Vehicles Sale Zone

Vehicles Sale Zone "ကျွမ်းကျင်မှုအရှိဆုံး နှင့် ဝန်ဆော?

ရွှေရောင် အိပ်မက်တွေဆီကို ရွှေရောင်ကားနဲ့သာ သွားလိုက်တော့နော်ᴋɪᴀ ꜱᴘᴏʀᴛᴀɢᴇ 2017 ᴍᴏᴅᴇʟʟᴇꜰᴛ ʜᴀɴᴅ ᴅʀɪᴠᴇ 2000 ᴄᴄ (ᴅɪᴇꜱᴇʟ)ᴀᴜᴛᴏ...
18/08/2024

ရွှေရောင် အိပ်မက်တွေဆီကို ရွှေရောင်ကားနဲ့သာ သွားလိုက်တော့နော်

ᴋɪᴀ ꜱᴘᴏʀᴛᴀɢᴇ
2017 ᴍᴏᴅᴇʟ
ʟᴇꜰᴛ ʜᴀɴᴅ ᴅʀɪᴠᴇ
2000 ᴄᴄ (ᴅɪᴇꜱᴇʟ)
ᴀᴜᴛᴏ ɢᴇᴀʀ
ᴀᴡᴅ
ʟᴇᴀᴛʜᴇʀ ꜱᴇᴀᴛꜱ
ꜱᴇᴀᴛꜱ ᴄᴏᴏʟᴇʀ & ʜᴇᴀᴛᴇʀ
ᴡɪʀᴇʟᴇꜱꜱ ᴄʜᴀʀɢᴇʀ
ᴘᴀɴᴏʀᴀᴍᴀ ʀᴏᴏꜰ
ᴘᴀʀᴋɪɴɢ ꜱᴏɴᴀʀ
ʙʟᴀᴄᴋ ᴄᴏʟᴏʀ
ᴘᴜꜱʜ ꜱᴛᴀʀᴛ
ꜱᴍᴀʀᴛ ᴋᴇʏ
ᴇʟᴇᴄᴛʀɪᴄ ᴛᴀɪʟɢᴀᴛᴇ
5ᴘ/ ʏɢɴ ʟɪᴄᴇɴᴄᴇ

ရောင်းမည်

#အရစ်ကျစနစ်
#ကားအလဲထပ်စနစ် လည်း ရပြီး
လူကြီးမင်းတို့စိတ်တိုင်းကျအဆင်ပြေအောင်
ဆောင်ရွက်ပေးပါတယ်ရှင့်😍

ကားအတွက် ဘာလေးပဲလိုလို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်😍😍

☎️0️⃣9️⃣7️⃣9️⃣6️⃣5️⃣7️⃣0️⃣1️⃣9️⃣9️⃣

 TOYOTA BELTA ကားသန့်လေးတစ်စီးရောင်းပေးပါမယ်ခင်ဗျ🔹Model - 2008 4WD🔹Engine Power - 1300 cc 🔹 Kilo - 15****🔹Grade - X Grad...
24/06/2024


TOYOTA BELTA ကားသန့်လေးတစ်စီးရောင်းပေးပါမယ်ခင်ဗျ

🔹Model - 2008 4WD
🔹Engine Power - 1300 cc
🔹 Kilo - 15****
🔹Grade - X Grade
🔹YGN 9F / ****
🔹License - Valid up to 31.10.2025
🔹Android TV
🔹Original Alloy Wheels
🔹မှန်ချိုးမှန်ခေါက်/မှန်ချိန်မီးချိန်
🔹Aircon အေးစိမ့်
🔹Engine/Gear Box No Error

Price 💰 520 သိန်း (Nego)

ပိုင်ရှင်တိုက်ရိုက် ရောင်းမည်

💢အရိုးအဆစ်အတိုက်အခိုက်ရှင်း​ပြီး ဝယ်ယူသူစိတ်တိုင်းကျစေသော ကား

☎️ 09758194181
☎️09421718764

Nissan Sunny SL Gradeကားသန့်လေးတစ်စီးရောင်းချင်ပါတယ်➡အရစ်ကျနဲ့လည်း ဝယ်ယူနိုင်ပါပြီ⬅✔NISSAN SUNNY✔2019 Model✔Pust start✔W...
21/02/2024

