20/05/2020
နန်းရှေ့ကြော်ငြာလုပ်ငန်း ရုံးခန်းအား ခေတ္တခဏ ပိတ်ထားခြင်း
လက်ရှိ ကပ်ရောဂါဘေးကြောင့် စားသုံးသူများ၊ လုပ်ငန်းရှင်ကြီးများနည်းတူ ကျနော်တို့ ကြော်ငြာလုပ်ငန်းများမှာလည်း ထိခိုက်နစ်နာမှုတစ်ချို့ကို ကြုံတွေခဲ့ရကြောင်း ဝမ်းနဲစွာဖြင့် အသိပေးပြောကြားပါရစေ။
လုပ်ငန်းရှင်ကြီးများ သိရှိပြီးဖြစ်သည့်အတိုင်း ရုံးခန်းများခေတ္တပိတ်ထားခြင်း၊ မိမိတို့၏ နေအိမ်များမှနေ၍ အလုပ်လုပ်ခြင်းတို့ကို ကျနော်တို့ နန်းရှေ့ကြော်ငြာလုပ်ငန်းမှလည်း အများနည်းတူ ဆောင်ရွက်ခဲ့ပါသည်။
ကျနော်တို့ မန္တလေးမြို့ရဲ့ ဈေးကွက်အနေအထားရ တစ်ခြားဈေးကွက်များနည်းတူ စားသုံးသူများ၏ ဝယ်လိုအားများစွာ ကျဆင်းခဲ့ရသည်ကိုလည်း ဝမ်းနဲစွာဖြင့်လေ့လာတွေ့ရှိခဲ့ရပါသည်။
ကပ်ဘေးကာလတွင် လုပ်ငန်အများစုအနေဖြင့် မိမိတို့လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုတစ်ချို့ကို မလွဲမသွေပြုလုပ်ကြရပါသည်။
နန်းရှေ့ကြော်ငြာလုပ်ငန်းအနေဖြင့်လည်း မိမိတို့လုပ်ငန်းရေရှည်ရပ်တည်နိုင်စေခြင်းအလို့ငှာ ကုန်ကျစားရိတ်လျော့ချဖြတ်တောက်ပြီး ကပ်ရောဂါဘေးကင်းစင်စိတ်ချရသည့် အချိန်တစ်ခုအထိ ရုံးခန်းအား ခေတ္တယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
လက်ရှိကြားကာလအတွင်း ကြော်ငြာကိစ္စအတွက် လိုအပ်သည်များရှိလာပါက တိုက်ရိုက်တာဝန်ခံကို တယ်လီဖုန်း သို့မဟုတ် Nan Shae facebook messenger အပြင် တာဝန်ခံ email လိပ်စာ သို့ ဆက်သွယ်၍ လိုအပ်သည်များကို ညွှန်ကြားနိုင်ပါသည်။
ကပ်ဘေးလွန်၍
စားသုံးသူများ၏ ဝယ်လိုအားကို တွန်းအားပေး
ကြော်ငြာရန်လိုအပ်လာသည့် အချိန်တွင်လည်း
လုပ်ငန်းရှင်ကြီးများအနေဖြင့် ကျနော်တို့ နန်းရှေ့ကြော်ငြာလုပ်ငန်းအား ယခင်ကာလများကဲ့သို့ ဦးစားပေး သတိတရရှိပေးပါရန် လေးစားစွာဖြင့် အသိပေးတောင်းဆိုလိုက်ရပါသည် ခင်ဗျာ။
မိမိတို့၏ လုပ်ငန်းရှင်ကြီးများ ကပ်ရောဂါ ကင်းစင်လို့ စီးပွားတိုးနိုင်ကြပါစေကြောင်း
ကိုထွဋ် နှင့် နန်းရှေ့အဖွဲ့သားများ
[email protected]
095173659