Next Level Boost Service

Next Level Boost Service Your marketing page
1$ ၄၂၀၀

ပထမပုံကတော့ page ဟက်ခံလိုက်ရတဲ့ customer တယောက် မန့်ထားတဲ့ ပုံပါခင်ဗျမန့်ထားတာကို စာပြန်ပေးထားပေမဲ့ ဘယ်လိုမှ ပြန်မရလို့ ...
26/10/2024

ပထမပုံကတော့ page ဟက်ခံလိုက်ရတဲ့ customer တယောက် မန့်ထားတဲ့ ပုံပါခင်ဗျ

မန့်ထားတာကို စာပြန်ပေးထားပေမဲ့ ဘယ်လိုမှ ပြန်မရလို့ ဒီကပဲ ပိုစ့်တင်ပေးလိုက်ပါတယ်နော်

ကျနော်တို့page မှာအမြဲအပ်နေတဲ့ royal customer တွေ အနေနဲ့ကတော့ ဒီလိုpage hacking ပြဿနာတွေမကြုံရအောင် ကျနော်တို့ page ထဲတင်ပေးထားတဲ့ hacker သတိပေးပိုစ့်တွေအတိုင်း သေချာသတိထားကြပါနော်

စီးပွားရေးမှာ လေးစားအားကျရတဲ့ ကို John Alex Mega ရဲ့ page လေးကို boost လုပ်ပေးရတာ ဂုဏ်ယူမိပြီး boostထားတဲ့ Jewellery အထည...
11/03/2024

စီးပွားရေးမှာ လေးစားအားကျရတဲ့ ကို John Alex Mega ရဲ့ page လေးကို boost လုပ်ပေးရတာ ဂုဏ်ယူမိပြီး boostထားတဲ့ Jewellery အထည်လေး ၁၀$လုပ်ပြီးရောင်းထွက်သွားတော့ ပိုပျော်ရပါတယ်။

ကိုယ် ကြေညာပေးတာတော်တယ်ဆိုတာထက် နဂိုတည်းက လှပသေသပ်တဲ့ ကိုJohn ရဲ့ လက်ရာကြောင့်သာ အရောင်းပိုသွက်သွားတာ ဖြစ်ပါတယ်။

လက်၀တ်ပစ္စည်း ကောင်းကောင်းအပ်လိုတဲ့ ကျနော့ဖောက်သည်များအနေနဲ့လည်း ကိုJohnရဲ့ Mr.John's Gems & Jewelry လုပ်ငန်းမှာ စိတ်တိုင်းကျ လက်ရာလှလှ အရည်အသွေးကောင်းကောင်း အပ်နှံမှာယူလို့ ရပါတယ်ခင်ဗျာ 🍀

ခုရက်ပိုင်းအတွင်း ကျနော့ဆီအပ်ထားတဲ့ page တွေဆီ ဟက်ကာတွေက ဖေ့ဘုတ်အယောက်ဆောင်စာပို့ပြီး လိမ်လည် အကောင့်ရယူဖို့ကြိုးစားထားပ...
11/03/2024

ခုရက်ပိုင်းအတွင်း ကျနော့ဆီအပ်ထားတဲ့ page တွေဆီ ဟက်ကာတွေက ဖေ့ဘုတ်အယောက်ဆောင်စာပို့ပြီး လိမ်လည် အကောင့်ရယူဖို့ကြိုးစားထားပါတယ်။

ဒါဟာ ခုတလောအတွေ့ရများတဲ့ လိမ်နည်းတခုဖြစ်ပြီး page တိုင်းလိုလိုအပို့ခံရတာပဲဖြစ်ပါတယ်။

ဖေ့ဘုတ်ကုမ္ပဏီက ဘယ်သောအခါမှ အဲလိုစာမျိုးပို့ပြီး linkမ၀င်ခိုင်းတတ်တာကြောင့် အဲလိုအ‌ေယာင်စာမျိုးအပို့ခံရရင် လာပို့တဲ့ page အတုကို block လိုက်ပြီး စာမပြန်ခြင်းဖြင့် သတိထားရပါမယ်။

