Best Choice Digital Marketing Services

Best Choice Digital Marketing Services သင့်ရဲ့အကောင်းဆုံးရွေးချယ်မှု့ Best Choice

19/09/2022

Fbရဲ့ဘိုးအေကြီး U ဇူဇူ ရဲ့ ကောင်းမှု့ကြောင့် Page လေးကျနေလို့ Best Choice ရဲ့ မိတ်ဟောင်းမိတ်သစ် ကာကာများ Page အသစ်လေးမှာဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်🙏🙏🙏
https://www.facebook.com/Best-Choice-Digital-Marketing-Services-A1-110757961769032/

Social media agency

Boost လုပ်တယ်ဆိုတာ Facebook ဘက်ကကိုယ်သုံးတဲ့ ဒေါ်လာ Amount ရယ် ကိုယ်ချိန်လိုက်တဲ့ Audience Size နဲ့ Target ထားတဲ့မြို့တွ...
29/08/2022

Boost လုပ်တယ်ဆိုတာ Facebook ဘက်ကကိုယ်သုံးတဲ့ ဒေါ်လာ Amount ရယ် ကိုယ်ချိန်လိုက်တဲ့ Audience Size နဲ့ Target ထားတဲ့မြို့တွေပေါ်ကို လူဘယ်နှစ်ယောက်ပြရမလဲဆိုတာ သတ်မှတ်ထားပြီးသားပါ Boost လုပ်တိုင်းစျေးရောင်းကောင်းတာမဟုတ်ပါဘူး။ကိုယ်တိုင်ကလည်း Market ရဲ့ သဘောတရားတွေဗျူဟာတွေကိုသိထားရပါမယ်။

Page Like ထည့်ခြင်း
ဒါကတော့ Facebook ဘက်ကတရား၀င်ခွင့်ပြုမထားပါဘူး။ဒါပေမဲ့လည်း ထည့်ကြပါတယ် ဘယ်လိုလူတွေထည့်ကြတာလဲ??? တစ်ခါတစ်လေ ကျတော်တို့ကိုယ်တိုင်က Facebook ရဲ့ Policy တွေကို မသိလို့ဖြစ်စေ Facebook ဘက်က Error ကြောင့်ဖြစ်စေ Page တွေခဏခဏကျတတ်ပါတယ် အဲ့မှာကိုယ့်ဒေါ်လာတွေ အများကြီးသုံးပီးအချိန်ယူခဲ့ရတဲ့ Page တစ်ခုက အပိတ်ခံရတဲ့အခါ တော်တော်စိတ်ပျက်စရာကောင်းပါတယ် ဒါကြောင့်နောက်ပိုင်းမှာ တစ်ချို့လုပ်ငန်းရှင်တွေက Customer တွေရဲ့ ယုံကြည်မှုလည်းရ၊တစ်ဖက်မှာလည်းအချိန်ငွေကုန်သက်သာစေဖို့အတွက် Page အသစ်တွေဖွင့်ပြီး Like တွေထည့်ကြတာပါပဲ။

Page Promote
Page Promote က‌တော့ ကိုယ့်ရဲ့ Page ကို Real Customer တွေကပေးတဲ့ Likeတိုးအောင် Facebook ဘက်ကို ဒေါ်လာပေးပြီး Boost လုပ်နည်းတစ်မျိုးပါပဲ
ဘာတွေကောင်းလဲ???
Policy ငြိနိုင်တဲ့ Page တေွကPage​ Promote များများလုပ်သင့်ပါတယ်တစ်ပတ်ကို တစ်ကြိမ်လောက်ဆိုပိုကောင်းပါတယ် People Reach တွေလဲကောင်းလာမယ် တော်ရုံလွယ်လွယ်နဲ့ Page မကျနိုင်တော့ဘူး ကျခဲ့ရင်လည်း Real Customer တွေများတာကြောင့် Boost လုပ်စရာမလိုဘဲနဲ့ ကိုယ့်လုပ်ငန်းက လည်ပတ်နေမှာပါ Post တွေကို Message,Engagement,Call,Video တွေနဲ့ Boost တာတွေ Live Sale လွှင့်တဲ့အခါတွေမှာ Page Promoteနဲ့ Engagementအားကောင်းတဲ့ Page က သိသိသာသာ Viewer တွေများသလို Message အ၀င်နှုန်းနဲ့တွေလည်းသိသာပါတယ်။ Page Promote ဆိုတာကတော့ Long time plan ဖြစ်တဲ့အတွက် ငွေကိုအရင်သုံးထားနိုင်မှ ပိုအဆင်ပြေမှာပါ။

