Sea Gōd - M

Sea Gōd - M Everyday, Everytime, Everything you can love .

27/03/2024

လူသားတွေပါ
ချစ်တက် မုန်းတက်
တစ်ခါတစ်လေ လွမ်းတက်သေးတယ်


06/01/2024

ပြင်ပ ဒဏ်ရာတွေမှ
စိတ်ဒဏ်ရာတွေ အဖြစ်ပြောင်းလည်းလာသောအခါ.......၊

03/01/2024

education ဟာ သိပ်ကို အရေးပါပါတယ်စဉ်းစားတွေးခေါမူတွေ ချို့တဲ့လာတဲ့အခါ
လူတွေဟာ ဖြစ်ပေါလာတဲ့အရာကို လက်မခံနိုင်ကြပဲ လိုရာကို ဆွဲသွင်းတက်ကြတယ်။
အကြောင်း အကျိုးကို လက်ခံနိုင်မယ့် စဉ်းစားနိုင်မယ့် စိတ်မျိုးကို မမွေးနိုင်ကြပဲ သင်ယူမူ ၊ လေ့လာမူတွေကို မေးထားတက် ကြတယ်။
အားနည်းလာတာနဲ့အမျှ အနည်းငယ် ထိခိုက်မူဟာ ဒေါသကိုဖြစ်စေပြီး ထိန်းချုပ်နိုင်စွမ်း မရှိကြတော့တာပဲ။

အောက်ခြေမှ အပေါသို့ လှမ်းခြင်း         မိမိ၏ ပင်ကိုယ် လုပ်နိုင်စွမ်းကို နားမလည်တဲ့အခါ လုပ်လိုက်မိသော အကျိုးဆက်တွေက တစ်ပါ...
03/01/2024

အောက်ခြေမှ အပေါသို့ လှမ်းခြင်း

မိမိ၏ ပင်ကိုယ် လုပ်နိုင်စွမ်းကို နားမလည်တဲ့အခါ လုပ်လိုက်မိသော အကျိုးဆက်တွေက တစ်ပါးသူကို ပြင်းထန် စွာသက်ရောက်စေနိုင်သည်။ကိုယ်ဟာ ဘယ်လောက်ထိ နားလည် နိုင်စွမ်း ၊စဉ်းစားတွေးခေါနိုင်မူနှင့် သင်ယူမူ‌တို့တွင် အားသာချက် အားနည်းချက်ကို သိနိုင်သောသူမှာ မိမိကိုယ်တိုင်ပင်ဖြစ်သည်။မိမိကိုယ်ကို ယုံကြည်မူနှင့် လက်ခံမူ မရှိလျှင် လုပ်ဆောင်သော အရာတွေသည် ပြီးဆုံးသည်ရှိသော ကောင်းမွန်ရလဒ်တွေ ဖြစ်ပေါလာနိုင်မည် မဟုက်ပေ။

လူတစ်ဦး၏ လုပ်ဆောင်နိုင်စွမ်းသည်အကန့်အသတ်ဖြင့် ရှိကြည်။ဘယ်လိုအကန့် အသတ်ဖြင့် ရှိလည်းဆိုတာကို နားလည်အောင် လုပ်ဖို့ သိပ်ကို အရေးကြီးပါတယ် ။နားလည်သဘောပေါက်ပြီ ဆိုရင်လည်း နားလည်တဲ့အပေါမှာ လက်ခံနိုင်တဲ့ စိတ်မျိုး ရှိဖို့လည်း လိုအပ်ပါတယ်။
လက်ခံနိုင်စွမ်းမရှိတဲ့အခါ ထိုအရာတွေသည် ပျက်စီးခြင်းနှင့် ကျရူံးခြင်းသို့ ဦးတည်လာပါလိမ့်မည်။

ကိုယ်ဟာ အလုပ်တစ်ခု တာဝန်တစ်ခုကို ထမ်းဆောင်မယ်ဆိုရင် ကိုယ်လုပ်ဆောင်မယ့် အရာရဲ့ အဓိပ္ပာယ်ကို သိဖို့ နားလည်ဖို့ဟာ သိပ်ကို အရေးကြီးပါတယ်။ထို့သို့ နားလည်မှ သာလျှင် ကိုယ်လုပ်ဆောင်မယ့် အပေါ နားလည်နိုင်စွမ်းဟာ တိုးတက်လာပါလိမ့်မယ့်။
ကိုယ့်မှာ ထိုအရာအပေါ နားလည်နိုင်စွမ်း မရှိရင်လည်း ထိုဟာကို ကောင်းစွာ လက်ခံနိုင်ရပါမယ်။နားလည်နိုင်စွမ်း မရှိတာကို လက်မခံပဲ ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် ထိုအရာကို ကိုယ်နဲ့အတူ အောက်သို့ ဆွဲချသွားခြင်းပဲဖြစ်ပါတယ်။

