Gold & Jewel Knowledge Bank

Gold & Jewel Knowledge Bank ​ရွှေနှင့်​​ကျောက်​မျက်​ရတနာအ​ကြော?

27/03/2023
🏤 ရွှေဆိုင်ဖွင့်ရန် လိုအပ်ချက်များရွှေဆိုင်တစ်ဆိုင်ဖွင့်လှစ်ရာတွင် မိမိအနေဖြင့် ရွှေကုန်သည်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော ...
26/03/2023

🏤 ရွှေဆိုင်ဖွင့်ရန် လိုအပ်ချက်များ

ရွှေဆိုင်တစ်ဆိုင်ဖွင့်လှစ်ရာတွင် မိမိအနေဖြင့် ရွှေကုန်သည်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အချင်းရှိသင့်သလို ရွှေနှင့်ပါတ်သက်သော ပညာရပ်များကိုပါ တတ်ကျွမ်းရပါမည်။

ဆိုင်ဖွင့်ရန်ဆောင်ရွက်ရမည့်အချက်များမှာ......

၁။ ဆိုင်ဖွင့်မည့် နေရာနှင့် ပတ်ဝန်းကျင်အနေအထား
၂။ ရွှေဆိုင်အခန်း/အဆောက်အဦး မွမ်းမံပြင်ဆင်မှု
၃။ ရင်းနှီးမြှုပ်နှံမှု
၄။ ရွှေဆိုင်နှင့် ပါတ်သက်သော ပစ္စည်းများစုဆောင်းခြင်း
၅။ ဆိုင်ကြော်ငြာကိစ္စများ ဆောင်ရွက်ခြင်း
၆။ ဆိုင်ဝန်ထမ်းခန့်ထားရေးနှင့် လေ့ကျင့်သင်ကြားပေးခြင်း
၇။ ခင်းကျင်းရောင်းချမည့် ရွှေထည်အမျိုးအစားများအား ခွဲခြားသတ်မှတ်ခြင်း
၈။ ဆိုင်လုံခြုံရေးကိစ္စများ ဆောင်ရွက်ခြင်း
၉။ ရွှေအရည်အသွေးသတ်မှတ်ခြင်း နှင့် ပန်းထိမ်သို့ ရွှေထည်အပ်ခြင်းများ
၁၀။ ကိုယ်ပိုင်ပန်းထိမ်ထားရှိခြင်း သို့မဟုတ် ပန်းထိမ်ကောင်းရှာဖွေခြင်း
၁၁။ ခင်းကျင်းရောင်းချမည့်ရွှေထည်များအား စာရင်းပြုစုခြင်း
၁၂။ ဝန်ဆောင်မှုပေးခြင်း
၁၃။ ရောင်းရငွေလက်ခံခြင်း
၁၄။ ဝယ်ယူသူမှ စိတ်ကြိုက်ရွှေထည်အပ်နှံမှု လက်ခံခြင်း
၁၅။ မိမိဆိုင်မှရောင်းချလိုက်သော ရွှေထည် သို့မဟုတ် ပြင်ပရွှေ ပြန်ဝယ်ခြင်း
တို့ဖြစ်ပါသည်

Win Maw Gold & Silver
09422998800

WIN MAW GOLD & SILVER ၅.၁၀.၂၀၂၁ ရက်နေ့တွင် covid စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ပါမည်။ရွှေဘုံသာလမ်း ​ရွှေ​လောက၊ စိန်​နှင့်...
27/09/2021

WIN MAW GOLD & SILVER
၅.၁၀.၂၀၂၁ ရက်နေ့တွင် covid စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ပါမည်။
ရွှေဘုံသာလမ်း ​ရွှေ​လောက၊ စိန်​နှင့် ​ကျောက်​မျက်​ရတနာ​လောကတွင်​ နှစ်​​ပေါင်း ၄၀​ကျော်​နှင့် ​ရွှေပညာသင်​တန်းလုပ်​သက်​ ၁၀ နှစ်​ရှိ​​သော ဆရာဦးဝင်း​မော်
မှ​နေ၍
ကိုယ်ပိုင်ရွှေဆိုင် အပေါင်ဆိုင် ဖွင့်လှစ်လိုသူများအတွက် ''ရွှေ "အကြောင်းကို အခြေခံမှစ၍ စာတွေ့ လက်တွေ့ သင်ကြား ပို့ချပေးပါသည်။

