Marketing GURU for SME

Marketing GURU for SME Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Marketing GURU for SME, Marketing Agency, Bld(3A/206), Yadana Hnin Si Residence, Yadana Street, Ward (61), Dagon Seik Kan Tsp, Yangon.

***လိုအပ်ချက်များ၊ လိုချင်မှုများနှင့် တောင်းဆိုချက်များ (Needs, Wants & Demands)***✅လေ၊ ရေ၊ အစားအစာ၊ အဝတ်အထည်၊ အိမ်နှင့...
11/05/2022

***လိုအပ်ချက်များ၊ လိုချင်မှုများနှင့် တောင်းဆိုချက်များ (Needs, Wants & Demands)***

✅လေ၊ ရေ၊ အစားအစာ၊ အဝတ်အထည်၊ အိမ်နှင့် အမိုးအကာတို့သည် လူတစ်ယောက်အတွက် အခြေခံ လိုအပ်ချက်များ (Needs) ဖြစ်ပါတယ်။ လူသားများဟာ အပန်းဖြေခြင်း၊ ပညာရေးနှင့် ဖျော်ဖြေရေးစသည် တို့အတွက် ခိုင်မာသောလိုအပ်ချက်များရှိပါတယ်။ တိကျတဲ့ အရာတွေမှာ လိုအပ်ချက် (Needs) ကို ဖြည့်ဆည်းပေးနိုင်မှု ကျော်လွန်လာတဲ့ အခါ ဒီလိုအပ်ချက် (Needs) တွေက လိုချင်တာ (Wants) တွေ ဖြစ်လာပါတယ်။ ဥပမာ - ချမ်းသာတဲ့နိုင်ငံတွေမှာ စားသုံးသူက အစားအသောက်လိုအပ်ပေမယ့် မက်ဒေါ်နယ် နဲ့ လက်ဖက်ရည်အေးကိုသာ လိုချင်တာမျိုးဖြစ်နိုင်ပေမယ့် ဆင်းရဲတဲ့နိုင်ငံမျိုး၊ စစ်ဖြစ်နေတဲ့နိုင်ငံမျိုးမှာတော့ လူတစ်ဦးရဲ့ အစားအစာလိုအပ်မှုက ထမင်း၊ အသား၊ အသီးအရွက်ကိုသာ လိုချင်တာမျိုးဖြစ်နိုင်ပါတယ်။

✅အရာဝတ္ထုပစ္စည်းတစ်ခုကို ဝယ်ယူနိုင်မှု၊ ပေးချေနိုင်မှုတို့ကြောင့် လိုချင်မှုများကနေ တောင်းဆိုချက်များ (Demand) ဖြစ်လာပါတယ်။ လူတော်တော်များများက မာစီးဒီးကားတစ်စီးကို လိုချင်ကြပေမယ့် အနည်းစုသာ ဝယ်နိုင်ပါတယ်။

✅ကုမ္ပဏီများ၊ ကုန်ပစ္စည်းထုတ်လုပ် ရောင်းချသူများဟာ လူမည်မျှ မိမိတို့၏ထုတ်ကုန်ကို လိုချင်သော်လည်း မည်မျှသာ တကယ် ဝယ်ယူနိုင်မည်နည်းဆိုတာ မဖြစ်မနေ တိုင်းတာရပါမယ်။ ဘာကြောင့်တိုင်းတာရသလဲဆိုရင် "စျေးကွက်ရှာဖွေသူများဟာ လိုအပ်ချက်များကို ဖန်တီးနေသလား (သို့မဟုတ်) ၎င်းတို့မလိုချင်သော အရာများကို ဝယ်ယူရန် လူများကို ဆွဲဆောင်နေသလား" ဟူသော မကြာခဏ ဝေဖန်မှုများအပေါ် ထင်ရှားစေချင်လို့ပါ။

