ပဲတီစိမ်း၊ဆန်နှင့်ဒေသထွက်ပစ္စည်း Online Trade သန်လျင်ကျောက်တန်းခရမ်းသုံးခွ

  • Home
  • Myanmar
  • Thongwa
  • ပဲတီစိမ်း၊ဆန်နှင့်ဒေသထွက်ပစ္စည်း Online Trade သန်လျင်ကျောက်တန်းခရမ်းသုံးခွ

ပဲတီစိမ်း၊ဆန်နှင့်ဒေသထွက်ပစ္စည်း Online Trade သန်လျင်ကျောက်တန်းခရမ်းသုံးခွ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပဲတီစိမ်း၊ဆန်နှင့်ဒေသထွက်ပစ္စည်း Online Trade သန်လျင်ကျောက်တန်းခရမ်းသုံးခွ, Internet Marketing Service, အမှတ်(၆)လမ်းမကြီး၊ သိုက်တူးကန်ကျေးရွာ၊ Galaxy ဆီဆိုင်အနီး ကပ်လျှက်၊ သုံးခွမြို့။�095-193-193 , 099-7851-5455, Thongwa.

ပဲတီစိမ်း၊စပါးနှင့် ဒေသထွက် စားဆန်ဖြစ်တဲ့ မနောသုခ၊ ရွှေမန်းအပြင် ရွှေဘိုပေါ်ဆန်မွှေးလက်ကားဖြန့်ဖြူးရေးဆန်စျေးနှုန်း နှင့်တကွ အခြားသော ဆန်စျေးအခြေအနေများနှင့်အပြောင်းအလဲများအားလည်း ဖော်ပြပေးသွားပါမည်။ ☎️ 095-193-193 ၊ 099-7851-5455

30/09/2026

ဤဆွမ်းကုသိုလ်သည် မိမိတို့ ကျင့်ကြံပွါးများ အားထုတ်ဆဲ ဖြစ်သော ဝိပသာဉာဏ်သည် လျင်မြန်စွာ နိဗ္ဗာန်ကို မျက်မှောက်နိူင်တဲ့ အားကြီးသော အထောက်အပံ့ဖြစ်ကြပါစေ🙏🙏🙏

🌹မိဘ၊ဆွေမျိုးညီအစ်ကိုမောင်နှမ၊ မိတ်သဂ်ဟအပေါင်းတို့လည်း ထပ်တူရကြပါစေ🙏🙏🙏

ခရမ်း-သုံးခွက ကတ်သီးလေး လွတ်သွားတယ်..👌👉လေတိုက်နှုန်းက ကုန်းတွင်းပိုင်း ဖြတ်တိုက်နေတာတောင် မိုင်30 နှုန်းဆိုတော့ 😢 မုန်တိ...
28/09/2026

ခရမ်း-သုံးခွက ကတ်သီးလေး လွတ်သွားတယ်..👌

👉လေတိုက်နှုန်းက ကုန်းတွင်းပိုင်း ဖြတ်တိုက်နေတာတောင် မိုင်30 နှုန်းဆိုတော့ 😢 မုန်တိုင်းလမ်းကြောင်းမှာ ကျရောက်နေရင် အတော် ခံစားကြရမှာ..

”သဘာဝ ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်နိူင်ကြပါစေ”🙏🙏🙏

25/09/2026

🌾စပါးစျေးအတွက်လား? 🫒ပဲတီစိမ်းစျေးအတွက်လား?လူကြီးမင်းတို့ သိလိုတဲ့ ✅ခရမ်း-သုံးခွဒေသထွက် 🫒🌾သီးနှံစျေးနှုန်းများအတွက် ဖော်ပြပါ ဖုန်းနံပါတ်များဖြစ်တဲ့ (☎️095-193-193 နဲ့ 099-7851-5455) ကို မနက်၇:၀၀မှ ညနေ(၆:၀၀) အတွင်း သိလိုသမျှ မေးမြန်းနိူင်ပါတယ် ခင်ဗျာ✌️✌️🥰🥰💕💕25-9-2026(updated
2125hrs) #ပဲတီစိမ်းစျေးနှုန်း #စပါးစျေးနှုန်း #ဒေသထွက်သီးနှံ #ခရမ်းသုံးခွ

