Thaung Yin - Digital Studio

Thaung Yin - Digital Studio Increse your business quickly with us

ပိုအောင်မြင်လာမယ့် ဩဂုတ်လကို ကြိုဆိုလိုက်ရအောင် ✨​"ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနမိတ်ထွန်း" ဆိုတဲ့ စကားအတိုင်းပါပဲ စကား...
31/07/2026

ပိုအောင်မြင်လာမယ့် ဩဂုတ်လကို ကြိုဆိုလိုက်ရအောင် ✨

​"ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနမိတ်ထွန်း" ဆိုတဲ့ စကားအတိုင်းပါပဲ စကားလုံးတွေမှာ စွမ်းအင်တွေ ရှိကြပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားအတိုင်း ဖြစ်တတ်ကြတာမို့ ကောင်းမွန်ပြီး အောင်မြင်စေမယ့် စကားလုံးလေးတွေကိုပဲ အစဉ်အမြဲ ရွေးချယ်ပြောဆိုသင့်ပါတယ်နော်။

​စကားလုံးတွေမှာ စွမ်းအင်တွေ ရှိတယ်ဆိုပေမဲ့ အပြောနဲ့တင် မပြီးဘဲ လက်တွေ့လုပ်ဆောင်မှုတွေကလည်း အဓိက ကျနေတာကြောင့် အောင်မြင်ချင်တယ်ဆိုရင် လူကြီးမင်းတို့လုပ်ငန်းရဲ့ အစီအစဉ်တွေကို သေချာ လက်တွေ့ ပုံဖော်နိုင်ဖို့လိုပါတယ်။

​အဲ့တော့ ဒီဩဂုတ်လမှာ လူကြီးမင်းတို့လုပ်ငန်း ရောင်းအားတွေ ပိုတက်လာဖို့နဲ့ အောင်မြင်မှုအသစ်တွေ ရရှိလာဖို့အတွက် Thaung Yin က လက်တွေ့ကျကျ ပါဝင်ကူညီပေးပါရစေ။

​ဩဂုတ်လမှာ လူကြီးမင်းတို့လုပ်ငန်းကို ဒီထက်ပိုအောင်မြင်အောင် လက်တွေ့ဖော်ဆောင်ဖို့ Ready ပဲဆိုရင်တော့ Thaung Yin ရဲ့ Page Messenger ကို အခုပဲ လာခဲ့လိုက်တော့နော်။📥

📱 09 969 140 518

📧 [email protected]

ယနေ့ဟာ "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ" ဆိုတဲ့ ထူးခြားတဲ့ အဖြစ်အပျက်ကြီး ၄ ခု တိုက်ဆိုင်ခဲ့တဲ့ ဝါဆိုလပြည့် (ဓမ္မစ...
29/07/2026

ယနေ့ဟာ "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ" ဆိုတဲ့ ထူးခြားတဲ့ အဖြစ်အပျက်ကြီး ၄ ခု တိုက်ဆိုင်ခဲ့တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါတယ်။ 🌸✨

ရတနာသုံးပါး စတင်ပေါ်ထွန်းခဲ့တဲ့ ဒီလိုနေ့ထူးနေ့မြတ်မှာ ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပြီး ကုသိုလ်ကောင်းမှုတွေ တိုးပွားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

နောင်တမရစေဖို့ 3 ရက်အလို ⏳တစ်ခုခုကိုလက်လွှတ်ဆုံးရှုံးပြီးမှပြန်လိုချင်လို့မရဘူးနော်။အချိန်ရှိတုန်းတန်ဖိုးထားပြီးအရယူမှ မ...
28/07/2026

နောင်တမရစေဖို့ 3 ရက်အလို ⏳

တစ်ခုခုကိုလက်လွှတ်ဆုံးရှုံးပြီးမှပြန်လိုချင်လို့မရဘူးနော်။အချိန်ရှိတုန်းတန်ဖိုးထားပြီးအရယူမှ မဟုတ်ရင်အချိန်လွန်ပြီး နောက်ကျသွားပါလိမ့်မယ်။အဲ့ထဲမှာ Thaung Yin ရဲ့ Moon Soon Promotion လည်းပါတယ်နော်။