Engagement
Engagement ကတော့ ကိုယ်တင်လိုက်တဲ့ Post တွေကို Like,Share,Coment များစေတာပါ ဘယ်လိုလူတွေအသုံးများလဲဆိုတော့ Cele ဖြစ်ချင်တဲ့ သူတွေ Knowledge Sharing Page တွေပါ။လူတွေကို ပိုပြီးပြပေးပါတယ်။Pageအတွက်လည်း ဆားလိုပါပဲ သူမပါရင် အရသာမကောင်းနိူင်ပါဘူး Page မှာ Engagement အားနည်းရင်Page Quality နဲ့ Message မှာ သွားအားနည်းပါတယ်။Message နဲ့ Boost မှ စျေးရောင်းရတာမဟုတ်ပါဘူး Comment မှာ လာမန့်တဲ့သူတွေကိုလည်းအချိန်မှီလေး Reply ပြန်ပေးခြင်း Care လုပ်ခြင်းကလည်းဖောက်သည်တွေကို တိုးစေပါတယ်။Message နဲ့ အမြဲမ Boost ဘဲ Engagementလေးပါမကြာမကြာတွဲပြီး Boost ပေးကြည့်ပါ သိသာလာမှာပါ။

Message
Message ကတော့ လူတိုင်းနီးပါး Boost ကြပါတယ် ဘာလို့လဲဆိုတော့❓စျေးရောင်းရချင်လို့ပါတဲ့👍 ဟုတ်ပါတယ် Message ၀င်လာပြီဆိုကတည်းက ကိုယ့်ပစ္စည်းကို 50% ၀ယ်ဖို့သေချာနေပါပြီ အချိန်မှီလေး Reply ပြန်ပေး Care လုပ်ပေးတာက သေချာပေါက် ၀ယ်သူကိုစိတ်ကျေနပ်မှုပေးနိုင်ပြီးရောင်းရဖို့ကပိုသေချာပါတယ် Message တွေအ၀င်များဖို့ဆိုတာက‌တော့ အပေါ်မှာပြောထားတဲ့ Page Promote တို့ Engagement တို့လည်းအားကောင်းဖို့တော့လိုပါတယ် သူ့ချည်းပဲ အမြဲ Boost နေလည်းအဆင်မပြေပါဘူးနော်။
နောက်ထပ်လဲ Phone Call တွေ Get more Video view တွေနဲ့ Boost တာတွေလည်းရှိပါသေးတယ်နော် အများစုကတော့ ဒီ၃မျိုးကိုပဲ အသုံးများကြပါတယ်။
နောက်ထပ် Digital Marketing နဲ့ သက်ဆိုင်တဲ့အကြောင်းအရာများကိုလည်း‌‌ဝေမျှပေးသွားမှာဖြစ်လို့ Page ကို Like & Follow လုပ်ထားပေးပါအုံးနော်။🙏🙏🙏


ချစ်လှစွာသော Best Choice ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များသို့ 29.8.2022 တွင် UAB Bankရဲ့ VISA exchange range လေးကတော့...
29/08/2022

ချစ်လှစွာသော Best Choice ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များသို့ 29.8.2022 တွင် UAB Bank
ရဲ့ VISA exchange range လေးကတော့
2106+50%= 3159 (MMK) သို့ဖြစ်ပါ၍
နေ့စဥ် ဒေါ်လာစျေး အတက်အကျပေါ်မှုတည်ပီး
စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်။🙏🙏🙏

ဒေါ်လာစျေးတွေတတ်နေပေမဲ့လည်းမိမိလုပ်ငန်းကတော့ ရပ်ထားလို့မရပါဘူးBest Choice မှာ Boost Service လက်ခံဆောင်ရွက်ပေးနေပါပြီ🙏🙏🙏B...
28/08/2022

ဒေါ်လာစျေးတွေတတ်နေပေမဲ့လည်း
မိမိလုပ်ငန်းကတော့ ရပ်ထားလို့မရပါဘူး
Best Choice မှာ Boost Service လက်ခံဆောင်ရွက်ပေးနေပါပြီ🙏🙏🙏
Best Choice မှဗဟုသုတရစေမဲ့
အကြောင်းအရာများနှင့်
Promotion အစီစဥ်များကိုလည်း လက်မလွှတ်စေဖို့
Pageကိုlike & follow လုပ်ထားပေးပါနော် 🤗😍😘