25/09/2026

25-9-2026🌾🌾💧ရွှေမန်းစပါးက 👉16.5သိန်း⬇️🌾💧ရာကျော်စပါးက တောလိုလို တောင်လိုလိုဖြစ်နေ..✅🫒🫒ပဲစျေးငြိမ်✌️(ကောင်း➡️100,000)

22/09/2026

🌹“ကံကောင်းတဲ့ ဘဝ”🌹

💧တစ်ချိန်က ကွမ်းယာဆိုတာ (၁၅၀၀၀)ဖိုးလောက်ထိ စားခဲ့တဲ့အခြေအနေ

💧Barကို အရက်သောက်ဖို့ တစ်ပတ်(၂)ခါလောက် သွားခဲ့တဲ့ အခြေအနေ

💧အခြေခံဆောက်တည်ရမယ့် သီလကိုတောင် လုံခြုံအောင် မဆောက်တည်နိူင်ခဲ့တဲ့ အခြေအနေ

💧ဗုဒ္ဓအဆုံးအမတရားတော်တွေကို မနာယူနိူင်ခဲ့တဲ့ အခြေအနေ

💧မိမိ၏ အနီးအနားဝန်ကျင် နေထိုင်ကြသူတို့ရဲ့ စိတ်အစဉ်တွင် အမြဲတည်ငြိမ်နိူင်ခြင်းမရှိဘဲ လောဘ၊ဒေါသ၊မောဟတို့၏ ရိုက်ခက်မှုအရှိန်ကြောင့် ေန့ရက်များစွာကို ကြောင့်ကြစွာ နေကြရသည့် အခြေအနေ

💧လောကဓံနဲ့ ကြုံတွေ့စဉ် ဒုက္ခဆင်းရဲအား ရင်ဆိုင်ခဲခဲ့ရသည့် အခြေအနေ စတဲ့ များစွာသော မိမိအား ဒုက္ခဆင်းရဲ ကျစေမည့် အကြောင်းအရာပေါင်းစုံကို ဖန်တီးခဲ့သူ ကျွန်တော်သည် ကံအားလျှော်စွာ ..

✌️ဆရာကောင်း၊သမားကောင်း၏ လမ်းညွှန်မှုကြောင့် စိတ်တွေကို ဖြူစင်အောင် ကြိုးစားတည်ဆောက်မှုနဲ့ ပြန်လည် အစပြုလို့ အလှူဒါနတွေ၊တရားအလှူပွဲတွေ ပြုခွင့် ရခဲ့တယ်..

✌️ဗုဒ္ဓနုသာတိ ပွါးများရလို့ ကိလေသာ ေလျာ့ပါးလာတာကိုလည်း သိရှိခွင့်ရခဲ့တယ်..

💧ဝိပသာနာတရား ကျင့်ကြံအားထုတ်မှုရဲ့ အစ ဖြစ်တဲ့ အခြေခံ ကိုယ်ကျင့် သီလ ဆောက်တည်ခြင်းကို သတိကပ်လျက် ကျင့်ကြံပွားများ အားထုတ်ခွင့် ရခဲ့တယ်..

💧ကွမ်းယာအရမ်းကြိုက်ခဲ့တဲ့ ကျွန်တော် ..အခုဆို ကွမ်းပျက်ခဲ့တာ (၉)လကျော်လေပြီ..

💧Barသွားလာပြီး အရက်သောက်တာ ကြိုက်ခဲ့တဲ့ ကျွန်တော် အခုဆို အရက်မသောက်ခဲ့တာ (၅)လကျော်ခဲ့လေပြီ

💧(၅)လကျော် အတောအတွင်း မိမိအတွေးတွေ၊စိတ်ရဲ့ ပြောင်းလဲ ဖြစ်ပေါ်တဲ့ ဝေဒနာကို ကောင်းစွာ စောင့်ကြည့်ပြီး လူတွေနဲ့ သူအမြင် ၊ကိုယ်အမြင် အခြေအတင် စကားများပြီး ဒေါသထွက်ခဲ့အကြိမ်တောင် (၅)ကြိမ်ထက် မပိုခဲ့တာ သတိထားမိလာခဲ့ရတယ်..

