MWEA Business Network - MWEA B- Net

MWEA Business Network - MWEA B- Net “ စီးပွားရေးချိတ်ဆက် MWEA B-Net ”

06/11/2023
“Kindness in words creates confidence. Kindness in thinking creates profoundness. Kindness in giving creates love.>Lao T...
31/10/2023

“Kindness in words creates confidence. Kindness in thinking creates profoundness. Kindness in giving creates love.
>Lao Tzu<

ယုံကြည်ရာကိုအနူးညံ့ဆုံးလျှောက်ကြမယ့်
အမျိုးသမီးများ
Queens by the lake.
Happy Halloween 🎃

ပုံလေးတွေ မန့်ပေးပါဦးနော်

❤️When women support each other, incredible things happen ❤️✨မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း (နေပြည်တေ...
26/10/2023

❤️When women support each other, incredible things happen ❤️

✨မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း (နေပြည်တော်)
ဖြစ်မြောက်ရေးအကြိုညှိနိူင်းအစည်းအဝေး...
✨အောင်မြင်စွာ အထမြောက်ခဲ့ပါပီ

22.10.2023
Mingalar Thiri Hotel
Grand Ball Room တွင်ကျင်းပခဲ့ပါသည်။

✨အခုလို ဖြစ်ပေါ်လာဖို့အတွက်
အစပထမ တာဝန်ပေးအပ်ခဲ့ပါသော
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း ၏အကြံပေး ဒေါ်ခင်လေး
ယခင်ဥက္ကဌ သက်တမ်းအတွင်းကြိုးပမ်းခဲ့မှူ့များအား ယခုအခါ အကောင်ထည်ပေါ်ခဲ့ပါပြီ။

✨အခမ်းအနားသို့တက်ရောက်ပေးပါသော
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း ဗဟို ဥက္ကဌ ဒေါ်ကြွေကြွေဇင်
နှင့် ဗဟိုအလုပ်အမှု့ဆောင် အမများ, ညီမများ
အားလုံး🥰

နှင့် နေပြည်တော်အသင်းဖြစ်မြောက်ဖို့ အထူးကြိုးပမ်းခဲ့ကြပါသော နေပြည်တော်မှ လုပ်ငန်းရှင် ညီအမများ၏ အားကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

# တစ်ဦး မှသည်
24 ဦး ဖြစ်ခဲ့သည်

# 24 ဦးမှသည်
44 ဦး ဖြစ်ခဲ့သည်

# 44 ဦးမှသည်
50 သို့ပြည့်မှီ
အသင်းအဖွဲ့ဖြစ်ခဲ့ပါပီ

#အမျိုးသမီးတို့၏ခွန်အား

🟣 She Made Myanmar Organized by MWEA (MDY) မှ Local Product Fair ကို ပထမဆုံးအကြိမ်အဖြစ် မန္တလေးမြို့တွင် ခမ်းနားစွာ ကျင်...
23/10/2023

🟣 She Made Myanmar Organized by MWEA (MDY) မှ Local Product Fair ကို ပထမဆုံးအကြိမ်အဖြစ် မန္တလေးမြို့တွင် ခမ်းနားစွာ ကျင်းပခဲ့ရာ
MWEA ဗဟိုမှ ဥက္ကဌ နှင့် CEC များEC များမှ မန္တလေးမြို့သို့ သွားရောက်အားဖြည့်အားပေးမှု့ မှတ်တမ်းများ မျှဝေပါသည်ရှင်။


05/10/2023

MWEA အသင်းမှ ကြီးမှူးကျင်းပသော DARE DREAMER Talk Show
ပုံရိပ်များ

မြန်မာအမျိုးသမီးစီးပွား‌‌ရေးစွမ်းဆောင်ရှင်များအသင်း (MWEA) ၏ ဥက္ကဌ ဒေါ်ကြွေကြွေဇင် ဦးဆောင်သော အလုပ်အမှုဆောင်အဖွဲ့နှင့် M...
31/07/2023

