Mercury Marketing Agency

Mercury Marketing Agency MMA is an innovative startup founded on 2nd August 2021. MMA is to provide your enterprise with remarkable marketing services in the entire firm.

We unite our expertise, energy, data, technology and innovation to serve you the best experience. Marketing is a continuous journey and the trends are changing day by day. So one needs to keep on track with new trends to make sure what one’s customer expectations are and what make them the most heartwarming according to business purposes. We have been promoting various product brands since 2013. W

e understand the needs of Myanmar consumers, the way people think, the trends and the business climate. Since the brands that make their customers happy and feel fulfilled are top of the mouths, we’re sure to contribute your brand reputation among all the similar brands in the same industry. Explore your uniqueness in all senses of the word. In order to promote the sales of your business and to increase the brand awareness, join with Mercury Marketing Agency that will bring you the new level of marketing with a bundle of creative and innovative ideas. We’re ready to support you....

နှစ်သစ်အခါသမယမှာ မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာကင်းကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံနိုင်ကြပါစေ။ 🙏
01/01/2025

နှစ်သစ်အခါသမယမှာ မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာကင်းကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံနိုင်ကြပါစေ။ 🙏

"နှစ်သစ်ဆုတောင်းလွှာ"

🌅နှစ်သစ်အခါသမယမှာ မြန်မာပြည်သူပြည်သားအားလုံး
ဘေးဘယာကင်းကွာကြပါစေ🙏🏻
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၊ ဥစ္စာဓန ဖြိုးကြွယ်ဝပြီး စိတ်ပျော်ရွှင်လန်းတဲ့ နှစ်သစ်ကို ပိုင်ဆိုင်ရပါစေလို့ မာကျူရီမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင် 🙏🏻

We, Mercury , wish you that every day of the new year is filled with happiness and success.

Happy New Year to you all!

#နှစ်သစ်အခါသမယ

Merry Christmas to you all!! ❄️🔔🎄✨🎅
25/12/2024

Merry Christmas to you all!! ❄️🔔🎄✨🎅

🎄🔔♰နာတာလူးသီချင်းသံတွေ လေထဲပျံ့လွင့်နေတဲ့ အချိန်အခါသမယမှာခရစ္စမတ်သစ်ပင်ထိပ်က တောက်ပနေတဲ့ ကြယ်ရောင်အလင်းဟာ လောကအမှောင်ကိုခွင်ပြီး အလင်းကို ယူဆောင်လာပါစေသား

🎄⛄🤶🦌ဒီဇင်ဘာ ၂၅ ရက်နေ့မှာကျရောက်တဲ့ "ဘုရားရှင်ကိုချီးမွမ်းဝမ်းမြောက်ရာ" အခါတော်နေ့မှာ ခရစ်ယာန်မိတ်ဆွေတွေ သာမက မြန်မာတစ်ပြည်လုံးအပေါ် ဘုရားသခင် ကောင်းချီပေးပါစေ၊ စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာပြီး ပျော်ရွှင်ဖွယ်ရာအချိန်အခါ ပိုင်ဆိုင်ကြပါစေလို့ မာကျူရီ မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

We, Mercury Group, wish Myanmar people to be healthy and happy for many years with their loved ones.


#ခရစ္စမတ်နေ့

Happy Deepavali 🪔
01/11/2024

Happy Deepavali 🪔

🪔 ဒီပါဆိုတာ မီးအလင်းရောင် ဖြစ်ပြီး

🪔ဝလီ ဆိုတာ ဆီမီးထွန်းညှိပူဇော်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ဟိန္ဒူဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဒီပါဝလီ ဆီမီးထွန်းပူဇော်ပွဲနေ့မှာ အမှောင်ခွင်းလို့ အလင်းဆောင်၊ အဆိုးအညံ့တွေပပျောက်ပြီး ကောင်းခြင်းမင်္ဂလာ၊ ကျက်သရေအဖြာဖြာနဲ့ စီးပွားလာဘ်လာဘတွေတိုးပွားကြပါစေလို့ ဟိန္ဒူဘာသာဝင် ညီအစ်ကို‌ မောင်နှမများကိုMercury Group က ဆုမွန်‌ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။



#‌ဒီပါဝါလီနေ့

“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့”
17/10/2024

“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့”

တာဝတိံသာကနေ သင်္ကဿနဂိုလ်မြို့ဆီ အပြန်ခရီးတလျှောက်မှာ ဆီးမီး‌တွေအသွယ်သွယ်၊ သာယာငြိမ့်ညောင်း ဂီတသံတွေအဖုံဖုံနဲ့ ဂုဏ်ကျက်သရေအပေါင်းပြီးပြည့်စုံတော်မူတဲ့ မြတ်ဘုရားရှင်ကို ဦးခိုက်ပူဇော်နေကြပုံများ .... ကြည်နူးဖွယ်အတိပြီးပါဘိ....ဝမ်းမြောက်ဖွယ်အတိပြီးပါဘိ....။

