Thutaw Shwe Yitt Distribution

Thutaw Shwe Yitt Distribution ပြည်​တွင်းထုတ်​ကုန်​များကို ၀ယ်​ယ

Thutaw Shwe Yitt Distribution သူတော်ရွှေရစ်ဖြန့်ချီရေး လုပ်ငန်းစုမှ 2နှစ်       ကျော်ကြာ ရပ်နားထားသော လုပ်ငန်းစဉ်များ၊ထု...
15/12/2024

Thutaw Shwe Yitt Distribution

သူတော်ရွှေရစ်ဖြန့်ချီရေး လုပ်ငန်းစုမှ 2နှစ် ကျော်ကြာ ရပ်နားထားသော လုပ်ငန်းစဉ်များ၊
ထုတ်ကုန်များ ကို လာမည့် 2025 ခုနှစ်အတွင်း
အသစ်ပြန်လည်စတင် နိုင်ရန် ထိုင်း၊မြန်မာ
နှစ်နိုင်ငံအတွင်း ကိုယ်စားလှယ်များ စတင်ကြိုးစား နေပြီ ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် သူတော်ရွှေရစ်
ဖြန့်ချီရေးလုပ်ငန်းစု မိတ်ဟောင်းမိတ်သစ်များ
အားလုံး လှိုက်လှဲစွာကြိုဆိုပါကြောင်း
သူတော်ရွှေရစ် Admin team မှ ဖိတ်ခေါ်လိုက်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Admin team

ဝယ်သူက “ဈေးများတယ်နော်လို့” ပြောလာတဲ့အခါ  #ဖြေရှင်းနိုင်မယ့်နည်းလမ်း(၄)ခုအရောင်းသမားတွေ အနေနဲ့ ဝယ်သူတွေက ဈေးနှုန်းနဲ့ပတ်...
07/10/2022

ဝယ်သူက “ဈေးများတယ်နော်လို့” ပြောလာတဲ့အခါ #ဖြေရှင်းနိုင်မယ့်နည်းလမ်း(၄)ခု

အရောင်းသမားတွေ အနေနဲ့ ဝယ်သူတွေက ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ ဈေးကြီးတယ်၊ ဈေးများတယ် စသည်ဖြင့် ပြောလာတဲ့အခါ ကောင်းကောင်း မဖြေရှင်းလိုက်နိုင်လို့ အရောင်းမဖြစ်လိုက်တဲ့ အခြေအနေမျိုးတွေ ကြုံဖူးကြပါလိမ့်မယ်။

ဒီလို အခြေအနေတွေကို အကောင်းဆုံး ဘယ်လို
ကျော်လွှားလို့ ရမလဲ ဆိုတာကို လေ့လာကြည့်ရအောင်။
✍✍✍
(၁) ဈေးကြီးတယ်နော်လို့ပြောလာတဲ့အခါ ဘယ်
ကုန်ပစ္စည်း၊ ဘယ်တံဆိပ်နဲ့ နှိုင်းယှဉ်ပြီး ဈေးကြီးတယ်လို့ ထင်တာလဲ ဆိုတာမေးပါ။

တစ်ခါတစ်လေမှာ ဈေးများတယ်ဆိုတာဟာ ဝယ်သူဘက်က ဒီဈေးပေးဖို့ မတတ်နိုင်တာ ဖြစ်နိုင်သလို၊ သူတွေ့ဖူးကြုံဖူးတဲ့ ပစ္စည်းနဲ့ ဈေးနှုန်းတစ်ခုထဲကိုပဲ
ယှဉ်ပြီး များတယ်လို့ ထင်နေတာ ဖြစ်နိုင်ပါတယ်။
ဈေးကွက်နဲ့ ပြိုင်ဘက်တွေ အနေအထားကို လေ့လာထားတဲ့အရောင်းသမား တွေ ဆိုရင်တော့ ဒီလို မေးလိုက်လို့ ဘယ်ကုန်ပစ္စည်းနဲ့ ယှဉ်ပြီး ပြောနေတာပါလို့ သိသွားပြီဆိုရင် ကိုယ့်ရောင်းကုန်က ဘယ်လိုမျိုး အားသာချက်တွေ ကြောင့် ဒီဈေးဖြစ်နေတာ ပါလို့ပြောပြီး အောင်မြင်တဲ့ အရောင်းတွေ ရဖို့ ကြိုးစားလို့ရသွားမှာ ဖြစ်ပါတယ်။🆗
✍✍✍
(၂) တစ်ခါထဲ ပေးလိုက်ရလို့ ဈေးများတယ်ထင်တာပါ။ သူတတ်နိုင်ပါတယ်လို့ ထင်သွားရင် ဈေးကြီးတယ်လို့ မထင်တော့ပါဘူး။

အရောင်းသမားအနေနဲ့ ဝယ်သူရဲ့ တစ်နေ့တာ သုံးနေတဲ့ အသေးသုံး အသုံးစရိတ်တွေနဲ့ နှိုင်းယှဉ်ပြပြီး ကိုယ့် ပစ္စည်းက ထင်သလောက် ဈေးမကြီးပါဘူးဆိုပြီး လုပ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် မိတ်ကပ်ဝယ်တယ်ဆိုပါစို့။ ၂ သောင်းကျမယ်ဆိုရင် ဈေးကြီးတယ်နော်လို့ တွေးနိုင်ပါတယ်။ ဒီမိတ်ကပ် က ၃ လလောက် အနည်းဆုံး အသုံးခံတယ် ဆိုပါစို့။ အရောင်းသမား အနေနဲ့ အမရေ ၂ သောင်းဆိုပေမယ့်လေ ၃ လလောက် အနည်းဆုံး သုံးလို့ရတာဆိုတော့ တွက်ကြည့်ရင် တစ်နေ့မှ ၂၀၀ ကျော်ကျော်၊ တစ်လမှ ၆၀၀၀ ကျော်ပဲ ကျတော့မှာပါ။ မျက်နှာလေး ဝင်းပြီး လှနေမှာနဲ့ နှိုင်းယှဉ်ရင် ဒီဈေးက သုံးပျော်ပါတယ်နော် ဆိုတာမျိုး ပြောလို့ရပါတယ်။🆗
✍✍✍
(၃) #ကိုယ်ချင်းစာကြောင်းဝယ်သူသိအောင်ပြပါ။

ဝယ်သူက ဈေးများတယ်နော်လို့ ပြောလိုက်တာနဲ့ “ဟာ မများပါဘူးဗျာ” လို့်အတင်း ငြင်းလိုက်တာ မျိုးထက် “ဟုတ်ကဲ့ ကျွန်တော်တို့ လည်း နားလည်ပါတယ်။ အရင်ကဆိုလည်း ဈေးနှုန်းတစ်ခုထဲကိုပဲ ကြည့်ပြီး များတယ်လို့ ထင်တဲ့ ဝယ်သူတွေ ကျွန်တော်တို့ ဆီမှာလည်း ရှိခဲ့ပါတယ်”။ ဒီလို အစချီလိုက်ခြင်းအားဖြင့် သူပြောတာကို လက်ခံတယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်စေလို့ သင်ဆက်ပြောမယ့် အကြောင်းအရာသည် သူ့ခေါင်းထဲ ရောက်ဖို့ ပိုအခွင့်အရေး များသွားပါတယ်။
ပြီးတော့မှ…ဒါပေမယ့် ဒီပစ္စည်းမှာပါတဲ့ feature (အင်္ဂါရပ်) တွေကြောင့် ရလာမယ့် benefit (အကျိုးရလဒ်) ငွေကုန်သက်သာသွားမှာလား၊ အချိန်ကုန်သက်သာသွားမှာလား၊ ပိုပြီး သက်တောင့်သက်သာ
ဖြစ်သွားမှာလား ဆိုတာတွေကို ဝယ်သူမြင်သွားအောင် ပြောပြတတ်ဖို့ လိုပါတယ်။🆗
✍✍✍
(၄) #အာမခံချက်ပေးပြီးအရောင်းပိတ်ပါ။

တစ်ခါတစ်လေမှာ ဝယ်သူက ဈေးများတယ်လို့ပြော
လိုက်တာသည် သင့်ကုန်ပစ္စည်းကို ဝယ်ဖို့ မယုံရဲတာ၊ ဝယ်တာများမှားသွားမလားဆိုတဲ့ စိုးရိမ်စိတ် တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သင်က ကျွန်တော်တို့ ကုန်ပစ္စည်းက “ပေးရတဲ့ ဈေးနဲ့ ပြန်ရမယ့် အကျိုးကျေးဇူးသည် ထပ်တူကျမယ် ဆိုတာကို အာမခံ
နိုင်ပါတယ်” ဆိုတာမျိုး၊ လူကြီးမင်းအနေနဲ့ အခြား
ဈေးနှုန်းတူ၊ ကုန်ပစ္စည်းတူ၊ တွေ နဲ့ ယှဉ်လို့မှ အရည်အသွေးမပြည့်မှီဘူးဆိုရင် ၁၀၀% ငွေပြန်အမ်း
ပေးမှာ ဖြစ်ပါတယ် ဆိုတာမျိုးနဲ့ ဝယ်သူရဲ့ စိုးရိမ်စိတ်ကို လျှော့ချနိုင်ဖို့ ကြိုးစားနိုင်ပါတယ်။ သင်ရောင်းတဲ့ ကုန်ပစ္စည်းရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကိုတော့ ယုံကြည်မှု ရှိဖို့ လိုပါတယ်။ 🆗

ဒီတော့ အရောင်းသမားတွေအနေနဲ့ သင့်လုပ်ငန်း၊
သင်ရောင်းတဲ့ ကုန်ပစ္စည်း အနေအထားပေါ်မူတည်ပြီး ဈေးနှုန်းနဲ့ ပတ်သက်လို့ ပြောလာတဲ့အခါ ဘယ်လို
ဖြေရှင်း လို့ရမလဲ ဆိုတာကို ကြိုတင် စဉ်းစားပြင်ဆင်ဖို့လိုပါတယ်။ ဒါမှပဲ ရေရှည်မှာ အောင်မြင်တဲ့အရောင်းတွေ ရလာမှာ ဖြစ်ပါတယ်။ 🆗