Boost လုပ်တာ $  တွေသာကုန်နေပီး ထင်သလောက် ခရီးမပေါက်မှာကို အခုထိ စိတ်ပူနေတုန်းဘဲလား ❓❓❓ Best Choice နဲ့ လက်တွဲကြည့်လိုက်ပ...
25/08/2022

Boost လုပ်တာ $ တွေသာကုန်နေပီး ထင်သလောက် ခရီးမပေါက်မှာကို အခုထိ စိတ်ပူနေတုန်းဘဲလား ❓❓❓
Best Choice နဲ့ လက်တွဲကြည့်လိုက်ပါ🤝🤝


အိုင်ဒီယာကို သဘော ကျလို့ ပါ 👍👍👍=======================အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။အဲဒီ အက္ခ...
25/08/2022

အိုင်ဒီယာကို သဘော ကျလို့ ပါ 👍👍👍
=======================

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။
အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,F=6, G=7, H=8, I=9, J=10,K=11, L=12, M=13, N=14, O=15P=16, Q=17, R=18, S=19, T=20 U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။

၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5=96%
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၄။ ကံတရား (Luck)
L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)
M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။

ဒါဆိုရင်....

၆။ခေါင်းဆောင်မှုအရည်အသွေး(Leadership)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 =89%
ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကိုစိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။

ဟုတ်ပြီ . . .စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)
A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %ရပါပြီ . . . ။
ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့စိတ်နေစိတ်ထားပါပဲ။

“Attitude is everything ” လို့ ဆိုပါတယ်။

ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့
ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။

အခု အဖြေကို သိရပါပြီ။


"အောင်မြင်မှုကိုအချိန်ကြာကြာထိန်းထားနိုင်ဖို့ အဆိုးမြင်စိတ်ကို လျှော့ချပေးပါ”ကျွန်တော်တို့ Digital Platform ပေါ်လျှောက်န...
25/08/2022

"အောင်မြင်မှုကိုအချိန်ကြာကြာထိန်းထားနိုင်ဖို့ အဆိုးမြင်စိတ်ကို လျှော့ချပေးပါ”

