01/06/2026
Google Internal Data အလွဲသုံးစားလုပ်ပြီး လောင်းကြေးနိုင်လို့ အဖမ်းခံရတဲ့ ဝန်ထမ်း
Google ရဲ့ internal data တွေကို အလွဲသုံးစားလုပ်ပြီး prediction platform တစ်ခုပေါ်မှာ လောင်းကြေးငွေ $1.2 million အထိ ရရှိခဲ့တဲ့ Google engineer တစ်ဦး အဖမ်းခံလိုက်ရပါပြီ။ Michele Spagnuolo လို့အမည်ရတဲ့ ဒီ Google ဝန်ထမ်းကို Insider Trading ဥပဒေချိုးဖောက်မှုနဲ့ US Attorney for the Southern District of New York က တရားစွဲဆိုထားတာပါ။ သူက Google ရဲ့ internal marketing data တွေနဲ့ search trend data တွေကို အခြားသူတွေ မသိသေးခင် အရင်ဆုံးသိရှိခွင့်ရတဲ့ အားသာချက်ကိုယူပြီး Polymarket ဆိုတဲ့ prediction platform ပေါ်မှာ စောစောစီးစီး လောင်းကြေးတွေ ထားခဲ့တာပါ။
Polymarket က blockchain-based platform ဖြစ်ပြီး cryptocurrency နဲ့ပဲ လောင်းလို့ရတဲ့အတွက် Anonymous ဖြစ်မယ်လို့ ထင်ရပေမယ့် FBI ကတော့ သူ့ရဲ့ Italian ID နဲ့ချိတ်ဆက်ထားတဲ့ account ကို ခြေရာခံမိခဲ့ပါတယ်။ Spagnuolo ဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်းမှာ Google နဲ့ပတ်သက်တဲ့ လောင်းကြေးငွေ $2.7 million ဖိုးအထိ ထားရှိခဲ့ပြီး $1 million ကျော်အမြတ် ရခဲ့တယ်လို့ သိရပါတယ်။
အမြတ်အများဆုံးရခဲ့တဲ့ လောင်းကြေးတစ်ခုကတော့ ၂၀၂၅ ခုနှစ်မှာ Google မှာ ဘယ်သူက အရှာအဖွေအများဆုံးဖြစ်မလဲဆိုတာကို ခန့်မှန်းတဲ့အပေါ်မှာပါ။ သူက Bianca Censori နဲ့ President Donald Trump လို လူတွေကို မဟုတ်ဘူးလို့ လောင်းပြီး၊ odds တွေ နီးပါးမရှိတဲ့ D4vd ဆိုတဲ့ singer ကို Top spot ရမယ်လို့ ခန့်မှန်းခဲ့တာပါ။ ဒီ singer ဟာ အဲ့အချိန်က လူသိမများသေးပေမယ့် Spagnuolo က internal data ကြောင့် D4vd ဟာ Google ရဲ့ most-searched person ဖြစ်လာတော့မယ်ဆိုတာ ကြိုသိနေခဲ့တာပါ။
Google ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အဆိုပါ ဝန်ထမ်းကို အလုပ်ကနေ အနားပေးထားတယ်လို့ ပြောပါတယ်။ Polymarket ကလည်း စုံစမ်းစစ်ဆေးမှုမှာ အာဏာပိုင်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ Blockchain trading ဟာ transparent ဖြစ်ပြီး traceable ဖြစ်တဲ့အတွက် "bad actors တွေက ခြေရာတွေ ချန်ထားခဲ့ကြတယ်" လို့ Polymarket က ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ internal information တွေကို အလွဲသုံးစားလုပ်ခြင်းရဲ့ အကျိုးဆက်ကို ပြသနေတဲ့ lesson တစ်ခုပါပဲ။
source : https://www.bbc.com/news/articles/c052yv259jvo
Follow for more!
www.plancyasia.com