ကိုယ့်ရဲ့စိုးရိမ်စိတ်ကို အသုံးချလိမ်လည်တာဖြစ်တဲ့အတွက် မတုံ့ပြန်ခြင်းဖြင့် ကိုယ့် page ကိုသထိထားကာကွယ်နိုင်မှာဖြစ်ပါတယ်။

ပုံမှာပြထားသလို linkမ၀င်ခြင်းဖြင့် page ပိုင်ရှင်တိုင်း သတိထားနိုင်ပါစေ။

အချို့ clientတွေကျ review ကို ဒီလိုလေးပေးတတ်တာ 😁ကျေးဇူးပါဗျာ‌ resultကောင်းရထားတာလေးတွေ😍
09/01/2024

အချို့ clientတွေကျ review ကို ဒီလိုလေးပေးတတ်တာ 😁
ကျေးဇူးပါဗျာ‌ resultကောင်းရထားတာလေးတွေ😍

ကိုယ့် Page မှာ Business Manager Account(Business account with acess) ကို ချိတ်ဆက်ရင် Page Security ပိုင်းနဲ့ Ownership ...
14/11/2023

ကိုယ့် Page မှာ Business Manager Account(Business account with acess) ကို ချိတ်ဆက်ရင် Page Security ပိုင်းနဲ့ Ownership Management ပိုင်းမှာ အားသာချက်တွေအများစွာ ရနိုင်ပါတယ်🤩

ပိုပြီးအဆင့်မြင့်သွားတဲ့ Page Security🛡️
Business Manager Account ချိတ်တာက Page လုံခြုံရေးအတွက် ထပ်ဆောင်း Layer တစ်ခုတိုးလာစေပါတယ်။ အခုနောက်ပိုင်းမှာ Page တွေကို နည်းမျိုးစုံနဲ့ သံသယဖြစ်စရာကောင်းတဲ့ လင့် တွေလာပို့နေတာမို့ Business Manager Account ချိတ်ထားတာက Page security အတွက် ပိုကောင်းလာနိုင်ပါတယ်။ Business Manager Accountမှာ Page Secure ဖြစ်ဖို့ Two step verification ပါထည့်လို့ရပါတယ်။

Page Ownership နဲ့ Control 🛂
Business Manager Account ချိတ်ဆက်ထားရင် ကိုယ့်ရဲ့ Pageရဲ့ Ownershipကို ပိုပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပါတယ်၊ ဥပမာ Page Access ပိုင်းမှာ ပိုအဆင်ပြေသွားတာပေါ့နော်

Business Insight📊
ကိုယ့် Page ရဲ့ Performance, audience engagement နဲ့ Ads campaign တွေရဲ့ အချက်အလက်တွေကို ပိုပြီးအသေးစိတ် တိကျတဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေပေးပါတယ်။ ဒီ Insight တွေက page တွေမှာ ရနိုင်တဲ့ ပုံမှန် Metrics တွေကို ကျော်လွန်ပြီး Audience ရဲ့အလုပ်လုပ်ပုံ နဲ့ Online strategies တွေရဲ့ ထိရောက်မှုကို ပိုပြီးနားလည်စေတဲ့အတွက် Pageရဲ့တိုးတက်မှု ပိုမြန်ဆန်လာအောင် ဆုံးဖြတ်‌ချက်တွေ ချနိုင်စေမှာပါ။

ဒါကြောင့် Business Manager Account(Business account with acess) နဲ့ ကိုယ့် Page ကိုချိတ်တာက Page Security ပိုင်းအားကောင်းစေရုံသာမက တခြား Toolတွေ Feature တွေအပြင် တော်တော်များများကို ပိုမိုကောင်းမွန်အောင် လုပ်တာနဲ့ Business Insight နဲ့ Ads campaign တွေအတွက်လည်း ပြည့်စုံတဲ့ Toolအစုံအလင်ကိုပါ Business Manager Accountကနေ လုပ်နိုင်ပါတယ်🎉