Nissan Sunny SL Grade
ကားသန့်လေးတစ်စီးရောင်းချင်ပါတယ်

➡အရစ်ကျနဲ့လည်း ဝယ်ယူနိုင်ပါပြီ⬅

✔NISSAN SUNNY
✔2019 Model
✔Pust start
✔White color
✔Engine power - 1500cc
✔Digital aircon(Round)
✔Day Light
✔Original TV & Back cam
✔Steering wheel volume
✔Push start, smart key
✔7Q/BGO
✔Car Condition Very Good


💎Price - 7** Lakhs

ရောင်းမည်

#ဘဏ်အရစ်ကျစနစ်
#ကားအလဲထပ်စနစ် လည်း ရပြီး
လူကြီးမင်းတို့စိတ်တိုင်းကျအဆင်ပြေအောင်
ဆောင်ရွက်ပေးပါတယ်ရှင့်😍

☎️0️⃣9️⃣7️⃣7️⃣5️⃣7️⃣3️⃣2️⃣0️⃣6️⃣4️⃣

☎️ 0️⃣9️⃣7️⃣6️⃣7️⃣6️⃣3️⃣6️⃣4️⃣6️⃣8️⃣

YBS ပဲ စီးပါရစေ....😂😂😂
03/02/2024

YBS ပဲ စီးပါရစေ....
😂😂😂

ကားတစ်စီးကို မြင်တာနဲ့ ဘာအမျိုးအစားဆိုတာ သိကြတာများပေမဲ့ သူ့ရဲ့ Type Of Vehicles ခွဲခြားသတ်မှတ်ကားတွေကိုသတ်မှတ်ထားတဲ့ Ty...
19/06/2023

ကားတစ်စီးကို မြင်တာနဲ့ ဘာအမျိုးအစားဆိုတာ သိကြတာများပေမဲ့

သူ့ရဲ့ Type Of Vehicles ခွဲခြားသတ်မှတ်ကားတွေကိုသတ်မှတ်ထားတဲ့ Type တွေ ရှိပါတယ်။

1 ❆ Sedan(or)Saloon
2❆ Sports Sedan
3❆ Wagon
4❆ Hatchback
5❆ Station Wagon
6❆ SUV
7❆ Crossover
8❆ Van
9❆ Minivan
10❆ Roadster
11❆ Sports Car
12❆ LCV&HCV
13❆ Kei (ဂျပန်အခေါ်)

➳ Seadan (or)Saloon

ဆီဒင်ပဲခေါ်ခေါ် ဆလွန်းပဲပြောပြော အတူတူပါ Sedanဆိုတာ ဗြိတိသျှ အင်္ဂလိပ်အခေါ်ဖြစ်ပြီး Saloonကတော့ အမေရိကန်အခေါ်အဝေါ်ဖြစ်ပါတယ်။ဒီအုပ်စုမှာ ရှင်းပါတယ်။ ကျွန်တော်တို့နေ့စဉ်တွေ့ထိနေရတဲ့ Toyota Mark 2,Crown,Belta,Nissan Cedric,Honda Accord ,Civic,..အစရှိတဲ့ကားပုံစံတွေပသသါဝင်ပါတယ်။ဆိုဒ်သေး ဆိုဒ်လတ် နဲ့ ဆိုဒ်ပြည့် ပုံစံတွေအစားစားပါ။

➳ Sports Sedan

သူ့အုပ်စုမှာတော့ Sedan ပုံစံပေမဲ့ ပြိုင်ကားလိုခပ်ကြမ်းကြမ်းအထာနဲ့မွှေ့နိုင်တဲ့စွမ်းဆောင်ရည်ခပ်မြင့်မြင့်ကားတွေပါဝင်ပါတယ်။Mitsubishi Lancer Evolution,Subaru WRX Sti,Nissan Skyline,Mercedes ရဲ့ AMG Sedan Group,BMWရဲ့ M Sedan Group,Audi ရဲ့ S Sedan Group,Lexusရဲ့ IS F,GS,..စတဲ့ကားတွေပါပါတယ်။