ကျွန်တော်တို့ Digital Platform ပေါ်လျှောက်နေကြတဲ့သူအချင်းချင်းဖြစ်တတ်ကြတဲ့သဘောလေးကို မှီငြမ်းပီးပြောချင်ပါတယ်။ အခုခေတ်လူတော်တော်များများက အွန်လိုင်းပေါ်မှာ နာမည်ကြီးဖို့အတွက် တစ်ယောက်ယောက်ကိုနင်းချေပြီးတတ်ချင်ကြတယ်။ ကိုယ်နာမည်ကြီးဖို့အတွက် လူတစ်ယောက်ရဲ့သိက္ခာကိုတော့ငဲ့ကွက်ပေးရပါမယ်။တချို့လူငယ်တွေက တအားတော်ကြပါတယ်။နည်းပညာလိုက်စားမှုတွေ တအားထူးချွန်ကြပါတယ်။တစ်နည်းပြောရရင်လက်ရုံးရည်နဲ့ပြည့်စုံတယ်ပေါ့ဗျာ၊ဒါပေမဲ့ နှလုံးရည်လည်းပြည့်ဝဖို့လည်းလိုအပ်ပါတယ်။အခုပြောမှာကတော့ ကိုယ်ရေးထားတဲ့ Content တွေကို Copy ကူးချရာကနေပြသနာတွေစကြပါတယ်။ကိုယ်သေချာပုံဖော်ပြီးရေးထားတဲ့ Content တွေကို ကူးချခံရတာ စိတ်တိုစရာကောင်းပါတယ်။တစ်ဖက်အပြုသဘောကပြန်ကြည့်ရင်လည်းကိုယ်အောင်မြင်လာတယ်လို့တွေးပြီးဝမ်းသာရမှာပါ။ ဘာလို့လဲဆိုတော့ ဒီ Content တွေက ဘယ်Page မှာ ဘယ်အချိန်မှာ ဘယ်သူအရင်တင်ထားလဲဆိုတာ စာဖတ်သူတိုင်းနားလည်ပါတယ်။အထွေအထူးရှင်းပြစရာမလိုပါဘူး။ ဒါပေမဲ့တစ်ဖက်ကို လိုတာထက်ပိုပြောမိရင် ကိုယ့်ဘက်ကသဘောထားသေးသိမ်ကြောင်းကိုဖော်ပြရာ‌ရောက်ပါတယ်။ကိုယ့်အောင်မြင်မှုကို ကိုယ်တိုင်ရိုက်ချိုးလိုက်တာပါ။မြန်မာနိုင်ငံမှာ Copy ဆိုတာအခုကတည်းကရှိခဲ့တာမဟုတ်ပါဘူး ကျတော်တို့ အဖေ အမေတွေခေတ်ထဲက နိုင်ငံခြားသံစဉ်တွေကို ကူးယူသီဆိုခဲ့တာတွေလည်း ဒုနဲ့‌ဒေးရှိပါတယ်။ နောက်တစ်ခု မူပိုင်ခွင့် Digital လမ်းကြောင်းပေါ်မှာ လုပ်နေကြတဲ့သူတော်တော်များများကတော့ ကျနော်တို့ရဲ့ ဝင်ငွေ၊အမြတ်ငွေတွေ လုပ်ငန်းစတာတွေကို အခွန်‌မဆောင်တဲ့သူတွေက တော်တော်များပါတယ်။ ကျတော်က မီးခြစ်တစ်လုံးဆိုပါတော့ လောင်စာတွေကောင်းတဲ့ထင်းပုံကြီးက ကျတော့်ဆီကနေမီးကိုယူပြီး ကျတော့်ထက်ပိုကောင်းတဲ့ မီးတောက်ကြီးတစ်ခုအဖြစ် ဖန်တီးနိုင်ပါတယ်။ဒါကို အကောင်းမြင်ပေးပြီးဝမ်းသာရမှာပါ ကမ္ဘာပေါ်ကစစ်တပ်တိုင်းမှာ သေနတ်ကို အသုံးပြုကြပါတယ်။ဒါပေမဲ့ သေနတ်ကိုတီထွင်ခဲ့တဲ့ သူ အဲ့နိုင်ငံကပဲသေနတ်ကိုအသုံးပြုရမယ်လို့မဆိုလိုပါဘူး။တစ်ချို့အရာတွေက ကိုယ်ထိန်းချုပ်လို့မရတဲ့ သဘောလေးတွေရှိပါတယ်။ကျတော်ဟိုရက်ကဖတ်လိုက်ရတဲ့စာတစ်ပိုဒ်ကိုသွားသတိရမိပါတယ်
တစ်ချို့လူတွေက ဒေါသကိုထွက်လို့ရတဲ့သူအပေါ်မှာဘဲထွက်ကြတာပါ။ ဘာနဲ့ဉပမာပေးလဲဆိုတော့ ကိုယ်နဲ့ဂုဏ်ရည်တူ၊ကိုယ့်ထက်ချမ်းသာတဲ့ သူ‌ဌေးကြီးတစ်ယောက်က ကို့ပေါ်မတော်တဆ ကော်ဖီခွက်မှောက်ကျရင် ရယ်တယ် ပြသနာမရှိပါဘူးဆိုပြီး ပြုံးပြပြီးတော့ စားသောက်ဆိုင်က ဝိတ်တာတစ်ယောက်ကမတော်တဆမှောက်ခဲ့ရင်တော့ ဆဲဆိုကြီမ်းမောင်းပြီး ပြသနာရှာ ပါဝါပြတတ်ကြပါတယ်ဆိုတဲ့အရာလေးပါပဲ တစ်ဖက်လူကို အရှက်ခွဲရလောက်တဲ့အထိ အ​ြပ​စ်မကြီးဘူးလို့ ကျနော်မြင်ပါတယ်။ ကျတော့် Page မှာတင်ထားတဲ့အကြောင်းအရာတွေကို ကူးယူခွင့်မပြုလို့ ဘယ်တုန်းကမှ မဖော်ပြထားပါဘူး။တိုက်ရိုက် Copy ယူတာကတော့ နားလည်မှုရှိတဲ့သူကတော့ Crd by original owner တို့ ဘယ်Page မှကူးယူဖော်ပြသည်တို့တော့ ရေးတတ်ကြပါတယ်၊မရေးလဲပြသနာမရှိပါဘူး။ ကိုယ့်ရဲ့ Goals က အစကတည်းက ကိုယ်သိထားတဲ့အကြောင်းအရာတွေကို မျှဝေဖို့ပဲလေ ပေါက်စီရောင်းတဲ့တရုတ်တွေများလာတော့ တရုတ်တန်းဖြစ်လာပြီး ဒံပေါက်ရောင်းတဲ့ကုလားတွေများလာရင်တော့ ကုလားတန်းဖြစ်လာမှာပဲလေ ယှဉ်ပြိုင်မှုတွေများလာလေလေ အရည်အချင်းတွေ ပိုတိုးလာစေပါတယ်👍 ကျတော်တို့လူမျိုးတွေက အောင်မြင်လာရင် ဒေါသတွေက အရင်ကထက် ပိုကြီးလာတတ်ပါတယ် ဒါဟာ ကိုယ့်လုပ်ငန်းရဲ့ အကျဘက်ကို ကိုယ်တိုင် ဆွဲခေါ်ရာ ရောက်တယ်ဆိုတာ လုပ်ငန်းရှင်တိုင်းသတိထားသင့်တဲ့ အချက်ပါဘဲ👌👌