အတန်ဆုံး Moon Soon Promotion လေးက ဒီလကုန်ဆိုပြီးပြီးမို့လို့ ကျန်တဲ့ 3ရက်အတွင်း အရယူလိုက်နိုင်မှပဲ အဆင်ပြေမယ်‌နော်။Booking အရေအတွက်လည်း ကန့်သတ်ထားတာမို့ နောက်မကျရအောင် အခုပဲ အတန်‌ဆုံး Promotion ကို ‌လာ‌ရောက် ရယူလိုက်တော့နော်။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းတိုးတက် အောင်မြင်ဖို့အတွက် Thaung Yin - Digital Studio နဲ့ အခုပဲ လာရောက်လက်တွဲလိုက်ပါ။ အသေးစိတ်စုံစမ်းလိုပါက Page Messenger ကို လာရောက်မေးမြန်းနိုင်ပါတယ်ဗျ။📥

📱 09 969 140 518

📧 [email protected]

𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 မှာတစ်လလုံး 𝗣𝗼𝘀𝘁 တင်မယ်...... နေ့တိုင်း Post ဘာတင်ရမလဲ စဉ်းစားရတာ ခေါင်းရှုပ်နေပြီလား? ဒါမှမဟုတ် Marketing ...
26/07/2026

𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 မှာတစ်လလုံး 𝗣𝗼𝘀𝘁 တင်မယ်......

နေ့တိုင်း Post ဘာတင်ရမလဲ စဉ်းစားရတာ ခေါင်းရှုပ်နေပြီလား? ဒါမှမဟုတ် Marketing Team တစ်ခုဖွဲ့ဖို့ ဝန်ထမ်းစရိတ်တွေ အရမ်းကုန်နေပြီလား? Budget သက်သာပြီး တစ်လလုံး မပြတ်ဘဲ Post တင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလား?

ဒါတွေအားလုံးရဲ့ အဖြေကတော့ တစ်ခုတည်းပါပဲ။ Thaung Yin - Digital Studio နဲ့သာ လက်တွဲလိုက်ပါဗျ။‌လူကြီးမင်းတို့ အေးဆေးနားနေရုံနဲ့ အလုပ်တွေလည်းပြီးမြောက်မယ့်အပြင် လုပ်ငန်းပါတိုးတက်ဦးမှာဆိုတော့ Perfect ပဲပေါ့။

Thaung Yin နဲ့လက်တွဲလိုက်မယ်ဆိုရင်

✅ နေ့တိုင်း Post တွေမပြတ်တင်ပေးလို့ Customer တွေနဲ့အဆက်အသွယ်မပြတ်တော့ဘူး။
✅ Content စဉ်းစားရလို့ ခေါင်းခြောက်ခံရတဲ့ ဒုက္ခကနေ လွတ်မြောက်သွားမယ်။
✅ Team တစ်ခုဖွဲ့ပြီး ကိုယ်တိုင်အချိန်ကုန်ခံ စီမံနေစရာ မလိုတော့ဘူး။
✅ Marketing ကို စိတ်ချလက်ချ လွှဲထားပြီး လုပ်ငန်းရဲ့ အခြားအရေးကြီးတဲ့အပိုင်းတွေကိုပဲ ပိုအာရုံစိုက်နိုင်မယ်။
✅ Team တစ်ခုလုံးစာ ကုန်ကျစရိတ်အစား ၀န်ထမ်းတစ်ယောက်စာလောက် ၀န်ဆောင်ခလေးနဲ့တင် အစအဆုံးပြီးသွားမယ်။

ဒီလိုအချိန်မကုန် လူမပင်ပန်းဘဲ 2026 က လူကြီးမင်းတို့ရဲ့နှစ်ဖြစ်ဖို့ဆိုရင်တော့ အခုဘဲအသေးစိတ်ကို လာရောက်စုံစမ်းလိုက်တော့နော်။📥

📱 09 969 140 518
📧 [email protected]

