30/12/2020
ကိုယ့်လုပ်ငန်းကို ကြော်ငြာတတ်ပြီးလား။?
အဲ့လိုမေးတော့ မိတ်ဆွေတို့ တွေးမိသွားမှာပါ တစ်ခုခုတော့ ဘာလားပေါ့ ...
စီးပွားရေးလုပ်ငန်းရဲ့ အတော်များများကတော့ ကြော်ငြာမှုတွေကို Online မှာ လုပ်လာကြတာများတယ်ဆိုပေမယ့်လည်း တချို့ လုပ်ငန်းတွေက Online ပေါ်မတက်ကြသေးပါဘူး။
ဒါ့ကြောင့် Online /Offline ရဲ့ ကြော်ငြာမှု အကြောင်းလေး ဒီ Post မှာ မျှဝေပေးသွားမှာပါ။
🌐 Online ကြော်ငြာခြင်း
====================
Digital Marketing ထဲမှာ Online Marketing လုပ်ခြင်း ၊ ကြော်ငြာမှု လုပ်ဆောင်တယ်လို့လည်းပြောနိုင်ပါတယ်။
🌀Online ကြော်ငြာလို့ ပြောလိုက်တာနဲ့ Social Media ပေါ်က ရှိတဲ Platforms တွေကို သိကြမှာပါ။ ပထမတော့ Facebook ပဲ ပြေးမြင်ကြမှာပါ။ ဘာကြောင့်လဲဆို Facebook က မိတ်ဆွေတို့ရဲ့ Brand ကို မြင်သာစေဖို့ ၊ Product / Service တွေကို ကြော်ငြာဖို့နဲ့ Customer တွေနဲ့ဆက်ဆံရေးတည်ဆောက်ဖို့ အသုံးပြုကြတာပါ ။ Facebook လိုပဲ Instagram မှာလဲ ကြော်ငြာကြပါတယ် ။တခြား LinkeIn /YouTube /Instagram စသဖြင့် Content အမျိုးမျိုးဖန်တီးပြီး ကြော်ငြာကြပါတယ် ။ ဒါ့အပြင် အောင်မြင်နေသော Websites တွေ မှာလည် မိမိတို့ ကုန်ပစ္စည်းတွေအတွက် ကြော်ငြာ ထည့်လာကြတယ် ။
🌐Offline ကြော်ငြာမှုတွေကဘာတွေလည်း ?
==========================
🔅Offline ကြော်ငြာတဲ့အခါ Marketing စနစ်အသုံးပြုခါ ပုံနှိပ်ကြော်ငြာတွေ ၊ ရေဒီယိုနှင့်ရုပ်မြင်သံကြားတို့တွင် ကြော်ငြာများထည့်ခါ သူတို့ Target ထားရာ အလိုက်လုပ်ဆောင်ကြပါတယ်။ဒါ့အပြင် ပုံနှိပ်ခြင်းနှင့် မဂ္ဂဇင်းများ၊ သတင်းစာများ တွင် လုပ်ငန်းကြော်ငြာထည့်ခြင်းရှိသလို လက်ကမ်းစာစောင်များကို လူများစုရှိရာနေရာတို့ ၊ တိုက်တာ အဆောက်အအုံများမှာ ကပ်ပြီးကြော် ငြာတာတွေ လုပ်ဆောင်ကြပါသေးတယ်။
မီးပွုင့်များ မှာ Billboard ထောင်တာကလည်း မိတ်ဆွေတို့ မြင်ကြပါလိမ့်မယ် ။ YBS တချို့ကားတွေမှာ TV လေးတွေ တက်ပြီး ကားမှတ်တိုင် ပြဖို့ ထားရာကနေ ကြော်ငြာထည့်ကြတာတွေလည်းတွေ့ရမှာပါ ဒါတွေကလည်း Offline ကြော်ငြာခြင်းတွေပါ။ ရန်ကုန်လမ်းညွှန်စာအုပ်သည်လည်း Offline ကြော်ငြာ ထဲမှာ နာမည်အကြီးဆုံးလို့ပြောလို့ရပါတယ်။
🌐Online vs. Offline ကြော်ငြာခြင်း | ဘယ်မှာရင်းနှီးမြှုပ်နှံမလဲ အကျိုးကျေးဇူးက ဘယ်လိုလဲ?
=======================
🔅 2019 အရှေ့ပိုင်းက လူတွေတချို့ကFacebook Marketing လို့ သုံးနှုန်းကြပြီး Digital Marketing ကို သိပ့်စိတ်မဝင်စားကြပါဘူး။ 2020 အစပိုင်း ကိုဗစ်ရောဂါကြောင့် လူတွေ အတော်များများ Online ပေါ်ရောက်လာပြီး အပြိုင်အဆိုင်ဈေးကွက်ရှာဖွေကြ လုပ်ငန်းတွေ လူသိအောင်လုပ်ကြနဲ့ Digital Marketing ကို ပိုစိတ်ဝင်စားလာကြတာပါ။
ဒါ့ကြောင့် Offline မှာ အနည်းငယ် အားနည်းလာကြခြင်းမျိုးဖြစ်လာတာပါ။ Offlineက အားနည်းချက်က လူတွေ Taget ထားကြော်ငြာလို့မရခြင်း ၊ Target ထားကြော်ငြာလိုက်ပါကလည်းထိရောက်မှု ရှိမရှိမသိနိုင်ပါဘူး။
Online ရဲ့အားသာချက်က Channel တွေရွေးချယ်ပြီး ၊ Demographics , Location , စသဖြင့် Audiences တွေ သေချာရွေးချယ်လို့ရသလ်ု Targets ရောက်မရောက်လဲ ပြန်ကြည့်လို့ ရနိုင်ပါတယ်။
အမှန်ဆို မြန်မာနိုင်ငံရဲ့ အနေအထားအရ Online /Offline အတူတကွ ပူးပေါင်းပြီး စနစ်တကျ Marketing လုပ် ကြော်ငြာဖို့တော့လိုအပ်ပါသေးတယ်။ ဒါပေမယ့်လည်း Digital Marketing ရဲ့ ကျယ်ပြန့်လှတဲ့ Marketing Tools /Channel တွေနဲ့ ပညာရပ်တွေကိုတော့ ပိုအားစိုက်ဖို့လိုအပ်ပါတယ်လို့ အကြံပြုမျှဝေလိုက်ပါတယ်။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။မိတ်ဆွေတွေရဲ့ အတွေ့အကြုံ တွေလည်းမျှဝေခဲ့ဦးနော်
-FBMarketingService