ကဲ နောက်တပတ်မှ ပြန်ဆုံကြမယ်နော် အားလုံးစီးပွားရေးတွေ တိုးတတ်အောင်မြင်ကြပါစေ။

Profile Page Editor Role ပေးနည်းလေးပါခင်ဗျ🙏🙏🙏မသိတာ အဆင်မပြေတာရှိရင် အချိန်မရွေးလာမေးနိုင်ပါတယ်ခင်ဗျ🙏Best Choice ရဲ့ မိတ်...
24/08/2022

Profile Page
Editor Role ပေးနည်းလေးပါခင်ဗျ🙏🙏🙏
မသိတာ အဆင်မပြေတာရှိရင် အချိန်မရွေး
လာမေးနိုင်ပါတယ်ခင်ဗျ🙏
Best Choice ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များ စီးပွား ဒီရေအလားတိုးတတ်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်🙏🙏🙏



Classic PageEditor Role ပေးနည်းလေးပါခင်ဗျ🙏🙏🙏မသိတာ အဆင်မပြေတာရှိရင် အချိန်မရွေးလာမေးနိုင်ပါတယ်ခင်ဗျ🙏Best Choice ရဲ့ မိတ်ဟ...
24/08/2022

Classic Page
Editor Role ပေးနည်းလေးပါခင်ဗျ🙏🙏🙏
မသိတာ အဆင်မပြေတာရှိရင် အချိန်မရွေး
လာမေးနိုင်ပါတယ်ခင်ဗျ🙏
Best Choice ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များ စီးပွား ဒီရေအလားတိုးတတ်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်🙏🙏🙏



“မိမိအကောင့်၊ Page တွေကို မ (Hack) ခံရအောင် ဘာတွေသိထားသင့်သလဲ???”Online ကို အသုံးပြုနေတဲ့ လူကြီးမင်းတို့ မအားလပ်လို့ပဲဖြ...
27/07/2022

“မိမိအကောင့်၊ Page တွေကို မ (Hack) ခံရအောင် ဘာတွေသိထားသင့်သလဲ???”

Online ကို အသုံးပြုနေတဲ့ လူကြီးမင်းတို့ မအားလပ်လို့ပဲဖြစ်ဖြစ် သတိမထားမိလို့ မဖတ်မိလိုက်တာပဲဖြစ်ဖြစ် Page နဲ့မသတ်ဆိုင်ပေမဲ့လည်း ကျွန်တော်သိသလောက် Knowledge လေးကို ပညာဒါနအနေနဲ့ မျှဝေပေးခြင်းဖြစ်ပါတယ်။လိုအပ်ချက်များရှိခဲ့ရင်လည်း မျှဝေကူညီခြင်းဖြင့် လမ်းညွှန်နိုင်ပါသည်။

1. Facebook Recovery
ကျသွားတဲ့ Facebook Account တွေ Gmail Account တွေကို ပြန်လည်ဆယ်ယူခြင်း

2. Facebook Phishing
Game တွေမှာ Diamond Free တွေရမယ် ဆိုတဲ့ Link တွေ၊ Facebook User တွေ OS သမားတွေနဲ့ ရုံးလုပ်ငန်းသမားတွေရဲ့ Gmail ထဲကို Lucky Draw ပေါက်တဲ့ပုံစံမျိုး ရောက်လာတဲ့ Link တွေ၊ Message တွေကို မသိဘဲ မိမိ Gmail Account ဖြင့် Login ဝင်မိတဲ့အခါ မျိုး၊ ဒီဆော့ဝဲလ်လေးကို Down လိုက်ပါ ပြီးရင်ဘယ်လိုဖွင့်လိုက်ပါဆိုတာတွေက မိမိဖုန်းထဲရှိ Facebook Account ၊Bank အချက်အလက်များသာမက ဖုန်းတစ်ခုလုံးကိုပါ ထိန်းချုပ်သွားနိုင်ပါတယ်။

