Info Htoo Myat Eain

Info Htoo Myat Eain Knowledge Sharing

25/01/2022

Info Htoo Myat Eain ကနေ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း IT နဲ့ ပက်သတ်သော ဗဟုသုတများစွာတင်ဆက်ပေးပါမယ်။ ဘယ်လိုအကြောင်းအရာလေးတွေပြောစေချင်လဲမန့်ခဲ့ပေး



Web developer ဖြစ်ဖို့ စိတ်ကူးအိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ အခွင့်ရေးကောင်းတွေရောက်လာပြီနော်။
09/01/2022

Web developer ဖြစ်ဖို့ စိတ်ကူးအိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ အခွင့်ရေးကောင်းတွေရောက်လာပြီနော်။


😊😊 ကျွန်တော် အရင်တုန်းက ကိုယ့်ကိုယ် developer တစ်ယောက်လို့ မဆိုရဲဘူး။ ဘာလို့လည်းဆိုတော့ အရံသင့် script တွေကိုပဲ အသုံးမျာ...
29/12/2021

😊😊 ကျွန်တော် အရင်တုန်းက ကိုယ့်ကိုယ် developer တစ်ယောက်လို့ မဆိုရဲဘူး။
ဘာလို့လည်းဆိုတော့ အရံသင့် script တွေကိုပဲ အသုံးများခဲ့တယ်လေ။
Joomla , WordPress စတာတွေကိုပဲ အဓိကသုံးခဲ့တယ်။ ကိုယ်တိုင် own tune ရေးတယ်ဆိုတာ မရှိပါဘူး။ အခုတလော JQuery ကိုလေ့လာရင်း own tune လေးတွေ ရေးဖြစ်တယ်။ CMS ကြီး တစ်ခုတော့ ရေးဖို့ အချိန်မပေးနိုင်ဘူးပေါ့ ။ ဒါပေမယ့် ကိုယ် လိုချင်တဲ့ဟာ ကို ကိုယ်ကိုယ် တိုင်ဖန်တီးရတာ ပျော်ဖို့ကောင်းတယ်။ ရေးရတာ သိပ်ခက်ခဲရင် ကိုယ်တိုင်ရေးလိုက်တာ ပိုကောင်းတယ်ဗျ။ ကိုယ့်ဘာသာကိုယ် ကောင်းကောင်းပြုပြင်နိုင်တယ်။ လိုအပ်သလို ထပ်ဖြည့်နိုင်တယ်။ အခြား service တွေထပ်လုပ်နိုင်တယ်လေ။
ကျွန်တော်တို့အနေနဲ့ web developer တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်လဲ။ ဘာတွေ ပြင်ဆင်ဖို့လိုလဲ။ ဘာတွေ လေ့လာဖို့လဲ။
တတ်မြောက်ဖို့ လိုတာတွေက ?
သေချာတာကတော့ web ဆိုကတည်းက HTML ကို မဖြစ်မနေ တတ်မြောက်ဖို့လိုပါတယ်။
HTML ကို သေသေချာချာ တတ်မြောက်ချင်ရင်တော့ အရင်ဆုံး notepad နဲ့ လေ့လာသင့်တယ်။ ပြီးမှ Dreamweaver ကို သုံးပြီး HTML ရေးပေါ့။ HTML ပြီးရင်တော့ CSS ကို ဆက်လေ့လာဖို့လိုတယ်။ CSS ဆိုတာက web design ရဲ့ အသက်ပဲလို့ ဆိုလို့ရတယ်။ သူက website တစ်ခုလုံး လှပပြီး ဆွဲဆောင်မှုရှိအောင် ဖန်တီးပေးမှာလေ။ Design လှလှ မဆွဲတတ်ရင် နေမယ်။ ဒါပေမယ့် CSS ကို တတ်ကျွမ်းနားလည်မှသာ web developer တစ်ယောက်ဖြစ်နိုင်မှာပါ။ CSS ကို သေသေချာချာ သိပြီး HTML နဲ့ CSS ပေါင်းပြီး web site တွေရေးနိုင်ပြီဆိုရင်တော့ ကိုယ်ပိုင် site တစ်ခုလေး စမ်းသင့်တယ်။ အဲဒီအခါမှာတော့ ကိုယ်ဖန်တီးထားတဲ့ website တစ်ခုလုံး ရုပ်လုံးပေါ်လာတာကို တွေ့ပြီး ပိတီဖြာရပါလိမ့်မယ်။
ပြီးရင်တော့ Javascript ကို စတင်လေ့လာဖို့ လိုလာပါပြီ။ javascirpt ကို သေသေချာချာ နားလည်ဖို့အတွက် pseudo code နဲ့ programming အခြေခံ တတ်ကျွမ်းထားဖို့လိုတယ်။ programming skill က web developer တစ်ယောက်အတွက် လိုအပ်တဲ့ skill တစ်ခုပါပဲ။ programming ကို မပိုင်နိုင် မတတ်ကျွမ်းဘူးဆိုရင် web developer ဖြစ်ဖို့ ခက်ခဲပါတယ်။ နောက်ပြီး javascript အဆင့်မှာ တင် စိတ်ပျက်သွားနိုင်တယ်လေ။
