24/09/2021
တစ်နှစ်လျှင်
တစ်ကြိမ်သာ ဝင်လို့ရတဲ့
ပဋ္ဌာန်းအဓိဋ္ဌာန်ပါ
(၂၆. ၉. ၂၀၂၁ )တနင်္ဂနွေနေ့ မှ
( ၂၀.၁၀. ၂၀၂၁ )ဗုဒ္ဓဟူးနေ့ ထိ
၂၅ ရက် တိတိ
တစ်နှစ်မှ တစ်ကြိမ်သာ
အခွင့်ကြုံတဲ့
ပဋ္ဌာန်းအဓိဋ္ဌာန်ဝင်နိုင်ကြစေဖို့
ကုသိုလ်ပြုပါတယ် ။
ယခုလည်း
တော်သလင်းလဆုတ်(၆)ရက်နေ့ ကနေ
သီတင်းကျွတ်လပြည့်နေ့ ထိ ရွတ်ရမယ့်
ပဋ္ဌာန်းအဓိဋ္ဌာန် ဝင်ကြစေလိုပါတယ် ။
#တော်သလင်းလဆုတ် (၆)ရက်
( ၂၆.၉.၂၀၂၁)မှ
#သီတင်းကျွတ်လပြည့်နေ့
( ၂၀.၁၀.၂၀၂၁) ထိ
၂၅ ရက် တိတိ ရွတ်ဖတ်ပူဇော်ရပါမယ် ။
#မဟာပဌာန်းရွတ်ဖတ်ပူဇော်နည်း
စတင်ရွတ်ဖတ်ရသည့်
တော်သလင်းလဆုတ်(၆)ရက်
အင်္ဂလိပ်လို( ၂၆)ရက်နေ့
လာမည့်အပတ်တနင်္ဂနွေနေ့ မှာ
မြတ်စွာဘုရားရှင်အား
ဆီမီး,
ပန်း,
ရေချမ်း,
အမွှေးနံ့သာများကို လှူဒါန်းပြီး
ငါးပါးသီလဖြစ်စေ, ရှစ်ပါးသီလဖြစ်စေ
ခံယူဆောက်တည်ရပါမယ် ။
ပူဇော်ချိန် ကို
မနက်ပိုင်း
နေ့လည်
ညနေ အားတဲ့အချိန်
ပူဇော်နိုင်ပါတယ် ။
ပဌာန်းမရွတ် မီ
မေတ္တာသုတ် အရင်ရွတ်ဖတ် ပူဇော်ပါ။
ပဌာန်းရွတ်ပြီးရင်လည်း မေတ္တာသုတ်တခါရွတ်ပါ။
ပဌာန်းဒေသနာတော်က တန်ခိုးကြီးတော့
တချို့နတ်တွေ မနေနိုင်ဘူးပြောကြတယ်။
ဒါကြောင့်
မေတ္တာသုတ်လေး အရင်ရွတ်၊ ပြီးရင်
နတ်တွေကိုလဲ အမျှဝေဖို့ မမေ့ပါနဲ့။
ရွတ်ဖတ်ပူဇော် တဲ့ အခါ
သက်တော်ထင်ရှားမြတ်စွာဘုရားဟာ
ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူး၍
ကြွလာပုံကို အာရုံပြုရွတ်ဆိုပါက
သဒ်ဓါတရားထကျသနျလာပါလိမ့ျမယျ ။
ပဌာန်းဒေသနာတော် မရွတ်ဖတ်မီ
၂၄ ပစ္စည်း ပဌာန်း စက်ဝိုင်း
(ပထမရက်ဟေတုပစ္စယော) မှာ
ငွေစက္ကူတစ်ရွက်ကို
ကော်(သို့မဟုတ် )ပင်အပ် နဲ့
မြဲအောင် ကပ်ပြီး လှူဒါန်းရပါမယ် ။
" #ပဋ္ဌာန်းစက်ဝိုင်းငွေလှူနည်း "
ရွတ်ဖတ်ပုံ
(၁)ဩကာသကန်တော့ ပြီး ငါးပါးသီလ ခံယူ