✅စျေးကွက်ရှာဖွေသူများဟာ လိုအပ်ချက်များ (Needs) ကို ဖန်တီးလို့ မရပါဘူး။ လိုအပ်ချက်များ (Needs) ရှိနေခြင်းကိုသာ စျေးကွက်ရှာဖွေရေးသမားများက ရှာဖွေရပါမည်။ ဈေးကွက်ရှာဖွေရေးသမားများက လွှမ်းမိုးမှုရှိသော အခြားလူမှုရေးဆိုင်ရာ အချက်အလက်များနှင့် လူတွေရဲ့ လိုချင်မှု (Wants) တွေ ဖြစ်လာအောင် လုပ်ရပါမည်။ ဥပမာ - Mercedes ကားတစ်စီးဟာ လူတစ်ဦး၏ လူမှုအဆင့်အတန်းကို မြှင့်တင်နိုင်စေတယ်ဆိုတဲ့ အတွေးအိုင်ဒီယာမျိုးနဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် လူမှုအဆင့်အတန်းအတွက် လိုအပ်ချက် (Needs) ကို မဖန်တီးပါနဲ့။

✅အချို့သော ဖောက်သည်များဟာ ၎င်းတို့သတိမထားမိခြင်း သို့မဟုတ် ရှင်းရှင်းလင်းလင်း မပြောနိုင်သော လိုအပ်ချက်များ (Needs) ရှိပါတယ်။ ဖောက်သည်တစ်ယောက်က အားကောင်းသော မြက်ရိတ်စက် (သို့မဟုတ်) အေးအေးဆေးဆေးရှိသော တည်းခိုခန်းတစ်ခုကို တောင်းဆိုတယ်ဆိုတာ ဘာအဓိပ္ပါယ်ဖြစ်မလဲ။ ဈေးကွက်ရှာဖွေသူ အနေနဲ့ သူ့ရဲ့ လိုအပ်ချက်ကို ဆက်လက်ပြီး စုံစမ်းဖော်ထုတ်ဖို့ လိုပါတယ်။

✅လူတွေရဲ့ လိုအပ်ချက် (၅) မျိုးရှိနိုင်ပါတယ်။
၁) ဖော်ပြထားသော လိုအပ်ချက်များ (ဖောက်သည်သည် ဈေးသက်သာသော ကားကို လိုချင်ခြင်း)
၂) အမှန်တကယ် လိုအပ်ချက်များ (ဖောက်သည်သည် ကနဦးစျေးနှုန်းမဟုတ်ဘဲ၊ ရေရှည်မှာ လည်ပတ်မှုကုန်ကျစရိတ် နည်းသောကားကို လိုချင်ခြင်း)
၃) မဖော်ပြထားသော လိုအပ်ချက်များ (ဖောက်သည်သည် အရောင်းကိုယ်စားလှယ်ထံမှ ကောင်းမွန်သောဝန်ဆောင်မှုကို မျှော်လင့်ခြင်း)
၄) ဝမ်းမြောက်စေသော လိုအပ်ချက်များ (ဖောက်သည်သည် အရောင်းကိုယ်စားလှယ်အား onboard GPS လမ်းကြောင်းပြစနစ်တစ်ခု ထည့်သွင်းစေလိုခြင်း)
၅) ပုံးလျိုးကွယ်နေသော လိုအပ်ချက်များ (ဖောက်သည်သည် သူနှင့်အတူပါလာသော သူငယ်ချင်းများကို ကျွမ်းကျင်သော ဝယ်ယူသူအဖြစ် မြင်စေလိုခြင်း)

✅ဖော်ပြထားသော လိုအပ်ချက်ကိုသာ တုံ့ပြန်ခြင်းသည် ဖောက်သည်အား ချက်ချင်း အပြောင်းအလဲ ဆုံးဖြတ်ချက်တစ်ခု ဖြစ်စေနိုင်ပါတယ်။ ဖုန်းသုံးစွဲသူများသည် ဆယ်လူလာဖုန်းများကို စတင်မိတ်ဆက်စဉ်က မသိရှိ နားမလည်ခဲ့ကြပါဘူး။ အချိန်ကြာလာသည်နှင့်အမျှ Nokia နှင့် Ericsson တို့သည် သုံးစွဲသူများ၏ ခံယူချက်များကို ပုံသွင်းရန် ကြိုးပမ်းခဲ့ကြပါတယ်။ ဈေးကွက်ယှဥ်ပြိုင်မှုတွေမှာ နှာတဖျား ပိုသာစေဖို့ ကုမ္ပဏီများ၊ ရောင်းချသူများဟာ ဖောက်သည်များကို သူတို့လိုချင်တဲ့ဟာကို သိရှိအောင် ကူညီပေးရပါမယ်။

ဆက်ရန်...