Page Role တွေအကြောင်း📜Client တွေအနေနဲ့ boost အပ်မယ်ဆို Page Roleတွေအကြောင်း သိဖို့ လိုအပ်လောက်မှာပါPage Role က Editor, A...
07/11/2023

Page Role တွေအကြောင်း📜

Client တွေအနေနဲ့ boost အပ်မယ်ဆို Page Roleတွေအကြောင်း သိဖို့ လိုအပ်လောက်မှာပါ
Page Role က Editor, Advertiser, Admin, Analyst, Moderator ဆိုပြီး အကြမ်းဖျဉ်း ၅ခုရှိပါတယ်
Analyst roleကတော့ Profile Page တွေအတွက် ခန့်ဖို့ မရှိသိပ်တော့သလို ခန့်ဖို့လဲ မလိုအပ်တော့ပါဘူး

အခုကြော်ငြာအကောင့်ကို ခန့်ပေးရတာက Editor roleကို ခန့်ပေးရပါတယ်

Advertiser, Moderator ကိုတော့ Classic Pageတွေရှိတုန်းကလို ရွေးပြီး ခန့်မရတော့တာမို့ Task Access သုံးပြီး ခန့်ရပါမယ်၊ ဒီ Roleနှစ်ခုအတွက်
Advertiser= Task access - Ads နဲ့ Insight on

Moderator= Task Access - Insight, Ads, Community Activity, Messages and calls on

ဒါဆို မင်မင်ဆီက Ads accလေးကို Task Access နဲ့ Advertiser role အစား ဘာလို့ Editor roleကို ခန့်ခိုင်းတာလဲဆို‌တော့
Editor roleနဲ့ဆို Clientရဲ့ Postကို Boost လုပ်ပေးတဲ့နေရာမှာ အသေးစိတ် ချိန်ပြီး Boost ပေးလို့ရပါတယ်
Advertiser roleမှာတော့ အဲ့လိုအသေးစိတ်ချိန်ပေးလို့မရပါဘူး

ဒါကြောင့် မင်မင့်ရဲ့ Ads accလေးကို boost ဖို့ Pageမှာ ခန့်ရင်လည်း Editor role နဲ့ ခန့်ရင် Boost Result ပိုကောင်းတာမို့ မင်မင်ကတော့ Editor role နဲ့ခန့်ဖို့ အကြံပေးပါတယ်နော်🌟

Next Level Boost Service မှာ မင်မင်က Pageကိုင်နည်းတွေ Pageအတွက် သိသင့်တဲ့ Post လေးတွေ တက်ပေးလေ့ ရှိဝာာမို့ မကြာခဏ Page ထဲဝင်လေ့လာလို့ရပါတယ်🥰

ကိုယ့် page မှာ Username ထည့်နည်းမင်မင်ရဲ့ client တွေအနေနဲ့ Pageတစ်ခုဖွင့်ထားရှိထားပြီဆိုရင် Username ကို မဖြစ်မနေထည့်ဖိ...
01/11/2023

ကိုယ့် page မှာ Username ထည့်နည်း

မင်မင်ရဲ့ client တွေအနေနဲ့ Pageတစ်ခုဖွင့်ထားရှိထားပြီဆိုရင် Username ကို မဖြစ်မနေထည့်ဖို့ မင်မင်က အကြံပေးပါတယ်🪧
ဘာလို့လဲဆိုတော့ Username ထည့်ခြင်းက Page အတွက် တော်တော်လေးကို အသုံးဝင်ပါတယ်၊
Desktop Method နဲ့ Username ထည့်ရမှာဖြစ်တာကြောင့် Computer အသုံးပြုပြီးထည့်ရပါမယ်နော်

ဒီနည်းလေးကို အသုံးပြုပြီး Username ကိုကိုယ်တိုင်ထည့်လို့ရသလို
မင်မင့်ကို Next Level Boost Service ရဲ့ Page Messenger ကနေလာထည့်ခိုင်းလည်းရပါတယ်နော်🤗