ပြန်လည်မျှဝေသည်။

**နားလည်သလို ​ပြောရရင်​တော့ ဝယ်သူရဲ့ အမြင်​တွေကို​သေချာရှင်းပြပါ။ ပစ္စည်း နှစ်ခု ယှဥ်ရင် အားနည်း ချက် အားသာချက်​တွေကို ရှင်းပြပါ။ ပစ္စည်းတိုင်း အကုန်​ကောင်းပါတယ်​ပြောရင် ဝယ်သူရဲ့ယုံကြည်မှုကို မရနိုင်ဘူး၊ ​ဖောက်သည်သစ်ကို အချိန်​ပေးပါ။

14/09/2022

Customer ကို ဝယ်ဝယ် မဝယ်ဝယ်
#လေးလေးစားစားဆက်ဆံပါ။

လွန်ခဲ့တဲ့ ၂၄ နှစ် ၁၉၉၆ ခုနှစ်တုန်းက ကျွန်နော်က လခစား ဝန်ထမ်း တစ်ယောက်ပါ။ တစ်နေ့ ကြုံလို့ Trader Hotel အခု Sule Shangri La Hotel အောက်မှာ ဖွင့်ထားတဲ့ Omega showroom ကို မဝံ့မရဲ လေးနှင့် ဝင်ကြည့်ခဲ့တယ်။ James bond မင်းသားပတ်တဲ့ နာရီကို သဘောကျလို့၊

အဲဒီက အရောင်းကောင် မလေးက ကိုယ်နှင့် အသက် မတိမ်းမယိမ်း ၂၀ ကျော် လောက်ပါဘဲ၊ ကိုယ့်လို မဝယ်နိုင်မှန်း သိတဲ့လူတစ်ယောက်ကို omega နာရီ model တစ်မျိုးပြီးတစ်မျိုး ကို စိတ်ရှည် လက်ရှည် ရှင်းပြပေးတော့ တော်တော် အံ့ဩမိပါတယ်။

ကိုယ်က မနေနိုင်လို့ မေး လိုက်တယ် "ကျွန်တော် မဝယ်နိုင်မှန်းသိရဲ့သားနှင့် ဘာကြောင့် ဒီလောက် တောင်ရှင်းပြရတာလဲ"

သူက ပြုံးပြုံးလေး ပြန်ဖြေ တယ်၊ " အခု မဝယ်နိုင်ရင် လည်း နောင်တစ်ချိန် ဝယ်နိုင်တဲ့ အခါကြတော့ စဉ်းစားလို့ရတာပေါ့တဲ့။ ဒါ အပြင် တခြားဝယ်မယ့် သူတွေကိုလည်းပြန်ပြောလို့ရတာပေါ့တဲ့"

ကျွန်တော် အဲဒီစကားလေးကို ဘယ်တော့မှမမေ့ဘူး။ နောက် ၁၂ နှစ် အကြာ ၂၀၀၈ ခုနှစ်က Singapore ရောက်တုန်း ပထမဦးဆုံး နာရီအကောင်းစားလေးတစ်လုံး ပတ်မယ်လို့ လိုက်ကြည့်ရင်းနှင့် Omega ကိုဘဲ ရွေးဖြစ်သွားတယ်။ အခုထိလည်း ကြုံရင် ပတ်နေတုန်းပါ။

၁၉၉၆ ခုနှစ် က အဲဒီ အရောင်းကောင်မလေးသာ ကိုယ့်ကို မတူသလို မတန်သလို ဆက်ဆံခဲ့ရင် ကျွန်တော် လည်း Omega နာရီဝယ်ဖြစ်မှာ မဟုတ်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က အရောင်းသမား တစ်ယောက်ပါ။ လွန်ခဲ့ ဝန်ထမ်းဘဝ တုန်းက တွေ့ခဲ့ တစ်ချို့ customers တွေ က အခု ကျွန်တော်ရဲ့ services တွေ အားပေးတဲ့ loyal customers တွေပါ။

ကိုယ်ရဲ့ ဖောက်သည် ကို ရေတို မကြည့်ဘဲ တစ်သက်လုံ ရေရှည် customers ဖြစ် အောင် ရောင်းနိုင် ပြီး တစ်ချိန်မှာ ကိုယ်ပိုင် စီးပွားရေးမှာ အောင်မြင်တဲ့ လူငယ်တွေ ဖြစ်ကြပါစေ။

