25/03/2026
ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း
၂၀၂၆ ခုနှစ်၊ မတ်လ၊ ၂၇ ရက် (သောကြာနေ့) သည် “တပ်မတော်နေ့" ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် CB Bank ဘဏ်ခွဲများအားလုံး ပိတ်ထားမည် ဖြစ်ပါသည်။
ရုံးပိတ်ရက်အတွင်း ATM (ငွေထုတ်စက်)၊ CRM (ငွေသွင်း၊ ငွေထုတ်စက်) တို့အပြင် CB Bank ၏ ဒီဂျစ်တယ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြစ်သည့် CB Pay, CB Bank iBanking နှင့် CB Card+ App တို့မှ ဝန်ဆောင်မှုများ ရယူနိုင်သကဲ့သို့ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်ပြီး ဝန်ဆောင်မှုများ ရယူဆောင်ရွက်နိုင်ပါသည်။