ကိုယ့်ရဲ့ Page မှာ Username ထည့်ဖို့လိုအပ်ရဲ့လား🤔ကိုယ့် page မှာ Username ထည့်ဖို့ လိုအပ်ပါတယ်Username ထည့်ထားရင် နာမည်တ...
24/10/2023

ကိုယ့်ရဲ့ Page မှာ Username ထည့်ဖို့လိုအပ်ရဲ့လား🤔

ကိုယ့် page မှာ Username ထည့်ဖို့ လိုအပ်ပါတယ်
Username ထည့်ထားရင် နာမည်တူ page တွေအများကြီးကြားထဲမှာ ကိုယ့် page ကို customer တွေရှာရလွယ်မှာပါ

နောက်တစ်ခုကတော့ Chrome ပဲဖြစ်ဖြစ် တခြား browser တစ်ခုခုရဲ့ search barမှာ ကိုယ့် page linkအရှည်ကြီး copy ယူစရာမလိုပဲ Facebook .com/ ရဲ့နောက်မှာ username ထည့်လိုက်ရုံပဲမို့ customer တွေက သူတို့ရဲ့ အသိမိတ်ဆွေတွေကို ညွှန်းပေးရာမှာ ပိုလွယ်ကူသွားမှာပါ

ဥပမာ Next Level boost service ဆို မင်မင်က usernameကို "nextlevelboost" လို့ထားလိုက်တာဖြစ်တဲ့အတွက်
Chrome ရဲ့ search barမှာ facebook. com/nextlevelboost လို့ရေးလိုက်တာနဲ့ Next Level boost service ပေ့ထဲတန်းရောက်သွားပါတယ်

ဒီ Username ထည့်‌နည်းလေးကို မင်မင်က Page မှာ တင်ပေးဖို့ရှိပြီး Pageကနေ စာပြန်လို့မရတဲ့ error ထပ်တက်ရင် မင်မင့်ကို Viber - 09763122410 ကိုဆက်သွယ်လို့ရပါတယ်🌟

Page တွေမှာ စာဘယ်လိုမှ ပြန်လို့ မရတဲ့ errorဖြစ်နေလို့ မင်မင့် Viber - 09763122410ကနေ ဆက်သွယ်လို့ရပါတယ်နော်မက်ဆင်ဂျာမှာလာ...
20/10/2023

Page တွေမှာ စာဘယ်လိုမှ ပြန်လို့ မရတဲ့ errorဖြစ်နေလို့ မင်မင့်
Viber - 09763122410
ကနေ ဆက်သွယ်လို့ရပါတယ်နော်

မက်ဆင်ဂျာမှာလာပြောထားတဲ့ ကာကာလေးတွေကိုလည်း လုပ်ပေးထားတာမို့ အကြောင်းကြားပေးဖို့ ဒီပို့စ်အောက်မှာ ဖုန်းနံပါတ်လေး ချန်ခဲ့ပေးပါနော်

မင်မင့် clientတွေလည်း customerတွေကို viberကနေဆက်သွယ်ဖို့ ‌pageမှာ ခုလိုviberနံပါတ်လေးတင်ပေးဖို့ အကြံပေးပါတယ်နော်

အခုတလော ကိုယ့် Page messenger မှာ ဒီလို Facebook ရဲ့ company ဖြစ်တဲ့ Meta ရဲ့ Logo နဲ့အကော င့်တွေကနေ ဒီလို သံသယဝင်စရာကော...
18/10/2023

အခုတလော ကိုယ့် Page messenger မှာ ဒီလို Facebook ရဲ့ company ဖြစ်တဲ့ Meta ရဲ့ Logo နဲ့အကော င့်တွေကနေ ဒီလို သံသယဝင်စရာကောင်းတဲ့ လင့်(ခ်) တစ်ခုပို့လာတတ်ပါတယ်