Credit - Ko Win Than

22/08/2022

အပိုဝင်ငွေ ရှာလို့ရမယ့် နည်းလမ်းတွေ…
ဝင်ငွေ လမ်းကြောင်းတစ်ခု ထဲအပေါ်မှာ ရပ်တည်တယ် ဆိုတာ တကယ်တော့ အန္တရာယ် များပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ ပင်မ ဝင်ငွေ ရရှိမှု နည်းလမ်းအပြင် အခြားသော အပိုဝင်ငွေရနိုင်မယ့် နည်းလမ်း တွေကို ရှာဖွေ လုပ်ဆောင်ကြရလေ့ရှိပါတယ်။ ဥပမာ အမေရိကန်လိုနိုင်ငံမျိုးမှာ ဆိုရင် လူတိုင်းနီးပါး ဟာ စတော့ရှယ်ယာ ဈေးကွက်၊ Bond ဈေးကွက် တို့ကို ရင်းနှီးကျွမ်းဝင်ကြပြီး အပိုဝင်ငွေ ရရှိနိုင်ဖို့ တစ်နိုင်တစ်ပိုင် ရင်းနှီးမြုပ်နှံကြလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကရော အပိုဝင်ငွေ တကယ် ရရှိ စေနိုင်မယ့် ဘယ်လို နယ်ပယ် တွေ နည်းလမ်းတွေ ရှိတယ်ဆိုတာ ကျွန်တော့် အတွေ့အကြုံအရ မျှဝေပေးချင်ပါတယ်။
(၁) အကျိုးတော်ဆောင်….
အကျိုးဆောင် လို့ ခေါ်ဆိုကြတဲ့ အရပ်အခေါ် ပွဲစား လုပ်ငန်းဟာလည်း အပိုဝင်ငွေ ရရှိစေတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ အကျိုးဆောင် လို့ ဆိုရာမှာ ပိုင်ဆိုင်မှု Assets တွေကို ရောင်းရာ ဝယ်ရာမှာ အကျိုး ပြုပေးတာမျိုး ရှိသလို Service တစ်ခုခုပေးအပ် ခြင်းဖြင့်လည်း အကျိုးဆောင်ပေးတာမျိုးတွေ ရှိပါတယ်။ ဥပမာ အင်တာနက် ဘေဆောင်ပေးတာ၊ ဟင်းချက်စရာ ဝယ်ပေးတာ၊ နိုင်ငံခြား ကိုငွေလွဲပေးတာ၊ ကနေ အစ တိုက်ခန်း ၊ ကားအရောင်းအဝယ်၊ မြေကွက်အရောင်းအဝယ် စတဲ့ Assets တွေ အထိ ရောင်းသူ ဝယ်သူ ချိတ်ဆက်ပေး တာမျိုး တွေ ရှိ လေ့ရှိပါတယ်။ ဒါ့အပြင် အချို့ နယ်တွေ မှာ ဆန်စပါး၊ ပဲ စတဲ့ commodities တွေကို ဝယ်ယူ သိုလှောင်ချင်သူတွေ ရှိရင် ပေါက်ဈေးကိုငွေလွဲပေးပြီး ဝယ်ယူပေးကာ ကိုယ်ပိုင်ဂိုဒေါင်မှာသိုလှောင်ပေးတဲ့ Service မျိုး တွေ လဲ တွေ့ရှိရတာပါပဲ။ ဒီလုပ်ငန်းနယ်ပယ်ဟာ လည်း ကိုယ့်ရဲ့ အဓိက အလုပ်ချိန်ပြင်ပမှာ အပိုဆောင်းအနေနဲ့ လုပ်ဆောင်နိုင်တဲ့ ငွေရှာနိုင်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။
(၂) ဝယ်ရောင်း
ဒီနည်းကတော့မိမိမှာ စုဆောင်းထားတဲ့ ငွေပမာဏ အသင့်အတင့်တစ်ခု ရှိမယ်ဆိုရင် ဆောင်ရွက်လို့ရ တဲ့ အပိုဝင်ငွေရှာနည်းပါပဲ။ ရွှေ၊ ဒေါ်လာ၊ နိုင်ငံခြားငွေကြေး၊ ကား၊ အိမ်ခြံမြေ၊ ဖုန်း Second၊ လျှပ်စစ်ပစ္စည်း ကအစ Assets အမျိုးအစား အများစု ဟာ ဝယ်ရောင်းလုပ်ခြင်းကနေ အပိုဝင်ငွေရှာ လို့ ရ နိုင်ပါတယ်။
ဒီလို လုပ်ဆောင်ရာမှာကတော့ အချိန် ကို အသုံးချခြင်း၊ နေရာကိုအသုံးချခြင်းဆိုပြီး နှစ်မျိုး ဆောင်ရွက် နိုင်ပါတယ်။ ဈေး ကျတဲ့ အချိန်မှာ ဝယ်ထားပြီး ဈေးတက် တဲ့ အချိန်မှာ ရောင်းချ အမြတ်ယူ တာကတော့ အချိန်ကို အသုံးချ ခြင်းဖြစ်ပြီး ဈေး သက်သာ တဲ့ နေရာ ကနေ ဝယ်ယူပြီး ဈေး များ တဲ့ နေရာ ကို ယူဆောင်ရောင်းချ တာကတော့ နေရာကို အသုံးချခြင်းဖြစ်ပါတယ်။
ကျွန်တော် ငယ်စဉ် အလယ်တန်းကျောင်းသားဘ၀ မှာ တုန်း က ဘုရားဖူးထွက်ရင်း နယ်ဖက် ကနေ သနပ်ခါးတုန်းအရှည် ကြီးတွေကို ဈေး သက်သက်သာသာ နဲ့ ဝယ်လာခဲ့ပါတယ်။ ရန်ကုန်အိမ်လဲ ရောက်ရော အဖေ့ တပည့် ကို လက်တစ်ဝါး စာ သနပ်ခါးတုံးတွေ အဖြစ် လွှနဲ့ တိုက် ဖြတ် ဖို့ ပူဆာ ပြီး အမေ့ ကုန်စုံဆိုင်မှာ တင်ရောင်းကာ မုန့်ဖိုး ရှာ ခဲ့ဖူးပါတယ်။ ဒါကတော့ နေရာကို အသုံးချခြင်း ပါပဲ။
(၃) မျှဝေပို့ချခြင်း…
မိမိတတ်မြောက်ရာ ကျွမ်းကျင်ရာ အတတ်ပညာ တစ်ခုခုကိုလဲ အပိုဝင်ငွေရဖို့ လူအများကို သင့်တင့်တဲ့ ပညာကြေး ရယူပြီး မျှဝေနိုင်ပါသေးတယ်။ ဥပမာ မိမိ က အမျိုးသမီးဝတ် ဖက်ရှင် အထည်တွေ ကိုယ်တိုင် ချုပ်လုပ်ရောင်းချ နေတယ်ဆိုပါစို့။ ဒါဆိုရင် ဒီပညာ ရပ်ကိုပဲ အင်္ကျီ ချုပ်သင်တန်း ဖွင့် လှစ်ပြီး အပိုဝင်ငွေရယူနိုင်ပါတယ်။ အဲဒီကနေမှ တစ်ဆင့် သင်တန်း သားတွေကို ကုန်ကြမ်း တွေ ရောင်းချ တာ၊ ဒီဇိုင်းတွေ ရောင်းချတာ၊ လက်ကားဈေးနဲ့ ချုပ်ပြီးသား အထည်တွေ ပြန်ဖြန့်တာ စတာတွေကို ဆက်လက် တိုးချဲ့ သွားလို့ရပါတယ်။
(၄) အချိန်ပိုင်းအလုပ်တွေ..
ဒီဖက်ခေတ်မှာ ဝင်ငွေကောင်းတဲ့ အချိန်ပိုင်းအလုပ်လေးတွေ ကနေလဲ အပိုဝင်ငွေ ရရှိနေနိုင်ပြီ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အိမ်မှာကို အိမ်သားတွေ အလုပ်များပြီး အိမ်သန့်ရှင်းရေး မလုပ်နိုင်တော့တဲ့ အခါ တစ်ပတ် တစ်ခါ လောက် သုံးနာရီစာ သန့်ရှင်းရေး Service ကိုခေါ်ယူရလေ့ရှိပါတယ်။ သုံးနာရီ အတွင်း အိမ် သန့်ရှင်းရေးကို အကောင်းဆုံး လုပ်ဆောင်ပေးပြီး Service Fees ကလည်း သောင်း ဂဏာန်း ခန့် ပေးရလေ့ရှိပါတယ်။
ကျွန်တော့် အိမ်ရှေ့ ဈေး ထဲမှာ ဆိုက်ကားဆရာကြီး တစ်ဦးရှိပါတယ်။ သူ ရဲ့ အလုပ်ကြိုးစားမှု ကလဲ နမူနာယူစရာပါပဲ။ မနက်ကနေ ညနေ ခင်း အထိ ဆိုက်ကား နင်းတဲ့ အလုပ်ကို အဓိက လုပ်ပါတယ်။ ဒါပေမယ့် အဲဒီ ကနေ အချိန်ပိုင်း အနေနဲ့ ဈေးထဲက ဆိုင်တွေ ၊ အိမ်တွေ မှာ လိုတာလေးတွေ အစုံ လိုက် လုပ်ပေးပါတယ်။ ရေပိုက်ပြင်တာ၊ မီးလိုင်းရိုက်တာ၊ ရေဆိုးမြောင်းရှင်းတာ စတဲ့ အသေးစား အလုပ် ၊ ညစ်ပတ်လို့ လူအများမလုပ်ချင်တဲ့ အလုပ်လေးတွေ နဲ့ အရင်စတာပါပဲ။ အဲဒီကနေ သူ အတွက် လိုတဲ့ ပညာတွေလဲ ထပ်သင်၊ လိုတဲ့ ပစ္စည်း ကိရိယာလေးတွေ လဲ ဝယ်စုပြီး နှစ်နည်းနည်း ကြာတော့ ကွန်ကရစ်ခင်းတာ၊ အုတ်တံတိုင်းဆောက်တာ၊ ကြွေပြားကပ်တာ ၊ အိမ်အလှဆင် ဆေးသုတ် တာ၊ စတဲ့ အလုပ်ကြီးတွေကိုပါ လက်ခံ လုပ်လာနိုင်ပါရော။ နောက်တော့ သူ့ဆိုက်ကား ကို အငှားပြန်ချ နင်းခိုင်းလိုက်ပြီး သူက အိမ်တွေ ရဲ့ အထက်ကလို လုပ်ငန်းတွေကို ပုတ်ပြတ် ဖြစ်စေ နေ့စား ဖြစ်စေ လက်မလည်အောင်လုပ်ရင်း အဆင်ပြေသွားပါတော့တယ်။
(၅) ငှားစားမယ်….
အပိုဝင်ငွေ အလွယ်တကူ ရနိုင်တာက Assets တွေကို ငှားရမ်း တာပါပဲ။ တိုက်ခန်း ဝယ်ပြီး ငှားထားမယ်၊ တက်စီ ကားဝယ်ပြီး အငှားချ အုံနာခယူမယ်၊ ဆိုင်ကယ် ဝယ်ပြီး ငှားထားမယ်၊ ဆိုက်ကား အငှားချမယ်၊ နောက်ဆုံး အသုပ်သည်တွေ အတွက် တွန်းလှည်းတွေကအချ အငှားချပြီး ဝင်ငွေ ရရှိနေသူတွေ ရှိပါတယ်။
သက်ဆိုင်ရာ နယ်ပယ်အလိုက် လိုအပ်တာတွေကို အငှားချပြီး ဝင်ငွေ ယူကြတာပါပဲ။ အိမ်တက် ဆွမ်းကပ် လို ပွဲတွေ အတွက် ပန်းကန်ခွက်ယောက်တွေ ငှားတာ၊ ကော်ဇောတွေ ထိုင်ခုံတွေ ငှားတာ၊ မင်္ဂလာဆောင်တွေ အတွက် နောက်ခံ အလှကားတွေ၊ မီးစလိုက်တွေ ပန်းတွေ ငှားတာ၊ လက်ဝတ်ရတနာ ငှားတာ၊ ဝတ်စုံတွေ ငှားတာ၊ စသဖြင့် အစုံပါပဲ။
လျှပ်စစ်မီးခက်ခဲ တဲ့ ရွာတွေ မှာဆိုရင် မီးထွန်းဖို့ ဘက်ထရီ အိုးလေးတွေ ကို နေ့စဉ် လိုက်လံ ငှား ရမ်း တဲ့ လုပ်ငန်း မျိုးကိုတောင် တွေ့ခဲ့ ရဖူးပါသေးတယ်။
(၆) လက်ကား ယူ လက်လီပြန်ရောင်း..