သူတို့ ဘာကြောင့် အောင်မြင်လာတာလဲ? 🤔ကိုယ့်နဲ့ စီးပွားရေးတူတူ လုပ်နေရာကနေ သူတို့က ကိုယ့်ထက် ရောင်းအားတွေ ပိုတိုးလာတယ်၊ Cus...
24/07/2026

သူတို့ ဘာကြောင့် အောင်မြင်လာတာလဲ? 🤔

ကိုယ့်နဲ့ စီးပွားရေးတူတူ လုပ်နေရာကနေ သူတို့က ကိုယ့်ထက် ရောင်းအားတွေ ပိုတိုးလာတယ်၊ Customer တွေ ပိုရလာတယ်။ အဲ့ဒါ ဘာကြောင့်လဲ?

အဖြေကတော့... သူတို့ Thaung Yin Digital Studio နဲ့ လက်တွဲလိုက်လို့ပါပဲ! 🤝

"Thaung Yin က ဘာတွေ လုပ်ပေးတာလဲ?"
🎯 လူကြီးမင်းတို့လုပ်ငန်းအတွက် ထိရောက်တိကျတဲ့ Social Media Marketing Plan များ ချမှတ်ပေးခြင်း
📅 ရောင်းအားကို အမှန်တကယ် တက်စေမယ့် Content Calendar များ ရေးဆွဲပေးခြင်း
📊 လစဉ် Page ရဲ့ တိုးတက်မှု Report များကို သေချာစီစစ်ပြီး အားနည်းချက်၊ အားသာချက်များ တိုင်ပင်ဆွေးနွေးပေးခြင်း တို့ကိုလုပ်ပေးပါတယ်။

အဲ့ဒါကြောင့် Thaung Yin နဲ့ လက်တွဲလိုက်တာနဲ့ ကိုယ့်လုပ်ငန်းရဲ့ အခြားအရေးကြီးပိုင်းတွေကို ပိုပြီး အာရုံစိုက်နိုင်မယ်။လုပ်ငန်းရဲ့ အားနည်းချက်တွေကို သေချာသိရှိပြီး ရောင်းအားတွေ ပိုတက်လာမယ်။တစ်ချက်ခုတ် နှစ်ချက်မက သုံးချက်ပြတ် စေဖို့အတွက် အခုပဲ Thaung Yin နဲ့ လာရောက်လက်တွဲလိုက်တော့နော်။

📱09 969 140 518
📧 [email protected]

Nay Creation နဲ့  တစ်နှစ်တာခရီးလမ်း....Thaung Yin - Digital Studio ရဲ့ Social Media Marketing Package မှ Nay Creation အတ...
19/07/2026

Nay Creation နဲ့ တစ်နှစ်တာခရီးလမ်း....

Thaung Yin - Digital Studio ရဲ့ Social Media Marketing Package မှ Nay Creation အတွက် ဖန်တီးပေးဖြစ်ခဲ့တဲ့ Social Design များဖြစ်ပါတယ်။

📱 09 969 140 518
📧 [email protected]

ပြိုင်ဘက်ထက်သာဖို့ Thaung Yin နဲ့ Brand ချပြစို့ကိုယ့် Brandကို Digital Marketing နဲ့လူသိများအောင် လုပ်ချင်တယ်ဆိုရင်တော့...
19/07/2026

ပြိုင်ဘက်ထက်သာဖို့ Thaung Yin နဲ့ Brand ချပြစို့

ကိုယ့် Brandကို Digital Marketing နဲ့လူသိများအောင် လုပ်ချင်တယ်ဆိုရင်တော့ ကိုယ့်Brandကို Branding အရင်တည်ဆောက်ထားမှ ရပါမယ်။