Javascript တွေ လေ့လာ တတ်ကျွမ်းသွားရင်တော့ web developer တစ်ယောက်လို့ ဆိုလို့ရပါတယ်။ ဒါပေမယ့် Professional တစ်ယောက် မဟုတ်သေးဘူး။ beginner အဆင့်ထက်တော့ နည်းနည်းသာတာပေါ့။
Web developer ဆိုတာ ဘာလဲဆိုတာ အရင် သိဖို့လိုတယ်။ web developer ဆိုတာက website တစ်ခုလုံးကို developing လုပ်နိုင်တဲ့လူပေါ့။ တနည်းပြောရင် ကိုယ်ပိုင် website တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ဆောက်နိုင်သူပေါ့။
Joomla , WordPress စတာတွေနဲ့လည်း website တစ်ခု လွယ်လွယ် ဆောက်လို့ရတယ်။ professional web developer တွေသာ လိုအပ်တဲ့အခါမှာ ကိုယ်တိုင် own code or own creation တွေ အသုံးပြုပြီး web site ကို တည်ဆောက်နိုင်စွမ်းရှိပါတယ်။
Joomla, WordPress စတာတွေ သုံးပေမယ့် လိုအပ်တဲ့ customization တွေကို ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိကြတယ်။ Opensource တွေကို ကောင်းမွန် အသုံးတည့်စွာ သုံးတတ်ကြတယ်။ web designer ရဲ့ design ကို ကောင်းမွန်တဲ့ website တစ်ခုဖြစ်လာအောင် develop လုပ်နိုင်တယ်လေ။
အခု HTML , CSS , Javascript တတ်မြောက်သွားတာက web designer အဆင့်ပဲရှိသေးတယ်လေ။
ကိုယ်ပိုင် website တစ်ခုကို static ပဲ တည်ဆောက်နိုင်သေးတယ်။
Database တွေအပြင် အခြား အပိုင်းတွေဖြစ်တဲ့ JSON , XML စတာတွေ အကြောင်း နားလည်ဖို့ လိုသေးတယ်။ Javascript တတ်ကျွမ်းပြီဆိုရင်တော့ programming အခြေခံ ရှိသွားပြီလို့ ဆိုလို့ရတာပေါ့။ အဲဒီအခါ ကိုယ် ဘယ်လိုင်း ဆက်သွားမလဲဆိုတာ စဉ်းစားရတော့မယ်လေ။ ယခု လက်ရှိ တည်ရှိနေတဲ့ လိုင်းတွေကတော့ ASP.NET , PHP , ROR , Django စတာတွေ လက်ရှိ ရှိနေပါတယ်။
ဒါကြောင့် လူငယ်တွေ အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်လို့ပဲ ဖြစ်ဖြစ်၊ Web Develope, Designer အနေဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ချင်တဲ့ ဝါသနာပါတဲ့ လူငယ်တွေအတွက် အခုလိုအချိန်မှာ အချိန်ကို အကျိုးရှိအောင် အသုံးချရင် လေ့လာနိုင်မဲ့ သင်တန်းလေးတွေကို စီစဉ်ပေးလိုက်ပါတယ်....
🚩 Web Design Basic Training(အခုမှစပြီးလေ့လာမဲ့သူတွေအတွက်....)
🔹 HTML, CSS, JavaScript

🚩 Web Design Advance Training(အခြေခံရှိပြီးသားသူတွေအတွက်....)
🔹 HTML 5, CSS 3, JavaScript Advance, Bootstrap

🚩 Web Development Basic Training(Web Design မသိသေးသူများအတွက်....)
🔹 HTML, CSS, JavaScript, Bootstrapm PHP, Mysql, Database

🚩 Web Development Basic Training(Web Design တတ်မြောက်ထားသူများအတွက်....)
🔹 PHP, Mysql, Database

အခုပြောပြပေးခဲ့တဲ့ သင်တန်းများအတွက် အသေးစိတ် သိချင်လို့ပဲ ဖြစ်ဖြစ်၊ Web Design, Web Development အကြောင်း လေ့လာချင်လို့ မေးမြန်းလို့ဖြစ်ဖြစ် Page Cb (or) ဖုန်းနံပါတ် (09-964851547) သို့ အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်....