မီးဖိုချောင်သုံး ပစ္စည်းလေးတွေ၊ အလှကုန်တွေ၊ အထည်အလိပ်တွေ၊ လူသုံး ပစ္စည်းတွေကို လက်ကား အနေနဲ့ ပြန်ယူပြီး ကိုယ့်ရပ်ကွက်၊ကိုယ့်ရုံး က အသိ တွေကို တစ်ဆင့်ပြန်လည် ရောင်းချ တဲ့ နည်းနဲ့ လဲ အပိုဝင်ငွေ ရှာလို့ ရပါတယ်။ ကျွန်တော် ဝန်ထမ်းဘ၀ က ရုံး ဝန်ထမ်းတွေအတွက် ဖုန်းဘေ ကတ် တွေကို တစ်လ လုံး အကြွေးဖြည့်ပေးတဲ့ service ပေးခဲ့ ပါသေးတယ်။ တစ်လ လုံးစိတ်ကြိုက်ဖြည့် လကုန် လစာထုတ်မှ ပေါင်းပေးရ တဲ့ စနစ်ပါပဲ။ ဒီလို အကြွေးပေးရတဲ့ အတွက် တစ်သောင်းကျပ်ကို ငါးရာ ကျပ် အပိုဆောင်းရယူ မှုတော့ ရှိပေမယ့် အားလုံးက လက်ခံ ပြီး အားပေးကြလို့ ဝင်ငွေ တစ်ခု ရရှိခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီဖက် ခေတ်မှာ Multi Level Marketing လို အမြတ် များများယူပြီး လူ ဆွယ် မန်ဘာကြေး ကောက်တဲ့ စနစ်မျိုး ကိုမလုပ်ကိုင်မိဖို့တော့ လိုပါတယ်။
(၇) လုပ်ငန်းကြီးတွေ နဲ့ချိတ်ဆက်…
အကျိုးဆောင်သဘောတော့ သက်ရောက် ပေမယ့် နည်းနည်း သဘာ၀ ကွဲလို့ ခေါင်းစဉ် တစ်ခုအဖြစ် ထားလိုက်တာပါပဲ။ ဥပမာ တစ်ချို့ မီးစက် ၊ ဆိုလာရောင်းချ တဲ့ လုပ်ငန်းတွေက သူတို့ ရဲ့ Product ကို အားပေး တဲ့ ဝယ်ယူတဲ့ Customer တစ်ဦး မိတ်ဆက်ပေးနိုင်ရင် ရာခိုင်နှုန်းတစ်ခု ပေး တဲ့ အလုပ်မျိုးပါပဲ။ ဆေးဖက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ၊ အားကစားပစ္စည်းတွေ၊ ဆောက်လုပ်ရေး စတဲ့ တန်ဖိုး မြင့်တဲ့ Product တွေ မှာ ဒီလို လုပ်ဆောင် ခွင့်ပေးလေ့ရှိပါတယ်။
အချို့သော ခရီးသွားလုပ်ငန်းတွေ ဆိုရင် ခရီးစဉ် Package တစ်ခုအတွက် ခရီးသွား ၁၀ ဦး ရှာပေးနိုင်ရင် တစ်ဦးစာ အခမဲ့ ပေးတာမျိုး ရှိပါတယ်။ ဒါမျိုးကိုချိတ်ဆက်ပြီး ခရီးသွား ၁၀ ဦးရှာပေးကာ အခမဲ့ တစ်ဦး စာ ကိုပြန်လည်ရောင်းချ တာမျိုး တွေ လဲ တွေ့ရှိဖူးပါတယ်။
(၈) နည်းပညာ အခြေပြု အပိုဝင်ငွေ…
ဒီဖက်ခေတ်မှတော့ နည်းပညာ အခြေပြု ဝင်ငွေ အမျိုးအစားတွေ အတော်လေးပေါများလာပါတယ်။ Youtube ကနေ ဝင်ငွေ ရရှိတာ၊ website.တွေ ကနေရတာ၊ instant articles, ad breaks စတဲ့ facebook ကနည်းလမ်းတွေ စသဖြင့် များစွာ ရှိလာပါတယ်။ ဒါ့အပြင် လူများများ ရှိတဲ့ page, Group, Website တွေ ဖန်တီးထားပြီး ကြော်ငြာတွေ လက်ခံတာ၊ Live Sales အနေနဲ့ Product တွေကို ကိုယ်စား ရောင်းချပေးတာ၊ စတာတွေ ရှိလာပါတယ်။
တစ်ခုသတိပြုရမှာကတော့ ဘယ်နည်းလမ်းက တကယ် အလုပ်ဖြစ်သလဲ၊ အချိန် နဲ့ငွေ ဘယ်လောက် ရင်းနှီးရမလဲ၊ အကျိုးရှိမှုနဲ့ ဘဝတက်လမ်း စတာတွေ ပါ ချိန်ထိုးပြီး ရွေးချယ် လုပ်ဆောင် သင့်တာပါပဲ။
(၉) ကိုယ့်လက်ရှိလုပ်ငန်းနဲ့ ချိတ်ဆက် ဝင်ငွေ..
တကယ်လို့ ကိုယ်က ကိုယ်ပိုင်လုပ်ငန်း လုပ်နေသူဆိုရင်တော့ အပိုဝင်ငွေကို လက်ရှိလုပ်ငန်း နဲ့ပဲ ချိတ်ဆက် ရယူလို့ ရပါသေးတယ်။ ဥပမာ ရောင်းရ တဲ့ ပစ္စည်းတွေ များလာတဲ့ အခါ Delivery Service ကိုပါ Charges တစ်ခု ယူပြီး ထပ်ဆောင်းဝန်ဆောင်မှုပေးတာ၊ အဆောင်ငှား ထားပြီး အငှားနေသူ များကို ကုန်စုံနဲ့ လူသုံးပစ္စည်းတွေ ရောင်းချတာ၊ စတဲ့ နည်းလမ်းမျိုးစုံ စဉ်းစားလို့ ရနိုင်ပါသေးတယ်။
(၁၀) သတင်းအချက် အလက် ရောင်းမယ်…
တကယ်လို့ မိမိ မှာ အခြား သူတွေ အတွက် အသုံးဝင်မယ့် သတင်းအချက်အလက် တွေ ရရှိ နေတယ် ဆိုရင်လဲ ဒါတွေကို လစဉ်ကြေးနဲ့ ဖြစ်စေ၊ ပုတ်ပြတ် စနစ်ဖြစ်စေ ရောင်းချ လို့ရနိုင်ပါသေးတယ်။ ဥပမာ ကမ္ဘာကျော် Bloomberg တီဗီလိုင်းဆိုရင် အခကြေးငွေ ရယူပြီး စီးပွားရေး သတင်း တွေကို ဦးဦးဖျားဖျား လွှင့် ပေးလေ့ရှိပါတယ်။ ဒါမှ မဟုတ် မိမိ မှာ မြန်မာ တစ်ပြည်လုံး ရဲ့ အရောင်းဆိုင်စာရင်းတွေ၊ အထည် အလိပ် ဆိုင်စာရင်းတွေ၊ စသဖြင့် data တွေ ကောက်ယူ ရရှိထားတယ်ဆိုရင်လဲ ဒါတွေကို အသုံး လိုမယ့် သူများကို ပြန်လည်ရောင်းချ နိုင်ပါတယ်။ ဒါပေမယ့် မိမိကိုယ်ပိုင် ကောက်ယူ ထားတဲ့ အချက်အလက် တွေ ဖြစ်ဖို့ လိုတဲ့ အပြင် ကျင့်ဝတ် နဲ့ညီ တဲ့ ရယူ ရောင်းချ မှုတော့ ဖြစ်ဖို့လိုပါတယ်။
(၁၁) လက်မှု ပစ္စည်း လေးတွေ ကိုယ်ပိုင် လုပ်ရောင်းမယ်…
အပိုဝင်ငွေ ရဖို့ ဟိုးယခင်ကထဲက လုပ်ဆောင်ကြတဲ့ နည်းလမ်းတစ်ခုကတော့ တစ်နိုင်တစ်ပိုင် လက်မှု ပစ္စည်း Handmade လေးတွေ ပြုလုပ်ရောင်းချ ကြတာပါပဲ။ ဒီဖက်ခေတ်မှာတော့ ခေါင်းစဉ်းကြိုးလေးတွေ ၊ ကလစ်လေးတွေ၊ပိုက်ဆံအိတ်လေးတွေ၊ အရုပ်လေးတွေ၊ အင်္ကျီ လေးတွေ စသဖြင့် အမျိုးအစား အစုံ ကို ပြုလုပ်ရောင်းချ လေ့ရှိပါတယ်။ ဒါ့အပြင် အင်္ကျီ ချုပ် ဆိုင် လိုမျိုး ကို ပုံမှန် ပြန်သွင်းနိုင်တဲ့ အလှ ပန်းဒီဇိုင်းတွေ၊ကြယ်သီးတွေ၊ စတာတွေ ကိုရယူ ဖန်တီးတာမျိုးတွေလဲ ရှိပါတယ်။ ဒါ့အပြင် ပန်းပင် စိုက် ဝါသနာ ပါရာကနေ အပင်လေးတွေ ပြုစုပျိုးထောင်ပြီး ပွားလာ တဲ့ အပင်လေးတွေကို ပြန်လည်ရောင်းချတာ၊ ပန်းချီကားလေးတွေ ဆွဲတာ၊ ပုံတူ ပန်းချီ ရုပ်ပြောင်းပန်းချီ လေးတွေ ဖန်တီးရောင်းချတာ၊ အလှကိတ်မုန့် လေးတွေ ပြုလုပ်တာ၊ ပန်းစည်း အလှ လေးတွေ ပြင်ပေး တာ တွေကလဲ ဒီဖက်ခေတ်မှာ ခေတ်စားလာပါတယ်။
(၁၂) Freelance အလွတ်တန်း အလုပ်တွေ
မိမိကျွမ်းကျင်မှု တစ်ခုပေါ်မူတည်ပြီး အားတဲ့ အချိန် ဆောင်ရွက်နိုင်တဲ့ Freelance အလုပ်တွေကလဲ အလုပ်ဖြစ် လေ့ရှိပါတယ်။ ဥပမာ Digital Marketing လုပ်ဆောင်ပေးတာ၊ application, website တွေ ရေးဆွဲပေးတာ၊ စီးပွားရေး အကြံပေး System တွေ Setup ချပေးတာ၊ လုပ်ငန်းတွေကို Financial Service တွေ လုပ်ဆောင်ပေးတာ၊ စတာတွေပါပဲ။
(၁၃) ရှယ်ယာ စပ်တူ လုပ်မယ်…
မိမိမှာ ယုံကြည်စိတ်ချရတဲ့ လုပ်ငန်း လုပ်ကိုင်နေသူ အသိမိတ်ဆွေ တွေ ရှိမယ် ဆိုရင် သူတို့ရဲ့ လုပ်ငန်းတွေ မှာ ငွေပမာဏ တစ်ခု ရှယ်ယာ အစုစပ်အနေနဲ့ ထည့်ထားပြီး အပိုဝင်ငွေရယူတာမျိုး လဲ လုပ်ဆောင်လို့ရပါသေးတယ်။
(၁၄) ပြုပြင် ပြင်ဆင် service ပေးမယ်။
တကယ်လို့ ကိုယ်က လျှပ်စစ်ပစ္စည်းလေးတွေ ဥပမာ ထမင်းပေါင်းအိုးလို၊ ရေနွေးကြိုအိုးလို၊ စပီကာ တွေ လို ကို ပြုပြင် ပြင်ဆင် တာမျိုး လုပ်ကိုင်တတ်တယ်ဆိုရင်လဲ ဒီ ကနေ second income တစ်ခု ရနိုင် ပြန်ပါသေးတယ်။ လက်ရှိ မြန်မာပြည် စီးပွားရေး အခြေအနေမှာ လူအများအစုက အသုံးအဆောင် ပစ္စည်းတွေကို အသစ် ဝယ်တာထက် ပျက်သွားတာတွေကိုပဲ ပြန်လည်ပြင်ဆင်ပြီး အသုံးပြုလာကြတာ ပိုများလာမှာ ဖြစ်လို့ ဒါဟာလည်း အခွင့်အလမ်းတစ်ခုပါပဲ။
ဒါတွေကတော့ ဒီနေ့ခေတ် မြန်မာပြည်မှာ အလုပ်ဖြစ်နိုင်လောက်တဲ့ အပိုဝင်ငွေ ရနည်းလေးတွေ ကို ကျွန်တော့် အတွေ့အကြုံပေါ်မူတည် မျှဝေပေးခဲ့တာဖြစ်ပါတယ်။ အားလုံးပဲ ဝင်ငွေတိုးလို့ အောင်မြင် ကြပါစေကြောင်း။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော် ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