(၂)ဘုရားပင့်
(၃)နတ်ပင့်
(၄)မေတ္တာသုတ်ရွတ်
ပထမနေ့
အလှူငွေကို ဟေတု မှာကပ်
ပဋ္ဌာန်းအကျယ် ၁ခေါက်
ဟေတုပစ္စယော အကျယ်ရေးထားတဲ့အပိုဒ်
၂၄ ခေါက် ပူဇော်ရပါမယ် ။
ဒုတိယနေ့
အလှူငွေကို အာရမ္မဏ မှာကပ်
ပဋ္ဌာန်းအကျယ် မလျိုတော့ပါဘူး
အာရမ္မဏပစ္စယော အကျယ်ရေးထားတဲ့အပိုဒ်
၂၄ ခေါက် ပူဇော်ရပါမယ် ။
တတိယနေ့
အလှူငွေကို အဓိပတိ မှာကပ်
ပဋ္ဌာန်းအကျယ် မလျိုတော့ပါဘူး
အဓိပတိပစ္စယော အကျယ်ရေးထားတဲ့အပိုဒ်
၂၄ ခေါက် ပူဇော်ရပါမယ် ။
စတုတ္ထနေ့
ပဉ္စမနေ့ ဆက်ရွတ်ပါ ။
ဤနည်းအတိုင်း အစဉ်အတိုင်း
ငွေစက္ကူတစ်ရွက်စီ ကပ်လှူပြီး
အစဉ်အလိုက် (၂၄) ခေါက်ကို
(၂၄) ရက်တိတိ ပူဇော်ရပါမယ် ။
၂၄ ရက်မြောက်နေ့မှာ
အလှူငွေကို အဝိဂတ မှာကပ်
ထိုနေ့ မှာ
ပဋ္ဌာန်းအကျယ် ၁ ခေါက် ပူဇော်ရပါမယ် ။
အဝိဂတပစ္စယော အကျယ်ရေးထားတဲ့အပိုဒ်
၂၄ ခေါက် ပူဇော်ရပါမယ် ။
#မေတ္တာသုတ် ၁ ခေါက် ထပ်ပူဇော်
#အမျွဝေ
#ဆုတောင်း
(၂၅) ရက်မြောက်နေ့ မှာ
ပဌာန်းပါဠိတော်ကြီးကို
ဟေတုပစ္စယော မှ အဝိဂတပစ္စယော (အကျယ်)
ရွတ်ဖတ်ပူဇော်ပြီး လိုရာဆုတောင်းပါ။
အဲ့သည့်နောက်
ပဌာန်းစက်ဝိုင်းမှာ
ကပ်လှူထားတဲ့ ငွေစက္ကူ တွေ ကို
မွန်းမတည့်မီ မိမိရဲ့ မွေးနံတူ
သံဃာတော်တစ်ပါးအား လှူဒါန်းရပါမယ် ။
သို့မဟုတ်
လှူဖွယ်ပစ္စည်းတစ်ခုခုကို
ဝယ်ယူ လှူဒါန်း ရပါမယ် ။
မိမိနဲ့မွေးနံတူ သံဃာတော်ကို ရှာထားပါ ။
Print ထုတ်နိုင်အောင်
ပဌာန်းစက်ဝိုင်းပုံ တင်ပေးထားပါတယ် ။
အဲ့သည့်ပုံကိုအမြင့်တစ်နေရာမှာ ချိတ်ဆွဲပါ ။
#မှတ်ချက်
ပဌာန်းစက်ဝိုင်းမှာ ကပ်လှူတဲ့
ငွေစက္ကူများဟာ တန်ဖိုးတူရပါမယ် ။
( ကိုယ်တတ်နိုင်သလောက်
၅၀ တန်ပဲဖြစ်ဖြစ်
၂၀၀ တန်ပဲဖြစ်ဖြစ် ရပါတယ် ။
နေ့တိုင်းလှူတဲ့ တန်ဖိုးညီရင် ရပါပြီ)
၂၅ ရက် တိတိ
အဓိဌာန်ဝင်နိုင်ကြစေရန်
ကုသိုလ်ပြုပါတယ် ။
cr