30/11/2021
Suncream ဘယ်လောက်အရေးကြီးလဲ ??
UVAနဲ့ UVB
▪️UVA -ultra violet radiation (long wave)ကတော့ မျက်နှာကို အိုမင်းခြင်း(Aging)ကို ဖြစ်စေပါတယ်
UVB- ultra violet radiation (short wave) ကတော့ မျက်နှာအရေပြား နီမြန်း(Redness) တွေ ဖြစ်ပေါ်စေပါတယ်🌝
ဒါအပြင် Skin cancer , တင်းတိတ်, skin aging တွေကိုပါ ဖြစ်စေပါတယ်
▪️ဒါဆို ကျွန်မတို့ သုံးနေကြတဲ့ Sun creamတွေကို UVAရော UVBရော ကာကွယ်ပေးရဲ့လား ဆိုတာ စဉ်းစားစရာပါပဲနော်...
SPF (Sun Protection factor) 15,30,50++ တွေ အနီးအနား cosmetic ဆိုင်တွေမှာ တွေ့ဖူးကြမှာပါ.
suncream က SPF များလေလေ နေရောင်ခြည်ကို ကာကွယ်ပေးလေလေ ?
SPF 15 > 93%
SPF 30> 97%
SPF 50> 98% (Higher SPF does not protect much Sunlight )
Sun cream တစ်မျိုးရဲ့ SPF (Sun protection factor)က Suncream က နေရောင်ခြည်ကို ဘယ်လောက် ကြာကြာ ကာကွယ်နိုင်တာလဲ ဆိုတာ ပြတာပါ
အကယ်၍ သင်ဟာ နေပူထဲထွက်ရင် ၁၀ မိနစ်ဆိုရင် နေလောင်ပြီဆိုရင်
☀️SpF15 ဆိုရင်> ၁၅*၁၀ မိနစ် ~ ၁၅၀ မိနစ် ကြာရှည်ပါတယ်
☀️Spf 30ဆိုရင် > ၃၀* ၁၀မိနစ် ~ ၃၀၀ မိနစ် ကြာရှာခံပါတယ်
☀️SPF 50ဆိုရင် > ၅၀*၁၀မိနစ် ~ ၅၀၀ မိနစ် ကြာရှည်ခံပါတယ်နော်
အကယ်၍ သင်ဟာ နေပူထဲ ထွက်လို့ ၁ မိနစ် အတွင်း နေလောင်ပြီဆိုရင်တော့ SPF 15> 15 mins, Spf 30> 30mns , Spf 50>50mins ခံပါတယ်နော်
⚠️⚠️ပြောချင်တာက SPF များတာက ပိုကာကွယ်တာမဟုတ်ဘဲ အချိန် ကြာကြာ ပို ကာကွယ်တာကို ပြောတာပါနော် ⚠️⚠️⚠️
⁉️ စျေးကြီးတဲ့ Suncream တွေက ပို ထိရောက်ပြီး ပို ကာကွယ်ပေးတာလား ??
အဖြေ ~ နိုးပါ (စျေးကြီးတိုင်း ပို ကာကွယ်ပေးတာ မဟုတ်ပါဘူး)
⁉️Higher SPF မြင့်ရင် အသားအရည် ပိုထိခိုက်နိုင်လား ??
အဖြ ~ နိုးပါ (SPF မြင့်တိုင်း အသားအရည်ကို မထိခိုက်စေပါဘူး အချိန် ပိုကြာကြာ ကာကွယ်ပေးပါတယ်)
ကယ် ဒါဆို Suncream မလိမ်းသေးတဲ့သူတွေ ခုကစပီး စလိမ်းဖို့ တိုက်တွန်းပါတယ်နော်
Crd