မြန်မာအမျိုးသမီးစီးပွား‌‌ရေးစွမ်းဆောင်ရှင်များအသင်း (MWEA) ၏ ဥက္ကဌ ဒေါ်ကြွေကြွေဇင် ဦးဆောင်သော အလုပ်အမှုဆောင်အဖွဲ့နှင့် Myanmar Fashion Designer Entrepreneur Association (MFDEA) ၏ ဥက္ကဌ Designer Ma Myint Zu ဦးဆောင်သော အလုပ်အမှုဆောင် အဖွဲ့ တို့မှ အသင်းနှစ်ခုကြား ပူးပေါင်းဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များ နှင့် အတူ MWEA မှ Implementing Institution အဖြစ်ဆောင်ရွက်လျက်ရှိသော ASEAN Korea Cooperation Project တွင် အဓိကထားဆောင်ရွက်သွားမည့် ပြည်တွင်းမှထွက်သော သဘာဝချည်မျှင်များအား အမျိူးသမီးဦးဆောင်သည့် MSME များ အနေ ဖြင့် ဒေသတွင်း နှင့် နိုင်ငံတကာဈေးကွက်များတွင် ရောင်းချနိုင်မည့် Made in Myanmar တန်ဖိုးမြင့်ထုတ်ကုန်များ အဖြစ်ဆောင်ရွက်သွားနိုင်ရေး နှင့် MoU ရေးထိုးနိုင်ရေး တို့အတွက် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ တွင် MWEA Meeting Room ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

Team Myanmar, consisting of 14 eBusiness Trainers from Myanmar Women Entrepreneurs Association (MWEA), the Implementing ...
02/07/2023

Team Myanmar, consisting of 14 eBusiness Trainers from Myanmar Women Entrepreneurs Association (MWEA), the Implementing Institution for Myanmar, arrived to Seoul, Korea to participate along with other ASEAN Member States for Train the Trainers (ToT Program) of ASEAN-ROK Cooperation Project "Enhancing Digital Economy Participation for ASEAN Women MSMEs, the IDEAS Project" lead by APWINC, Sookmyoung Women University.

အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ASEAN-ROK Cooperation Project "Enhancing Digital Economy Participation for ASEAN Women MSMEs ” စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၃)ရက် မှ (၁၂)ရက်အထိ ကျင်းပပြုလုပ်မည့် Training of Trainers သင်တန်းသို့
မြန်မာနိုင်ငံ၏ Implementing Institution အဖြစ်ဆောင်ရွက်လျက်ရှိသော မြန်မာအမျိုးသမီးစီးပွားရေး
စွမ်းဆောင်ရှင်များအသင်းမှ တွဲဘက်အတွင်းရေးမှူးများဖြစ်ကြသော ဒေါ်စန္ဒာထွန်း၊ဒေါ်လှလှမျိုး တို့နှင့်အတူ Head Trainer အဖြစ် စာရင်းစစ် ဗဟိုအလုပ်အမှုဆောင်
ဒေါ်ဝါဝါမင်း တို့ အပါအဝင် E-Business Trainers (၁၄) ဦးတို့သည် ယနေ့မနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ထွက်ခွာ၍ တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုလ်းမြို့သို့ ရောက်ရှိ။

The of Bengal Initiative for Multi – Sectoral Technical and Economic Cooperation ( BIMSTEC ) BIMSTEC   Business   Concla...
28/06/2023

The of Bengal Initiative for Multi – Sectoral Technical and Economic Cooperation
( BIMSTEC )
BIMSTEC Business Conclave
ဘင်္ဂလားပင်လယ်အော်နယ်နမိတ်နိုင်ငံများ၏ အစည်းအ‌ဝေးပွဲ