➳ Wagon

သူ့အုပ်စုမှာတော့ တံခါးလေးပေါက်ကို နောက်ခန်းပစ္စည်းထည့်ဖို့တစ်ကန့်အပြည့်ပါတဲ့အမျိုးအစားတွေပါ။Toyota Fielder,Probox,Nissan Wingroadစတဲ့ကားပုံစံတွေပါပါတယ်။မြန်မာတွေအမှတ်မှားတဲ့ ကားအုပ်စုပါ။တစ်ချိန်က မြန်မာပြည်မှာ နာမည်ကျော်ခဲ့တဲ့ Toyota Corolla ဆူပါရုဖ်ခေါ်တဲ့ Wagonကားတွေကို Van. ဆိုပီး ခေါ်ခဲ့ကြတာ ကနေ ယနေ့အထိ probox,AD Van စတဲ့ နောက်ဖုံးဖွင့် Wagon Typeတွေကို Van ဆိုပီး မှားယွင်းခေါ်ဆိုနေကြတာ တွေ့ရပါတယ်။ Van အုပ်စုကသပ်သပ်ပါ။

➳ Station Wagon

Station Wagon လို့လဲခေါ်သလို Estate Wagon လို့လဲခေါ်ပါတယ်။ပုံမှန်wagon ဆိုတဲ့သာမန်အိမ်စီးကားတွေထက်ပိုကြီးပြီးပိုကျယ်တယ်။ဇိမ်ခံအဆင့်အတန်းပိုမြင့်တဲ့ကားအုပ်စုပါ။Mercedes E Class Estate Wagon,Volvo V70,Toyota Avansis Wagon,..စတဲ့ကားတွေပါဝင်ပါတယ်။မြန်မာပြည်မှာ အနီးစပ်ဆုံးပြောရရင် Crown Wagon,Mark2 Blit,အစရှိတဲ့ကားမျိုးတွေပါ။

➳ Hatchback

သူကတော့ City ကားအနွယ်ဝင်တွေဖြစ်ကြတဲ့ Honda Fit,Toyota Vitz,Mazda Demio,Suzuki Swift,Volkswagen Polo,Golf,..စတဲ့ ကားအုပ်စုတွေပါ။

➳SUV(Sports Utlity Vehicle)

သူကတော့ ပြောစရာမလို အားလုံးလဲသိကြပါတယ်။နာမည်ကျော် Toyota Land Cruiser,Prado,Surf,Nissan Petrol,Safari,Landrover,Jeep စတဲ့အုပ်စုပါ။

➳ Crossover

Crossover နဲ့ SUV တူသလိုရှိပေမဲ့ Crossover Typeတွေကတော့ SUV စစ်စစ်ကြီးတွေလို Off Roadကြမ်းကြမ်းကြီးတွေမှာ မသွားနိုင်ပါဘူး။SUVလောက်မကြမ်းပေမဲ့ SUVဆန်ဆန် ရုပ်ထွက်ကို သင့်တင့်တဲ့ စွမ်းဆောင်ရည် သက်သာတဲ့ဆီစားနှုန်းနဲ့ အော်ပိုင်းခပ်မြင့်မြင့်ကားအမျိုးအစားတွေပါ။Toyota Rav4,Honda VRV,Nissan Pathfinder,Mazda CX5,CX7,CX9 နောက် Toyota Klugerစသည် တို့လောက်အရွယ်အစားထိ SUV စစ်စစ်မဟုတ်တဲ့ Crossoverတွေပါ။

➳ Van
Mercedes Sprinter,Ford Transit,Toyota Hiace commuter,Nissan NV350,...စတဲ့ ကားအမျိုးအစားတွေက Van Typeတွေပါ။

