Lively Advertising

Lively Advertising Veteran marketing and media professionals offering various advertising services to small businesses

Wishing Eveyone Happy Valentines Day !! Hugs & Kisses from Lively Advertising 😘😍
14/02/2022

Wishing Eveyone Happy Valentines Day !! Hugs & Kisses from Lively Advertising 😘😍

အားလုံးပဲချစ်ရသောသူတွေနဲ့ ပျော်ရွှင်ဖွယ်ရာကောင်းသော တရုတ်ကျားနှစ်သစ်ကူး ၂၀၂၂ ကိုဆင်နွှဲနိုင်ကြပါစေလို့ Lively Advertisin...
31/01/2022

အားလုံးပဲချစ်ရသောသူတွေနဲ့ ပျော်ရွှင်ဖွယ်ရာကောင်းသော တရုတ်ကျားနှစ်သစ်ကူး ၂၀၂၂ ကိုဆင်နွှဲနိုင်ကြပါစေလို့ Lively Advertising မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

May this new tiger year bring you good health, good wealth and good life ahead !

26/01/2022
Facebook လုပ်ငန်းစာမျက်နှာကို အချိန်တို,ငွေနဲနဲ နှင့် ကျွမ်းကျွမ်းကျင်ကျင် ဘယ်လို ကြော်ငြာနိုင်မလဲ? 1. Create your own F...
17/01/2022

Facebook လုပ်ငန်းစာမျက်နှာကို အချိန်တို,ငွေနဲနဲ နှင့် ကျွမ်းကျွမ်းကျင်ကျင် ဘယ်လို ကြော်ငြာနိုင်မလဲ?

1. Create your own Facebook group / page
( ကိုယ်ပိုင် group , page တွင် ဖွဲ့စည်းပါ )

မိတ်ဆွေတို့အနေနဲ့ ကိုယ်ပိုင် group ,page တွေ ထောင်ခြင်းအားဖြင့် ကိုယ့်ရဲ့ fans တွေ, members တွေနဲ့ လူချင်းမတွေ့ရပေငြား ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံနိုင်ခြင်းအားဖြင့် Audiences တွေနဲ့ မိတ်ဆွေ့တို့ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေပါတယ်။ Audiences တွေကအနေနဲ့လဲ
Company နဲ့ ပဲ ဆက်ဆံရသည်မဟုတ်ပဲ Company နောက်ကွယ်က တာ၀န်ရှိသူများနှင့် တရင်းတနှီးပြောဆိုနိုင်၊ နေနိုင်သည့် ခံစားချက်သည် စီးပွားရေးလောကတွင် အထောက်ကူပြုသည့် အချက်ဖြစ်သည်။

2. Create Creative Contents & Designs
(ဆန်းသစ်တဲ့ စာအရေးအသားနဲ့ ဒီဇိုင်းများကို ဖန်တီး​ပါ)

ရိုးရှင်းဆန်းသစ်ပြီး တန်ဖိုးရှိတဲ့ စာအရေးသားများက ဖတ်ရှုသူတွေအတွက် ဗဟုသုတတွေ ပေးစွမ်းနိုင်ရုံမျှမက ကိုယ့် brand image ကိုလဲ ထင်ပေါ်လာစေပါတယ်။ သီးခြားဖြစ်ပြီး ထူးခြားတဲ့ designs တွေကတော့ ကိုယ့်ရဲ့ brand ကို unique ဖြစ်စေရုံမက ဖတ်ရှုသူ/ကြည့်မြင်သူတွေရဲ့ အမြင်မှာ ကိုယ့် brand ရဲ့ designs များကို စွဲထင်သွားစေနိုင်ပါတယ်။

3.Use Facebook Ads
(Facebookရဲ့ ကြော်ငြာပေးခြင်း ကဏ္ဍကို အသုံးပြု​ပါ)

မိတ်ဆွေတို့က ကိုယ့်ရဲ့ စီးပွားရေးအကြောင်းကို လူသိများစေဖို့ ဆန္ဒရှိတယ်ဆိုရင် Facebook Ads ကို အသုံးပြုခြင်းသည်လဲအရေးပါပါသည်။ကိုယ်တိုင်ကိုယ်ကျ Google တွင် promote လုပ်နည်းကို ရှာဖွေနိုင်သလို ၊ ကျွန်မတို့ Lively advertising agency မှလဲ ပြုလုပ်ဆောက်ရွက်ပေး ပါတယ်ရှင်။