Distribution Managementလုပ်တဲ့အခါ ဘာတွေသိထားရမလဲ Distributionဆိုတာကတော့ အလွယ်ပြောရရင် ဖြန့်ဖြူးခြင်းဆိုပြီးဖြစ်ပါတယ် ကို...
22/08/2022

Distribution Managementလုပ်တဲ့အခါ ဘာတွေသိထားရမလဲ

Distributionဆိုတာကတော့ အလွယ်ပြောရရင် ဖြန့်ဖြူးခြင်းဆိုပြီးဖြစ်ပါတယ် ကိုယ့်ရဲ့ပစ္စည်းတွေကို နေရာအနှံရောက်အောင်ဖြန့်ဖြူးတဲ့ သဘောဖြစ်ပါတယ် ဒီလိုဖြန့်ဖြူးရေးလုပ်ငန်းတွေ လုပ်တဲ့အခါ သိရမယ်knowledgeလေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။

Distributionလုပ်ငန်း distributorလုပ်တဲ့အခါ supply chain သဘောအရManufacturer ထုပ်လုပ်တဲ့သူရှိမယ် သူစီကမှ distributorတွေက ဝယ်ပြီး သူရဲ့သက်ဆိုင်ရာနိုင်ငံ နဲ့ areaတွေမှာဖြန့်ဖြူးကြလေ့ရှိပါတယ်။Distributionလုပ်ငန်းရဲ့ သဘောအရ

Supply(Input) - Operation - Demand

ဆိုပြီးရှိပါတယ်။ဒီတော့ Supply အတွက်ရယ် operationအတွက်ရယ် Demand အတွက်ရယ် ၃မျိုး စဥ်းစားရပါမယ်။

ပထမဦးဆုံး Supplyအတွက်ဆိုတာက ကိုယ့်ဖြန့်ဖြူးမယ့် product အတွက် supplier ရှာပြီးဝယ်ယူခြင်းဖြစ်ပါတယ် ဒီလိုဝယ်ယူနိုင်ဖို့ဆိုရင် အရင်ဆုံး Demand sideက market ရဲ့ အခြေအနေကို သေချာ research လုပ်ပြီး သိထားရပါမယ် marketထဲ ဘယ်competitorတွေရှိလဲ ၊ဘာပစ္စည်းတွေကို ဘယ်စျေးတွေနဲ့ ရောင်းနေကြလဲ ပစ္စည်းရဲ့အရည်အသွေးqualityတွေကကော ဘယ်လောက်ရှိလဲ customerတွေကကော ဘယ်လို ပစ္စည်းတွေကြိုက်လဲ စသဖြင့် သိရှိမှသာ supplier ရရှာတဲ့အခါ ဒီresearchလုပ်တားတဲ့အပေါ်မှုတည်းပြီး ကိုယ့်နိုင်ငံ areaနဲ့ သင့်တော်ကောင်းမွန့်မည့် ပစ္စည်းများကို ကိုယ်က ဝယ်ယူဖြန့်ဖြူးနိုင်မှာဖြစ်ပါတယ် မဟုတ်ရင် အစကတည်းက ပစ္စည်းတွေမှားဝယ်မိမှာဖြစ်ပါတယ်။

ဒီလို supplierတွေစီက ပစ္စည်းတွေကို ဝယ်တဲ့အခါ သူတို့ထုပ်ထားတဲ့ brandကို ကိုယ်က တစ်ဦးတည်းကိုယ်စားလှယ်ယူပြီး ဖြန့်ဖြူးမှာလား ၊ OEM ဆိုတဲ့ ကိုယ်လိုချင်တဲ့ ပုံစံစျေးနှုန်းလောက်ကို သီးသန့်ထုပ်ခိုင်းမှာလား Logoလေးလောက်ပဲ ပြောင်းမှာလား ၊ဒါမှမဟုတ် ပုံမှန်လူတိုင်းဝယ်ရောင်းနေကျပစ္စည်းကိုပဲ ဝယ်ဖြန့်ဖြူးမှာလား စတာတွေကို ချိန်စရပါတယ်။OEM လုပ်ရင်တော့ MOQ ဆိုတဲ့ Minimum Order Quantity ဆိုတဲ့ အနည်းဆုံးယူရမယ့် အရည်အတွက်များများယူရတာကြောင့် ငွေကြေးရင်းနှီးမှုလည်းများပြီး နောက်သတိထားရမှာက ကိုယ်က ဒီဝယ်ထားတဲ့ အရေအတွက်ကို တကယ်ကော သေချာဖြန့်ဖြူးနိုင်တဲ့ market ရှိရဲ့လား sales channel ကော သေချာရှိရဲ့လားဆိုတာ demand sideကို ပြန်ကြည့်ရမှာဖြစ်ပါတယ်။

ပြီးတော့ ပစ္စည်းတွေသယ်တဲ့အခါ logistic အရဘယ်ဟာကိုသုံးမှာလဲ ရေလား နယ်စပ်ဖြတ်ကျော်ကားလား ဘယ်ဟာက ဘယ်လောက်လုပ်ရတာကြာပြီး ခက်ခဲ့လဲ၊ ကုန်ကျစရိတ်ကကော ဘယ်ဟာပိုများလဲ၊ ကြာမယ်အချိန်က ဘယ်ဟာပိုကြာလဲ ၊ပစ္စည်းတွေ ဘူးခွံတွေ မပျက်စီးတာက ဘယ်ဟာပိုကောင်းလဲ စသဖြင့် time - cost - damage - reliable စတဲ့ ၄ချက်ကို မျှတအောင် စဥ်းစာရမှာဖြစ်ပါတယ်။

ဒီလိုနဲ့ ပစ္စည်းက ကိုယ်နိုင်ငံ areaစီကို ရောက်လာပြီဆိုပါတော့ ဒီပစ္စည်းတွေကို ထားဖို့ warehouse ဂိုထောင်တွေ operationအတွက်လိုလာပါပြီ ပစ္စည်းတွေကို ဒီအတိုင်းထည့်ထားလိုက်လို့ လွယ်လွယ်လုပ်လို့မရပါဘူး ပစ္စည်းက item SKU အမျိုးအစားတွေ များလေလေ ပိုပြီး warehouseထဲမှာ စနစ်တကျထားဖို့လိုအပ်မှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ပစ္စည်းတွေ ရောင်းတဲ့အခါ ပစ္စည်းလက်ကျန်စာရင်းတွေသိအောင်နှင့် ရောင်းမထွက်တဲ့ဟာတွေကို promotionတွေလုပ်နိုင်အောင် စာရင်းသေချာလိုအပ်မည့်အပြင် orderတက်လို့ warehouse order picking ဆိုတဲ့ ပစ္စည်းတွေ orderအတွက် ထုပ်တဲ့အခါ ဘယ်နားဘာရှိမှန်း မသိရင် picking အချိန်ကကြာနေပြီးtime wasteဖြစ်တာတွေဖြစ်နိုင်ကာ ပစ္စည်းတွေ မှားပြီးထည့်ပေးလို့ customer စိတ်ဆိုးတာတွေလည်း ဖြစ်မှာဖြစ်ပါတယ်။

ဒီအတွက် warehouseထဲမှာ ဘယ်လို စင် Rackတွေနဲ့ စနစ်တကျတွေ ထားပြီး ပစ္စည်းတွေကို ဘယ်နေရာဘယ်ထားမလဲဆိုတဲ့ warehouse ကို သေချာmanageလုပ်ရမှာဖြစ်ပါတယ်။အမြန်ဆုံးကတော့ bar codeတွေ QR codeတွေနဲ့ ကိုယ်ထားမယ် ပစ္စည်းအတွက် scanဖြတ်ပြီး bar codeတစ်ခုကပ်မယ် ပြီးရင် rackစင်တွေမှာ ဘယ်နေအတွက်ဆိုပြီး ဥပမာ A-1-1-B1 စသဖြင့် နေရာအတွက် နေရာသက်မှတ်ဖို့ bar codeတွေရှိပါတယ် ဒါမျိုး warehouseမှာ လုပ်နိုင်ရင်တော့ပိုပြီးကောင်းပါတယ် manual အနေနဲ့ ဘယ်နားမှာဘာထားတယ်ဆိုပြီးလည်း လုပ်လို့ရပါတယ်။နောက်warehouse ရဲ့ storage capacity တွေကို အမြဲစောင့်ကြည့်ပြီး လက်ရှိ warehouseထဲ ဘယ်လောက်%ပြည့်နေပြီဆိုတာကို သိရပါတယ် ပုံမှန်အားဖြင့် warehouse ရဲ့ storage လုပ်နိုင်တာကို volume အလျား x အနံ x အမြင် စတဲ့ Cubic meter m3 နဲ့ Cubic feet ft3 တွေနဲ့ တိုင်ထားပြီး warehouse ကြီးတစ်ခုလုံးက ဘယ်လောက် m3 ft3ရှိတယ် warehouseရုံးအတွက်ဖြစ်စေ ၊ ပစ္စည်းလက်ခံစစ်ဆေးတဲ့နေရာဖြစ်စေreceiving area ၊ ပစ္စည်းတွေထုပ်ဖို့ dispatching areaတွေ ၊အိမ်သာ စတာတွေအတွက် ဘယ်လောက် m3 ft3 ထားမယ် storage area မှာ rack စင်တွေက ဘယ်လောက်အရှည်ဘယ်လောက်အမြင့်ထိထားမယ် rack တစ်ခုနဲ့ တစ်ခုကြား လမ်းAisleဘယ်လောက်ထားမလဲ ပစ္စည်းတွေသယ်ချဖို့ palletတွေ forkliftဘယ်အမျိုးအစားတွေလိုမလဲ စသဖြင့် warehouseကြီးရင် ဒါတွေကို သေချာစဥ်းစာရမှာဖြစ်ပါတယ်။

Warehouse အကြောင်းဖတ်ရန်
https://m.facebook.com/story.php?story_fbid=3031531673757754&id=1981902718720660