➳ Minivan(or) MPV

MPV -Multi Propose Vehicle ဘက်စုံသုံးယာဉ်လို့ခေါ်ပါတယ်။ဒီအုပ်စုမှာ Toyota Alphard,Vellfire,Noah,VoxyWish,Ipsum,Scienna,Nissan Elgrand,Honda Odyssey,Elegance,Mitsubishi Delica,စတဲ့ကားအမျိုးအစားတွေပါဝင်ပါတယ်။များသောအားဖြင့် MPV-Minivan Typeတွေဟာ ခုံ၃တန်း မိသားစုလူဦးရေခပ်များများစီးဖို့ Slide Doorနဲ့အဝင်အထွက်လွယ်စေဖို့ ဖြစ်ပါတယ်။

➳ Roadster

၂ယောက်စီး အမိုးဖွင့်ကားအမျိုးအစားဖြစ်ပါတယ်။ပေါ့ပါးတဲ့ ချည်သားနဲ့လုပ်ထားတဲ့ အမိုးအရှင်တွေပါရှိသလို တစ်ချို့ကတော့ အမိုးပိတိမရတဲ့အမျိုးအစားတွေပါ။Mazda MX5 Miata,Lexus SC430,Toyota Soracer,..စတဲ့ ပြိုင်ကားဆန်ဆန်အပေါ့စား ကားလေးတွေပါတဲ့အုပ်စုပါ။

➳ Sports Car

သူကတော့သိကြတဲ့အတိုင်းပဲ အလတ်တန်းစား နေ့စဉ်မြင်တွေ့နေကြတဲ့ Nissan GtR 32,34,Toyota Celica,Mazda RX7,Rx8စတဲ့ Sports ပါးပါးအမျိုိးအစားတွေကနေ Ferrari 360,F12,amborghini Gallerdo,Avatendar,Mc larenP1,Aston MartinDB series,စတဲ့Real Sportsားအမျိုးအစားတွေထိပါပါတယ်။

➳ LCV(Light Commercial Vehicle)

လုပ်ငန်းသုံးအပေါ့စားကားလေးတွေပါ။ဒီအုပ်စုမှာ Daihatsu hijet,suzuki carry,စတဲ့ကားတွေကနေ Toyota Hiace Delivery Van လို့ခေါ်တဲ့နောက်မှန်တွေမပါပဲ ပိတ်ထားတဲ့ပစ္စည်းပို့ကားတွေထိပါပါတယ်။

➳ Kei

ဂျပန်အခေါ်နဲ့ ကတေ့ာအင်ဂျင်ပါဝါသေးသေးလေးနဲ့ ကားသေးသေးလေးတွေပါတဲ့။သူ့အုပ်စုမှာတေ့ာ Daihatsu Move,Suzuki Alto,Toyota iq,Honda Lifeစတဲ့ အင်ဂျင်ထုထည်660cc နဲ့ကားလေးတွေပါပါတယ်။

CRD
#မူရင်းရေးသားသူ

မင်္ဂလာပါရှင် 🤗SUV ထဲက (၇)ယောက်စီး ကားကြီးကြီး ခန့်ခန့်ထည်ထည် ကြိုက်သူများအတွက်SORENTO ရောက်ပါပြီရှင်🤩 Sorento 2018 Mode...
07/06/2023

