုံးကို နွေးထွေးစွာ ကြိုဆိုခြင်း) ကို ဆိုလိုတာပါဗျ။

Thanks for taking a moment to explore this little piece of Thet Tant soul. 🤍

Credit Information:

Project : Cherry Floral
Industry : Floral Service
Agency : Orion Vale
Designer : Min Thway Nge

ဉီးနှောက် ဆေးရင် ဆပ်ပြာ မမေ့ပါရန်နှင့် ရေနူးသွားသော ဉီးနှောက်များ 🤣🤣
25/10/2025

ဉီးနှောက် ဆေးရင် ဆပ်ပြာ မမေ့ပါရန်နှင့် ရေနူးသွားသော ဉီးနှောက်များ 🤣🤣

သီတင်းကျွတ် အခါသမယလေးမှာ၇ ရက်သားသမီးများအားလုံးစိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံရပြီးလျှင်ဘေးကင်းလုံခ...
06/10/2025

သီတင်းကျွတ် အခါသမယလေးမှာ၇ ရက်သားသမီးများအားလုံးစိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံရပြီးလျှင်ဘေးကင်းလုံခြုံစွာ ချစ်ရတဲ့ မိသားစုအသိုက်အဝန်းလေး တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေလို့သက်တံအိမ် မိသားစုမှ ဆုမွန်ကောင်း တောင်း အပ်ပါသည်ဗျ ...

28/09/2025
Yello! 🌟သက်တံအိမ်ကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ် ! ❤️💕ဒီတစ်ခါမှာတော့ Social Media Design ဖန်တီးတဲ့အခါ အရမ်းအသုံးဝင်မယ့်...
28/09/2025

Yello! 🌟

သက်တံအိမ်ကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ် ! ❤️💕
ဒီတစ်ခါမှာတော့ Social Media Design ဖန်တီးတဲ့အခါ အရမ်းအသုံးဝင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါ၏ ။

Social Media Design တွေဆွဲတဲ့အခါ Freepik, Adobe Stock စတဲ့နေရာတွေမှာ မြန်မာ Vibes အပြည့်အဝပေးနိုင်တဲ့ Model ပုံမျိုးရှာရတာ တော်တော်လေးခက်ခဲပါတယ် ။

ကိုယ့် Brand နဲ့လိုက်ဖက်တဲ့ Local ပုံစံမျိုးလိုချင်ရင် ပိုလို့တောင်မလွယ်ကူပါဘူးနော်။ 😥 ဒါပေမဲ့ စိတ်မပူပါနဲ့ ! အဲ့လိုပုံမျိုးလေးတွေကို Gemini ရဲ့ Nano Banana ကိုအသုံးချပြီး မြန်မာ Mood & Vibes အပြည့်ရှိတဲ့ Models တွေကို ကိုယ်တိုင်ဖန်တီးလို့ရနေပြီဆိုတာ သိပါရဲ့လား? 🎨✨

ဒီ Post လေး ထဲမှာ အဲ့လိုမျိုးဖန်တီးနည်းအဆင့်ဆင့်ကို အသေးစိတ်နဲ့ စနစ်တကျ ရှင်းပြပေးထားပါတယ်။ Design နဲ့ပတ်သက်ပြီး ဗဟုသုတရှာဖွေနေသူတွေနဲ့ လက်တွေ့အသုံးချဖို့ Design Assets တွေလိုအပ်နေသူတွေအတွက် အထူးစီစဥ်ထားတာမို့ လက်မလွတ်တမ်းလေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်! 🚀

📌 "Knowledge sharing is not just about giving; it's about growing together."

