10/11/2024
💕💕 ကိုယ်တွင်းအင်္ဂါများကို ကျေးဇူးတင်ခြင်း
✍️ မိဘ၊ ဆရာသမား၊ ကိုယ့်အပေါ်ကျေးဇူးပြုခဲ့ဖူးသူများကို ကျေးဇူးတင်ရမှာကိုတော့ ကျွန်တော်တို့တွေ သတိရတတ်ကြပါတယ်။ အဲလို ကျေးဇူးတင်ဖို့ ထိုက်တန်တဲ့အရာတွေ ကျွန်တော်တို့နဲ့ အနီးဆုံးမှာ ရှိနေသေးတာကို မေ့နေတတ်ကြတယ်။ အနီးဆုံးဆိုမှ အနီးဆုံးပါပဲ။ ဘယ်နေရာသွားသွား သူတို့အမြဲတမ်း ကိုယ့်အနားမှာရှိနေပါတယ်။ ကျွန်တော်တို့အကျိုးကို အမြဲဆောင်ရွက်နေကြပါတယ်။ လောကထဲကို ရောက်လာကတည်းအချိန်ကနေ၊ ထွက်ခွါသွားတဲ့အချိန်အထိ အစွမ်းကုန် လုပ်စရာရှိတာကို လုပ်ကြပါတယ်။ နေ့လည်မနား၊ ညလည်းမနား၊ အချိန်ပိုလုပ်ဖို့လိုရင်လည်း မငြီးမငြူလုပ်ပါတယ်။
✍️ ဒီလောက်ဆိုရင်တော့ ဘယ်အရာတွေလည်းဆိုတာကို ခန့်မှန်းမိမယ်ထင်ပါတယ်။ အမေ့ဝမ်းကြာတိုက်ကနေ တိုးထွက်ပြီး လူ့လောကကြီးထဲကို ဝင်လာတဲ့အချိန်ကစပြီး မနားတမ်းလုပ်ကိုင်နေတဲ့ အရာတွေကတော့ ကျွန်တော်တို့ကိုယ်တွင်းက အင်္ဂါတွေပဲဖြစ်ပါတယ်။ အရမ်းချစ်စရာကောင်းတဲ့ မိတ်ဆွေတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ ကျေးဇူးက အရမ်းကြီးပါတယ်။ ကျွန်တော်တို့ လုပ်ချင်ရာလုပ်၊ သွားချင်ရာသွား၊ စားချင်ရာစား၊ အိပ်ချင်မှအိပ် ဘယ်လိုပဲနေနေ သူတို့တာဝန်တွေကို ကျေပွန်စွာ လုပ်ကိုင်နေကြတာပါ။
✅ အဆုတ် - ရင်ဘတ်ဝဲဘက်ခြမ်း၊ ညာဘက်ခြမ်း နှစ်ခြမ်းလုံးမှာရှိတဲ့ အရာက ငယ်စဉ်က ပန်းရောင်သန်းခဲ့ပါတယ်။ ရှုရှိုက်လိုက်တဲ့လေမှာ ပါတဲ့ အညစ်အကြေး၊ မကောင်းတဲ့ အဆိပ်အတောက်တွေ၊ စီးကရက် မီးခိုးစတဲ့ အရာတွေကြောင့် မီးခိုးရောင်ပြောင်းပေမဲ့ လုပ်စရာရှိတာကိုတော့ လုပ်နေတာပါပဲ။ အဆုတ်လေအိပ်ငယ်၊ သွေးကြောမျှင်ငယ်လေးတွေ စုဖွဲ့ထားတဲ့ အဆုပ်က နှလုံးကညှစ်ပေးလိုက်တဲ့ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူတယ်၊ လေထဲက စုပ်ယူထားတဲ့ အောက်စီဂျင်နဲ့ လဲလှယ်ပေးတယ်။ တစ်ခါတစ်ခါ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေက ဝင်လာပြီး ဒုက္ခပေးကြသေးတယ်။ သနားစရာကောင်းတဲ့ အဆုပ်ပါ။ ကျွန်တော်တို့ သူ့ကို နားလည်ပြီး၊ ကျေးဇူးတင်ပါတယ်လို့ ဘယ်နှစ်ခါပြောဖူးပါသလဲ။ မင်းကို ကျေးဇူးတင်ပါတယ် အဆုပ်လေးရယ်၊ မင်းပေးတဲ့ အောက်စီဂျင်ကြောင့် ငါအသက်ရှင်ရတာပါ။ မင်းကို ဒုက္ခဖြစ်စေတဲ့ အရာတွေ ငါမလုပ်ပါဘူးဆိုရင် ဆေးလိပ်ဖြတ်ရခက်တဲ့ သူတွေ အလွယ်တကူ ဖြတ်နိုင်သွားပါလိမ့်မယ်။
