21/03/2020
ဆီးချိုရောဂါကိုထိန်းချုပ်ပေးမယ့် ဒန့်ဒလွန်ရွက်
====================
====================
ဒန့်ဒလွန်ရွက်ကို တောင်အာရှမှာ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်
အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
ဒန့်ဒလွန်ရွက်မှာ Antioxidant နဲ့ ကျန်းမာရေး
ကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူး
တွေ အများအပြားပါဝင်နေပါတယ်။
ဒန့်ဒလွန်ရွက်ကော ဒန့်ဒလွန်သီးကိုပါ
စားသုံးနိုင်ပြီး ကျန်းမာရေးကိုလည်း များစွာ
အထောက်အကူပြုစေပါတယ်။
ဘာလို့လဲဆိုတော့ ဒန့်ဒလွန်ရွက်မှာ ဗီတာမင်နဲ့
သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။
အရွက်ကို အစိမ်းလိုက် အကြမ်းစားပေး
တာဟာ ပိုပြီးကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။
ဒါ့အပြင် ဒန့်ဒလွန်ရွက်ကို အခြောက်ကိုလည်း
စားသုံးနိုင်သလို ရေနွေးကြမ်းလုပ်ပြီးလည်း
သောက်သုံးနိုင်ပါတယ်။
#သွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ပေးခြင်း
ဒန့်ဒလွန်ရွက်ဟာ ဆီးချိုရောဂါ
ခံစားနေရသူတွေအတွက် တကယ်ကို
များစွာ အကူအညီဖြစ်ပါတယ်။
စမ်းသက်ချက်များအရ အမျိုးသမီး
၃၀ ကို ဒန့်ဒလွန်ရွက်အမှုန့်ကို ၇ ဂရမ်
နေ့စဉ်စားသုံးပြီး စမ်းသပ်ပါတယ်။
သကြားဓါတ်ကို ပါဝင်မှုနှုန်း ၁၃.၅% ထိ
ထိန်းချုပ်ထားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
#သွေးကိုသန့်စင်စေခြင်း
ဒန့်သလွန်ရွက်ဟာ သွေးကို
သန့်စင်စေတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။
ဒါ့အပြင် ၀က်ခြံကိုလည်း ပျောက်ကင်းစေပါတယ်။
#အရိုးကိုသန်မာစေခြင်း
ဒန့်သလွန်ရွက်မှာ သံဓါတ်နဲ့ ကယ်ဆီယံ
ဓါတ်ကြွယ်ဝစွာပါဝင်လို့ အရိုးတွေကို
သန်မာစေပါတယ်ဒါ့အပြင် အမြင်အာရုံတွေ
ကို ကြည်လင်စေပြီး ကင်ဆာရောဂါဖြစ်ပွားမှု
ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဗီတာမင် A ကြွယ်ဝတာကြောင့်လည်း အရွယ်တင်စေပါတယ်။