မင်္ဂလာပါရှင် 🤗
SUV ထဲက (၇)ယောက်စီး ကားကြီးကြီး ခန့်ခန့်ထည်ထည် ကြိုက်သူများအတွက်
SORENTO ရောက်ပါပြီရှင်🤩
Sorento 2018 Model (GT Line Grade )
Car Functions....
🚘GT Line Grade
🚘2200CC Diesel,Turbo
🚘8 Speed Auto Transmission
🚘All Wheels Drive (AWD)
🚘Smart Key & Push Start
🚘Blind spots / Cruise control ..etc
YGN - 9P-****
Black
Kilo- 77***
#အရစ်ကျစနစ်
#ကားအလဲထပ်စနစ် လည်း ရပြီး
လူကြီးမင်းတို့စိတ်တိုင်းကျအဆင်ပြေအောင်
ဆောင်ရွက်ပေးပါတယ်ရှင့်😍
☎️ 0️⃣9️⃣7️⃣7️⃣5️⃣7️⃣3️⃣2️⃣0️⃣6️⃣4️⃣
လိပ်စာ အမှတ် (139), တက္ကသိုလ်ရိပ်သာလမ်း, ကမာရွတ် မြို့နယ်, ရန်ကုန်မြို့။
Online ပေါ်တွင်အမြဲမရှိတတ်လို့ စာပြန်မှုနောက်ကျခဲ့ရင် တောင်းပန်ပါတယ်ရှင့်။ ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

ထိုင်းသင်္ကြန် မှာကဲနေတဲ့ သရုပ်ဆောင် နန်းဆုရတီစိုး
16/04/2023

ထိုင်းသင်္ကြန် မှာကဲနေတဲ့ သရုပ်ဆောင် နန်းဆုရတီစိုး

23/11/2022

KIA Sorento 2018 Model (GT Line Grade ) ရောင်းမည်....

Car Functions....

🚘GT Line Grade
🚘2200CC
🚘8 Speed Auto Transmission
🚘All Wheels Drive(AWD)
🚘Smart Key & Push Start
🚘Blind spots / Cruise control ..etc

YGN - 6P-****

Price - 1190 Lakhs ✅

#အရစ်ကျစနစ်
#ကားအလဲထပ်စနစ် လည်း ရပြီး
လူကြီးမင်းတို့စိတ်တိုင်းကျအဆင်ပြေအောင်
ဆောင်ရွက်ပေးပါတယ်ရှင့်😍

☎️0️⃣9️⃣8️⃣8️⃣2️⃣7️⃣2️⃣3️⃣4️⃣6️⃣4️⃣

L ဂီယာ အသုံးပြုခြင်းအကြောင်း.......ကုန်းအတက်တစ်ခုကို ကားမောင်းတက်ရင်း အင်ဂျင်ထိုးရပ်သွားပြီး ကားက နောက်ပြန်လှိမ့်တော့မလိ...
25/09/2022

L ဂီယာ အသုံးပြုခြင်းအကြောင်း.......

ကုန်းအတက်တစ်ခုကို ကားမောင်းတက်ရင်း အင်ဂျင်ထိုးရပ်သွားပြီး ကားက နောက်ပြန်လှိမ့်တော့မလို ဖြစ်တတ်ပါတယ်။ အခုလို ဖြစ်ရတာ ကုန်းအတက်မှာ ထိုးထားတဲ့ ဂီယာရွေးချယ်မှု မှားယွင်းနေတာကြောင့် အင်ဂျင်က ကုန်းတက်ဖို့အတွက် လိုအပ်တဲ့ပါဝါ လုံလောက်အောင် ထုတ်မပေးနိုင်ရာမှ ဆက်မရုန်းနိုင်တော့တဲ့အတွက် ထိုးရပ်သွားတာ ဖြစ်နေတတ်ပါတယ်။ကားမောင်းလို့အဆင်ပြေအောင် ဂီယာတွေ အဆင့်ဆင့် ထည့်ပေးထားပြီး ဆီလျော်ရာ ဂီယာကို ရွေးချည်သုံးစွဲသွားရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် L ဂီယာကို ထည့်ပေးထားတယ်။ L ဂီယာက ကုန်းတက် နဲ့ ကုန်းဆင်း မောင်းနှင်တဲ့အခါ ရွေးချယ်သုံးစွဲဖို့ ဒီဇိုင်းလုပ်ထားတယ်။