♥ သင်ရိုးညွှန်တမ်း~
Gold knowledge
မြန်မာ့ ရွှေ အလေးချိန်
နိုင်ငံတကာသုံး ရွှေ အလေးချိန်
ရွှေ တန်ဖိုး တွက်ချက်နည်း
Myanmar & international gold weight convention
ရွှေနှင့်ပါတ်သက်သောတွက်ချက်နည်းများ
မြန်မာ နိုင်ငံ ရွှေဈေးကို ခန့်မှန်းနည်း
မြန်မာနိုင်ငံ ရွှေ ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကား နေသော ရွှေ အခေါက်တုံးများအကြောင်း
နိုင်ငံတကာမှ ထုတ်လုပ်သော ရွှေ များအကြောင်း
မြန်မာနိုင်ငံ သုံးရွှေ အရည်အသွေးများ
ရွှေ အရည်အသွေး စပ်ယူနည်းများ
ရွှေ အရည်အသွေး ကိုစစ်ဆေးသော မှတ်ကျောက် အကြောင်း
ရွှေ အရည်အသွေး ကိုစစ်ဆေး အကဲဖြတ်နည်း
ရွှေ အတု အစစ်ခွဲခြားနည်း
Digital Scale & Digital Kit [ရွှေ အရည်အသွေး စစ်စက်]များအကြောင်း
ရွှေ အရည်အသွေးကို ကြည့်၍ တန်ဘိုး ဖြတ်နည်း
ရွှေ အပေါင်ခံ တန်ဘိုး ဖြတ်နည်း
ရွှေ ဒင်္ဂါပြား များအကြောင်း
ရွှေ သန့်စင်နည်းစနစ်များ
ရွှေဆိုင်စာရင်းထိန်းသိမ်းနည်းစနစ်များ
အကျိုး အမြတ် ကြိုတင်ခန့်မှန်းတွက်ချက်နည်းများ
ပန်းထိမ်ပိုင်းဆိုင်ရာ သိကောင်းစရာ
ပန်းထိမ်၌ ရွှေ ထည်ပစ္စည်းများ အပ်ယူခြင်း
ရွှေ ထည်များကို အရောင်တင်နည်း
moule ဖြင့်ရွှေထည် ပြုလုပ်နည်း
silver [925] အကြောင်း
စိန်၊ ပတ္တမြား၊ နီလာအကြောင်း
ကျောက်မျက်အချိန်အတွယ် နှင့် သိမှတ်ဖွယ်ရာများ အစရှိသည်တို့ကို အဓိကထား၍ သင်ကြားပို့ချပေးပါမည်။

သင်​တန်းချိန်​ -
Sec:1 8:00 a.m to 10:00a.m
Sec:2 10:00 a.m to 12:00noon
Sec:3 1:00 p.m to 3:00 pm
Sec:4 3:00 p.m to 5:00 p.m
Sec: 5:00 p.m to 7:00 p.m

သင်​တန်းကာလ - 14 ရက်
သင်တန်းကြေး ကျပ်-၂ သိန်း
ရွှေဆိုင်ကြော်ငြာခြင်း နှင့် ရွှေလက်ကားပေးနိုင်ရန် ရည်ရွယ်၍ဖင့်လှစ်သော သင်တန်းမဟုတ်ပါ။ ရွှေပညာ အမှန်ကိုသာဖော်ထုတ်သင်ကြားပေးသောသင်တန်းဖြစ်ပါသည်။