3. Password Guessing
ကိုယ့် Facebook ရဲ့ Password ကိုအရမ်းလွယ်ကူမဲ့ဟာမျိုး မပေးမိစေနဲ့ အပျင်းပြေလက်ဆော့တဲ့ Hacker နဲ့တွေ့ရင်ပါသွားနိုင်ပါတယ်(ဉပမာ Facebook Account ဖွင့်တဲ့ ဖုန်းနံပါတ်ကို Password ပြန်ထားတာ၊123456၊ 000000၊111111 စတာတွေထက် အင်္ဂလိပ် အက္ခရာ အကြီးအသေးတွေ ကိန်းဂဏန်းတွေ $!? # တွေနဲ့ ရောထားတာပိုကောင်းပါတယ်။

4. Man In The Middle (Public Wifi )
လက်ဖက်ရည်ဆိုင်၊ဘီယာဆိုင်၊ လေဆိပ် ဘူတာရုံတွေက Free Wifi တွေသုံးနေချိန် Hacker တစ်ယောက်သာရှိနေခဲ့ရင် User အချင်းချင်းလည်း Information တွေကို အပြန်အလှန်ကြည့်လို့ရတဲ့ အနေအထားကို‌ရောက်သွားနိုင်ပါတယ်၊(ဉပမာ-ကွင်းပြင်ထဲမှာ ခင်ဗျားက လူတစ်ယောက်ကို မုန့်ထုတ်ပစ်ပေးနေစဉ် ကြားထဲကတစ်စုံတစ်ယောက်က ဖြတ်လုသွားနိုင်သလို Data တွေပါသွားနိုင်ပါတယ် အဲ့လိုပါပဲ ကျွန်တော်တို့ရဲ့ Data တွေ Password တွေက Gmail Center ကိုမရောက်ခင် Hackerတစ်ယောက်က ကြားထဲကနေ လုယူသွားနိူင်ပါတယ်၊အဲ့ဒါတွေကိုကာကွယ်ဖို့ Kpay နဲ့ Wavemoney တို့ဆိုရင် Level2 ကျရင် ကျွန်တော်တို့ရဲ့ မှတ်ပုံ‌တင်တွေ အချက်အလက်တွေကအစ ထည့်ရပါတယ် တစ်စုံတစ်ယောက်က ဖုန်းဆင်းကတ်ရသွားရင်တောင် ကုတ်ရိုက်ထည့်ပြီးပါမသွားအောင် ကာကွယ်ပေးထားပါတယ်

5. Defacement
ဆိုတာ ကိုယ်တတ်ကျွမ်းထားတဲ့ Hacker စကေးတွေကိုချပြခြင်းဖြစ်ပါတယ်(ဉပမာ- Facebook.com ကိုသွားလိုက်ရင် Facebook.com မှာ Login ဝင်တဲ့နေရာကိုမတွေ့တော့ဘဲ Help by…ဘာညာကွိကွတွေပဲတွေ့ရတော့တာဖြစ်ပါတယ်

6. Ddos Attack
ကတော့ ကျွန်တော်ကဖျားနေလို့ ဆေးဆိုင်တစ်ဆိုင်ကိုသွားပြီးဆေးသွားဝယ်ချင်ပေမဲ့ လူတစ်ချို့က အဲ့ဆေးဆိုင်ကဆေးကိုမရောင်းစေချင်လို့ လူအယောက်တစ်ရာလောက်လွှတ်ပြီး ဟိုဆေးမေးလိုက် ဒီဆေးမေးလိုက်နဲ့ဆိုတော့ တကယ်ဝယ်မဲ့သူက အဲ့ဆေးဆိုင်ကိုတိုးလို့ကိုမရတော့ပါဘူး ပြီးတော့ အဲ့ဆေးဆိုင်ပိုင်ရှင်ကလဲ ဘာမှမရောင်းရဘဲ အချိန်ကုန်တာပဲ အဖက်တင်ပါတယ် Ddos Attack
ဆိုတာ အဲ့သဘောမျိုးပါပဲ ‌နှောက်ယှက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်