နောက်တစ်ခုကတော့ Inventory managementပါ ကိုယ်ကစရောင်းနေပြီးဆိုရင် ဘယ်ပစ္စည်း ကရောင်းရတယ် ဘယ်ပစ္စည်းတွေကအရောင်းအေးတယ်ဆိုတာကို ABC analysisလုပ်ပြီး dataရပါမယ် ဒါကိုကြည့်ပြီး ပစ္စည်းတွေဝယ်တဲ့အခါ ရောင်းကောင်းတာကို ပိုပြီးဝယ်အောင်ဖြစ်ပါတယ် supplier အများစုကတော့ သက်မှတ်ထားတဲ့ MOQ minimum order quantity ကိုတော့ပြည့်အောင်ယူပြီးရမှာဖြစ်ပြီး ပစ္စည်းတွေမှာတဲ့အခါ lead timeကို သတိထားရပါမယ် ပစ္စည်းကနိုင်ငံခြားကမှာရင် ဒီနေ့မှာ မနက်ဖြန်ရောက်တာမဟုတ်ပါဘူး မှာတဲ့အခါ ဟိုမှာထုပ်တဲ့အချိန်ရှိမယ် ဒီကိုပို့တဲ့အခါလမ်းမှာကြာတဲ့အချိန်ရှိမယ် shippingနဲ့ဆို ကုန်တင်နာထုပ်ဖို့ကြာတဲ့အချိန်ရှိမယ် စသဖြင့် ဒီကြာချိန်အတွက် marketထဲ ပစ္စည်းမပျက်အောင် ဘဘ်လောက်ကျန်ရင် မှာမလဲကို သေချာစဥ်းစားထားရမှာဖြစ်ပါတယ်။ပစ္စည်းတွေမှာတဲ့အခါ warehouseရဲ့ ဘယ်လောက် storage နေရာကကျန်သေးလဲကိုကြည့်ရပါမယ် နေရာမလောက်ရင် တခြားနေရာတွေမှာအချိန်တို့ သွားဌားတာမျိုး စသဖြင့် လုပ်ဆောင်ရမှာဖြစ်ပါတယ်။နောက် inventoryတွေကို warehouseမှာ ထားတဲ့အခါ အမြဲတမ်းအရောင်းသွက်ပြီး ခဏခဏထုပ်ရတဲ့ ပစ္စည်းတွေကို လွယ်လွယ်ထုပ်ယူလို့ရတဲ့ ရှေ့နေရာတွေမှာထားပြီး အရောင်းအေးပြီး သိပ်မထုပ်ရတဲ့ ပစ္စည်းတွေကို နောက်ဘက်တွေမှာထားရလေ့ရှိပါတယ် ပြီးတော့ sales team ကနေ အရောင်းသိပ်မထွက်တဲ့ ပစ္စည်းတွေကိုကြည့်ပြီး ပစ္စည်းတွေများနေလို့ဖြစ်စေ expire date နီးနေလို့ဖြစ်စေ ဒီလိုမျိုးတွေအတွက် sales promotion planတွေဆွဲပြီး အမြန်ထွက်အောင်ပြုလုပ်တဲ့အခါ inventory management နဲ့ dataတွေသေချာရှိထားဖို့လိုပါတယ်။

ABC analysis အကြောင်းဖတ်ရန်
https://m.facebook.com/story.php?story_fbid=3304793333098252&id=1981902718720660

နောက် operationမှာ အရေးကြီးတဲ့ finance နဲ့ account teamတွေကလည်း အရေးကြီးပါတယ် ပစ္စည်းနဲ့ ငွေတွေကို ဆုံးရှုံးပျောက်ဆုံးတာတွေမရှိအောင် ဘယ်လိုcontrolတွေ နဲ့ auditတွေစစ်မလဲဆိုတာကို လုပ်ငန်းရဲ့ SOPတွေအပေါ်မှုတည်ကာ သေချာလေး control systemလေးတွေ ထည့်ပေးထားရပါမယ် ground stockတွေ စာရင်းနဲ့ ကိုက်မကိုက် auditတွေ စစ်ရမယ် အကြွေးရောင်းထားတဲ့ customerတွေ အကြွေးရမရတွေကိုပါ finance နဲ့ accountကသေချာစောင့်ကြည့်ရပါမယ် external audit companyပါ ထပ်ဌားပြီး ဘယ်နှလကို တစ်ခေါက် စစ်မယ်ဆိုပြီးပြုလုပ်ရပါမယ်။Finance က နှစ်ကုန်ခါနီးနောက် နှစ်အတွက် budgetတွေကို သေချာဆွဲထားပြီး လုပ်ငန်းတွေ အသစ်ချဲ့တဲ့အခါ ကားတွေ officeတွေ စတဲ့ assetတွေထပ်ဝယ်တာ ဌားတာတွေလုပ်ဖို့ ငွေဘယ်လောက်လိုမလဲ capital expenditure တွေကို သေချာငွေတွေbudgetတွေထားထားရမှာဖြစ်ပါတယ်။

HR ကလည်း လိုအပ်တဲ့ အလုပ်နေရာအတွက် JA JD JSတွေကို သက်ဆိုင်ရာ department က managerတွေနဲ့ သေချာသုံးသပ်ပြီး ဝန်ထမ်းတွေကို ရွေးချယ်ခန့်ထားဖို့နဲ့ လုပ်ငန်းအတွင်း ဝန်ထမ်းတွေရဲ့ စည်းမျည်းစည်းကမ်းတွေလိုက်နာဖို့ rule နဲ့ policyတွေ ထုပ်ထားရမည်ဖြစ်ကာ ဝန်ထမ်းတွေ စိတ်ဓာတ်တက်ကြွရေးနဲ့ Kpiတွေကို သေချာတိုင်းကာ ဆုပေး ဒဏ်ပေး စနစ်တွေကို သေချာပြုလုပ်ရမှာဖြစ်ပါတယ် ဝန်ထမ်းတွေရဲ့ career development အတွက် corporate trainingတွေ ဘာတွေပေးမလဲ function နဲ့ levelအလိုက်တွေအတွက် သေချာ စဥ်းစားပြီး training designတွေ သေချာရေဆွဲထားသင့်ပါတယ်။

ဒါပြီးရင် demand side အတွက် sales channelကိုကြည့်ရပါမယ် sales channelကိုကြည့်တဲ့အခါ ကိုယ့်လုပ်ငန်းရဲ့ ဖြန့်ဖြူးရေး distribution intensityကို သေချာသိဖို့လိုပါတယ် ဒီလိုကြည့်တဲ့အခါ end user consumer က ကိုယ့်ဖြန့်တဲ့ ပစ္စည်းတွေကို ဘယ်လိုဆိုင်တွေကနေပြီး စပြီးဝယ်လေ့ရှိလဲ ဒီဆိုင်တွေကကော ဘယ်လို wholesaleတွေကဝယ်လဲ စဖြင့်ကြည့်ရပါမယ် နောက်ကိုယ့် ပစ္စည်းကနေရာစုံကို ရောက်ဖို့လိုတာလား မလိုတာလား ပြီးတော့ ကိုယ့်မှာရှိတဲ့ resources တွေအရ ရန်ကုန်ကိုပဲ ကိုယ်တိုင်ဖြန့်ပြီး ကျန်မြို့တွေကို dealerနဲ့ wholesalesသမားတွေကိုပေးမှာလား locationအရ အောက်မြန်မာနိုင်ငံကိုအရင်ဖြန်မလား ဒါတွေကြည့်ပြီး sales channelတွေကို စဥ်းစားရမှာဖြစ်ပါတယ်။

Distribution intensityအကြောင်းဖတ်ရန်
https://m.facebook.com/story.php?story_fbid=3300023703575215&id=1981902718720660

ပြီးတော့ sales teamကို စဖွဲပြီး သေချာ trainingတွေပေးကာ သက်ဆိုင်ရာway areaအလိုက် targetတွေ way planဆွဲပြီး သေချာပြုလုပ်ကာ monitoring and review အမြဲပြုလုပ်နေရမှာဖြစ်ပါတယ်။

နောက်ဆုံးအရေးကြီးတဲ့ marketing teamကနေပြီးတော့ ကိုယ့် ပစ္စည်း နဲ့ brandတွေကို လူတွေသိအောင် ကြိုက်အောင် စိတ်ဝင်စားပြီးဝယ်ချင်လာအောင် တွေပြုလုပ်ရပါမယ်။ဒီလိုလုပ်တဲ့အခါ samplingလုပ်တာတွေ road showတွေလုပ်တာတွေ၊ တခြားadvertisingတွေကိုပါ ကိုယ့်target customer အရပြုလုပ်ရပြီး digital marketingပိုင်းတွေပါ သေချာပြုလုပ်ပြီး sales team အရောင်းပြည့်မှီအောင်နဲ့ ရေရှည်ယှဥ်ပြိုင်မှု အားသာချက်ရအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။နောက် marketထဲက အခြေအနေတွေကို researchတွေပြုလုပ်ကာ တင်ပြပေးရပါမယ် ဒါမှ ပစ္စည်းတွေဝယ်တဲ့အခါ လူမကြိုက်တာတွေ မဝယ်မိအောင်ဖြစ်ပါတယ်။
Distribution လုပ်မယ်ဆိုရင် ဒါတွေထက်တောင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန် နားလည်ပြီး လုပ်ကိုင်ရမှာဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

Knowledge is Power Myanmar ကနေပြီး သင်တန်း၆ခုကို ဖွင့်ထားပါတယ် MBA တက်မယ့်သူများဒီ၆ခုကို ကြိုတင်တက်ထားမယ်ဆိုရင် MBA တက်တဲ့အခါများစွားအထောက့်ကူပြုမှာ ဖြစ်ပါတယ်။ဒီသင်တန်း၆ခု ရဲ့ သင်ရိုးတွေဟာ MBA မှာသင်မယ့် သင်ရိုးတွေနီးပါ courseဆွဲထားတာကြောင့် လွန်စွာအဆင်ပြေမှာဖြစ်ပြီး စျေးနှုန်းလည်းအလွန်သက်သာတဲ့ သင်တန်းလေးတွေဖြစ်ပါတယ်။

သင်တန်းအသေးစိတ်ကြည့်ရန်
https://www.facebook.com/1981902718720660/posts/3346268022284116/

နောက်တစ်ခုက Learning Memory stickလေးပါ သင်တန်း၇ခု + မြန်မာရေး Ebook၃အုပ် + နိုင်ငံခြား business managememt ebookတွေထည့်ပေးထားတာကြောင့် ရုံးအတွက်ဖြစ်စေ မိမိအတွက်ဖြစ်စေ ဝယ်ယူလို့ရပါတယ်။
https://www.facebook.com/1981902718720660/posts/3306611826249736/