Merry  Christmas To You All.....
25/12/2021

Merry Christmas To You All.....

ဒီဆောင်းပါးကတော့ လူတိုင်း စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Website တစ်ခုကို အလွယ်ကူဆုံး နည်းနဲ့ ဖန...
22/12/2021

ဒီဆောင်းပါးကတော့ လူတိုင်း စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Website တစ်ခုကို အလွယ်ကူဆုံး နည်းနဲ့ ဖန်တီးဖို့ အတွက် လမ်းညွှန်ပေးမှာကြောင့် ဖြစ်ပါတယ်။ တကယ်လို့ Website တစ်ခု ဖန်တီးဖို့ စိတ်ူအားထက်သန်နေသူ ဆိုရင်တော့ အောက်ပါအချက်တွေကို သေချာ ဖတ်ပြီး လက်တွေ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၁) သင့် ကိုယ်ပိုင် Domain Name တစ်ခု ရယူပါ
ပထမဆုံး အရေးအကြီးဆုံး တစ်ချက်ကတော့ ကိုယ်ပိုင် Domain Nameတစ်ခုကို ရအောင် ယူရမှာ ဖြစ်ပါတယ်။ Domain Nameဆိုတာကတော့ သင့် Websiteကို ပေးချင်တဲ့ နာမည်ဖြစ်ပြီး ဥပမာ myanmarict.wpengine.comလို့ Domain Nameပေးလိုက်ပြီ ဆိုရင် Websiteရဲ့ နာမည်က myanmarict.wpengine.comဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Domain Nameအတွက် နှစ်စဉ်ကြေးတော့ ပေးသွင်းရပါတယ်။ ဒီနေရာမှာ သတိပြုရမှာက Domain Nameရရုံနဲ့တော့ သင် Websiteတစ်ခုကို ကိုယ်ပိုင် မရသေးသလို ကိုယ်ရေးချင်တာ၊ လုပ်ချင်တာတွေ မလုပ်နိုင်သေးပါဘူး။ သူဟာ နာမည်ပေးရုံ သက်သက်ပဲ ရှိပါသေးတယ်။ ဒါဟာ စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ဖို့ အတွက် ကုမ္ပဏီ နာမည်ပေးရုံ အဆင့်လောက်ပဲ ရှိပါသေးတယ်။
Domain Nameပေးတဲ့ နေရာမှာတော့ ကိုယ်လုပ်မယ့် Websiteနဲ့ လိုက်ဖက်မယ့် နာမည်ကို ရွေးချယ်ပေးရမှာ ဖြစ်ပြီး အများအမြင်မှာ အထင်မှားစေနိုင်လောက်တဲ့ နာမည်တွေ မပေးမိဖို့လည်း လိုအပ်ပါတယ်။

(၂) Domain Nameကို Registerလုပ်မယ်ဆိုရင်
သင့်မှာ လုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုရှိမယ်ဆိုရင်တော့ Domain Nameပေးဖို့ကို သေချာ စဉ်းစားပြီးမှ ပေးသင့်ပြီး သီးသန့် ကိုယ်ပိုင် အသုံးပြုဖို့ ဆိုရင်တော့ အခက်အခဲ မရှိလှပါဘူး။
Domain Nameနဲ့ ဆိုင်တဲ့ အရေးကြီးတဲ့ အချက်များ – တကယ်လို့ သင်ဟာ Domain Nameကို အမြဲပြောင်းတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် Domain Nameကလည်း သင်ပြောင်းသလို အမြဲလိုက်ပြောင်းနေမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်သူငယ်ချင်းတွေက myanmarict.wpengine.comလို့ သိထားတဲ့ Websiteကနေ နာမည်ပြောင်းလိုက်တာကြောင့် နောက်ထပ် လိပ်စာသစ် မသိတော့ရင် နောက်ပိုင်းတွေမှာ သူတို့နဲ့ ချိတ်ဆက်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် Websiteအတွက် Domain Nameကို အရိုးရှင်းဆုံးနဲ့ တစ်ခါတည်း အတည်ဖြစ်အောင် ရွေးချယ်ပေးထားဖို့ လိုအပ်မှာပါ။
သင်ဟာ စီးပွားရေး လုပ်ငန်းအတွက် Websiteလုပ်မှာဆိုရင် သင့်လုပ်ငန်း နာမည်ကိုသာ Domain Nameအဖြစ် ထားပြီး သုံးစွဲလိုက်ပါ။ ဒါဟာ သင့်လုပ်ငန်းအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်စေမှာပါ။