4. Make Social Media Campaigns
( Social Media Campaigns များ ပြုလုပ်ပါ)

လူလူချင်း ထိတွေ့ခြင်း ( Individuals Interaction) က စီးပွားရေးနယ်ပယ်မှာ အရေးပါ​သည်။ တစ်ယောက်နှင့် တစ်ယောက်ရဲ့ ဆက်ဆံရေးကိုလဲ online ပေါ်တွင်ထက် ၂ဆ , ၃ဆ ခိုင်မာစေပါသည်။ အပြင်ဘက်တွင် ရင်းနှီးခင်မင်နေသော clients များ ၊ customers များနှင့် စီးပွားရေး အတူတူ တွဲဖက်လုပ်နိုင်ေချလဲ ပိုများ ပါတယ်။

5. Track On Your Own Page
(ကိုယ့် ရဲ့ page ကို အစဥ်အမြဲ ကြည့်​ကြပ်ပါ)

'ကိုယ့်ရဲ့ page မှာ ဘယ်လို audiences တွေ ရှိနေတတ်လဲ,ဘယ်သူတွေ like ပိုပေးတတ်,share တတ်လဲ? Like , follow လုပ်ထားတဲ့သူတွေမှာ ယောကျာ်း/မိန်းမ အရေတွက်မှာ ဘယ်ဘက်ပိုအားသာသလဲ? Comment section မှာ ဘယ်သူတွေ လာရေးတတ်လဲ?ဘယ်လိုရေးတတ်လဲ? 'စတဲ့ details တွေကို ဂရုစိုက်ခြင်းအားဖြင့် မိတ်ဆွေတို့ရဲ့ Facebook business page / group အတွက် အထောက်ကူဖြစ်ပါလိမ့်မယ်။

အခုလို ပြောပြသွားတဲ့ အချက်တွေကို ဖတ်ရှုပြီး မိတ်ဆွေတို့အနေနဲ့ စီးပွားလာဘ်လာဘတွေ တိုးပွားပါစေလို့လဲ ကျွန်မတို့ Lively team မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

Digital Market နှင့်ပါတ်သက်သောဝန်ဆောင်မှုတိုင်းအတွက် Lively Advertising ကိုခုပဲဆက်သွယ်လိုက်ပါရှင့်။
13/12/2021

Digital Market နှင့်ပါတ်သက်သောဝန်ဆောင်မှုတိုင်းအတွက် Lively Advertising ကိုခုပဲဆက်သွယ်လိုက်ပါရှင့်။

Let's strive for more businesses and better outcomes via strong and effective advertising together.
07/12/2021

Let's strive for more businesses and better outcomes via strong and effective advertising together.

ကိုယ့် Brand ကို Social Media Platform မှာသူများတွေထက်ရောင်းအားကောင်းဖို့ ဘာလုပ်ဖို့လိုလဲ?🤔စီးပွားရေးလုပ်ငန်းတွေ Digital...
05/01/2021

ကိုယ့် Brand ကို Social Media Platform မှာသူများတွေထက်ရောင်းအားကောင်းဖို့ ဘာလုပ်ဖို့လိုလဲ?🤔
စီးပွားရေးလုပ်ငန်းတွေ Digital Marketing Platform ပေါ်ရောက်လာကြတဲ့အခါ ကိုယ့် Product တွေကြော်ငြာလို့ရမယ့် Content ကောင်းတွေဖန်တီးဖို့လိုအပ်လာပါတယ်။ ဒါ့အပြင် Content ကထိမိနေရင် Audience ရဲ့စိတ်နှလုံးထဲမှာကိုယ့်ရဲ့ Brand ကိုတစ်ခါတည်းအမှတ်ရသွားစေရုံမက ဘဝင်မခိုင်တော့ပဲ သင့် Product တွေကို ချက်ချင်းမှာယူသည်အထိဖြစ်စေမှာပဲဖြစ်ပါတယ်။

🤔 Content ကောင်းတစ်ပုဒ်ဆိုတာဘာလဲ။
Content ကောင်းတစ်ပုဒ်ဆိုတာ ကိုယ့်လုပ်ငန်းအတွက်/ကိုယ်ရောင်းမယ့် product တွေအတွက် အလွန်အရေးပါပါတယ်။ Content ကောင်းတစ်ပုဒ်ဟာ Audiencec ကိုဖတ်ချင်စိတ်ဖြစ်လာအောင်ဆွဲဆောင်စေနိုင်တဲ့အပြင် ပြန်လည်မျှဝေစေနိုင်ပါတယ်။ထို့အပြင် Audience နဲ့ Brand ကိုလည်း Engagement တိုးပွားစေပါတယ်။