ရှင်တော်မြတ်ဘုရား ဆင်းသက်ကြွမြန်းလာတဲ့အချိန်မှာ ထိန်ထိန်သာ လပြည့်ဝန်းကြီးကလည်း နောက်ခံပန်းချီကားတစ်ချပ်လို ကူညီအားဖြည့်လို့ ကောင်းကင်ဆီးမီး ၊ မြေပြင်ဆီးမီး အထူးထူးပူဇော်ရင်း ခြေတော်စုံကိုရည်မှန်းလို့ ဖဝါးတော်ဦးခိုက်ကန်တော့လိုက်ပါရစေဘုရား 🙏🏻....

ဒီလို သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့ထူးနေ့မြတ်မှာ ကောင်းမှုကုသိုလ်တွေပွားများပြီး၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ဉာဏ်အလင်းရောင်ဖြင့် အမှောင်များကို ပယ်‌ ဖျောက်နိုင်တဲ့ သီတင်းကျွတ်အခါသမယဖြစ်ပါ‌စေကြောင်း Mercury Group မှ မေတ္တာရှေးရှူဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Let us wish for peace and prosperity of every citizen on this Full Moon Day of Thadingyut. 🙏🙏🙏


19/08/2024

ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)

ခတ္တာပန်းတွေ ငွားငွားစွင့်စွင့်ပွင့်ကြတဲ့ ဝါခေါင်လအချိန်ခါဟာ..... ဗုဒ္ဓမြတ်စွာဘုရား ရဟန်းသံဃာတော်တွေကို မေတ္တသုတ္တံအကြောင်း ထုတ်ဖော်ဟောကြားခဲ့တဲ့ နေ့ထူးအချိန်အခါဖြစ်ပါတယ်။

ယနေ့ကျရောက်တဲ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့လေးမှာ မေတ္တသုတ်တရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ပွားများနာယူခြင်း ပြုလုပ်နိုင်ကြ၍ မြန်မာပြည်သူပြည်သား အားလုံး မေတ္တာခြုံ၍လုံခြုံနွေးထွေးကြပါစေ။ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းစေကြပါစေကြောင်း Mercury Group မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

We wish people of Myanmar a peaceful and healthy soul on Full Moon Day of Wakhaung. 🙏


#ဝါခေါင်လပြည့်နေ့
_Companies

20/07/2024

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)🌕

🌺” သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွတ်သံချို လဝါဆို”🌺

ဘာသာရေးအထိမ်းအမှတ်များစွာစိုက်ထူထားတဲ့ ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် တရားဦး "ဓမ္မစင်္ကြာ” ဟောကြားခဲ့တဲ့နေ့လည်း ဖြစ်တဲ့အတွက် “ဓမ္မစင်္ကြာနေ့” လို့ ယနေ့အချိန်ထိ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ပြုခဲ့ကြပါတယ်။

ဒီလိုဝိသေသတွေပြည့်နှက်နေတဲ့ ဝါဆိုလပြည့်နေ့မှ စတင်ပြီး ဝါတွင်းသုံးလမှာ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်းများကို စိတ်အေးချမ်းသာစွာ ပြုလုပ်ရင်း ကုသိုလ်ယူနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

We wish people of Myanmar a peaceful and healthy soul on Full Moon Day of Waso. 🙏


#ဝါဆိုလပြည့်နေ့
_Companies

19/07/2024

🎶 နှစ်လနာရီ ခါရာသီရွေ့ပေမဲ့ အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ 🎶

လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ဇူလိုင်လ ၁၉ ရက်နေ့တွင် နှစ်ပေါင်း (၇၇) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

တိုင်းပြည်နှင့် လူမျိုးအတွက် မြတ်သောစွန့်လွှတ်ခြင်းဖြင့် အသက်ခန္ဓာ စွန့်လွှတ်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများကို အောက်‌မေ့လွမ်းဆွတ်တမ်းတရင်း ဦးညွှတ်ဂါရဝပြုလိုက်ရပါတယ်။

#အာဇာနည်နေ့
#၁၉ဇူလိုင်

18/06/2024

🕌 🤲 🎁 📿 ဒီနေ့ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားရာ “ကုရ်ဘာနီ အီးဒ်” နေ့ထူးနေ့မြတ် အချိန်အခါသမယမှာ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် ကြီးပွားအောင်မြင်ခြင်းများ ယူဆောင်လာပါစေ။

ကောင်းမှုဒါနအလှူ ပြုလုပ်ကြတဲ့ ဝါကျွတ်အီးဒ်ပွဲတော်အခါသမယမှာ အစ္စလာမ်ဘာသာဝင် မိတ်ဆွေများ အားလုံး
အပေါ် ပရမတ်ဘုရားသခင်အလ္လာဟ်အရှင်ကောင်းချီးပေးပါစေ။ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ၊ ချမ်းသာကြွယ်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

Happy Eid Mubarak to all Muslim friends. Here’s wishing you and your family peace, happiness, good health and prosperity on the auspicious occasion.