(၃) Registerပြုလုပ်ခြင်း
Domain Nameရယူခြင်းမှာ Registerလုပ်ငန်းစဉ်ကလည်း မဖြစ်မနေပါဝင် လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်ပါ။ ဥပမာ myanmarict.wpengine.comလို့ နာမည်ကို ရွေးချယ်ပြီးပြီဆိုရင် နှစ်စဉ်ကြေးအတွက် ၁၀ဒေါ်လာကနေ ၃၅ဒေါ်လာ အတွင်း ပေးဆောင်ရမှာ ဖြစ်ပြီး အဲဒီ ပေးဆောင်ရတဲ့ ငွေဟာ နှစ်စဉ်ကြေးလို့လည်း ဆိုနိုင်သလို ကိုယ့်နာမည် အတွက် မူပိုင်ကြေးလို့လည်း ပြောနိုင်ပါတယ်။ အဲဒီလို ပေးဆောင်ထားရင် တစ်နှစ်တာအတွင်း ကိုယ့်ရဲ့ Website Nameအတွက် မူပိုင်ခွင့် ရရှိမှာ ဖြစ်ပြီး နောက်နှစ်တွေမှာလည်း ပထမနှစ်က ပေးဆောင်ရသလိုမျိုး နှုန်းအတိုင်း ပေးဆောင်သွားရမှာ ဖြစ်ပါတယ်။ တချို့ Web Hostတွေကတော့ အခမဲ့ Websiteလုပ်ဆောင်ချက်တွေကို ခွင့်ပြုပေမယ့် အခွန်ဆောင်တဲ့ နာမည်တူ Websiteတစ်မျိုး ထွက်လာရင်တော့ ကိုယ့်Websiteက သဲထဲရေသွန် ဖြစ်သွားပါလိမ့်မယ်။

(၄) Web Design ဖန်တီးခြင်း
WYSIWYG (What You See Is What You Get) ဆိုတာကတော့ Web Editor တစ်မျိုးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လူသုံးအများဆုံးဖြစ်နေတာကတော့ Adobe Dreamweaver CS5 ပဲဖြစ်ပါတယ်။ အဆိုပါ Web Design တွေနဲ့ ပတ်သက်တဲ့ Coding တွေကို လေ့လာချင်ရင်တော့ Internet မှာ ရှာဖွေလေ့လာနိုင်ပါတယ်။ www.w3schools.com မှာ Website Web Language တွေ တော်တော်များများကို လေ့လာနိုင်ပါတယ်။ ဝက်ဘ်ဆိုဒ် Design ဟာလည်း User တွေကို ဆွဲဆောင်တဲ့နေရာမှာ အရေးကြီးဆုံး First Impression ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ Web Site တွေကို ဖန်တီးနေတဲ့ Designer, Developer တွေအနေနဲ့ အများကြီး လေ့လာထားရမှာ ဖြစ်ပြီး အတွေ့အကြုံလည်း အများကြီးရှိထားဖို့ လိုပါတယ်။

(၅) ဝက်ဘ်ဆိုဒ်ကို စစ်ဆေးခြင်း
ဝက်ဘ်ဆိုဒ်တစ်ခုကို Internet ပေါ်မလွှင့်တင်မီဖြစ်စေ၊ လွှင့်တင်ပြီး ဖြစ်စေ အဆိုပါ Website က ကောင်းကောင်း အလုပ်လုပ်လားဆိုတာကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ စစ်ဆေးဖို့အတွက်လည်း Latest Version Browser တွေ လိုအပ်ပါသေးတယ်။ IE 9.0, Firefox, Opera, Safari နဲ့ Chrome တို့ဟာ လက်ရှိမှာတော့ လူသုံးအများဆုံး အကောင်းဆုံး Browser တွေပဲ ဖြစ်ပါတယ်။ HTML, CSS code တွေမှာ Syntax Error မဖြစ်ဖို့ဆိုတာလည်း အထူးလိုအပ်ပါတယ်။ တကယ်လို့ HTML Code တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုသိပ်မရှိသေးဘူးဆိုရင် “HTML Tidy” ကိုသုံးပြီး အမှားတွေကို ပြင်ဆင်နိုင်ပါတယ်။