✅မားကတ်ဆိုတာ ရှေးရိုးရာပုံစံအတိုင်း ပြောရရင်တော့ ဝယ်သူနဲ့ ရောင်းသူ ဆုံတဲ့နေရာလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ အခြေခံ မားကတ်...
02/05/2022

✅မားကတ်ဆိုတာ ရှေးရိုးရာပုံစံအတိုင်း ပြောရရင်တော့ ဝယ်သူနဲ့ ရောင်းသူ ဆုံတဲ့နေရာလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ အခြေခံ မားကတ် အမျိုးအစား (၅) မျိုးရှိပါတယ်။
၁) အရင်းအမြစ် ဈေးကွက် (Resource Market)
၂) စားသုံးသူ ဈေးကွက် (Consumer Market)
၃) ကြားခံရောင်းချသူ ဈေးကွက် (Intermediary Market)
၄) ထုတ်လုပ်သူ ဈေးကွက် (Manufacturer Market)
၅) အစိုးရ ဈေးကွက် (Government Market)

✅ပုံပါအရ ထုတ်လုပ်သူများဟာ အရင်းအမြစ်ဈေးကွက် (Resource Market) မှ အရင်းအမြစ် ပစ္စည်း (လူ၊ ကုန်ကြမ်း၊ ငွေကြေး စသည်…) များကို ငွေကြေးဖြင့် ဝယ်ယူ၍ ကုန်ချောပစ္စည်းများကို ကြားခံရောင်းချသူ ဈေးကွက် (Intermedairy Market) သို့ ငွေကြေးဖြင့် ပြန်လည်ရောင်းချကြပါသည်။ စားသုံးသူများသည် ၎င်းတို့၏ လုပ်အားကို အရင်းအမြစ်ဈေးကွက် (Resource Market) သို့ ရောင်းချပြီး ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ပေးဆောင်သည့် ငွေများကို လက်ခံရယူကြသည်။ အစိုးရသည် စားသုံးသူဈေးကွက်၊ အရင်းအမြစ်ဈေးကွက်၊ ထုတ်လုပ်သူ ဈေးကွက်နှင့် ကြားခံရောင်းချသူများဈေးကွက် ထံမှ အခွန်ငွေများကို ကောက်ခံပြီး ၎င်းဈေးကွက်များအတွက် ဝန်ဆောင်မှုများကို ပြန်ပေးပါသည်။