တစ်​ချိန်​လျှင်​ covid စည်းကမ်းနှင့်အညီ
သင်​တန်းသား ၂ဦးသာလက်​ခံသင်​ကြားပါမည်​။
course ဖြင့်လည်း တစ်​ဦးချင်းစီ သင်​ကြား​ပေးပါသည်​။

Win Maw Gold & Silver Academy
No.145/ 6-B,29 Street[mid],
Pabedan Township , Yangon,
MYANMAR

Hot line : 09420252770
09422998800
Viber:959444438305

Online course ရွှေပညာဒါနပြုသင်တန်းသူတစ်ဦးမှ ရွှေမှတ်တိုက်နည်း လက်တွေ့သင်ယူနေပုံ
05/09/2021

Online course ရွှေပညာဒါနပြုသင်တန်းသူတစ်ဦးမှ ရွှေမှတ်တိုက်နည်း လက်တွေ့သင်ယူနေပုံ

7.9.2021 ရက်နေ့တွင်စတင်ဖွင့်လှစ်မည့်Online ပညာဒါနအတွက်အောက်ပါသင်တန်းချိန် ၃ ချိန်သာ ကျန်ရှိတော့ပါသည်။8:00 a.m to 10:00 a...
05/09/2021

7.9.2021 ရက်နေ့တွင်
စတင်ဖွင့်လှစ်မည့်
Online ပညာဒါနအတွက်
အောက်ပါသင်တန်းချိန် ၃ ချိန်သာ ကျန်ရှိတော့ပါသည်။
8:00 a.m to 10:00 a.m
10:00 a.m to 12:00 noon
2:00 p.m to 4:00 p.m

မြန်မာ့ပတ္တမြား၏ ဝိသေသလက္ခဏာများ၁။ ကိုယ်ထည်အရောင်သည် ခရမ်းရောင်သမ်းသော သို့မဟုတ် အနီမှပန်းရောင်သမ်းသောအနီ သို့မဟုတ် လိမ္မော...
05/09/2021

မြန်မာ့ပတ္တမြား၏ ဝိသေသလက္ခဏာများ

၁။ ကိုယ်ထည်အရောင်သည် ခရမ်းရောင်သမ်းသော သို့မဟုတ် အနီမှပန်းရောင်သမ်းသောအနီ သို့မဟုတ် လိမ္မော်ရောင်သမ်းသောအနီ ဖြစ်ပါသည်။
၂။ အညိုရောင် သို့မဟုတ် မီးခိုးရောင် ရောနှောဖုံးလွှမ်း၍ ညစ်ထေးထိုင်းမှိုင်း နေခြင်းမျိုးမရှိပါ။ ထို့ကြောင့် ကျောက်၏ အရောင်သည် ပြည့်ဝသန့်စင်သော အနီရောင်ဖြစ်ပါသည်။
၃။ အရောင်သည် သာမာန်အနီရောင်မဟုတ်ပဲ တောက်ပစိုပြေသည့် အနီရောင်ဖြစ်ပါသည်။
၎။ အကွက်ဖော်သွေးထားသော တာပလာကျောက်၏ မျက်နှာပြင် ခေါ် ပယ် ကို အပေါ်တည့်တည့်မှနေ၍ ကြည့်ပါက မျက်နှာပြင်ပေါ်တွင် အမည်းရိပ်၊ အမည်းကွက်ဖုံးလွှမ်းနေသော ဧရိယာသည် အနည်းငယ်သာပါရှိပြီး အနီရောင်တောက်ပနေသောဧရိယာသည် ၇၅ ရာခိုင်နှုံးထက် မနည်းရှိနေသည်ကို တွေ့ရှိရပါမည်။
၅။ အစဉ်အမြဲ နီရဲတောက်ပ၍ လှပပါသည်။

ရွှေတန်ဘိုးတွက်ချက်နည်း---------------------------(က) ရွှေအလေးချိန် ရွေးသား တန်ဘိုးတွက်ချက်လိုသော်~🔴ရွေးသား ÷ 128 × ၁ကျပ်သ...
22/04/2021