(၆) အချက်အလက်များ စုဆောင်းခြင်း
တကယ်လို့ သင်ဟာ ဝက်ဆိုဒ်ကို ပစ္စည်းရောင်းဖို့၊ marketing ဆင်းဖို့အတွက် လုပ်ထားတာဆိုရင် ကုန်ပစ္စည်းတွေ၊ Company တွေနဲ့ဆိုင်တဲ့ အချက်အလက်တွေ စုဆောင်းထားဖို့ လိုပါတယ်။ ဝက်ဆိုဒ်ရဲ့ ဝင်ငွေတိုးတက်ဖို့ ကြော်ညာထည့်မယ့် Company တွေ၊ ပူးပေါင်းလုပ်ကိုင်မယ့် Company တွေကို များများ စည်းရုံးထားဖို့ လိုပါတယ်။

(၇) Website ကို လူသိများအောင် ပြုလုပ်ခြင်း
အားလုံးပြီးဆုံးသွားရင်တော့ သင့် Website ကို Google, Bing, Yahoo စတဲ့ Search Engine တွေမှာ Submit လုပ်ထားဖို့လိုပါတယ်။ ဒါပေမယ့်လည်း ဝက်ဆိုဒ်တွေဟာ တစ်ခုနဲ့တစ်ခု စပ်ဆက်နေတော့ အခြား Site တွေကို ကြည့်ရင်း Link တွေကို နှိပ်ရင်းနဲ့ သင့် Website ဆီကို ရောက်လာပါလိမ့်မယ်။ သင့်ဘက်က Web Design နဲ့ အစီအစဉ်တွေကို ကောင်းကောင်းလုပ်ထားပြီး User တွေအတွက် အထောက်အကူဖြစ်မယ့် data တွေ ထည့်ထားဖို့တော့လိုတာပေါ့။ ဒါမှလည်း users တွေက တစ်ခါရောက်ဖူးတာနဲ့ သင့် website ကို သတိထားမိနေမှာပဲ ဖြစ်ပါတယ်။
ယခု တင်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ Website တစ်ခုကို internet ပေါ်တင်ဖို့အတွက် Guideline သဘောမျိုး ပြသပေးခဲ့တာပဲ ဖြစ်ပါတယ်။

19/12/2021

နည်းပညာပိုင်းအရ ဖန်တီးတည်ဆောက်ထားတဲ့ Internet ပေါ်က နေရာလေးတစ်ခု ဖြစ်ပါ တယ်။ Web Page တွေ ပေါင်းစပ်စုစည်း
ထားတာကို Website လို့ခေါ်ပါတယ်။ Website တွေကိုဝင်ရောက် ကြည့်ရှုနိုင်ဖို့အတွက် Internet Connection သာ လိုအပ်ပါတယ်။ ယခုအချိန်မှာ Internet သုံးစွဲသူ အရေ အတွက်ဟာ တစ်နေ့တခြား တိုးပွားလာနေပါတယ်။ Website တစ်ခုဟာ ဘာနဲ့တူသလဲ ဆိုရင် ကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် Show Room တစ်ခုပမာ၊ ကုန်ပစ္စည်း ရောင်းချတဲ့ သူတွေအတွက် ဆိုင် ခန်းတစ်ခုပမာ၊ ဘဏ်လုပ်ငန်းများအတွက် Branch တစ်ခုပမာနှင့် အခြားသော လုပ်ငန်းများအတွက် ရုံးခန်း၊ Reception တစ်ခုပမာ ၂၄နာရီ၊ ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေမှာ ဖြစ်ပါတယ်။

