06/03/2024
သူများတွေ ကလေးပညာရေးအတွက်
တစ်နှစ် ၂၀, ၃၀ , ၁၀၀, ၂၀၀ ကုန်နေချိန်
ငါတို့ကလေးတွေအတွက် တပြားမှ
မကုန်ဘူးဆိုတာ
ဂုဏ်ယူစရာမဟုတ်ဘူးနော်....
ပညာရေးမှာ မကုန်လဲ
တစ်ရက် ဘီယာတစ်ခွက်မသောက်ဘူးလား,
အစားအသောက်အကောင်းစားတွေ
ဝယ်မစားဘူးလား,
ကွမ်းယာဖိုး, ဆေးလိပ်ဖိုး တစ်ရက် ဘယ်လောက်ကုန်လဲတွက်ကြည့်
Skincare တွေ အဝတ်အစားတွေ
မဝယ် မသုံးဖြစ်ဘူးလား...
ဘာမှ မသုံးနိုင်လို့ ကလေးအတွက်လည်း
သုံးမပေးနိုင်ဘူးဆို လက်ခံတယ်ကွာ
ငွေရှာရတာ မလွယ်ကူဘူးလေ...
ဒါပေမယ့်
သုံးနိုင်ရဲ့ သားနဲ့
သုံးပြနေရင်းမှ ကလေးပညာရေးကျ
ချွေတာနိုင်သလောက် ချွေပြမယ်ဆိုတာမျိုးကို
လက်မခံနိုင်တာကွာ...
ကလေးအမေက လက်သည်းတု
၁၀ ချောင်းတပ်ထားပြီး
ကလေးကို ဘာ supporting မှ လုပ်မပေးလို့
ကလေးက မျက်စိသူငယ် နားသူငယ်
ဖြစ်နေတာမျိုးကျ မြင်ရရင် အူယားတာ
သွားပြောရင်လည်း အဆဲက ခံရအုန်းမယ်...🥹
ပြောချင်တာကလေ
နိုင်သလောက်အတိုင်းအတာတစ်ခုမှာ
နိုင်တဲ့ဝန်နဲ့ ကလေးတွေကို ထောက်ပံ့ပေးပါလို့
ဘူးသီး အကြီးကြီးရချင်ရင်
ဘူးစင်လေးတော့ ဆောက်ပေးမှပေါ့...
ဘူးသီးတော့ စားချင်တယ်
ဘူးစင်ဆောက်ပေးရမှာတော့ ကြောက်တယ်ဆိုရင်
ဒီဘူးသီးက ဘယ်လို, ဘယ်ပုံ ကြီးထွားရမလဲ
ဖြေကြည့်လေ...
မူရင်း ပိုစ်ပိုင်ရှင်ကို Credit ပေးပါတယ်