16/08/2022

သူတော်ရွှေရစ် စားသောက်ကုန်ဖြန့်ချီရေး

ဝန်ထမ်းအလိုရှိသည်။

Sale and marketing(male-2)အရောင်းအော်ဒါကောက်

-အကျင့်စာရိတ္တကောင်းမွန်သူ
-အသက်၁၈နှစ် အထက်
- အဆောင်နေနိုင်သူ ဦးစားပေး
-လူအများနှင့် ပေါင်းသင်းဆက်ဆံတက်ပြီး သပ်ရပ်စွာနေထိုင်တက်သူ
-အခြေခံလစာ+ရက်မှန်ကြေး+ထမင်းစရိတ်
ရောင်းအား% များခံစားခွင့် ရှိသည်။
-လူကိုယ်တိုင်လျောက်ထားလိုပါက
09266020017 တောင်ဥက္ကာလာ ပဒေသာစျေးအနီး တွင် cv များလာရောက်ပေးပို့နိုင်ပြီး
- online မှလျောက်ထားလိုပါက09266020013 သို့ viber မှတစ်ဆင့်စာ
ဖြင့်ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
-အစမ်းခန့်ကာလ ၃လအတွင်း အခြေခံလစာ
(12++++)ဖြစ်ပြီး training uniform ဝတ်ဆင်ရပါမည်။
-အမှန်တကယ် လိုအပ်သူများနှင့် လုပ်ကိုင်ချင်သူများ ဦးစားပေးမည်။

ပြည်​တွင်းထုတ်​ကုန်​များကို ၀ယ်​ယ

သူတော်ရွှေရစ် စားသောက်ကုန်ဖြန့်ချီရေး (တောင်ဒဂုံ ရုံးခွဲ)အတွက်ဝန်ထမ်းအလိုရှိသည်။Sale and marketing(male-4)အရောင်းအော်ဒါက...
27/05/2022

သူတော်ရွှေရစ် စားသောက်ကုန်ဖြန့်ချီရေး (တောင်ဒဂုံ ရုံးခွဲ)အတွက်

ဝန်ထမ်းအလိုရှိသည်။

Sale and marketing(male-4)အရောင်းအော်ဒါကောက်

-အကျင့်စာရိတ္တကောင်းမွန်သူ
-အသက်၁၈နှစ် အထက်

- လုပ်ငန်းအတွေ့အကြုံရှိသူ၊အဆောင်နေနိုင်သူ ဦးစားပေး
-လူအများနှင့် ပေါင်းသင်းဆက်ဆံတက်ပြီး သပ်ရပ်စွာနေထိုင်တက်သူ
-အခြေခံလစာ+ရက်မှန်ကြေး+ထမင်းစရိတ်
ရောင်းအား% များခံစားခွင့် ရှိသည်။
-လူကိုယ်တိုင်လျောက်ထားလိုပါက
09266020017 တောင်ဥက္ကာလာ ပဒေသာစျေးအနီး တွင် cv များလာရောက်ပေးပို့နိုင်ပြီး
- online မှလျောက်ထားလိုပါက09266020013 သို့ viber မှတစ်ဆင့်စာ
ဖြင့်ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
-အစမ်းခန့်ကာလ ၃လအတွင်း အခြေခံလစာ
(13++++)ဖြစ်ပြီး training uniform ဝတ်ဆင်ရပါမည်။
-အမှန်တကယ် လိုအပ်သူများနှင့် လုပ်ကိုင်ချင်သူများ ဦးစားပေးမည်။

12/12/2021

ဒီလိုမျိုး မြန်မာနိုင်ငံမှာပဲ လူပါး၀လို့ရမယ် အဲ့ဒီလို ဆိုင်းဘုတ်တွေရေးထားတဲ့ ဆိုင်တွေရဲ့ ဇာတ်သိမ်း မကြာခင်လာတော့မယ်ဗျ

ဒီနေ့ ကျွန်တော် ဆိုင်တစ်ဆိုင်မှာ နွားနို့ထွက်ဝယ်တယ်။
နွားနို့ တစ်ပိဿာပေါ့။ ၅၀ သားနှစ်ထုပ် ပါပဲ။
ဒါပေမဲ့ ဝယ်ပြီးတော့မှ သတိရတယ်။

၂၅ သား နှစ်ထုပ်တွဲယူရင် ကောင်းမလားလို့။

ဒါနဲ့ အရောင်းကောင်တာက မိန်းကလေးကို ပြောတယ်။ ဈေးဝယ်သူတွေလည်း ရှင်းနေတာကိုး။

“ဟိုနှစ်ထုပ်နဲ့ ဒီတစ်ထုပ် အတူတူပဲဆိုတော့ လဲလိုက်မယ်နော်”

“လဲလို့ မရဘူး”

“အတူတူပဲ မဟုတ်လား”

“ဟိုမှာ ရေးထားတယ်”

သူပြတဲ့ စာကို ဖတ်ကြည့်တော့

“ဝယ်ပြီးပစ္စည်း ပြန်မလဲပေးပါ”တဲ့။

ဆိုင်ထဲကလည်းမထွက်ရသေးဘူး။ ပိုက်ဆံပေးပြီးရုံပဲ ရှိသေးတယ်။ အမျိုးအစားတူ၊ဈေးနှုန်းတူကိုပဲ လဲတာ။

သူ့အနေနဲ့ အဆင်မပြေတာ ရှိချင်ရှိမှာပါ။ ဒါပေမဲ့ Customer ရဲ့ လိုအပ်ချက်တွေကို ဘာလို့ မဖြည့်ဆည်းပေးနိုင်ရမှာလဲ။

ရောင်းသူနဲ့ ဝယ်သူ ဘယ်သူက အရေးပါလဲ။ မေးခွန်းတွေအများကြီး ပေါ်လာပါတယ်။

▪️ ▪️ ▪️

ဖတ်ဖူးတဲ့ တစ်ခါက အကြောင်းအရာတစ်ခုကို တင်ပြလိုတယ်။

သူရေးထားတဲ့အတိုင်း တင်ပြပါမယ်။

“ကျွန်တော်ငယ်ငယ်က ကျောင်းအားရက်တွေမှာ အဖေ့ကို ကူညီတဲ့အနေနဲ့ ဆိုင်ထိုင်ပေးရပါတယ်။

အဖေကလည်း ကျွန်တော့်ကို အလုပ်သင်အနေနဲ့ လုပ်ခပေးပါတယ်။

အဖေ့ဆိုင်က ပရိဘောဂတွေ ရောင်းတဲ့ဆိုင်ပါ။

တစ်ခါမှာ အမျိုးသမီးကြီးတစ်ယောက်ဟာ ဆိုင်ရှေ့မှာ သူ့ရဲ့ကားကို ရပ်ပြီး ဆိုဖာတစ်လုံးကို ကျွန်တော့်ကို ချစေတယ်။

ကျွန်တော်က ဆိုဖာကို ဆိုင်ထဲသွင်းလိုက်ပါတယ်။

“ဘာမှ မကြာသေးဘူး ပျက်ပြီ။ ဘောက်ချာတော့ မပါဘူး။ ပြင်ပေးလို့ရလား”

“ရပါတယ်”

အဖေက ဆိုဖာကုလားထိုင်ကို စစ်ဆေးပြီး “နက်ဖြန်လာယူပါ”လို့ မှာလိုက်တယ်။
အဖေက ပြင်ပေးတယ်။

ကျွန်တော်က ကုလားထိုင်ကို ကြည့်လိုက်တော့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆိုင်ကဖြစ်နေတာကို တွေ့ရတယ်။

“အဖေ။ ဟိုဘက်ဆိုင်က ကုလားထိုင်ပဲ”

“ဟုတ်တယ်လေ။ ငါသိပါတယ်"

“ဒါဆို အဖေဘာလို့ ပြင်ပေးတာလဲ”

“ငါက ဒါလောက်တော့ ပြင်တတ်တာကိုး”

“အဖေအမျိုးသမီးကြီးကို ပိုက်ဆံတောင်းဦးမှာလား”

“မတောင်းပါဘူး။ သူဝယ်သွားတာတစ်နှစ်တောင် မပြည့်သေးဘူး ပြောတယ်။
ဒီမှာကြည့်။

အသစ်ကြီး။ တစ်ခုခုကြောင့် ဒီလို ပျက်သွားတာ”

အဖေက စိတ်ရှည်လက်ရှည် ပြင်ပေးလိုက်တယ်။ နောက်တစ်နေ့မှာအမျိုးသမီးကြီးက သူ့ခုံသူ လာယူသွားတယ်။

တစ်ပတ်လောက်ကြာတော့ အမျိုးသမီးကြီး ပြန်လာတယ်။

“ဆောရီးပဲ။ ကျွန်မ ဆိုင်မှားပြီး ပြင်ခိုင်းလိုက်တာ။ တကယ်တော့ကျွန်မ မသိလိုက်ဘူး။

ကျွန်မယောက်ျား ခရီးက ပြန်ရောက်တော့ သူပြောပြမှ သိတယ်။

သူက ကျွန်မကို အပြစ်တင်တယ်”
အဖေက ပြုံးနေတယ်။

“ရှင် ဆိုင်မှားနေတာကိုသိမှာပေါ့”

“သိပါတယ်။ အောက်ဘက်မှာ ဆိုင်တံဆိပ် ပါတာပဲ”

“ကဲပါ။ ကျွန်မဘယ်လောက် ပေးရမလဲ”

“မလိုပါဘူး”

“ဘာဖြစ်လို့လဲ”

“အသေးအမွှားတွေပဲလေ။ ဒီလိုပြင်ပေးဖို့ ကျွန်တော်တို့ ပရိဘောဂသမားတွေမှာ တာဝန်ရှိပါတယ်။

နောက်ပြီး ခင်ဗျားအနေနဲ့လည်း ဒီခုံကို ဟိုသယ်ဒီသယ်လုပ်ရတာ အဆင်မှ မပြေတာပဲ”

အဖေပြောတော့ အမျိုးသမီးသဘောပေါက်ပြီး ပြန်သွားတယ်။

နှစ်တွေကြာသွားတော့ ကျွန်တော်လည်း အဆောင်ကို ပြောင်းနေခဲ့တယ်။

ကျောင်းကဘွဲ့ရပြီး အိမ်ကိုပြန်ရောက်တော့ ကျွန်တော် ကိုယ်ပိုင်အလုပ်ကို မလုပ်မီ အဖေ့ဆိုင်မှာ ထိုင်ပေးပါတယ်။