Internet ဆိုတာ ဘာလဲ ?
Internet ဆိုတာဘာလဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကွန်ပျူတာတွေအားလုံးကို နည်းပညာအရ ချိတ်ဆက် ထားခြင်းဖြစ်ပါတယ်။ Internet Connection ရှိတယ် ဆိုတာကတော့ မိမိရဲ့ ကိုယ်ပိုင် Computer ကို ၎ Computer တွေနဲ့ ချိတ်ဆက်ထားခြင်းသာဖြစ်ပါတယ်။ Internet Connection သာ ရှိထားပြီဆိုရင် သင် ဝင်ရောက်ကြည့်ရှုချင်တဲ့ Website ရဲ့ Domain Name ဖြင့် ဝင်ရောက်အသုံးပြုနိုင် မှာဖြစ်ပါတယ်။

Domain Name ဆိုတာ ဘာလဲ ?
Domain Name ဆိုတာက ကမာၻေပၚမွာရွိတဲ့ (တစ်နည်းအားဖြင့် Internetေပၚက) Website တွေရဲ့ ကိုယ်ပိုင် နာမည်လိပ်စာတွေပါ။ တစ်ခုနဲ့တစ်ခု မတူညီရအောင် နည်းပညာပိုင်းအရ ဖန်တီးထားသလို၊ ရှိပြီးသား Domain Name ဖြင့်လည်း Website အသစ်တစ်ခု ဖန်တီးယူလို့မရပါဘူး။ ဥပမာ www.google.com ဖြင့် သင် Website တင်ချင်လို့ မရသလိုပါပဲ။ Google က အပိုင်ဝယ်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်ပိုင် Website အတွက် ကိုယ်ပိုင် Domain Name ဟာ အမှန်တကယ် အရေးပါအရာရောက်လှပါတယ်။

ဘာကြောင့် Website တစ်ခု ရှိထားသင့်သလဲ ?
ဘာကြောင့်လုပ်သင့်သလဲဆိုတော့ စီးပွားရေးရှုထောင့်ကပဲကြည့်ကြည့်၊ နည်းပညာရှုထောင့်ကပဲကြည့်ကြည့် အကျိုးအမြတ်တွေ ရယူနိုင်လို့ပါပဲ။ ကမ္ဘာပေါ်မှာ Internet Website သန်းပေါင်း တစ်ရာကျော်ရှိနေခြင်းဟာ ၎င်းတို့အတွက် သေချာတဲ့အကျိုးအမြတ် တစ်စုံတစ်ရာရှိနေခြင်းကို ဖော်ပြနေ ခြင်းပဲဖြစ်ပါတယ်။ ကိုယ်ပိုင် Website ရှိတဲ့လုပ်ငန်းဟာ မရှိတဲ့ လုပ်ငန်းထက် တစ်ပန်းအသာရတာ အမှန်ပါပဲ။ တကယ်လို့များ သင့်ပြိုင် ဘက်တွေက Website ရှိပြီး သင့်လုပ်ငန်းမှာကျတော့ Website မရှိသေးဘူးဆိုရင် သင်ဘာလုပ် မလဲ။ ဒါဟာ ကိုယ်ပိုင် Website တစ်ခု ဘာကြောင့်ပြုလုပ်သင့်သလဲ ဆိုတာပါပဲ။

ဘာလို့ Internet Website တွေ ခေတ်စားလာရတာလဲ ?
Website တစ္ခုဟာ Customer တွေအတွက် ဝင်ရထွက်ရ လွယ်ကူသလို ကုန်ပစ္စည်းနဲ့ ပတ်သက်တာတွေ၊ လိုချင်တဲ့ သတင်းအချက်အလက်တွေကို စိတ်လွတ်လက်လွတ် ရှာဖွေကြည့်ရှုနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ သွားရလာရတာမရှိတော့တဲ့အတွက် ကုန်ကျစရိတ် သက်သာတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံရတွေ မရှိ တော့တဲ့အတွက် စိတ်အလိုမကျတာတွေ မရှိတော့ဘူး။ လိုချင်တဲ့ သတင်းအချက်အလက်တွေကို ရယူနိုင် တယ် (Website ပေါ်မှာရှိတဲ့ သတင်းအချက်အလက်တွေကတော့ တိကျဖို့လိုအပ်ပါတယ်)။