✅အဓိက ဖောက်သည် ဈေးကွက် (Key Customer Market) မှာ
၁) စားသုံးသူ ဈေးကွက် (Consumer Market) - ကုမ္ပဏီများသည် လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အမြောက်အများ ရောင်းချကြပါသည် (ဥပမာ…ဖျော်ရည်များ၊ အလှကုန်များ၊ အားကစားဖိနပ်များနှင့် လေကြောင်းခရီးစဥ်များ)။ သာလွန်ကောင်းမွန်သော ထုတ်ကုန်နှင့် ထုပ်ပိုးမှုကို ဖန်တီခြင်း၊ ၎င်း၏ရရှိနိုင်မှုကို သေချာစေခြင်း၊ အထောက်အပံကောင်းများပေးနိုင်ပြီးး ဆွဲဆောင်မှုရှိသော ဆက်ဆံရေး ထူထောင်ထားနိုင်ခြင်းနှင့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများပေးနိုင်အောင်လုပ်ခြင်းဖြင့် ဤဈေးကွက်တွင် ကုမ္ပဏီများသည် သူ၏ ခိုင်မာသော အမှတ်တံဆိပ်ပုံသဏ္ဍာန်ကို ထူထောင်ရန် အချိန်များစွာ သုံးစွဲကြရပါသည်။
၂) စီးပွားရေးလုပ်ငန်း ဈေးကွက် (Business Market) - စီးပွားရေး ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရောင်းချသည့် ကုမ္ပဏီများသည် အပြိုင်အဆိုင်ကမ်းလှမ်းမှုများကို အကဲဖြတ်ရာတွင် ကောင်းစွာ သိကျွမ်းနားလည်သော ဝယ်ယူသူများ နှင့် ရင်ဆိုင်ရလေ့ရှိပါသည်။ စီးပွားရေးဈေးကွက်တွင် ဖောက်သည်တွေက ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး အမြတ်ငွေဖြင့် အခြားသူများအား ပြန်လည်ရောင်းချခြင်းမျိုး ဖြစ်ပါသည်။ စီးပွားရေး စျေးကွက်ရှာဖွေသူများသည် ၎င်းတို့၏ထုတ်ကုန်များကို ပိုမိုမြင့်မားသော ဝင်ငွေရရှိရန် (သို့မဟုတ်) ကုန်ကျစရိတ်နည်းအောင် ဘယ်လိုနည်းလမ်းဖြင့် ပြုလုပ်ကမည်ကို သိရှိရမည်။
၃) ကမ္ဘာဈေးကွက် (Global Market) - ကမ္ဘာ့ဈေးကွက်ရှိ ကုမ္ပဏီများသည် မည်သည့်နိုင်ငံသို့ ဝင်ရောက်ရမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ တစ်ခုချင်းစီကို ဘယ်လိုဝင်ရမလဲ။ နိုင်ငံတစ်ခုစီသို့ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အင်္ဂါရပ်များကို မည်ကဲ့သို့ လိုက်လျောညီထွေဖြစ်အောင် လုပ်နည်း၊ ထုတ်ကုန်တွေကို ဘယ်လိုဈေးသတ်မှတ်မလဲ၊ မတူညီသောနိုင်ငံများတွင် မတူညီသော ယဉ်ကျေးမှုများအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်မလဲ စသည်ဖြင့် ရှာဖွေရပါမည်။
၄) အကျိုးအမြတ်မယူတဲ့ပရဟိတနဲ့ အစိုးရဈေးကွက် (Non-profit & Government Market) - အကျိုးအမြတ်မယူတဲ့ ပရဟိတ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ဘုရားကျောင်းများ၊ တက္ကသိုလ်များ၊ ပရဟိတအဖွဲ့များနှင့် အစိုးရကဲ့သို့သော ဝယ်ယူမှုစွမ်းအား အကန့်အသတ်ရှိသောအဖွဲ့အစည်းတွေကို ရောင်းချတဲ့ ကုမ္ပဏီတွေနဲ့ အေဂျင်စီတွေက ဈေးနှုန်းကို ဂရုတစိုက်နဲ့ သတ်မှတ်ပေးဖို့လိုပါမယ်။ လျှော့စျေးနဲ့ ရောင်းချခြင်းသည် ရောင်းချသူကပေးနိုင်သော ကုန်ပစ္စည်း၏ အင်္ဂါရပ်များနှင့် အရည်အသွေးကို ထိခိုက်စေနိုင်ခြင်းကို သတိပြုရပါမည်။ အစိုးရဝယ်ယူမှု အများအပြားသည် လေလံ၊ တင်ဒါပုံစံဖြင့် ခေါ်လေ့ရှိပြီး ထုတ်ကုန်(သို့) ဝန်ဆောင်မှုအတွက် တောင်းဆိုထားသော အချက်အလက်များနှင့် တင်ဒါအချက်အလက်များကိုက်ညီ၍ လက်တွေ့ကျသော ဖြေရှင်းချက်များနှင့် လျော့ပေါ့ထားသော အချက်အလက်များ၊ အကြောင်းရင်းများမရှိပဲ အနိမ့်ဆုံးဈေးကိုသာ ရွေးချယ် ဝယ်ယူကြပါသည်။

ဈေးကွက်ဆိုတာဘာလဲ???✅ဈေးကွက်ဆိုတာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ပြပွဲ၊ အတွေ့အကြုံ၊ လူ၊ နေရာ၊ ပိုင်ဆိုင်မှုပစ္စည်း၊ အဖွဲ့အစည်း...
28/04/2022

ဈေးကွက်ဆိုတာဘာလဲ???