အော်တိုဂီယာမှာ P Park,

R Reverse,

N Neutral,

D Drive,

L Low Gear စသည်ဖြင့် ရှိပါတယ်။

L ဆိုတာ မန်နူရယ်ဂီယာမှာ အသုံးပြုတဲ့ နံပါတ် ၁ နဲ့ ၂ ဂီယာကို ဆိုလိုပါတယ်။ အင်ဂျင်ရုန်းဖို့အတွက် ရည်ရွယ်ထားတဲ့ အနိမ့်ဂီယာ ဖြစ်ပါတယ်။ အင်ဂျင်မှာ လည်တဲ့ပတ်ရေ ပိုမြန်ဖို့ ဦးစားပေးတာရှိသလို အင်ဂျင်ရဲ့လှည့်အား ကောင်းဖို့ ဦးစားပေးတာလည်း ရှိတယ်။အမြင့်ဂီယာတွေမှာ အင်ဂျင်ကို လှည့ျအားကောာငျးဖို့ထကျ လည်ပတ်နှုန်းမြန်မြန် လှည့်ပေးဖို့ကို ဦးစားပေးထားတယ်။ ကားက ပိုမြန်မြန် ပြေးတယ်။ အနိမ့်ဂီယာမှာတော့ အင်ဂျင်ကို အားပိုရဖို့ ဦးစားပေးတယ်။ လှည့်အား ပိုသန်မာနေစေတယ်။ ရုန်းအား ပိုကောင်းနေစေတယ်။ ကုန်းတက်ကုန်းဆင်းမှာ မောင်းနှင်ဖို့ အဆင်ပြေနေစေတယ်။ ချိုင့်ခွက်တွေများလို့ ကားကို ဖြည်းဖြည်း လှိမ့်နေရတဲ့အခါမျိုးမှာလည်း L ကို သုံးရမွာ ဖြစ်ပါတယ်။L ကို သုံးထားတဲ့အခါ အင်ဂျင်လှည့်အားကို ကောင်းနေစေပြီး အမြန်နှုန်းက လျော့ကျနေမယ်။ ဒီတော့ကုန်းဆင်းမှာ L ကို သုံးထားတဲ့အခါ ကားကိုအရှိန်မလွန်အောင် ဂီယာက ကူထိန်းပေးထားတယ်။ ကုန်းတက်မှာ L ကို သုံးထားတဲ့အခါ အင်ဂျင်လှည့်အား ကောင်းနေတဲ့အတွက် ရုန်းအား ကောင်းနေလို့ ကုန်းတက်ကို တက်ဖို့ ရုန်းနိုင်စေတယ်။

မူရင်းရေးသားသူအားcreditပေးပါသည်။
Photo Crd

  :Sold OutBAIC Senova X553R- ကားကျစ်ကျစ်လစ်လစ်လေး နဲ့Luxury  ဆန်ပြီးလက်ရှိလူကြိုက်များနေတဲ့ ကားကောင်းလေးတစ်စီးနဲ့ မိတ်ဆ...
15/09/2022

:Sold Out

BAIC Senova X55
3R-
ကားကျစ်ကျစ်လစ်လစ်လေး နဲ့Luxury ဆန်ပြီးလက်ရှိလူကြိုက်များနေတဲ့ ကားကောင်းလေးတစ်စီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်.. 💛

👑 Model 2020
👑 YGN license
👑kilo 3****
👑Silver colour

#အရစ်ကျစနစ်
#ကားအလဲထပ်စနစ် လည်း ရပြီး
လူကြီးမင်းတို့စိတ်တိုင်းကျအဆင်ပြေအောင်
ဆောင်ရွက်ပေးပါတယ်ရှင့်😍

Price-5**

☎️0️⃣9️⃣4️⃣2️⃣1️⃣7️⃣1️⃣8️⃣7️⃣6️⃣4️⃣

  OutSUV Type စမတ်ကျကျစီးချင်တဲ့ ကာကာတွေအတွက်◼️‌Model  ➡️ 2020 X70◼️‌Color   ➡️ White ◼️‌Engine ➡️1.5CC◼️‌5 Seaters◼️‌Pu...
15/09/2022