တစ်ရက်မှာ သူရဲ့ဆိုဖာခုံကို ဆိုင်မှားပြင်ခိုင်းတဲ့ အမျိုးသမီးသမီးကြီးရောက်လာတယ်။

အဖေ့ကို ပြုံးပြီး နှုတ်ဆက်တယ်။ သူတစ်ယောက်ထဲ မဟုတ်ဘူး။

နောက်မှာ လူအချို့လည်း ပါလာတယ်။

“ဒါက ကျွန်မမြေးတွေ။

သူတို့ မင်္ဂလာဆောင်ပြီး အိမ်သစ်အတွက် ပရိဘောဂလိုချင်လို့ပါ”
သူတို့ ကက်တလောက်တွေကို ကြည့်ပြီး ပစ္စည်းတွေ မှာသွားတယ်။

သူတို့ပြန်သွားတော့ အဖေ့ကို မေးတယ်။

“မိတ်ဆွေတွေ ဖြစ်သွားလား”

“ဟုတ်တယ်။ ဒီအမျိုးသမီးကြီးက လူမှုကွန်ရက်မှာ အရေးပါတဲ့ တစ်ယောက်ပဲ။

သူက ဖောက်သည်တွေ အများကြီး ရှာပေးတယ်”

“အဖေ့ ပစ္စည်းတွေလည်း ကောင်းတာကိုး”

“ပစ္စည်းကောင်းရုံနဲ့ မရဘူးသား။

စိတ်ထားလည်း ကောင်းရတယ်။ တို့ဈေးရောင်းတယ်ဆိုတာ အခြားသူတွေကို ကူညီနေတာပဲမဟုတ်လား “

အဖေ့ဟာ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဆရာအစစ်အမှန် ဖြစ်လာပါတယ်။

ဒီနေ့မှာ ကျွန်တော်ဟာ သန်းကြွယ်သူဌေးကြီး ဖြစ်နေပါပြီ။
ပိုက်ဆံရှိတာထက် လူမှုအသိုင်းအဝိုင်းထဲမှာ ပျော်ရွှင်မှုတွေနဲ့ နေတတ်ဖို့ အဖေသင်ပေးတာပါပဲ"တဲ့။

▪️ ▪️ ▪️

ကျွန်တော်တို့ ကမ္ဘာကြီးမှာ တစ်နေရာနဲ့တစ်နေရာ၊ တစ်ယောက်နဲ့တစ်ယောက် နီးကပ်လာပါပြီ။ နယ်စည်းမခြားဆိုတာ တကယ့်ကို ဖြစ်လာပြီပဲ။

ဒါကို Globalization လို့ ခေါ်ကြတယ်။ ကမ္ဘာလုံးခြုံ ဖြစ်ထွန်းမှုပေါ့။

တစ်နေရာက လိုတဲ့ပစ္စည်းကို နောက်တစ်နေရာက ပို့ဆောင်ရောင်းဝယ်တာပါပဲ။ အဓိကကတော့ ဈေးကွက်ပေါ့။

၂၁ ရာစု ဈေးကွက်ဆိုတာ အကောင်းဆုံးကို လိုချင်တဲ့ ဈေးကွက်ပါပဲ။

လူတွေဟာ ပစ္စည်းကောင်းကို သုံးချင်တယ်။ ရွေးချယ်ခွင့်ကို ရချင်တယ်။ မိမိကိုလေးစားတဲ့ သူတွေနဲ့သာ ဆက်ဆံလိုတယ်။
၁၉၆၀ ပြည့်နှစ်လောက်က ထိုင်းမှာ စီးပွားရေးပြုပြင်ရေးတွေ လုပ်တယ်။

ထိုင်းအစိုးရက နိုင်ငံတကာကလူတွေကို ဖိတ်ခေါပြီး ထိုင်းမှာ ဆိုင်တွေဖွင့်ဖို့ အားပေးအားမြှောက် ပြုတယ်။

ကုန်တိုက်ကြီးတွေ နေ့ချင်းညချင်း ပေါ်လာပါတယ်။
ဒါပေမဲ့ တစ်နှစ်မပြည့်မီ အနောက်တိုင်းရင်းနှီးမြှုပ်နှံသူတွေက ပြန်ထွက်ဖို့ ပြင်ဆင်ကြတယ်။

ဒီတော့ ထိုင်းတာဝန်ရှိသူတွေက ရင်းနှီးမြှုပ်နှံသူတွေကို မေးတယ်။

“ဘာလို့ ထွက်မှာလဲ”

“ဝန်ထမ်းတွေပါပဲ။ သူတို့နဲ့ အလုပ်လုပ်ရတာ အဆင်မပြေဘူး”

“ဝန်ထမ်းတွေကို ခိုင်းလေဗျာ”

“ခိုင်းပါတယ်။ သူတို့ဟာ စကား စုပြောတယ်။ ဖောက်သည်သည်တွေလာရင်လည်း ချေချေငံငံ မဆက်ဆံဘူး”

“ဘယ်လိုမျိုးလဲ”

“ပစ္စည်းတစ်ခုပြခိုင်းရင် ဈေးကြီးတယ်နော်၊ ဝယ်နိုင်လို့လား ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတယ်”

“သူတို့ကို သဘော‌ပေါက်အောင် ပြောလို့မရဘူးလား”

“မရဘူး။ တစ်ခါတစ်ခါ သူတို့အချင်းချင်း စကားပြောနေတယ်။ ဖောက်သည်တွေကိုလည်း ပြန်ငြင်းတာ ရှိတယ်”

“သူတို့က ရှင်းပြတာ နေမှာပေါ့”

“ဟုတ်မှာပါ။ ဒါပေမဲ့ဖောက်သည်က ဘာမှမသိဘူးဆိုတာ မလုပ်ရဘူးလေ။

Customer is always right ဆိုတဲ့စကား ရှိတယ်”

“ဖောက်သည်က မှားနေရင်ကော”

“မှားတာတွေ ရှိမှာပါ။ ဒါပေမဲ့ ဈေးရောင်းတဲ့သူတွေက ဒါကို ထောက်ပြစရာ မလိုဘူးလေ။ သူ့တာဝန်က ဝန်ဆောင်မှုပေးဖို့ပဲ”

“ခင်ဗျားပြောတာ တော်တော်ကောင်းတာပဲ။ ခင်ဗျားတို့ ဘာလုပ်ပေးလို့ရလဲ”

“အင်း၊ ကျွန်တော်တို့ သူတို့ကို တစ်လနှစ်လလောက် သင်တန်းပေးဖို့ လိုတယ်”

“အဲဒီအချိန်မှာ ကုန်တိုက်ကို ဘာလုပ်ရမှာလဲ”

“ပိတ်ထားလိုက်ပေါ့”
“ခင်ဗျာ”

“တစ်သက်လုံး အဆင်ပြေမဲ့ကိစ္စ တစ်လနှစ်လလောက်တော့ ရင်းနှီးရမှာပေါ့”

▪️ ▪️ ▪️

အဲဒီနောက်တော့ ထိုင်းကုန်တိုက်တွေဟာ ကမ္ဘာ့အဆင့် မီလာတယ်။

နောက်ပြီးစားသောက်ဆိုင်က ဝန်ထမ်းတွေကိုလည်း သင်တန်းတွေပေးတယ်။ အချို့ ကို နိုင်ငံခြားလွှတ် သင်တန်းတွေတက်ခိုင်းတယ်။
ဆက်ဆံရေးတွေကောင်းပြီး ဂရုစိုက်မှုတွေနဲ့ စာသုံးသူတွေကို အဆင်ပြေအောင် လုပ်ဖို့ဆိုတာတွေကို သင်တန်းတွေမှာ သင်ပေးတယ်။

မန်နေဂျာသင်တန်းတွေ၊ စီအီးအိုသင်တန်းတွေတောင် ရှိပါတယ်။ ဒါတွေက အင်မတန် အရေးကြီးတယ်။

ဘာကြောင့် ဒါတွေ လိုအပ်လဲ။

စောစောက ကျွန်တော်ပြောသလို Globalization ဆိုတာ ကျွန်တော်တို့ဆီ ရောက်လာနေပြီ။ ငွေအား၊ လူအားနဲ့ ဝင်လာတဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့ ပြိုင်ရမှာပဲ။
ဒီအတိုင်း ဆက်နေရင်တော့ မြန်မာတွေဟာ အလုပ်သမားတွေပဲ ဖြစ်လာမှာပေါ့။

ဘဏ်လုပ်ငန်းတွေ၊ ဓာတ်ဆီဆိုင်လုပ်ငန်းတွေမှာ အစိုးရက သူတို့ဝင်မတိုးနိုင်အောင် ကာကွယ်ထားတာတွေ ရှိတယ်။
ဒါပေမဲ့ ရေရှည်မှာ သူတို့ကို ဖွင့်ပေးရမှာပဲ။ ဒီအခါ ခက်ခဲတဲ့ယှဉ်ပြိုင်မှုတွေကို တွေ့ရမှာပါပဲ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မလွဲမသွေ လမ်းဖွင့်ပေးရမှာ ဖြစ်တယ်။

ဒီတော့အကောင်းဆုံးဖြစ်အောင် မိမိကိုယ်ကိုယ် မိမိတို့ ပြင်ဆင်ထားကြဖို့ လိုတယ်။
နိုင်ငံခြားမှာ မိမိမကြိုက်ရင် ဝယ်ပြီးပစ္စည်းတွေကို တစ်ပတ်အတွင်း ပြန်လဲလို့ ရတယ်။
မြန်မာပြည်မှာ ဆိုင်ထဲကနေ မထွက်ရသေးတာတောင် လဲလို့မရဘူး။

“ဝယ်ပြီးပစ္စည်း မလဲပေးပါ။ ကျန်ရှိပစ္စည်း တာဝန်မယူ” ဆိုတာတွေနဲ့ နိုင်ငံတကာဈေးကွက်ကို တိုးဖို့မလွယ်လှကြောင်း တင်ပြလိုက်ရပါတယ်။

Credit

#ဒေါက်တာခင်မောင်ညို
(ဒီဇင်ဘာ ၆ရက်၊ ၂၀၂၀)
®PNCS

Address

Yangon

Telephone

+959266020013

Website

Alerts

Be the first to know and let us send you an email when Thutaw Shwe Yitt Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share