06/04/2020
━━━━━━━━━━━━━━
အသုံးဝင်တဲ့ ငှက်ပျောခွံ
━━━━━━━━━━━━━━
ငှက်ပျောသီးမှာ အာဟာရဓာတ်များစွာ ပါ၀င်တယ် ဆိုတာ သိကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့တော့ ငှက်ပျောသီး စားပြီးတာနဲ့ ငှက်ပျောခွံကို လွှင့်မပစ်လိုက်ပါနဲ့ ။ ဘာလို့လဲ ဆိုတော့ ငှက်ပျောသီးခွံမှာလည်း သူ့ရဲ့အသုံးဝင်တဲ့ ကဏ္ဍတွေ ရှိနေလို့ပါပဲ။
၁။ ဖြူဖွေးစေချင်တဲ့ သွားများအတွက်
ငှက်ပျောခွံ တစ်ခုရဲ့ အတွင်းဘက်သားနဲ့ သွားတွေကို နေ့တိုင်း မှန်မှန် ပွတ်တိုက်ပေးပါက သွားတွေကို ဖြူဝင်းလာစေပါတယ်။ ရလဒ်ကတော့ နှစ်ပတ် သုံးပတ်လောက်ကြာရင် ထင်ရှား လာပါလိမ့်မယ်။
၂။ ဝက်ခြံနဲ့ အရေးအကြောင်းတွေ ပျောက်ဖို့အတွက်
ငှက်ပျောသီးစားပြီး အခွံလွှင့်မပစ်ပဲ ဝက်ခြံနဲ့ အရေးအကြောင်းရှိတဲ့နေရာတွေကို ၃မိနစ်မှ၅မိနစ်လောက်ထိ ပွတ်ပေးပါ။ ပြီးရင်မျက်နှာသစ်လိုက်ပါ။ သက်သာလာပါလိမ့်မယ်။
၃။ အသားအရေကို ထိန်းသိမ်းဖို့
ငှက်ပျောခွံ အတွင်းသားက ၀က်ခြံတွေနဲ့ အရေးအကြောင်းတွေကိုလည်း ကုသပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၄င်းက အသားအရေကို အားဖြည့် ပေးနိုင်လို့ ဖြစ်ပါတယ်။ နည်းလမ်းကတော့ ပျက်စီးနေတဲ့ အသားအရေပေါ်ကို ငှက်ပျောသီးခွံ အတွင်းသားနဲ့ ပွတ်ပါ။ မိနစ်(၃၀)ကြာခန့် ထားပြီးနောက် ရေဆေးပါ။
၄။ အရေပြား ဓာတ်မတည့်မှုများ အတွက်
အရေပြား ဓာတ်မတည့်လို့ ဖြစ်တဲ့ ယားနာတွေကို ငှက်ပျောခွံက အရှင်းပျောက်အောင် မကုသ ပေးနိုင်ပေမယ့် သက်သာအောင်တော့ အနည်းနဲ့ အများ ကုသပေးနိုင်ပါတယ်။ နည်းလမ်းကတော့ ယားနာဖြစ်နေတဲ့ နေရာကို ငှက်ပျောခွံနဲ့ ပွတ်ပြီး (၁၀) မိနစ်ကြာ ထားလိုက်ရုံပါပဲ။
﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