ရွှေတန်ဘိုးတွက်ချက်နည်း
---------------------------
(က) ရွှေအလေးချိန် ရွေးသား တန်ဘိုးတွက်ချက်လိုသော်~
🔴ရွေးသား ÷ 128 × ၁ကျပ်သားတန်ဘိုး = ကျသင့်ငွေ

(ခ) ရွှေအလေးချိန် ပဲသား တန်ဘိုးတွက်ချက်လိုသော်~
🔵ပဲသား ÷ 128 × ၁ကျပ်သားတန်ဘိုး = ကျသင့်ငွေ

(ဂ) ရွှေအလေးချိန် ပဲသားနှင့် ရွေးသား တန်ဘိုးတွက်ချက်လိုသော်~
🔶 ​ရွေး ÷ 8 + ပဲသား ÷ 16 × ၁ကျပ်သားတန်ဘိုး = ကျသင့်ငွေ

(ဃ) ရွှေအလေးချိန် ကျပ်သားနှင့် ရွေးသား တန်ဘိုးတွက်ချက်လိုသော်~
🔷 ​ရွေး ÷ 128 + ကျပ်သား × ၁ကျပ်သားတန်ဘိုး = ကျသင့်ငွေ

(င) ရွှေအလေးချိန် ကျပ်သားနှင့် ပဲသား တန်ဘိုးတွက်ချက်လိုသော်~
🔳ပဲသား ÷ 16 + ကျပ်သား × ၁ကျပ်သားတန်ဘိုး = ကျသင့်ငွေ

(စ) ရွှေအလေးချိန် ကျပ်သား၊ ပဲသားနှင့် ရွေးသား တန်ဘိုးတွက်ချက်လိုသော်~
🌐 ​ရွေး ÷ 8 + ပဲသား ÷ 16 + ကျပ်သား × ၁ကျပ်သားတန်ဘိုး = ကျသင့်ငွေ

U Win Maw
Golden Win Maw Gold & Silver Academy.
Ph: 09251037895

18 Nov 202011:23 A.Mအကယ်​ဒမီ အ​ခေါက်​​ရွှေ​ဈေးWe Buy: Ks-1,308,800/-We Sell: Ks-1,309,800/-World Gold Price: 1ozt = USD ...
18/11/2020

18 Nov 2020
11:23 A.M
အကယ်​ဒမီ အ​ခေါက်​​ရွှေ​ဈေး
We Buy: Ks-1,308,800/-
We Sell: Ks-1,309,800/-
World Gold Price: 1ozt = USD 1879.84
Money Changer Rate:
We Buy: Ks-1323/-
We Sell: Ks-1327/-

ရွှေအကြောင်း ဗဟုသုတလေးရစေချင်လို့ပါ။ရွှေအကြောင်း သိကောင်းစရာ ရွှေ (Gold)------------ ရွှေ၏ ဓါတုဗေဒ သင်္ကေတမှာ Au ဖြစ်ပြီး အက်တ...
17/11/2020