Yello! 🌟
A warm welcome from Thet Tant Eain! ❤️💕
This time, we're excited to share a super useful tip for all social media designers out there!
When you're creating social media designs, finding models that truly capture the Myanmar vibe on platforms like Freepik or Adobe Stock can be incredibly challenging. It's even harder when you're looking for local aesthetics that perfectly match your brand. 😥
But don't worry! Did you know you can now create models with authentic Myanmar Mood & Vibes using Gemini's Nano Banana? 🎨✨
In the designs accompanying this post, we've meticulously detailed the step-by-step process of how to do just that. This content is specially crafted for those exploring the world of Graphic Design and for those in need of practical Design Assets, so don't miss out! 🚀
📌“Knowledge sharing is not just about giving; it’s about growing together.”
Thanks for taking a moment to explore this little piece of Thet Tant soul. 🤍

Yello! 🌟သက်တံအိမ်လေး ကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ်! ❤️💕ဒီ Content လေးကတော့…Graphic Design, Branding , Brand Identity ...
14/09/2025

Yello! 🌟
သက်တံအိမ်လေး ကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ်! ❤️💕
ဒီ Content လေးကတော့…
Graphic Design, Branding , Brand Identity နဲ့ပတ်သက်ပြီး သေချာ စနစ်တကျ လေ့လာလိုတဲ့ သူလေးတွေ နဲ့ Design ဆွဲတဲ့ အခါ အသုံးဝင်စေမဲ့ 3D Design Assets တွေ လိုအပ်နေသူတွေအတွက် စီစဥ်ပေးထားတဲ့ Content လေးဖြစ်ပါ၏ .

International Brand တွေရဲ့ Brand Guideline PDF တွေ၊ စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်တဲ့ Design Assets (PSD Files) တွေကို စုစည်းပြီး သက်တံ့တို့ ရဲ့ Telegram Channel မှာ တင်ပေးထားပါ၏ ။
Brand တွေရဲ့ Core Values, Personality နဲ့ Visual Concept တွေကို ဘယ်လိုပုံဖော်ထားလဲဆိုတာ လေ့လာရင်း ကိုယ့်ရဲ့ Design Skill တွေကို မြှင့်တင်နိုင်မယ်လို့လဲ မျှော်လင့်ပါ၏နော် ✨

Comment မှာ Channel Link လေး တင်ထားပေးပါ၏နော်💖💖💖

📌 "Knowledge sharing is not just about giving; it's about growing together."

Thanks for taking a moment to explore this little piece of Thet Tant soul. 🤍


Yello! 🌟သက်တံအိမ်ကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ်! ❤️💕ဒီ Project လေးကတော့…Mi Beauty အတွက် နှစ်လနီးပါးကိုင်တွယ်ခဲ့ရတဲ့ So...
07/08/2025

Yello! 🌟
သက်တံအိမ်ကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ်! ❤️💕

ဒီ Project လေးကတော့…
Mi Beauty အတွက် နှစ်လနီးပါးကိုင်တွယ်ခဲ့ရတဲ့ Social Media Design Project လေးပါ။

SMD တစ်ခုချင်းစီမှာ —
Product Retouching, Layout Balance, Visual Concept စတာတွေကို Foucus သေချာထားခဲ့ရပီး Brand ရဲ့ Core Values , Personality စတာတွေနဲ့ ထိတွေ့နိုင်မဲ့ ✨ Local Brand တစ်ခုရဲ့ Look & Feel တွေကိုလဲ သေချာဂရုစိုက် လုပ်ပေးဖြစ်တယ်ဆိုလဲ မှားမယ်မထင်ပါဘူးဗျ .

📌 ဒီအလုပ်ကနေ အကောင်းဆုံး သင်ယူနိုင်ခဲ့တာကတော့ —
"Design is not just about beauty. It's about intention, clarity… and care."

Yello! 🌟
A warm welcome from Thet Tant Eain! ❤️💕

This project was a special one —
A Social Media Design series we handled for Mi Beauty over the course of nearly two months.

From product retouching to layout balance, from visual concept to content clarity —
each piece was thoughtfully crafted to reflect not just visuals,
but also the brand’s core values and personality. ✨

We focused deeply on bringing out the look & feel of a local brand in a way that connects,
resonates, and feels true to who they are.