Facebook ဘက်က ကိုယ့်ပေ့ရဲ့ ကြော်ငြာခွင့်ပိတ်လိုက် တာတွေ တခြားပေ့အခြေနေတွေကို Page Messenger က လုံးဝပို့လေ့မရှိပါဘူး၊ ပြီးရင် Promote Security ဆို တဲ့ သံသယဝင်စရာကောင်းတဲ့အကောင့်ကပို့တဲ့ လင့်(ခ်) ကရှည်နေတာမို့ သွားမနှိပ်မိဖို့ အရေးကြီးပါတယ်နော်

အခုတလော နည်းမျိုးစုံနဲ့ ကိုယ့် Page messenger မှာ သံသယဝင်စရာကောင်းတဲ့ လင့်(ခ်)တွေ ခန ခန လာပို့ တာမို့
အဲ့ဒီ့ သံသယဝင်စရာကောင်းတဲ့ လင့်(ခ်) တွေကို သတိထားပြီး လုံးဝမနှိပ်မိအောင် ဂရုစိုက်သင့်ပါတယ်နော်😊

Next Level Boost Service ရဲ့ client တွေထဲမှာ မင်မင့်လို Messenger appကနေ customer တွေကိုစာပြန်တဲ့ သူတွေရှိမယ်ထင်ပါတယ်🤔Me...
12/10/2023

Next Level Boost Service ရဲ့ client တွေထဲမှာ မင်မင့်လို Messenger appကနေ customer တွေကိုစာပြန်တဲ့ သူတွေရှိမယ်ထင်ပါတယ်🤔

Messenger appကနေ စာပြန်ရတာက Business-Suite ကနေစာပြန်ရတာထက် ပိုအဆင်ပြေတယ် ဟုတ်?

ဒါပေမဲ့ တချို့ customer တွေကို Messenger appကနေစာပြန်ရင် ဒုတိယ ပုံမှာလိုမျိုး ကိုယ့်ပေ့မှာ တင်ထားတဲ့ကြော်ငြာစာသား‌တွေပေါ်နေပြီး စာပြန်လို့မရပဲဖြစ်နေတာမို့ အဲ့လို Customer တွေကိုကျ Business-Suite app ကနေ စာပြန်လို့ရပါတယ်နော်

အခု‌တလော ဒီလို error မျိုးမကြာခန ကြုံနေရတဲ့ Messenger ကနေစာပြန်တဲ့ Client တွေအနေနဲ့ Business-Suite appကို ခန ပြောင်းသုံးသင့်ပါတယ်နော်🤩

ကိုယ့် pageရဲ့ messenger မှာ တခါတလေ ဒီလို ထူးဆန်းပြီး သံသယဝင်စရာ‌ကောင်းတဲ့ စာတွေနဲ့ လင့်တွေပို့လာတတ်ပါတယ်❗ဒီ ထူးဆန်းတဲ့ ...
11/10/2023

ကိုယ့် pageရဲ့ messenger မှာ တခါတလေ ဒီလို ထူးဆန်းပြီး သံသယဝင်စရာ‌ကောင်းတဲ့ စာတွေနဲ့ လင့်တွေပို့လာတတ်ပါတယ်❗
ဒီ ထူးဆန်းတဲ့ စာတွေနဲ့ လင့်တွေ့ကို နှိပ်လိုက်ရင် ကိုယ့်page သူများလက်ထဲပါသွားတတ်ပါတယ်❗

ပုံ ၂မှာဆိုရင် ပူးတွဲဖိုင်လိုလို လင့်လိုလို ဖြစ်နေတာက သံသယဝင်စရာကောင်းပြီး နှိပ်လိုက်ရင် ကိုယ့်ပေ့အတွက်ရော အကောင့်အတွက်ရော အန္တရာယ်ရှိနိုင်တာမို့ လင့်တွေတွေ့တိုင်း မနှိပ်မိအောင် သတိထားသင့်ပါတယ်နော်🥰❗

Address

South Dagon Myothit
Yangon
11431

Telephone

+959763122410

Website

Alerts

Be the first to know and let us send you an email when Next Level Boost Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Next Level Boost Service:

Share