ရွှေအကြောင်း ဗဟုသုတလေးရစေချင်လို့ပါ။

ရွှေအကြောင်း သိကောင်းစရာ
ရွှေ (Gold)
------------
ရွှေ၏ ဓါတုဗေဒ သင်္ကေတမှာ Au ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) မှာ 79 ၊ အက်တမ်အလေးဆမှာ (atomic weight) မှာ 196.966569/197.3 တို့ဖြစ်ပါသည်။
ရွှေ၏ အရည်ပျော်မှတ် (melting point) မှာ 1337.33K/ 1064.18Cနှင့် ဆူပွက်အမှတ် (boiling point) မှာ 3243K/2970C ဖြစ်ပါသည်။
ဒြပ်စင်အမျိုးအစားမှာ transition metal ဖြစ်ပြီး အစိုင်အခဲ (solid) အသွင်ဖြင့်တွေ့ရှိရပါသည်။ ရွှေ၏ သိပ်သည်းဆ (density of gold) မှာ 19.0/19.2/19.32 (19.30 g per cm cu- near r.t) ဖြစ်ပြီး ပြည်တွင်းဖြစ် အခေါက်ရွှေတုံးများဖြစ်သော အကယ်ဒမီတံဆိပ်မှာ 19.27 နှင့် ဘသန်းတံဆိပ်မှာ 19.25 သိပ်သည်းဆများသာရှိကြပါသည်။
ရွှေ၏ အရောင်မှာ တောက်ပသောအဝါရောင်ဖြစ်ပြီး ချို၊ ဖန်၊ အေး ဟူသော အရသာသုံးပါးကို ပိုင်ဆိုင်ပါသည်။ ဓါတ်သဘောအရ မပျက်ဆီးသောဓါတ် ( နိဗ္ဗာန ) ဖြစ်ပြီး တော်ဝင်အက်ဆစ်များနှင့် ဓါတ်ပြုမှုမရှိသောကြောင့် တော်ဝင်သတ္တု ( royal metal) ဟု တင်စားခေါ်ဝေါ်ပါသည်။ ကမ္ဘာ့မြေလွှာတွင် ရွှေပါဝင်မှုနှုံးမှာ 1/10000000000 % ဖြစ်ပြီး အမာစကေး (moh scale) မှာ 2.5 - 3 ဖြစ်ပါသည်။
ကမ္ဘာ့ရွှေရောင်းဝယ်မှုတွင် ရွှေသန့်စင်မှုကို ဖော်ပြသော သင်္ကေတများမှာ 999.9/ 99.99/ 100%/ 24K (karat) / fine gold ဖြစ်ပြီး မြန်မာ့ရွှေရောင်းဝယ်မှုတွင် ဖော်ပြသောသင်္ကေတမှာ အခေါက်ရွှေ / မီးလင်းရွှေ/ ၁၆ ပဲရည်ရွှေ ဟူ၍ အသုံးပြု ကြပါသည်။

ရွှေသည် သလင်းကျောက် ( quartz) အမျိုးအစားဖြစ်ပြီး သံကလိုရိုဒ်၊ ကြေးကလိုရိုဒ်၊ သံဆာလဖိုဒ်၊ ကြေးဆာလဖိုဒ်များနှင့်တွဲ၍ တွေ့ရများပါသည်။ သဘာဝတွင်းထွက်ရွှေများတွင် ငွေ (silver)၊ ခဲ (lead) ၊ သွပ် ( zinc) ၊ ကြေး (copper)၊ သံ (iron) တို့နှင့် ရောနှောပါဝင်လျက်ရှိပါသည်။ ရွှေကို သလင်းကျောက်အတွင်းမြှုပ်နေသော အလွန်သေးငယ်သည့် အမှုန်များအဖြစ် တွေ့ရှိနိုင်သလို သဘာဝအတုံးငယ်များ (nugget) အဖြစ်လည်းတွေ့နိုင်ပါသည်။
ရွှေသည် အခြားသောသတ္တုများနှင့် နှိုင်းယှဉ်ကြည့်လျှင် ပိုပျော့ပြီး နန်းဆွဲနိုင်သောကြောင့် နန်းကြိုးဆွဲရန်အလွယ်ကူဆုံး သတ္တုဖြစ်ပါသည်။ အပူနှင့် လျှပ်ကူးသတ္တိအများဆုံးရှိသည့် သတ္တုဖြစ်ပါသည်။ ရွှေကို တော်ဝင်သတ္တု ( nobel metal) ဟုခေါ်ပြီး ဒြပ်စင်အဖြစ်သာတွေ့ရှိရပါသည်။