✅ဈေးကွက်ဆိုတာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ပြပွဲ၊ အတွေ့အကြုံ၊ လူ၊ နေရာ၊ ပိုင်ဆိုင်မှုပစ္စည်း၊ အဖွဲ့အစည်း၊ သတင်းအချက်အလက်နှင့် စိတ်ကူးတို့ဖြစ်ပါတယ်။

ဈေးကွက်မှာ ဘယ်သူတွေပါဝင်လဲ???

✅ဈေးကွက်မှာ ပါဝင်သူတွေကတော့ အကြမ်းဖျင်းအားဖြင့် ဈေးကွက်ရှာဖွေသူနဲ့ ဝယ်ယူသူဖြစ်နိုင်မယ့် ကုန်ပစ္စည်းကို စိတ်ဝင်စားသူတို့ပဲ ဖြစ်ပါတယ်။
စျေးကွက်ရှာဖွေသူများသည် ဝယ်လိုအားကို စီမံခန့်ခွဲနိုင်ဖို့အတွက် တာဝန်ရှိပါတယ်။ ၎င်းတို့သည် အဖွဲ့အစည်း၏ ရည်မှန်းချက်များ ပြည့်မီစေရန် ဝယ်လိုအား၏ အဆင့်၊ အချိန်နှင့် ဖွဲ့စည်းမှုကို လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းကြရပါတယ်။

✅ဝယ်လိုအား (၈)မျိုး ရှိနိုင်ပါတယ် -

၁) အနုတ်လက္ခဏာဆောင်သော ဝယ်လိုအား — စားသုံးသူများသည် ထုတ်ကုန်ကို မကြိုက်ကြခြင်းကြောင့် မဝယ်ဘဲနေကြခြင်း

၂) မသိရှိနိုင်သောဝယ်လိုအား — စားသုံးသူများသည် ထုတ်ကုန်ကို သတိမပြုမိခြင်း (သို့မဟုတ်) စိတ်ဝင်တစားမရှိခြင်း

၃) ငုပ်လျှိုးနေသောဝယ်လိုအား — စားသုံးသူများသည် ရှိပြီးသားထုတ်ကုန်အပေါ်မှာ ကျေနပ်အားရမှု မရှိဘဲ ပြင်းထန်သော လိုအပ်ချက်ကို တောင်းဆိုခြင်း

၄) ကျဆင်းနေသည့် ဝယ်လိုအား — စားသုံးသူများသည် ထုတ်ကုန်ကို ဝယ်ယူမှု လျော့နည်းလာခြင်း (သို့မဟုတ်) လုံးဝမဝယ်ယူတော့ခြင်း

၅) ပုံမှန်မဟုတ်သော ဝယ်လိုအား — စားသုံးသူဝယ်ယူမှုများသည် အခြေခံ ရာသီအလိုက်၊ လစဉ်၊ အပတ်စဉ်၊ နေ့စဉ် (သို့မဟုတ်) နာရီအလိုက် ပင်လျှင် ဝယ်လိုအားကွဲပြားခြင်း

၆) လုံလောက်သော ဝယ်လိုအား - စားသုံးသူများသည် စျေးကွက်ထဲသို့ သွင်းထားသော ထုတ်ကုန်အားလုံးကို လုံလောက်စွာ ဝယ်ယူကြခြင်း

၇) ဝယ်လိုအား လွန်ကဲခြင်း — ကုန်ပစ္စည်းကို ကျေနပ်သည်ထက် စားသုံးသူများက ဝယ်ယူလိုကြခြင်း

၈) မလိုလားအပ်သော၊မဆီလျော်သော ၀ယ်လိုအား — စားသုံးသူများသည် မလိုလားအပ်သော၊ မကောင်းသော လူမှုရေးအကျိုးဆက်များ ရှိနိုင်သည့် နည်းဖြင့် ထုတ်ကုန်များကို ဆွဲဆောင်ခံရခြင်း

Marketing မှာ ဘာတွေပါလဲ၊ ဘာတွေလုပ်ရမလဲ။ ⁇✅မားကတ်တင်းသမားတစ်ယောက်ဖြစ်ဖို့ ပြင်ဆင်ရာမှာ မားကတ်တင်းဆိုတာ ဘာလဲ၊ ဘယ်လိုအလုပ်လ...
27/04/2022

