10/04/2025
ဖုန်း message တွေထဲ နံပါတ်မျိုးစုံနဲ့ ဂိမ်းပေါင်းစုံရော ပုံတွေထဲကလို လင့်ခ် (l i n k) တွေရော ဝင်လာတာတွေကို မနှိပ်ကြနဲ့နော် ...
ဖုန်းကိုထိန်းချုပ်မယ်... ပြီးရင် ငွေအကုန်ထုတ်သွားမယ် ...
ကျားဖြန့်တွေက နည်းပေါင်းစုံနဲ့ လိမ်ဖို့ကြိုးစားနေကြတာမို့ (l i n k) တွေကို မနှိပ်မိဖို့ အထူးသတိထားပါ။
ထပ်ပြီးဖြစ်တတ်တာက မိမိ Facebook Friend ဖြစ်ထားသူက Messenger ကပို့တယ်ဆိုတော့ သတိလက်လွတ်ဖြစ်ပြီး လင့်ခ်တွေကို ဝင်မိတတ်ပါတယ်။
တကယ်တော့ ကိုယ့်သူငယ်ချင်းအကောင့်က ဟတ်ခ်ခံထားရပြီး သူငယ်ချင်းပို့သလိုမျိုးနဲ့ ပို့တာမှာ အကောင့်များစွာ ထပ်ပြီးပါကုန်ကြတာမျိုး ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် ပုံမှန်အချင်းချင်းပို့နေကျ Facebook, Tiktok လင့်ခ်တွေလိုမျိုးမဟုတ်ဘဲ ပုံစံကွဲပြားနေတဲ့ လင့်ခ်တွေကို မဝင်မိကြဖို့ပါပဲ။