ကိုယ်ရဲ့ ခြေလှမ်းဟာ အပေါကို လှမ်းမှာလား အောက်ကို လှမ်းမှာလား ဆိုတာ ကိုယ့်ရဲ့ နားလည် နိုင်စွမ်းနဲ့ လက်ခံနိုင်စွမ်း အပေါမှာ အချိုးကျကျ တူညီနေပါတယ်။လေးလံသော အရာတစ်ခုကို ကိုယ်ရဲ့ နားလည်နိုင်စွမ်းနဲ့ မကြည့်လို့ မလုပ်ဆောင်နိုင်တဲ့အခါ ထိုမလုပ်‌ ဆောင်နိုင်တာကို လက်ခံနိုင်ရပါမယ်။
လက်ခံနိုင်ခြင်း မရှိပဲ အတင်းလုပ်ယူမယ်ဆိုရင် နောက်ဆုံး မိမိပဲ ပျက်စီးပြီး ကျရူံးရမှာ ဖြစ်ပါတယ်။

တစ်ကိုယ်တည်း မလုပ်ဆောင်နိုင်တဲ့အခါ စုပေါင်းပြီး လုပ်ဆောင်ဖို့ စဉ်းစားရပါမယ်။စုပေါင်း လုပ်ဆောင်မူမှာလည်း မိမိဟာ ကိုယ်နားလည်နိုင်စွမ်း ရှိတဲ့ အနေအထားတစ်ခုကနေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ။နားလည်နိုင်စွမ်း ထက်ကျော်လွန်ပြီး လုပ်ဆောင်မယ်ဆိုရင် စုပေါင်းလုပ်ဆောင်မူကို ထိခိုက်စေနိုင်သလို ပျက်စီးမျိုးကိုလည်း ဖြစ်ပေါလာနိုင်စေပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ ခြေလှမ်းတွေဟာ နားလည်နိုင်စွမ်းပေါမှာ လျောက်လှမ်းပြီး ထိုအရာတွေကို လက်ခံနိုင်မှ အပေါကို တစ်ဖြေးဖြေးနဲ့ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ် ။

ရေးသားသူ

မြန်မာ နှင့်လူငယ်ကိုယ့်လူမျိုးကို ကြည့်ပြီး သိမ်ငယ်မိပါတယ်လူကြီးတွေရဲ့ ရှေးရိုးစွဲမူအစဉ်အလာ ခေါင်းဆောင်တွေရဲ့ မပီသမူတွေက...
03/11/2022

မြန်မာ နှင့်လူငယ်

ကိုယ့်လူမျိုးကို ကြည့်ပြီး သိမ်ငယ်မိပါတယ်
လူကြီးတွေရဲ့ ရှေးရိုးစွဲမူ
အစဉ်အလာ ခေါင်းဆောင်တွေရဲ့ မပီသမူတွေက
နိုင်ငံအနာဂတ်လူငယ်တွေရဲ့ မှတ်ဉာဏ်တွေကို
အမာရွတ်တစ်ခုလို ဖျောက်ဖို့ ခက်အောင်လုပ်တက်ကြတယ်
လူငယ်တွေက နိုင်ငံရေး လုပ်စရာလိုလား