📌 One thing we learned through this journey —

“Design is not just about beauty. It’s about intention, clarity… and care.”

Thanks for taking a moment to explore this little piece of Thet Tant soul. 🤍


🧠 Chat GPT နဲ့  Team Plan အသုံးပြုနေတယ် ဆိုပေမဲ့ 📂 Privacy အတွက် New Chat က မသင့်တော်ဘူးဆိုတာ သိပြီးပြီလား?🔒 ChatGPT Tea...
02/08/2025

🧠 Chat GPT နဲ့ Team Plan အသုံးပြုနေတယ် ဆိုပေမဲ့
📂 Privacy အတွက် New Chat က မသင့်တော်ဘူးဆိုတာ သိပြီးပြီလား?

🔒 ChatGPT Team Plan သုံးပြီးတော့ ကိုယ့် Privacy Data လေးတွေကို
တခြားသူတွေဝင် စပ်စု ဖို့ မလွယ်ကူအောင်
✔ New Project
✔ Archive
✔ Save PDF
✔ Reopen Conversation
နဲ့အတူ Privacy & Ownership ကို ဘယ်လိုအသုံးချရမလဲဆိုတာ
step-by-step နဲ့ရှင်းပြထားပါတယ်။

🤖 AI နဲ့လုပ်မယ်ဆိုရင်လည်း
ကိုယ့် Data ကို ကိုယ့်ပဲ Control ထားတာက
အရေးအကြီးဆုံးမို့ပဲနော်။

📌 အထူးသဖြင့်...
→ Business Owner
→ Designer, Writer, Researcher များ

အတွက်က အရမ်းအသုံးဝင်ပါတယ်။
😎

📣 နောက် အပတ်တွေမှာလဲ ဒီလို Tips & Tricks လေးတွေ၊
AI နဲ့ ချိတ်ဆက်အသုံးချပုံတွေကို
သက်တံအိမ် မှာ ဆက်လက်မျှဝေပေးသွားပါမယ်။
🌿✨

တစ်ခုခု အခက်အခဲရှိရင် Chat Box မှာ လာပြီး အကြံတောင်းလို့ ရပါကြောင်း ❤❤❤

#သက်တံအိမ်




*Meet Our Brand Hero* Yello! 🌟သက်တံအိမ်ကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ်! ❤💕ဒီနေ့က တော့ သက်တံတို့ရဲ့ Brand Hero နဲ့ Brand...
01/08/2025

*Meet Our Brand Hero*

Yello! 🌟
သက်တံအိမ်ကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ်! ❤💕

ဒီနေ့က တော့ သက်တံတို့ရဲ့ Brand Hero နဲ့ Brand Mascot လေးတွေ , Brand အကြောင်း မိတ်ဆက်တဲ့ Post လေးတွေက နောက်ဆုံး ပါ . ဒီ Post လေးပြန်လုပ်ရတာကလဲ တစ်ချို့က Brand Guideline ကို Behance မှာ ကြည့်ရတာ အခက်အခဲ ရှိတယ်ဆိုတာမျိုးလေးတွေ ပြန်ကြားမိလို့ပါဗျ . မနက်ဖြန်က စပြီးတော့ သက်တံတို့ Ai နဲံပက်သက်တဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေနဲ့ Designer တွေ မဖြစ်မနေ သိသင့်တဲ့ Ai Tools တွေ အသုံးချပုံလေးတွေ စတဲ့ Tips & Tricks လေးတွေ စပါတော့မယ်ဗျ . အားလုံးပဲ စောင့်ကြည့်ပေးကြတဲ့အတွက်ကော သက်တံတို့နဲ့ အတူတူရှိနေပေးတဲ့အတွက်ရော အတိုင်းမသိ ကျေးဇူးတင်ပါ၏ . See You Guys !!

Address

Taunggyi
06013

Website

Alerts

Be the first to know and let us send you an email when Thet Tant Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share