7. Location Track
ကိုကာကွယ်ဖို့ကလဲကျွန်တော်တို့မသိ စိတ်မချရတဲ့ Software တွေ VPN တွေကိုလဲ Permission မပေးမိပါစေနဲ့

8. Juice Jacking
ကလည်း (USB ) Stick တွေ Fast Free Charging ဆိုပြီး အခမဲ့ အားသွင်းနိုင်တဲ့ ဖုန်းအားသွင်းကြိုးတွေမှာလည်း Hacker တွေက သူတို့ရဲ့ Tool တွေကိုထည့်ရေးထားရင် Hack ခံရနိုင်ပါတယ်။

ကဲ အခုလောက်ဆိုရင် (Best Choice) ရဲ့ ချစ်လှစွာသော ကာကာတွေလည်း မိမိတို့ရဲ့ ဖုန်း၊အကောင့်တွေကို Hack ခံရခြင်းမှ ကာကွယ်နိုင်ပါစေနော်။🙏🙏🙏

မင်မင်ဒီနေ့တင်မဲ့အကြောင်းက‌တော့ ကာကာတွေ Boost လုပ်ပြီး ရောင်းအားမကောင်းတာ ဘာကြောင့်လဲ???Boost လုပ်တယ်ဆိုတာကို တချို့ကာကာ...
22/07/2022

မင်မင်ဒီနေ့တင်မဲ့အကြောင်းက‌တော့ ကာကာတွေ Boost လုပ်ပြီး ရောင်းအားမကောင်းတာ ဘာကြောင့်လဲ???

Boost လုပ်တယ်ဆိုတာကို တချို့ကာကာတွေ သိထားတာက စျေးရောင်းချင်လို့၊ စျေးရောင်းရဖို့ လုပ်တယ်လို့ သိထားကြတယ်။ မင်မင်ကတော့ ပြောချင်ပါတယ် အဖြေကတော့(No)ပါလို့ why???

မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်းတွေကို လက်မလည်အောင်ရောင်းရဖို့အတွက် လိုအပ်တဲ့ Strategies တွေထဲမှာ Boosting Service ကလည်း ဟင်းတစ်ခွက်မှာဆားတစ်စက်လို မရှိမဖြစ် လိုအပ်ပါတယ်ခင်ဗျာ ဒါပေမဲ့လည်း Boost လုပ်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ Product ကို Facebook က ကူရောင်းပေးတာမဟုတ်ပါဘူးနော် ကျွန်တော်တို့သုံးတဲ့ $ နဲ့ ညီမျှတဲ့ လူတွေဆီကို ပို့ပေးပြပေးတာပါ ( ဟုတ်ပြီဒါက Facebook ကလုပ်ဆောင်တဲ့အပိုင်း)

1- ကိုယ်တွေဘက်ကရောဘာတွေလုပ်ဆောင်ဖို့လိုလဲ???
ကိုယ်ရောင်းမဲ့ Product ကဘာလဲ၊ လူတန်းစားမရွေးသုံးနိုင်တဲ့ပစ္စည်းလား၊ လူချမ်းသာတွေအတွက်လား၊ အစားအသောက်လား ..etc..
(Target Audience )ဘယ်လိုလူတွေကိုရောင်းမှာလဲ ???
Audience ကောင်းကောင်းရွေးပေးဖို့က မင်မင်တာဝန်ထား👌

2- Marketing ကိုယ့်ရဲ့လုပ်ငန်းတူတွေရဲ့အားနည်းချက်၊အားသာချက် သူတို့တွေဘယ်လို‌ရောင်း‌နေလဲ၊ဘယ်လိုပုံစံနဲ့ Business ကိုသွားနေလဲ မျက်ခြေမပျက်စေနဲ့ ကိုယ့် Businessကရောဘယ်လိုပုံစံနဲ့သွားနေလဲ သုံးသပ်ပါ ကိုယ့်လုပ်ငန်းရဲ့ Goal ကရောဘာလဲ Profit ကိုဦးတည်နေလား / Success (going to achieve) လားကိုယ့်ဘာသာကိုဆုံးဖြတ်.... စီးပွားရေးလုပ်ငန်းရှင်တိုင်း Profit လိုချင်လို့လုပ်ကြတာချည်းပဲ ဒါပေမဲ့ အမြတ်နည်းနည်းယူပြီး လုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲအောင်လုပ်မလား( ငန်းမကြီးရဲ့၁ရက်၁လုံးဉပေးနေတဲ့ရွှေဉကြီးကိုယူမလား၊ငန်းမကြီးဗိုက်ထဲကရွှေဉအများကြီးကိုရချင်တာလား ကိုယ့်ဘာသာစဉ်းစား)ပြီးမှ ရွှေခွက်ကြီးမရလိုက်တဲ့ရွဲကုန်သည်လိုရင်ကွဲနာမကျနဲ့ 💔 💔