အိမ်ထောင်စု တစ်ခုရယ်လို့ ဖြစ်လာခဲ့ပြီဆိုရင်
သန်းခေါင်စရင်း သို့မဟုက် list ထဲမှာ ပါဝင်သူတွေဟာ အိမ်တွင်း ရေးကိစ္စတွေနဲ့ အကုန်ဆိုင်တယ်
ငါကဖခင်ပဲ ငါပြောသလိုနေ ငါခိုင်းတဲ့အတိုင်း လုပ်ဆိုတာမျိုးက မိသားစုလို မခေါဘူး
အမှားနဲ့ အမှန်ကို ထောက်ပြ ‌ခြင်း ဝေဖန်အကြံပြုခြင်း ဆွေးနွေးခြင်းတွေနဲ့ ရှေ့ကို ဆက်သွားမှ အဲ့အိမ်ထောင်ရေးဟာ သာယာလိမ့်မယ်
သားသမီး ဟုက်လို့ ဝင်မပါရဘူးဆိုတာမျိုးက
လွဲမှားနေတယ် အရွယ်ရောက်လာသည်နှင့်အမျှ
ဝင်ပါသင့်တဲ့နေရာမှာ ဝင်ပါရလိမ့်မယ်
ဒါမှ တာဝန်ယူနိုင်တဲ့ အချိန်ရောက်လာရင် အိမ်ရဲ့အားကိုရမယ့်လူဖြစ်မှာ
သင်ဟာ မိသားစုဝင်ဖြစ်ပြီး မိသားစု အိမ်ထောင်ရေးထဲကို ဝင်မပါဘူးဆိုရင် သင်ဟာ တာဝန်မဲ့ပြီး အဲ့အိမ်နဲ့ သက်ဆိုင်မူမရှိသလို သင်ဟာ
အဲ့အရိပ်ရဲ့ ကောင်းခြင်းဆိုးခြင်းကို ခံစားထိုက်ခွင့်
မရှိသူပဲဖြစ်တယ်
ထို့အတူပင်

ရပ်ကွပ်တစ်ခု မြို့တစ်မြို့မှာ ဆိုရင်လည်း
လူငယ်တွေကပဲ ဦးဆောင်ပြီး လုပ်ကိုင်ကြတာပိုများပါတယ်
ဒါဟာ ရပ်ကွပ်တစ်ခုရဲ့ မြို့တစ်ခုရဲ့ အင်အားပါပဲ
ကိုယ်နေတဲ့မြို့ ရပ်ကွပ် ကောင်းဖို့
အဲ့ဒီ မြို့ ရပ်ကွပ် မှာ နေထိုင်‌ သော အရွယ်ရောက်ပြီးသားသူတွေ တာဝန်ရှိတယ်
မကောင်းတဲ့လူ တစ်ယောက်ကို ထားမယ် ဆိုရင် မြို့ ရပ်ကွပ်က ဗရမ်းဗတာ ဖြစ်ပြီး ပျက်စီးသွားပါလိမ့်မယ်
သူများတွေ လုပ်လိမ့်မယ့်ဆိုရင် ကိုယ်လည်း တစ်နေ့ သူများတွေလို ဖြစ်သွားကြလိမ့်မယ်

နိုင်ငံတစ်နိုင်ငံမှာ နေမယ်ဆိုရင်
ထိုနိုင်ငံကို ကိုယ့်အိမ်လို သဘောထားရမယ်

တိုင်းသူပြည်သား တစ်ယောက်ဟာ
နိုင်ငံရေးကို စိတ်ပါ ဝင်စားမူ ရှိကို ရှိရမယ်
ကိုယ်နိုင်ငံအရေးကို ကိုယ်မှ စိတ်ဝင်စားမူမရှိရင်
ထိုနိုင်ရဲ့ အခွင့်အရေးတွေကိုလည်း မမျှော်လင့်ဖို့ မထိုက်တန်ပါဘူး
ကိုယ်နိုင်ငံရဲ့ အဖိုးတန်တဲ့ဟာတွေကို ကိုယ်ကာကွယ်ရမယ်
ခေါင်းဆောင် ဆိုတာ ဒီပြည်သူတွေထဲကပဲ ဖြစ်လာတာ
ပြည်သူထဲက ဖြစ်လာတဲ့ခေါင်းဆောင်က ဒီပြည်သူတွေနဲ့မှ သဘောထားမတူရင်
စည်းလုံးမူ မရှိရင် ထားစရာ အကြောင်းအရာကိုမရှိဘူး
ဒီပုတ်ထဲက ထွက်တဲ့ ဒီပဲကတော့ ပုတ်ထဲက ပဲနဲ့ တူနေမှ ရမယ်
တစ်ပင်ထဲသီးပြီး ပုံစံမတူရင် အဲ့အသီးက ပုတ်နေလို့ပဲ
နိုင်ငံရေးကို စိတ်ဝင်စားကြပါ
မိမိနိုင်ငံမှာ ဘာတွေဖြစ်နေလည်း ဆိုတာကို မိမိကိုယ်တိုင် ရှာဖွေပြီး ဘယ်ဟာမှန်လည်း ဘယ်ဟာမှားလည်း ဆိုတာကို စဉ်းစားကြပါ

သွေးအေးနိုင်ကြလွန်းတယ်.........

-seagod

Address

Yangon

Telephone

+959757347835

Website

Alerts

Be the first to know and let us send you an email when Sea Gōd - M posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sea Gōd - M:

Share