၂၀၂၃ ခုနှစ် ၊ ဇွန်လ(၁၃)ရက် မှ (၁၅)ရက်နေ့အထိ အိန္ဒိယသမ္မတနိုင်ငံ ၊ ကော်လ်ကတ္တားမြို့ တွင် Hytta Regency Kolkata Hotel တွင် ကျင်းပပြုလုပ်သော Bay of Bangel နယ်နမိတ်နိုင်ငံများ၏ BIMSTEC Business Conclave အစည်းအ‌ဝေးပွဲ တွင် မြန်မာနိုင်ငံမှ ပညာရေး ၊ ဘဏ္ဏာရေး ၊ အောင်မြင်သော အမျိူးသမီး အဖွဲ့အစည်းများနှင့် အမျိုးသမီးကဏ္ဍများ ၊ စိုက်ပျိူးရေး နှင့် ခရီးသွားလုပ်ငန်းများကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး နိုင်ငံအလိုက် ထုတ်ကုန်အချို့ ပြသခဲ့သည်ကိုလဲ တွေ့ရှိခဲ့ပါသည်။ BIMSTEC နိုင်ငံများမှ လုပ်ငန်းရှင် ၅၀၀ ကျော်တတ်ရောက်ခဲ့ ကြပါသည်။မြန်မာနိုင်ငံမှ ကျောက်မြတ်အသင်း ၊ ပဲ နှမ်း အသင်း များပါ ပါဝင်ခဲ့ပါသည်၊ ။စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာသံရုံး ၊ ကလက္ကားကောင်စစ် ဝန်ရုံး တို့၏ ဦးဆောင်မှု့ ၊ ပံ့ပိုးမှု့များဖြင့် မြန်မာ Delegates ၂၈ ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းမှ ဥက္ကဌ ‌ဒေါ်ကြွေကြွေဇင် ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင်များ ၊ အလုပ်အမှုဆောင်များ အဖွဲ့ဝင် (၁၄)ဦး တို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးပွဲတွင် Panelist များအဖြစ် ဒုတိယဥက္ကဌ ဒေါ်ခင်သက်မော် ၊ အထွေထွေအတွင်းရေးမှူး ဒေါ်ချောခင်ခင် ၊ အလုပ်အမှုဆောင် ဒေါ်ဝင်းအိခိုင် တို့မှပါဝင်ဆွေး‌နွေးခဲ့ကြပါသည်။
မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းအနေဖြင့် Panelist များအဖြစ် ဒုတိယဥက္ကဌ ဒေါ်ခင်သက်မော် မှ Business Women Talk ခေါင်းစဥ်ဖြင့်၄င်း ၊ အထွေထွေအတွင်းရေးမှုး ဒေါ်ချောခင်ခင် မှ Digital နှင့် သက်ဆိုင်သောခေါင်းစဥ်ဖြင့်၄င်း ၊ အလုပ်အမှုဆောင် ဒေါ်ဝင်းအိခိုင် မှ ပညာရေး ခေါင်းစဥ်ဖြင့် ၄င်းဆွေးနွေး ခဲ့ကြပါသည်။ ဒုတိယဥက္ကဌ ဒေါ်ခင်သက်မော်မှ Business Women Talk ခေါင်းစဥ်ဖြင့်ဆွေး‌နွေးရာတွင် BIMSTEC Women Network စတင်ဖွဲ့စည်းရန်အတွက် ကမ်းလှမ်းခဲ့ရာ တက်ရောက်လာကြသော အမျိုးသမီးလုပ်ငန်းရှင်များ နှင့် အမျိုးသားလုပ်ငန်းရှင်များမှ ထောက်ခံဆွေးနွေးခဲ့ကြပါသည်။

မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ မိုခါမုန်းတိုင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား ကူညီပံ့ပိုးပ...
10/06/2023