May all the blessings of Allah fall on the whole country .


16/06/2024

"ဖေဖေ" တဲ့ ... စကားလုံးလေးက (၂) လုံးတည်းဆိုပေမယ့် ဘဝလမ်းကြောင်း ကောင်းကောင်းဖြောင့်ဖို့ တခါတလေမှာ "နည်းပြဆရာ" ၊ အမှားတွေမများဖို့ ဆုံးမဩဝါဒချွေတတ်တဲ့ "ကျောင်းဆရာ" ၊
ဘဝဒဏ်ကို ကြံ့ကြံ့ခံဖို့ အားပေးသူ "အဖော်မွန်ကောင်း" ဆိုပြီး ခေါင်းဆောင်းတွေအများကြီး ဆောင်းထားတဲ့ အံ့ဖွယ်လူသား...။

မေတ္တာတွေပေးရင်း ၊ ဘဝသင်ခန်းစာတွေပို့ချရင်း ကြီးပြင်းလာစေခဲ့သူ ‌"ဖေဖေ့" ကြောင့် လောကဓံတွေဟာလည်း "တောင်ကြီးဖဝါးအောက်" ရောက်ခဲ့ရပါတယ်။

သားသမီးတွေအပေါ် တန်ဖိုးဖြတ်မရတဲ့ မေတ္တာတွေ ထုနဲ့ထည်နဲ့ သွန်းလောင်းချပေးခဲ့တဲ့ ဖေဖေတို့ရဲ့ ‌ မယုံကြည်နိုင်လောက်တဲ့ ချစ်ခြင်းမေတ္တာနဲ့ သြဇာလွှမ်းမိုးမှုကို ရည်စူးအောက်မေ့ရင်း ကမ္ဘာပေါ်က ကျေးဇူးရှင်ဖခင်များအားလုံးကို ဒီနေ့ ကျရောက်တဲ့အဖေများနေ့မှာ ဂုဏ်ပြုလိုက်ရပါတယ်။

♥️Let's not forget to celebrate all the fathers in the world who selflessly sacrificed and raised their children 🙏🏻.... .


#အဖေများနေ့

22/05/2024

မဟာဗောဓိညောင်ပင်အောက်မှာ အောင်တော်မူခဲ့တဲ့ရန်အပေါင်းမှာ မိမိရဲ့ကိုယ်တွင်းကိလေသာရန်‌သူတွေကို အောင်မြင်ခဲ့ပြီး သစ္စာ(၄)ပါး မဂ်တရားကို ပိုင်းခြားသိမြင်တော်မူခဲ့ခြင်းက မြတ်ဘုရားရဲ့အကြီးမားဆုံးသောအောင်နိုင်တော်မူခြင်းဖြစ်ပါတယ်။

ဤမှန်သောသစ္စာစကားကြောင့် မြန်မာပြည်သူ၊ ပြည်သားအပေါင်း ယခုကဆုန်လပြည့်ညောင်ရေသွန်းလောင်းတဲ့ ရေစင်တွေလို လောကဓံအပူမီးတွေ တမဟုတ်ချင်းငြိမ်းအေးကြပါစေလို့ မာကျူရီ မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။


#ကဆုန်လပြည့်နေ့

Working moms များကို အမေများနေ့မှာ ချီးကျူးဂုဏ်ပြုလိုက်ရပါတယ်။ 🙏
12/05/2024

Working moms များကို အမေများနေ့မှာ ချီးကျူးဂုဏ်ပြုလိုက်ရပါတယ်။ 🙏

နေ့ဘက်မှာ လုပ်ငန်းခွင်ထဲက စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နေရပေမယ့် သားသမီးတွေအတွက် ညအိပ်ရာဝင်တေးတစ်ပုဒ်ဆိုပေးဖို့ကိုလည်း ဘယ်တော့မှမပျက်ကွက်ခဲ့တာ မိခင်တွေပါပဲ။

အလုပ်ခွင်ထဲကမိခင်တွေဟာ ကိုယ်စီတာဝန်ယူထားတဲ့ လုပ်ငန်းတာဝန်တွေ စဉ်ဆက်မပြတ်ရပ်တည်တိုးတက်နိုင်ဖို့ ကြောင့်ကြစိုက်ရေလောင်းပေါင်းသင်ရသလို မိမိရင်သွေးငယ်တွေကို ပြုစုပျိုးထောင်ဖို့ကိုလည်း မလစ်ဟင်းခဲ့ကြပါဘူး။