Out
SUV Type စမတ်ကျကျစီးချင်တဲ့ ကာကာတွေအတွက်

◼️‌Model ➡️ 2020 X70
◼️‌Color ➡️ White
◼️‌Engine ➡️1.5CC
◼️‌5 Seaters
◼️‌Push Start
◼️‌Electric Power Steering
◼️‌Sonar
◼️‌Cruise Contro
◼️‌Panoramic Sunroof
◼️‌Round Air-con
◼️‌Auto Day Light
◼️‌Auto Hold Function
◼️‌Bluetooth
◼️‌360 Camera

#အရစ်ကျစနစ်
#ကားအလဲထပ်စနစ် လည်း ရပြီး
လူကြီးမင်းတို့စိတ်တိုင်းကျအဆင်ပြေအောင်
ဆောင်ရွက်ပေးပါတယ်ရှင့်😍

Price-6** Lakh( ဈေးအပြောင်းလဲရှိပါမယ်)

☎️0️⃣9️⃣4️⃣2️⃣1️⃣7️⃣1️⃣8️⃣7️⃣6️⃣4️⃣

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်အမြဲတမ်းသတိပြုသင့်သော အချက်များ======================ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိ...
13/09/2022

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်
အမြဲတမ်းသတိပြုသင့်သော အချက်များ
======================

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင်
တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ
ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊
တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီး
ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊
သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ
အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့
သင့်ကား အောက်ပိုင်း ရောဂါတွေပါ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆို
ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။
ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ
အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊
သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊
ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။
ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ
ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊
ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး
သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက်
သင်ကိုယ်တိုင် သတိပြုနိုင်တဲ့
ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို
အကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့်
အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ် ။
အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့
မိန်းလုံး(Tie rod end or Rack End) မကောင်းရင်
ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့
ထင်ရှားတဲ့ လက္ခဏာ ကတော့
သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး
ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ
အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။
လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင်
သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။
နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊
ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ
ကားက တဖက်ဖက်ကို ဆွဲနေမယ်။
ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ
အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း
အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။
တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ
ပျက်စီးမှု အများဆုံး ပစ္စည်းပါ။
တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့
အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ
ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။
ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ
တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင်
ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊
Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက
သင့်ကား အောက်ဘက်ထောင့်ဆီကနေ
တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့
ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင်
အဲဒီအသံက ထွက်လာတယ်ဆိုရင်
အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။
ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ
အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့
သင့်ကားစတီယာရင် ( Steering ) ကို လာပြီး
သက်ရောက်မှုတွေ ရှိလာပါမယ်။
ဖြစ်လာနိုင်တာကသင့်ကားစတီယာရင်
မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး
ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက
အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို
လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့
ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့
တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်
မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint )
ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။
သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့
တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ်
တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင်
အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။
နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့
ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ
ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး
ဝပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက
သိသာထင်ရှားပါတယ်။
အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊
ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင်
ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ
အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကို
သိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့
အဲ့ဒါ Shock bar , Coil Spring , Struts တို့
မကောင်းတဲ့ လက္ခဏာရပ်ပါ ။
ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးက
သင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။
နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင်
ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီး
အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း
မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်
ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်
ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင်
တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။
တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။
အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့
တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့
မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊
တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊
ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။
မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး
အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment)
မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။
အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။
တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။
ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊
ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့
ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင်
Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊
ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး
ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို
လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊
စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊
Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ်
ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump
မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊
Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။
ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊
အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ
အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက
လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့်
ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်း
ဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့
ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို
မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့်
အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့်
သဲတွေ ဖုန်တွေ ရွှံ.တွေက
အထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို
ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။
အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာေ ကြာင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။
နောက်တစ်ခုက အထက်ပါရောဂါတွေက
တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း
ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ
သံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့
သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ
သတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင်
အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ
လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊
ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ
အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။
ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့
အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး
ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား
ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက်
ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြပါသည်

#မူရင်း စားရေးသူအား ခရက်ဒစ်ပေးပါသည်။

Address

Yangon
007

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30

Alerts

Be the first to know and let us send you an email when Vehicles Sale Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share