မြန်မာအမျိုးသမီးစီးပွားရေး
စွမ်းဆောင်ရှင်များအသင်းမှ
မိုခါမုန်းတိုင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက်
UMFCCI Task Force အလှူငွေ
ပေးအပ်လှူဒါန်းပွဲသို့
MWEA အသင်းကြီးမှ သိန်း ၅၀
မတည်၍ အသင်းမှ နာယကများ
အကြံပေးများ ၊ ဥက္ကဌ ၊ ဒုတိယဥက္ကဌများအထွေထွေအတွင်းရေးမှူး၊
တွဲဘက်အတွင်းရေးမှူးအဖွဲ့များ ၊ ဗဟိုအလုပ်အမှုဆောင်များ ၊ အလုပ်အမှုဆောင်များနှင့်အသင်းဝင်များမှ စုပေါင်း၍
ငွေကျပ် ၁၆၇ သိန်း နှင့် လိုအပ်သည့်ပစ္စည်းများဖြစ်သော တန်ဖိုးငွေကျပ် ၂၇,၂၅,၂၀၀/-(နှစ်ဆယ့်ခုနှစ်သိန်းနှစ်သောင်းငါးထောင့်နှစ်ရာကျပ်) ရှိ Gold power ဆန်ပြုတ်ထုတ်များ၊ သွားတိုက်တံ၊ သွားတိုက်ဆေး ၊ ဆပ်ပြာများ ၊ Spike အမျိုးသမီးအကျီများ၊ ကျောင်းဝတ်စုံ အကျီများ၊ ထိုင်းနိုင်ငံထုတ် စားအုန်းဆီများ စုစုပေါင်း ၁၉၄,၂၅,၂၀၀/-ကျပ်
( တစ်ရာ့ကိုးဆယ်လေးသိန်းနှစ်​​သောင်းငါး​​ထောင့်နှစ်ရာကျပ်)ကိုအသင်းမှ ဥက္ကဌ ဒေါ်ကြွေကြွေဇင်
ဒုတိယဥက္ကဌ
ဒေါက်တာမြတ်သီတာမြင့် ၊
ဒုတိယဥက္ကဌ ဒေါ်ခင်သက်မော် ၊ အထွေထွေအတွင်းရေးမှူး
ဒေါ်ချောခင်ခင် ၊ တွဲဘက်အတွင်းရေးမှူးဒေါ်မေညိုတို့မှ
ပြည်ထောင်စုသမ္မတမြန်မာ
နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ်
ဒေါ်ခိုင်ခိုင်နွယ် ထံသို့ ပေးအပ်
လှူဒါန်းခဲ့ကြပါသည်။

Address

No. (288/290), Shwe Dagon Pagoda Road, 4th Floor , Myanmar Women Entrepreneur Association (MWEA) Tower, Dagon Township
Yangon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959450460229

Website

Alerts

Be the first to know and let us send you an email when MWEA Business Network - MWEA B- Net posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MWEA Business Network - MWEA B- Net:

Share

MWEA Business Network - MWEA B- Net

MWEA အသင်းကြီးသည် အောင်မြင်နေသော စီးပွားရေးအမျိုးသမီးများ၊ MSME စီးပွားရေးကိုဦးဆောင် လုပ်ကိုင်နေသည့် အသေးစား၊ အလတ်စား နှင့် တနိုင်တပိုင်လုပ်ကိုင်နေသော အမျိုးသမီးများ၊ စီးပွားရေးအလားအလာရှိသော စွမ်းဆောင်ရှင်အမျိုးသမီးငယ်များ၊ စီးပွားရေးစိတ်ဝင်စားသော အမျိုးသမီးများ၏ စီးပွားရေးထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို MWEA Business Network တွင် Online Market တခုအနေဖြင့် အချိန်တိုအတွင်း တည်ထောင်နိုင်ခြင်း၊ နည်းပညာရယူခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းခြင်း ဝယ်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း များကိုNetwork ကွန်ယက်သဖွယ် အပြန်အလှန်ဆောင်ရွက်နိုင်ရန် နှင့်Economic ၊ Empowerment ၊ Entrepreneurship အနေဖြင့် စွန့်ဦးတီထွင် လုပ်ကိုင်နိုင်သော စီးပွားရေးစွမ်းဆောင် ရည်များ တိုးတက်လာစေရန် တွန်းအားပေးသော MWEA B-Net Digital Platform တခုဖြစ်ပါသည်။

😊✅ တဦးနှင့်တဦး စီးပွားရေးအချိတ်အဆက်များ ရရှိနိုင်ပြီး စီးပွားရေးလုပ်ငန်း တည်ထောင်ခြင်းနှင့် ခေတ်မှီ နည်းပညာရပ်များ အချိန်တိုအတွင်းရရှိနိုင်ပါသည်

😊✅B-Net မှာပါဝင်ခြင်းကြောင့် Online ဈေးကွက်အတွင်းသို့လျှင်မြန်စွာ ရောက်ရှိ နိုင် ပါ သည်

😊✅ သင်တန်းများ၊ ဟောပြောပွဲများ၊ လှုပ်ရှားဆောင်ရွက်မှုများအား တက်ရောက်ခွင့် ရရှိနို င်ပါသည်