✅ အသည်း - ခန္ဓာကိုယ်တွင်းမှာ အကြီးဆုံးအင်္ဂါတစ်ခုဖြစ်ပါတယ်။ အလေးချိန် (၃) ပေါင်လောက်ရှိတဲ့ အသည်းဟာ အရုပ်ဆိုးပေမဲ့ လုပ်ငန်းလုပ်ရာမှာတော့ အကျွမ်းကျင်ဆုံးဆရာကြီး တစ်ဆူဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့တာဝန်တွေကို အများကြီးလုပ်၊ စုစုပေါင်း လုပ်ငန်း (၅၀၀) ကျော်ကို လုပ်နေရတာဖြစ်ပါတယ်။ အသက်ရှင်ရပ်တည်ဖို့အတွက် လိုအပ်တာတွေဖြစ်တဲ့ ကြွက်သားလောင်စာကို ထုတ်လုပ်ခြင်း၊ အင်ဇိုင်းတွေထုတ်လုပ်ခြင်း၊ လိုအပ်တဲ့အာဟာရတွေကို ပြောင်းလဲထုတ်လုပ်ပေးခြင်း၊ အဆိပ်အတောက်မှန်သမျှကို ချေဖျက်ပေးခြင်း စတဲ့လုပ်ငန်းပေါင်းများစွာကို လုပ်ပေးနေရတာပါ။ အသည်းကိုလည်း ကျေးဇူးတင်ပါတယ်။ မင်းအတွက် အခက်အခဲဖြစ်စေတဲ့ အရာမှန်သမျှကို ငါရှောင်ရှားပါမယ်။ မင်းအတွက် အကျိုးရှိတဲ့စားသောက်နေထိုင်မှုကိုပဲ ငါလုပ်ပါမယ် အသည်းလေးရယ်လို့ ပြောပေးရပါမယ်။ သူ့ကို ကျေးဇူးတင်ရပါမယ်။ ဒါဆိုရင် အရက်ဖြတ်ချင်တဲ့သူအတွက် ဖြတ်ရတာလွယ်သွားနိုင်ပါတယ်၊ အသည်းအတွက်မကောင်းတဲ့အစားအစာတွေကို မက်မောစွာစားခြင်းကို ရပ်တန့်နိုင်ပါလိမ့်မယ်။
🌷 ဒါက ကျွန်တော်တို့ကိုယ်တွင်းက အရေးကြီး အင်္ဂါ (၂) မျိုးကို နမူနာအဖြစ် ပြောပြတာပါ။ နှလုံး၊ ကျောက်ကပ်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ မုန့်ချိုအိတ်၊ ဘေလုံး၊ သည်းခြေအိတ်၊ ဆီးအိမ် စတဲ့ စတဲ့ အင်္ဂါတွေ အများကြီး ကျန်နေသေးတယ်။ ကျွန်တော်တို့ ကျေးဇူးရှင်တွေပါ။ သူတို့ကို နေ့စဉ်ကျန်းမာနေပါစေ၊ ကိုယ့်အတွက် လုပ်ကိုင်ပေးနေတာကို ကျေးဇူးတင်စိတ်နဲ့ ကျေးဇူးတင်ကြောင်းကို ပြောပေးနေရပါမယ်။ နုတ်ကထုတ်ဖော်ပြောဆိုပေးရပါမယ်။
🌷 မလေးရှားနိုင်ငံက ခွဲစိတ်ပါရဂူ ဆရာဝန်ကြီး Dr. Firdaus Guna (DXN) ပြောပြတဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။ ဒေါက်တာက ကိုယ်တွင်းအင်္ဂါတွေကို ကျေးဇူးတင်ခြင်းကလည်း ကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်တဲ့။ ဟုတ်ပါတယ် ကျွန်တော်တို့တွေ စားသောက် နေထိုင်မှု ပုံစံတွေကို ဂရုမစိုက်တာ၊ နေချင်သလိုနေ စားချင်သလိုစားတာက ပြန်ငဲ့ရစရာမလိုဘူးလို့ ထင်နေလို့ပါ။ ကိုယ်တွင်းအင်္ဂါလေးတွေကို ချစ်ရင် သူတို့ထိခိုက်အောင် မလုပ်ဖြစ်တော့ဘူးပေါ့။
🌷 ဒီကိုယ်တွင်းအင်္ဂါလေးတွေကို စောင့်ရှောက်ဖို့၊ အမြင့်ဆုံး ကျန်းမာရေးကို ပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့
☝️ ကျန်းမာရေး အထောက်အကူပြု ဖြည့်စွက်အစားအစာ၊
☝️ သောက်သုံးအချိုရည် ကော်ဖီ၊
☝️ တစ်ကိုယ်ရည်သုံး ထုတ်ကုန်၊
☝️ အရေပြားထိန်းသိမ်းရေး ထုတ်ကုန်
စတဲ့ ပစ္စည်းတွေကို DXN က ထုတ်လုပ်ပေးထားပါတယ်။
🙋 အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ကိုယ်ကြိုက်နှစ်သက်ရာရွေးချယ် အသုံးပြုနိုင်ပါတယ်။
# DXN Health Products
# ကိုယ်တွင်းအင်္ဂါများကို ကျေးဇူးတင်ခြင်း
# ကျန်းမာရေးနှင့်ဆိုင်သော အထွေထွေဗဟုသုတ