3- Promotion ကိုယ့်အမြတ်ထဲကနေ ကိုယ့် Customer တွေကိုဘယ်လိုပုံစံ/ဘယ်လို Promotion မျိုးနဲ့အမြတ်တွေကို ခွဲပေးမလဲ ကိုယ့်ကုန်ပစ္စည်းကို Customer တွေရဲ့စိတ်ထဲမှာပေးရတဲ့စျေးနဲ့တန်အောင်ဘယ်လိုအရည်အသွေးတွေမြှင့်မလဲ

4- Content အရေးအသား ကောင်မလေးတစ်ယောက်ကို (ဟိတ်နင့်ကိုငါချစ်တယ်၊ငါ့ကိုနင်ပြန်ချစ်မလားလို့မေးမလား) ကိုယ့်အချစ်ကို သူဘက်ကအသိမှတ်ပြုဖို့ ကဗျာတွေ စာတွေဖွဲ့ပြီး ဘယ်လိုပုံစံ ဘယ်လိုဗျူဟာတွေနဲ့ Purpose လုပ်မလဲ ဆွဲဆောင်မလဲ???😉😉

5- Customer Care ကိုယ့်ချစ်သူက ဂရုစိုက်မှု့ပေးတဲ့ကောင်မလေးဆို ​ေပျာ်ရွှင်ကျေနပ်မှုရှိသလဲ အဲ့လိုပဲ ကိုယ့် Client တွေကလဲ ကိုယ့်ရဲ့နွေးထွေးပျူငှာမှုကို သူတို့တောင့်တတယ်
အဲ့အချက်တွေပေါ်မှာမူတည်ပြီးတော့လည်း Boost တာချင်းတူတူ ထိရောက်မှု သက်ရောက်မှုတွေကွာသွားတာပါပဲ
မင်မင်တစ်ခါကြုံဖူးတယ် Boost လုပ်ထားတယ် ရောင်းရတဲ့အမြတ်က Boost ဖိုးတောင်မရဘူးဆိုပြီးရန်တွေ့တာခံရဖူးတယ် စီးပွားရေးဆိုတာ အရှုံး(သို့မဟုတ်)အမြတ်ဆိုတာရှိတယ် ကိုယ်ဘာလိုနေလဲ မသုံးသပ်ဘူး ရှုံးမှာကြောက်ရင်စီးပွားရေးမလုပ်ပါနဲ့လို့တော့အကြံပြုပါရစေ🙏🙏🙏

အောင်မြင်တဲ့လူတိုင်းကတော့ကျရှုံးဖူးတယ် ကျရှုံးဖူးတဲ့လူတိုင်းကတော့မအောင်မြင်ပါဘူး👍 လဲကျတိုင်းပြန်မထတော့ဘူးဆိုရင် ဘယ်ကလေးမှလမ်းလျှောက်တတ်မှာမဟုတ်တော့ဘူး🚶‍♀️

မင်မင်ကတော့ ကျေးဇူးရှင် ကာကာတွေကို အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်ဖို့ အလန်းစား Target တွေ Audience တွေနဲ့ ဝန်ဆောင်မှုပေးဖို့ကတော့ မင်မင်ဘက်ကတာဝန်ယူပါရစေနော်👌
နောက်တစ်ပတ်မှာလဲ မင်မင်ရေးမဲ့အကြောင်းအရာကတော့ Boost လုပ်နည်းဘယ်နှစ်မျိုးရှိလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်လို့ Page လေးကို Like & Follow လေးလုပ်ထားလို့ရတယ်နော်

Address

Bahan
Yangon

Website

Alerts

Be the first to know and let us send you an email when Best Choice Digital Marketing Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Best Choice Digital Marketing Services:

Share