ရွှေသည် အခြားသောသတ္တုများနှင့် နှိုင်းယှဉ်ကြည့်လျှင် ပိုပျော့ပါသည်။ နန်းကြိုးဆွဲရန် အလွယ်ကူဆုံးသတ္တုဖြစ်ပြီး အပူနှင့် လျှပ်ကူးသတ္တိ အများဆုံးရှိသည့် သတ္တုဖြစ်ပါသည်။ ရွှေကို တော်ဝင်သတ္တု (Nobel metal) ဟုခေါ်ပြီး ဒြပ်စင်အဖြစ်သာ တွေ့ရှိရပါသည်။
ရွှေအစစ်ကို မည်သည့်အက်ဆစ် (acid)၊ အယ်ကာလီ (alkali) တစ်မျိုးတည်းဖြင့် ဓါတ်မပြုနိုင်ပါ။ ရွှေတွင်ရောစပ်နေသော သတ္တုဓါတ်များကို နိုက်တြစ်အက်ဆစ် (nitric acid) ခေါ် ဘော်စားငရဲမီးဖြင့် အပူပေး၍ ဓါတ်ပြုစေပါက ရွှေတွင်ရောစပ်နေသော အခြားသတ္တုဓါတ်များကိုသာ ဓါတ်ပြုစေ၍ ကြေပျက်ပျောက်ကွယ်စေပြီး ရွှေအစစ်သာ ကျန်ရှိသည်ကို တွေ့ရှိရပေမည်။ ရွှေကို တော်ဝင်အက်ဆစ် HCl+ HNO3 (nitric acid) 3:1 ဖြင့်သော်လည်းကောင်း၊ ဗေ့စ်ဂုဏ်ရှိ Dicromate ဖျော်ရည် NaCN + HNO3 (nitric acid) 1/4 : 3/4 ဖြင့်သော်လည်းကောင်း အရည်ပျော်စေနိုင်ပါသည်။
အခြားသတ္တုများမပါဝင်သောရွှေကို ဆီလီနစ်အက်ဆစ် (Selenic acid) ဖြင့် အရည်ပျော်စေနိုင်ပါသည်။

ရှေးခေတ်သုံး မြန်မာ့ရွှေအလေးချိန် ( က )
- - - - - - - - - - --- - - - - - - - - - - - - - -
၃၆ မရမာအဏုမြူ = အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၎ နှမ်းလုံး = ၁ ချင်ရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၅ မူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၁ ပို = ၁ ပိဿာ
၎ ပိဿာ = ၁ ကုလာ
၎ ကုလာ = ၁ ပုံ

ရှေးခေတ်သုံး မြန်မာ့ရွှေအလေးချိန် ( ခ )
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
၂ ရွေးလေး = ၁ ရွေးကြီး
၃ ရွေးကြီး = ၁ ပဲသား
၂ ပဲသား = ၁ မူးသား
၂ မူးသား = ၁ မတ်သား
၂ မတ်သား = ၁ ငါးမူးသား
၂ ငါးမူးသား = ၁ ကျပ်သား
၁ ကျပ်သား = ၁ ၂၀ ရွေးလေး
၁၀၀ ကျပ်သား= ၁ ပိဿာ
ယခုခေတ်သုံး မြန်မာ့ရွှေအလေးချိန်
- - - - - - - - - - - - - - - - - - - - - - - - - - -
၁ ကျပ်သား = ၁၆ ပဲသား
၁ ပဲသား = ၈ ရွေးသား ( used ygn)
= ၇ ရွေးတစ်ခြမ်း ( used mdy)
၁ ကျပ်သား = ၁၂၈ ရွေးသား ( used ygn)
= ၁၂၀ ရွေးသား ( used mdy)
ရွေးတန်ဘိုးမှာ ရန်ကုန် နှင့် မန္တလေး မတူသော်လည်း ချိန်တွယ်ရာတွင် အသုံးပြုသော အလေးများမှာ အတူတူပင်ဖြစ်ပါသည်။

Address

29 Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959422998800

Website

Alerts

Be the first to know and let us send you an email when Gold & Jewel Knowledge Bank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gold & Jewel Knowledge Bank:

Share