အလုပ်လုပ်နေရင်း ရင်သွေးတွေကို ပျိုးထောင်နေရတဲ့ လုပ်ငန်းခွင်ဝင် မိခင်တစ်ဦးရဲ့ ဘဝဟာ အစဉ်အားဖြင့် မချောမွေ့နေပေမယ့် ကြည့်မဝ၊ ရှူမဝ သားသားမီးမီးတွေရဲ့မျက်နှာလေးတွေ‌ကြောင့် အားပြည့်ပြီးပြန်လည်းရုန်းထနိုင်တာပါပဲ။

အဆုံးမဲ့ အနစ်နာခံမှုတွေ၊ မယိမ်းမယိုင်တဲ့ ခွန်အားတွေနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်သွားဖို့ လုံလောက်တဲ့ သတ္တိတွေ လုပ်ငန်းခွင်ထဲက မေမေတို့မှာ လုံလုံလောက်လောက် ရှိနေပြီးသားမို့ပါလေ...။

ကျွန်မတို့ Mercury Group မှာ Business Development Director အဖြစ် ကုမ္ပဏီစတင်တည်‌ထောင်ကတည်းကတာဝန်ယူဆောင်ရွက်ရင်း တဖက်ကလည်း ရင်သွေးငယ်လေးနှစ်‌ယောက်ကို ပြုစုပျိုးထောင်နေတဲ့ စူပါမေမေ ‌ဒေါ် ချောစုလှိုင်နဲ့ working moms များအားလုံးကို ဒီနေ့ ကျရောက်တဲ့ အမေများနေ့မှာ ချီးကျူးဂုဏ်ပြုလိုက်ရပါတယ်။

♥️ Let's not forget to celebrate all the mothers in the world who selflessly sacrificed and raised their children 🙏🏻.... .


#အမေများနေ့

01/05/2024

၁၉ ရာစုနှောင်းပိုင်းကာလကို ပြန်ကြည့်ရင် ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရတဲ့ သူတို့ရဲ့ နေ့ရက်ရှည်တွေ၊ ဆံချည်မျှင်လောက်တောင် မလျေ့ာတဲ့ ဇွဲသတ္တိတွေ၊ ရဲရင့်တဲ့ တိုက်ပွဲတွေကြောင့် ဥရောပလယ်သမား တွေရဲ့ ပွဲတော်နေ့ကို စက်မှု၊လက်မှု၊ကာယ၊ဥာဏအလုပ်သမားတွေကို ဂုဏ်ပြုအောက်မေ့တဲ့ နေ့ထူးအဖြစ် ဂုဏ်ပြု ကူးပြောင်းပေးခဲ့ရတာကို မြင်ရပါလိမ့်မယ်။

မျှတတဲ့ လုပ်ခလစာ၊ သင့်လျော်တဲ့ အလုပ်ချိန်၊ ပိုမိုလုံခြုတဲ့ လုပ်ငန်းခွင်အခြေအနေတွေ ဖြစ်လာဖို့အတွက် ကြိုးစားအားထုတ်ခဲ့ရတဲ့ အလုပ်သမားတွေရဲ့တိုက်ပွဲတွေဟာ ဒီနေ့ခေတ် လူသားတွေ အလွယ်တကူရထားတဲ့ အခွင့်အရေးတွေဖြစ်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။

အာကာသထဲအထိ ခရီးဆန့်ဖို့ ကြိုးစားနေတဲ့ အာကာသိပ္ပံပညာရှင်ကနေ တံမြက်စည်း‌ကိုင်ပြီး လှည်းကျင်းနေတဲ့ သန့်ရှင်းရေးဝန်ထမ်းအထိ အားလုံးမှာ ကိုယ်ပိုင်တန်ဖိုးရှိတာမို့ လူ့အဖွဲ့အစည်းကို တိုးတက်စေမယ့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးဖို့လိုပါတယ်။

လူ့အဖွဲ့အစည်းရဲ့ ကျောရိုးဖြစ်တဲ့ အလုပ်သမားလူတန်းစားရဲ့ စွမ်းအားနဲ့ အရေးပါမှုကို အသိအမှတ်ပြု၊ ဂုဏ်ပြုကြတဲ့ "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" (May Day) မှာ ဒီလူ့အဖွဲ့အစည်းကြီး ရှင်သန်တိုးတက်စေဖို့ အဘက်ဘက်က ဝိုင်းဝန်းကြိုးစားနေတဲ့ ကမ္ဘာတဝှမ်းက ကာယ၊ ဥာဏ အလုပ်သမားများအားလုံးကို Mercury Group of Companies က ဂုဏ်ပြုလိုက်ရပါတယ်။




Address

Yangon

Alerts

Be the first to know and let us send you an email when Mercury Marketing Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mercury Marketing Agency:

Share