✅ဒါဆို Content ကောင်းတစ်ပုဒ်ရဖို့ဘာတွေလုပ်ဖို့လိုအပ်သလဲ?
(၁) စာများများဖတ်ပါ။
(၂) အစမ်းရေးကြည့်ပါ
(၃) စာပိုဒ်နဲ့ စာလုံးပေါင်းကိုပြန်စစ်ပါ
(၄) emoji နဲ့ မလိုအပ်တဲ့ စကားတွေကိုလိုတာထက်ပိုမသုံးပါနဲ့
(၅) တခြားသူတွေရဲ့ Content တွေကိုလေ့လာသုံးသပ်ပါ။

? ကောင်းတစ်ပုဒ်ဆိုတာဘာလဲ ကောင်းတစ်ပုဒ်ရဖို့ဘာတွေလုပ်ဖို့လိုအပ်သလဲ?

Content Marketing က digital marketing မှာဘာလို့အရေးပါနေရတာလည်း?ယနေ့ခေတ်လို့အပြိုင်အဆိုင်တွေများတဲ့အချိန်မှာ Comtent mark...
22/12/2020

Content Marketing က digital marketing မှာဘာလို့အရေးပါနေရတာလည်း?

ယနေ့ခေတ်လို့အပြိုင်အဆိုင်တွေများတဲ့အချိန်မှာ
Comtent marketingဟာ မိတ်ဆွေရဲ့လုပ်ငန်းနဲ့ target audienceတွေကြားမှာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ဆက်သွယ်ပေးနိုင်တဲ့ ကြားခံတစ်ခုလည်းဖြစ်ပါတယ်။

ဒါအပြင် Content Marketing နဲ့ Marketing လုပ်လို့ရပါသေးတယ်။
Knowledge Sharing Content,Marketing Campaigns တွေနဲ့ လူကြီးမင်းတို့ ပေးလိုတဲ့ message ကိုကုန်ကျစရိတ်သက်သက်သာသာ နဲ့ လူအများဆီကို ရောက်ရှိနိုင်ပါတယ်။

Content marketing ကိုသုံးရင်ဘာကောင်းကျိုးတွေရရှိနိုင်သလဲ?

Content Marketing ဟာ မိမိ product/ service တွေရဲ့အားသာချက်တွေကိုချပြနိုင်နိုင်ရုံသာမက target audience တွေကို ဝယ်ယူနိုင်အောင်ပါ ဆွဲဆောင်နိုင်ပါတယ်။

Content Marketing ကို target audience တွေ မိမိ product/service ပေါ်ယုံကြည်မှုရှိလာပြီး ရှိပြီးသားcustomer များကို ထိန်းသိမ်းနိုင်ရုံသာမက customer အသစ်တွေပါရရှိနိုင်ပြီး ရောင်းအားကောင်းလာပြီး မိတ်ဆွေရဲ့ လုပ်ငန်းအပေါ်ယုံကြည်မှုတွေတိုးပွားလာမှာဖြစ်ပါတယ်။

မိတ်ဆွေတို့ရော content marketing ကို မိတ်ဆွေတို့အသုံးပြုနေကြပြီလား?

?

၂၁ ရာစုလိုခေတ်ကြီးထဲမှာ လုပ်ငန်းတွေတော်တော်များများဟာ ဘာလို့ traditional marketing ကနေ digital marketing ကိုပြောင်းလဲသင့...
13/12/2020

၂၁ ရာစုလိုခေတ်ကြီးထဲမှာ လုပ်ငန်းတွေတော်တော်များများဟာ ဘာလို့ traditional marketing ကနေ digital marketing ကိုပြောင်းလဲသင့်လဲလို့မေးလာခဲ့ရင်တော့ မြန်မာပြည်မှာရှိတဲ့ လူတော်တော်များများဟာ social media အပေါ်မှာ စိတ်ဝင်စားမှုတွေ တစုတဝေးတည်းရောက်ရှိနေလို့ပါ။

Digital marketing ကို ပြောင်းလဲမယ်ဆိုရင် digital marketingရဲ့ အသက်သွေးကြောဖြစ်တဲ့ content marketing အကြောင်းကိုသိထားဖို့လိုအပ်ပါတယ်။

Content marketing ဆိုတာဘာလဲ?