Marketing မှာ ဘာတွေပါလဲ၊ ဘာတွေလုပ်ရမလဲ။ ⁇

✅မားကတ်တင်းသမားတစ်ယောက်ဖြစ်ဖို့ ပြင်ဆင်ရာမှာ မားကတ်တင်းဆိုတာ ဘာလဲ၊ ဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်သူတွေပါဝင်တယ်၊ ဈေးကွက်ဆိုတာဘာလဲ နားလည်ဖို့လိုပါတယ်။
✅မားကတ်တင်း ဆိုတာ လူသားများနှင့် သူတို့၏လူမှုရေးလိုအပ်ချက်များကို ခွဲခြားသတ်မှတ်ပြီး ဖြည့်ဆည်းပေးခြင်းတို့ကို ရည်ညွှန်းပါသည်။ မားကတ်တင်းကို အတိုဆုံး အဓိပ္ပါယ်ဖွင့်ဆိုရရင် "အကျိုးအမြတ်ရရှိရန်အတွက် လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးခြင်း" ဖြစ်ပါတယ်။
✅တစ်နည်းအားဖြင့် စျေးကွက်ရှာဖွေခြင်းဆိုသည်မှာ ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် လူ့အဖွဲ့အစည်းအတွက် ကြီးမားသောတန်ဖိုးရှိသည့် ကမ်းလှမ်းမှုများကို အဖွဲ့အစည်းပုံစံနှင့် ဖန်တီးခြင်း၊ ဆက်သွယ်ခြင်း၊ ပေးပို့ခြင်းနှင့် ဖလှယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
✅ဒါကြောင့် စျေးကွက်ရှာဖွေရေးစီမံခန့်ခွဲမှုဆိုတာ သိပ္ပံနဲ့ အနုပညာကိုပေါင်းစပ်ပြီး ပစ်မှတ်စျေးကွက်များကိုရွေးချယ်ခြင်း၊ ဖောက်သည်တွေအတွက် ပိုမိုကောင်းမွန်သောတန်ဖိုးကို ဖန်တီးခြင်း၊ ပေးအပ်ခြင်းနှင့် ဆက်သွယ်ခြင်းမှတစ်ဆင့် ဖောက်သည်များကိုရယူခြင်း၊ ထိန်းသိမ်းခြင်းနှင့် တိုးပွားလာအောင်ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။
✅စျေးကွက်ရှာဖွေခြင်း၏ ရည်ရွယ်ချက်မှာ ဖောက်သည်အား ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုသည် သူနှင့်ကိုက်ညီပြီး သူ့ဘာသာသူရောင်းချနိုင်စေရန် ဖောက်သည်အား ကောင်းစွာ နားလည်သဘောပေါက်စေရန် ဖြစ်ပါတယ်။ မားကတ်တင်းကို ကောင်းကောင်းလုပ်နိုင်ခြင်းက ဝယ်ရန်အဆင်သင့်ဖြစ်နေသော ဖောက်သည်များ ဖြစ်ပေါ်လာစေခြင်းပဲဖြစ်ပါတယ်။

ဆက်ရန် ....

✅ယနေ့ခေတ်ကမ္ဘာပေါ်မှာရော မြန်မာနိုင်ငံမှာပါ business တစ်ခုလုပ်ပြီဆိုရင် business plan ကိုအရင် ဦးစားပေးအနေနဲ့ စပြီး ဆွဲလ...
26/04/2022