Branding တည်ဆောက်တယ်ဆိုတာ ကိုယ့်ကကိုယ့်Brandအကြောင်းကို လိုက်ပြော‌ပြနေရတာမျိုး
မဟုတ်ပဲ လူတိုင်းက ကိုယ့်Brandရဲ့Logoကို မြင်လိုက်တာနဲ့ "အဲ့Brandကို ငါသိတယ်၊ အဲ့‌Brandကဈေးသက်သာတယ်၊ Qualityတကယ်ကောင်းတယ်၊ Service အရမ်းကောင်းတယ်" ဆိုပြီး ဖြစ်နေတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဒီလို Brandingမျိုး တည်ဆောက်ဖို့ဆိုရင် ကိုယ့်လုပ်ငန်းမှာ ခိုင်မာတဲ့ Brand Identity(လုပ်ငန်းအမှတ်တံဆိပ်) တစ်ခုရှိနေဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ Thaung Yin မှာဆိုရင်‌တော့ အောင်မြင်တဲ့ Brandတစ်ခုဖြစ်လာဖို့ Brand Identity တည်ဆောက်တာကစလို့ Design ပိုင်း၊ Marketing Strategy ပိုင်းများကိုပါ One Stop Service ရရှိနေပါတယ်။

ကဲဒါဆို အောင်မြင်တဲ့Brand တစ်ခုဖြစ်လာဖို့ ကျွန်တော်တို့ Thaung Yin နဲ့အခုပဲ လက်တွဲလိုက်ပါ။

☎️ 09 969 140 518
✉️ [email protected]

July လ 19 ရက်နေ့ ဟာ မြန်မာ့လွတ်လပ်ရေးကို ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ၉ဦးဟာ နံနက် ၁၀နာရီ ...
19/07/2026

July လ 19 ရက်နေ့ ဟာ မြန်မာ့လွတ်လပ်ရေးကို ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ၉ဦးဟာ နံနက် ၁၀နာရီ ၃၇ မိနစ် တွင် ရန်ကုန်မြို့ ဝန်ကြီးများရုံး ၌လုပ်ကြံခဲ့ရပါသည်။

ထိုနေ့ကို နောင်အချိန်များတွင် "အာဇာနည်နေ့"ဟု သတ်မှတ်ခဲ့ကြပါသည်။

19 July မမေ့နိုင်။

ကိုယ့်ရဲ့ Skill တွေ နဲ့ Client တွေကို Performance ပြချင်တဲ့ Motion Designer တွေ အတွက် သတင်းကောင်းပါတယ်။လှုပ်စိ လှုပ်စိ D...
16/07/2026

ကိုယ့်ရဲ့ Skill တွေ နဲ့ Client တွေကို Performance ပြချင်တဲ့ Motion Designer တွေ အတွက် သတင်းကောင်းပါတယ်။

လှုပ်စိ လှုပ်စိ Design တွေကို လူစိတ်ဝင်စားအောင် Edit ပေးနိုင်မယ့် Motion Designer (Freelance) ခေါ်နေပါပြီ။

Adobe After Effect ကို ပိုင်နိုင်ပြီး ကိုယ်ကိုင်တွယ်ရမယ့် Design Project ပေါ်မှာ စိတ်ရှည်နိုင်မယ်။ ကိုယ့်ရဲ့ Professional လမ်းကြောင်းကို ကိုယ်တိုင်ဖန်တီးချင်တယ်ဆိုရင်
𝗠𝗼𝘁𝗶𝗼𝗻 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 (𝗔𝗳𝘁𝗲𝗿 𝗘𝗳𝗳𝗲𝗰𝘁) - 𝟮 𝗣𝗼𝘀𝘁

Alight Motion ကလဲ Motion Design ကောင်းကောင်းရတယ် ဆိုပြီး Skill မနိမ့် ကြောင်း ပြချင်တယ်။ ကိုယ့်ရဲ့ Editing Skill တွေ ကို ယုံကြည်ချက်ရှိရှိနဲ့ ဆွဲဆောင်နိုင်တဲ့ Design Project တွေ ကို ဖန်တီးချင်တယ်ဆိုရင်
𝗠𝗼𝘁𝗶𝗼𝗻 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 (𝗔𝗹𝗶𝗴𝗵𝘁 𝗠𝗼𝘁𝗶𝗼𝗻) - 𝟭 𝗣𝗼𝘀𝘁

အလုပ်လျောက်ထားရန်

📱 09 969 140 518 (Viber)
📧 [email protected]

Portfolio ပို့နိုင်ပါကြောင်း။

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Alerts

Be the first to know and let us send you an email when Thaung Yin - Digital Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share