Content Marketing ဆိုတာ မိတ်ဆွေရဲ့ Target audience တွေကို မိတ်ဆွေရဲ့လုပ်ငန်းအကြောင်းပိုသိလာအောင်၊ ကိုယ့်ထုတ်ကုန်/ဝန်ဆောင်မှု တွေကို ဝယ်ချင်လာအောင် စာကိုဖန်တီးရေးသားပြီး လူအများဆီကို သက်ဆိုင်ရာ media ကနေ marketing လုပ်ခြင်းပဲဖြစ်ပါတယ်။

Content marketing မှာ
(၁) စာကိုယ်
(၂) လူအများစိတ်ဝင်စားစေဖို့ ပုံ နှင့် ဗီဒီယိုများ
(၃) message ကိုလိုရင်းတိုရှင်းဖော်ပြထားတဲ့ infographics စသည်တို့ပါဝင်ပါတယ်။

ဒါကြောင့်မိတ်ဆွေတို့ရဲ့လုပ်ငန်းတွေကိုအနေနဲ့ digital marketing က ပြောင်းဖို့ အကြံပေးလိုက်ပါတယ်နော်။


What is Social Media Marketing?Social Media ဆိုတာ Facebook, YouTube, Google တို့လို့ social media တွေကနေတစ်ဆင့် မိတ်ဆွေတ...
05/11/2020

What is Social Media Marketing?

Social Media ဆိုတာ Facebook, YouTube, Google တို့လို့ social media တွေကနေတစ်ဆင့် မိတ်ဆွေတို့ရဲ့ products/ services တွေကိုကြော်ငြာခြင်းကိုဆိုလိုပါတယ်။

ဘာကြောင့် Social Media Marketing ကိုမြန်မာပြည်မှာအသုံးပြုသင့်တာလဲ?

Social Media သည် Digital Marketing ၏တစိတ်တပိုင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်ရေပန်းစားလာတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုလည်းဖြစ်ပါတယ်။

Social Media သည် မိမိ brand ကို target audience တွေသိအောင် အချိန်တိုအတွင်း ကြော်ငြာခနည်းနည်းဖြင့် ဖော်ပြနိုင်ရုံသာမက loyal customer များကိုပါရရှိစေနိုင်ပါတယ်။ထို့ပြင် customer များနှင့်ပါ နီးနီးကပ်ကပ် ဆက်ဆံနိုင်တာကြောင့် မိတ်ဆွေတို့ customerများရဲ့ လိုအပ်ချက်များကိုပါသိနိုင်ပါတယ်။

Social media သည် customerများနှင့်မိတ်ဆွေတို့ရဲ့ brand ကို အနီးကပ်ကြော်ငြာနိုင်ရုံမက စျေးကွက်ရဲ့နောက်ဆုံးပေါ် တိုးတက် ပြောင်းလဲမှုတွေကိုပါစောင့်ကြည့်နိုင်တဲ့ လမ်းကြောင်းတစ်ခုလဲဖြစ်ပါတယ်။

Social Media Marketing သည် အချိန်ကုန်သက်သာပြီး ကြော်ငြာခအနည်းငယ်ဖြင့် သုံးစွဲသူတို့ထံကို အရေးကြီးတဲ့သတင်းအချက်အလက်တွေပြည့်ပြည့်စုံစုံပေးနိုင်တာကြောင့် Social Media Marketing ကိုအသုံးပြုကြဖို့အကြံပေးလိုက်ပါတယ်ခင်ဗျာ။

Digital Marketing ဆိုတာဘာလဲ?Digital marketing ဆိုတာ အင်တာနက် အသုံးပြုရတဲ့ Facebook,Youtube, Google,တို့လိုမျိုး digital ...
20/10/2020

Digital Marketing ဆိုတာဘာလဲ?

Digital marketing ဆိုတာ အင်တာနက် အသုံးပြုရတဲ့ Facebook,Youtube, Google,တို့လိုမျိုး digital channels တွေကနေတဆင့် digital device တွေပေါ်မှ မိတ်ဆွေတို့ရဲ့ products/ servicesတွေကို ကြော်ငြာခြင်းကိုဆိုလိုပါတယ်။

Digital Marketing မှာယေဘူယျအားဖြင့်
1. Online marketing channels
2. Offline digital channels ဆိုပြီး အပိုင်း(၂)ပိုင်းရှိပါတယ်။

Online marketing channels မှာ ဘာတွေပါလဲ?