✅ယနေ့ခေတ်ကမ္ဘာပေါ်မှာရော မြန်မာနိုင်ငံမှာပါ business တစ်ခုလုပ်ပြီဆိုရင် business plan ကိုအရင် ဦးစားပေးအနေနဲ့ စပြီး ဆွဲလာကြတာကိုတွေ့ရပါတယ်။ Business Plan တစ်ခုမှာ marketing plan က ၈၀ ရာခိုင်နှုန်းလောက်ထိ အရေးပါပါတယ်။
✅ဘာလို့ marketing plan က ပိုအရေးကြီးတာလဲ။ Marketing Plan ကောင်းကောင်းသာရှိရင် တခြားလိုအပ်ချက်တွေက ပိုပြီး အဆင်ပြေချောမွေ့သွားနိုင်လို့ပါပဲ။
✅အခုလို ဈေးကွက်စီးပွားရေးစနစ်မှာ စီးပွားရေးလုပ်ငန်းတွေဟာ တစ်ခုနဲ့ တစ်ခု ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာကြပါတယ်။ ပစ္စည်းတူ၊အမျိုးတူမှသာ ပြိုင်ဆိုင်ရတာမဟုတ်တော့ဘဲ အစားထိုး product တွေနဲ့ပါ ပြိုင်ဆိုင်ရတဲ့ခေတ်ရောက်လာတာကြောင့် Marketing Plan ကောင်းကောင်းသာမရှိရင် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာဖို့ မသေချာသလောက်ပါပဲ။
✅ဒီ Page ဟာ SME သမားတွေ Start up business သမားတွေအတွက် အကျိုးရှိစေမယ့် marketing နဲ့ပတ်သက်တဲ့ Knowledge တွေ သင်ခန်းစာတွေကို အတတ်နိုင်ဆုံး နဲ့ အကောင်းဆုံး တင်ဆက်ပေးသွားမှာ ဖြစ်လို့ Page လေးကို Like & Share နဲ့ see first လေးလုပ်ထားကြဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။
✅ပထမဆုံးအနေနဲ့ MBA သင်ရိုးတွေမှာ မပါမဖြစ်သင်ရိုးတစ်ခုအနေနဲ့ ပါဝင်တဲ့ Marketing Management စာအုပ်ထဲက သင်ခန်းစာနဲ့ Knowledge တွေကို လက်တွေလုပ်ငန်းတွေမှာ အသုံးချနိုင်ဖို့ ဆီလျှော်အောင် ဘာသာပြန် တင်ဆက်ပေးသွားမှာပါ။ MBA တက်နေတဲ့ သူတွေ၊ Marketing သင်တန်းတက်နေတဲ့သူတွေ၊ Marketing နဲ့ ဆက်နွယ်ပြီး လက်တွေ့လုပ်ငန်းခွင် ဝင်နေတဲ့သူတွေ၊ အတွက်လည်း အကျိုးရှိနိုင်မယ့် Page လေးဖြစ်ပါတယ်။

👉 Pls like & Share Page.

Marketing Plan ဆိုတာစီးပွားရေးလုပ်ငန်းတစ်ခုမှာ ဘာကြောင့်အရေးကြီးတာလဲ။သင့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နယ်ပယ်စုံရ...
25/04/2022

Marketing Plan ဆိုတာစီးပွားရေးလုပ်ငန်းတစ်ခုမှာ ဘာကြောင့်အရေးကြီးတာလဲ။

သင့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နယ်ပယ်စုံရှိ ပရိသတ်များ၊ ဖောက်သည်များနှင့် ဗျူဟာကျကျ မျှဝေနိုင်စေသောကြောင့် Marketing ဟာ အရေးကြီးပါတယ်။ သင့်လုပ်ငန်းသည် မည်မျှကောင်းမွန်ပြီး ၎င်းတို့ကို သင်မည်သို့ကူညီနိုင်သည်ကို လူများအား ပြောပြရန်၊ ပြသရန်နှင့် သက်သေပြရန် Marketing ကကူညီပေးပါတယ်။ Marketing Plan ကပဲ သင်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုံး ကို အောင်မြင်မှုရရှိဖို့ ပုံဖော်ပေးသွားမှာပါ။ ဒါကြောင့်ပဲ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို လူနဲ့နှိုင်းယှဥ်ရင် Marketing ကို ဦးခေါင်းနဲ့ တင်စားခေါ်ဝေါ်သုံးစွဲကြတာပါ။

Address

Bld(3A/206), Yadana Hnin Si Residence, Yadana Street, Ward (61), Dagon Seik Kan Tsp
Yangon
11441

Website

Alerts

Be the first to know and let us send you an email when Marketing GURU for SME posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share