✅မေတ္တာတရားသည် မိမိနှင့် ကပ်လျက်နေထိုင်ကြသူတို့သည် စစ်မှန်တဲ့ အေးချမ်းမှုကို ရရှိနိူင်တာ သိရှိပြီးနောက် နေ့စဉ်မပြတ် သတ္တဝါများနဲ့ မိမိပတ်ဝန်းကျင် နေထိုင်ကြသူများအား မေတ္တာပွါးများမှုကို အလေးထား ပိုမိုလုပ်ဆောင်ခဲ့မိတယ်။

✅ဝိပသာနာအကျင့်နှင့် သူတော်ကောင်းတရားများကို ကောင်းစွာနာယူ သင်ကြား ကျင့်ကြံပွါးများလာလို့ သတိထားမိလာတာက လူဘဝမှာ နေရတဲ့ အချိန်တွေ တိုတောင်းလာတာကို သတိပြုမိလာရသလို..
(၃၁)ဘုံအနက် ဒီလူ့ဘုံလေးရောက်တဲ့ ခဏမှာပဲ ကောင်းမှု ကုသိုလ်လုပ်ရင် ကုန်ဆုံးသင့်တယ်ဆိုတာကိုလည်း ပိုမို သိမြင်လာစေခဲ့ရတယ်

✅👍ကံအကောင်းဆုံးက ဗုဒ္ဓသာသနာကြုံတွေ့ခိုက်မှာ ဝိပသာနာအကျင့်မြတ်တွေရယ်၊ မြတ်ဗုဒ္ဓက လေးအသခ်ျေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပေးခဲ့ပြီး အကြောင်းနဲ့ အကျိုး ၊အကောင်းနဲ့ အဆိုး၊ ကုသိုလ်နဲ့ အကုသိုလ် စတဲ့ ဗုဒ္ဓအဆုံအမတွေးကို နာယူရင်း လောကရဲ့ သဘာဝတရားကို အချိန်မီ အသန်မာဆုံးအချိန်မှာ သိရှိခွင့်ရခဲ့တဲ့ ဘဝတစ်ခုဖြစ်လို့ ကျွန်တော် ကံကောင်းခဲ့ပါ၏🙏🙏🙏..

#ဗုဒ္ဓသာသနာနဲ့ကြုံတွေ့ခိုက် #ဗုဒ္ဓအဆုံးအမ #ဝိပသာနာ🙏

20/09/2026

🧾စျေးကွက်တွေ အခြေအနေက ✌️စျေးနှုန်းတောင် မတင်ပေးရဲအောင် ဖြစ်နေတယ်..ဒီနေ့တင်ပြီး နောက်ရက်ဆို စျေးတွေက 📉ကျချင်နေကြလို့..😏

19/09/2026

မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်နိူင်ကြပါစေ🙏🙏..ဒါကတော့ လက်ရှိစျေးနှုန်းတွေပါပဲ..

11/09/2026

မကြာမီ ခရမ်း-သုံးခွ ရဲ့ 🌾🌾စပါးသစ် စတင်ဝယ်ယူချိန် ရောက်ရှိတော့မှာ ဖြစ်လို့ တရားဓမ္မတို့ကို နှလုံးသွင်းကာ စီးပွါးရေး ဗဟိုပြုရပေ အုံးတော့မည်👌✌️ #စပါး #ဆန် #ပဲတီစိမ်း

10/09/2026

မနောသုခ နှင့် ရွှေမန်းဆန် လက်လီ အရောင်း postလေးပါ🥰💕 #ဆန်ဟောင်း #မနောသုခဆန် #ရွှေမန်းဆန်

06/09/2026

ပဲတီစိမ်းစျေးနှုန်း/ 6-9-2026 ရေဆင်း 🫒107,000~110,000 (ကောင်း)🌾စပါးသစ်စျေးလေးကို မကြာမီ သိရအောင် တင်ပေးပါ့မယ် ခင်ဗျ

Address

အမှတ်(၆)လမ်းမကြီး၊ သိုက်တူးကန်ကျေးရွာ၊ Galaxy ဆီဆိုင်အနီး ကပ်လျှက်၊ သုံးခွမြို့။�095-193-193 , 099-7851-5455
Thongwa

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ပဲတီစိမ်း၊ဆန်နှင့်ဒေသထွက်ပစ္စည်း Online Trade သန်လျင်ကျောက်တန်းခရမ်းသုံးခွ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share