Online marketing channels တွင် အင်တာနက်ဖြင့် အသုံးပြုရတဲ့ Website marketing, SEM (search engine marketing) , Mobile marketing (Google Play, Apple Store)တွေ, Email marketing, Online banner advertising, Video marketing နှင့် မြန်မာနိုင်ငံမှာရေပန်းစားနေတဲ့ Social Media marketing ဆိုပြီးပါဝင်ပါတယ်။

Offline digital channels မှာဘာတွေပါလဲ?

Offline digital channels တွင် oflline channelတွေဖြစ်တဲ့ Television, Radio, SMS, digital billboards ဆိုပြီးပါဝင်ပါတယ်။

မိတ်ဆွေတို့ရော Digital Marketing ထဲက မြန်မာနိုင်ငံမှာရေပန်းစားနေတဲ့ Social Media Markeitng ကို အသုံးပြုနေပြီလား?

?

အောင်မြင်တဲ့pageတစ်ခုဖြစ်ဖို့ ဘာတွေလုပ်ဖို့လိုမလဲ?မိတ်ဆွေရဲ့ လုပ်ငန်းတိုးတက်ဖို့အတွက် Social Meida ဟာ အရမ်းအရေး...
12/10/2020

အောင်မြင်တဲ့pageတစ်ခုဖြစ်ဖို့ ဘာတွေလုပ်ဖို့လိုမလဲ?

မိတ်ဆွေရဲ့ လုပ်ငန်းတိုးတက်ဖို့အတွက် Social Meida ဟာ အရမ်းအရေးပါတဲ့ platformတစ်ခုဖြစ်လာပါတယ်။

Facebookဟာ Social media platform ပေါ်မှာယခုအချိန်ထိ ဦးဆောင်နေဆဲsocial media network တစ်ခုလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလဲ Facebook သုံးတဲ့လူဦးရေဟာ အမြောက်အများရှိလာတဲ့အတွက် လုပ်ငန်းရှင်တော်တော်များများဟာ မိမိတို့လုပ်ငန်းကို စီးပွားရေးလုပ်ငန်းတွေတိုးတက်ဖို့ Facebook လို Social mediaပေါ်မှာ ရင်းနှီးမြုပ်နှံလာကြတာကိုတွေ့လာရပါတယ်။

လုပ်ငန်းရှင်တွေ Facebookကိုဘာလို့သုံးကြလာတာလဲ?

အဓိက အကြောင်းအရင်းကတော့ မိတ်ဆွေပေးချင်တဲ့ Messageကို အချိန်ကုန် သက်သာတဲ့ကြော်ငြာခ နဲ့ target audience ထိထိရောက်ရောက်ပေးနိုင်ပြီးမိတ်ဆွေတို့ရဲ့ loyal customers များကိုရရှိနိုင်စေလို့ပဲဖြစ်ပါတယ်။

pageအောင်မြင်ဖို့အတွက် မိမိpageအကြောင်းကိုသုံးစွဲတဲ့သူတွေသိအောင်ဖော်ပြဖို့လဲ လိုအပ်ပါသေးတယ်။

မိမိတို့ pageမှာ
(၁)အရေးကြီးတဲ့ အရေးကြီး သတင်းအချက်အလက်တွေက်ုပြည့်ပြည့်စုံစုံ ထည့်သွင်းပေးရပါမယ်
(၂) အားပေးသုံးစွဲသူတွေလွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်အောင်ပြုလုပ်ထားရမယ်။
(၃) အကြောင်းအရာတွေကိုအချိန်မှန်မှန်တင်ပြပေးရမယ်။

နောက်ဆုံးအနေနဲ့ Facebookမှာ အောင်မြင်ဖို့ရာ
(၁)အသစ်အဆန်းများတဲ့ နည်းပညာတွေနဲ့အပြောင်းအလဲမြန်တဲ့အွန်လိုင်းကလူတွေအကြောင်းသိရမယ်။
(၂) ကြော်ငြာချင်တဲ့ အကြောင်းအရာကိုဖတ်သူတွေ ကြည့်သူတွေက ကြော်ငြာတစ်ခုလို့ မခံစားရအောင် ဖန်တီးနိုင်ရမယ်။
(၃) ပြိုင်ဖက်တွေမကျော်ရင်တောင် ရင်ဘောင်တန်းမယ့်နည်းဗျူဟာတွေကိုအကောင်အထည်ဖော်အသုံးချရမယ်။

Address

Thitsar Road, South Oakkalpa Township
Thingangyun
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Lively Advertising posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share