20/12/2020
ဘာကြောင့် Digital Marketing ကိုပိုပြီး သုံးလာကြတာလဲ? (Sunday Knowledge Sharing )
Digital Marketing လို့ဆိုလိုက်ရင် လူတော်တော်များများက Facebook Marketing ကိုပဲမြင်နေကြတာများပါတယ် တစ်ကယ်တော့ Digital Marketing ဆိုတာ Social Media Marketing, Email Marketing, SEM, SEO, Affiliate Marketing အစရှိတာတွေပါ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အသုံးပြုသူဦးရေအများဆုံးဖြစ်တဲ့ Facebook က Digital Marketing ကဏ္ဍမှာ
အရေးအပါဆုံးဖြစ်နေပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ Facebook ကို အဓိကထားပြီး
Digital Marketing ကို ဘာကြောင့်သုံးလာကြတာလဲဆိုတာကို ဝေမျှသွားမှာဖြစ်ပါတယ်။
(၁) ငွေကုန်ကြေးကျသက်သာပြီး ထိရောက်မှုရှိခြင်း
သမရိုးကျကြော်ငြာများဟာ ငွေကြေးအမြောက်အမြားကုန်ကျတာကိုတော့ အထူးပြောပြစရာလိုမယ်မထင်ပါဘူး။ Digital ကြော်ငြာများကတော့ ငွေကုန်ကြေးကျလည်း သက်သာပြီး ဘာကြောင့်ပိုမိုထိရောက်မှုလည်းရှိပါတယ် Digital ကြော်ငြာ တွေကို အနည်းဆုံး 1$ ကနေစပြီး ကြော်ငြာလို့ရတာမို့လို့ သမရိုးကျ ကြော်ငြာတွေနဲ့ယှဥ်ရင် စျေးကသိသိသာသာသက်သာတာကိုလည်းတွေ့ရမှာပါ။
(၂) အချိန်ကုန်သက်သာခြင်း
သမရိုးကျကြော်ငြာများဖြစ်တဲ့ ဗီနိုင်း၊ လက်ကမ်းစာစောင်၊ ကြော်ငြာဗီဒီယို၊ Billboard အစရှိတာတွေကို ဆောင်ရွက်တဲ့အခါမှာ အချိန်မြောက်မြားစွာ ကုန်လေ့ရှိပါတယ်။
Facebook မှာ ကြော်ငြာတဲ့အခါမှာတော့ ပိုမိုလျင်မြန်စွာနဲ့ ကြော်ငြာနိုင်မှာပါ။
(၃) မိမိဦးတည်လိုသူများ(Target Audience) ကိုရွေးချယ်နိုင်ခြင်း
Facebook ကြော်ငြာများဟာ မိမိဦးတည်လိုသော ကျား/မ၊ အသက်အပိုင်းအခြား၊ အလုပ်အကိုင်၊ စိတ်ဝင်စားမှု အစရှိတာတွေကို ရွေးချယ်ပြီး ကြော်ငြာနိုင်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် မိမိရဲ့ ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုကို Potential Customer တွေဆီကိုပိုပြီးမြန်မြန် ရောက်အောင်ပို့ပေးနိုင်ပါတယ်။
(၄) Parameters or Insights များ အလွယ်တကူရရှိနိုင်ခြင်း
မိမိကြော်ငြာရဲ့ ပျံ့နှံ့မှု (Reach)၊ Customer တွေရဲ့ ထင်မြင်ချက် (Review)၊ ကျား/မ၊ နေထိုင်ရာဒေသ၊ အသက်အပိုင်းအခြားစတာတွေကို တိုင်းတာနိုင်ပါတယ်။ ဒီ အချက်အလက်များက Marketing ဆိုင်ရာဆုံးဖြတ်ချက်များချနိုင်ဖို့ ၊ ကိုယ့်လုပ်ငန်းရဲ့ အနာဂတ် Business Plan တွေချမှတ်နိုင်ဖို့ နှင့် Data Driven Business များဖြစ်လာနိုင်ရေးတို့အတွက် အရေးပါလှပါတယ်။
တစ်ချို့သော Company ကြီးတွေမှာဆိုရင် Data Analyst တွေကိုပါ သီးသန့်ခန့်လာကြတာတွေလည်းရှိလာပါတယ်။
(၅) ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းခြင်း
ကျွန်တော်တို့ သုံးနေကြဖြစ်တဲ့ ဗီနိုင်း(PVC- Polyvinyl Chloride)ဟာ ဆယ်စုများစွာကြာ မပျက်စီးနိုင်တဲ့အပြင် ထုတ်လုပ်မှုဖြစ်စဉ်အတွင်းမှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။
ဒါ့အပြင် လက်ကမ်းစာစောင်များပြုလုပ်ရာတွင်လည်း စက္ကူအမြောက်အမြား အသုံးပြုနေရပါတယ်။
Digital Marketing ကိုအသုံးပြုခြင်းအားဖြင့် ၎င်းကဲ့သို့ ပတ်ဝန်းကျင်ထိခိုက်မှုများကို သိသိသာသာ လျော့ချနိုင်မှာဖြစ်ပါတယ်။
အထက်ပါအချက်များတော့ လူတွေ ဘာကြောင့် Digital Marketing ကို ပိုမိုအသုံးပြုလာကြလဲဆိုတာနှင့် ဘာကြောင့်အသုံးပြုသင့်လဲဆိုတာကို ဝေမျှသွားတာဖြစ်ပါတယ်။
နောက်အပတ်တွေမှာလည်း Digital Marketing ဆိုင်ရာ ဗဟုသုတများကို ဝေမျှသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Page ကို Like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့ ခင်ဗျာ