Website တွေ ဘာဖြစ်လို့ မအောင်မြင်ကြတာလဲ ?
Website တစ်ခု ဘာလို့ ကျရှုံးရသလဲဆိုတော့ အဓိကအကြောင်းအရာကတော့ တစ်ခုပဲရှိတယ်။ သတင်း အချက်အလက်တွေကို တိတိကျကျ မရယူနိုင် တဲ့အတွက်ပဲဖြစ်ပါတယ်။ ဘာကြောင့် အဲသည်လိုဖြစ်ရသလဲ ဆိုတော့ Website ရဲ့ ပိုင်ရှင်တွေကိုယ်တိုင်က Website တစ်ခုကို သူတို့ရဲ့ အခြား Show Room၊ ဆိုင်ခန်း၊ ရုံးခန်းတစ်ခု အဖြစ် အမှန်တကယ် မရှုမြင်ထားလို့ပဲဖြစ်ပါတယ်။ တစ်ခါလုပ်ပြီး ပစ်ထားတဲ့ Website နဲ့ အမြဲ တမ်းဆန်းသစ်နေတဲ့ Website ဘယ်ဟာက Customer တွေကို အထောက်အကူ ဖြစ်စေမလဲ? အခြားကျရှုံး ရတဲ့အကြောင်းကတော့ Customer တွေ နားလည်ရလွယ်ကူအောင် မလုပ်ထားတာ၊ Use-to မျဖစ္တာပါပဲ။

Website တစ္ခုမွာ Information ပြည့်စုံတာနဲ့ Design သေသပ်လှပတာနဲ့ ဘယ်အရာက ပိုအရေးပါလဲ?
သတင်းအချက်အလက် တိကျတာနဲ့ ဒီဇိုင်းအပြင်အဆင်ကောင်းတာ ဘယ်ဟာက ပိုပြီး အရေးပါသလဲဆိုတော့ သတင်းအချက်အလက် တိကျတာက ပိုအရေးပါ အရာရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျအန ပြင်ဆင်ထားပြီး ဆက်ဆံရေးမကောင်းတဲ့၊ အရောင်းအဝယ် မလုပ်တတ်တဲ့၊ ဆက်ဆံရေးမပြေပြစ်တဲ့ Show Room၊ ရုံးခန်းတစ်ခုလိုပါပဲ။ အပြင်အဆင်က အရေးပါသလို၊ သတင်းအချက်အလက် တိကျသေချာဖို့ ပိုပြီး တော့ အရေးပါလိုအပ်ပါတယ်။ နှစ်ချက်စလုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်ထားနိုင်ဖို့ လိုအပ်ပါတယ်။

သင့် Website ရဲ့ Address ကို သင့် Customer ေတြ ဘယ္လိုသိႏုိင္မလဲ ?
သင့် Website ရဲ့ Address (Domain Name)ကို Customer တွေသိရှိစေဖို့အတွက် သင့်ရဲ့လိပ်စာကဒ်၊ ဆိုင်းဘုတ်တွေ အပါအဝင် ကြော်ငြာတွေ၊ လက်ကမ်းစာစောင်တွေ၊ Voucher တွေ၊ ကုန်ပစ္စည်းတွေမှာ ထည့်ထားနိုင်ပါတယ်။ Customer တွေနဲ့ ရင်းနှီးနိုင်သမျှ ရင်းနှီးလာအောင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Search Engine တွေမှာ ရှာတွေ့နိုင်အောင် စီစဉ်ထားဖို့ပဲ ဖြစ်ပါတယ်။

သင့် Website ကို ဘယ်လိုဖန်တီးထားသင့်သလဲ ?
သင့်ရဲ့ Website ကို Show Room ဒါမှမဟုတ် ရုံးခန်းလို့ သင်သဘောထားမယ်ဆိုရင် သင့် Website ရဲ့ အပြင်အဆင်၊ နေရာချထားမှုတွေ ဘယ်လောက်အရေးပါသလဲဆိုတာ သင်နားလည်ပါလိမ့်မယ်။ ဒါကြောင့် အရောင်ရွေးချယ်မှုကအစ သတင်းအချက်အလက်တွေ အားလုံးကို စနစ်တကျ အစီအစဉ်ကျနစွာနှင့် မှန်ကန်တိကျစွာ ဖော်ပြပေးထားရမှာဖြစ်ပါတယ်။ Customer တွေ အလွယ်တကူ နားလည်လွယ်အောင် ဖန်တီးထားရမှာဖြစ်ပါတယ်။ ပြင်ပလောကမှာ Show Room၊ ဆိုင်ခန်းတစ်ခု တည်ဆောက်ပြီးသွားရင် ဝန်ထမ်းရေးရာကအစ နေ့စဉ်နှင့်အမျှ ထိန်းသိမ်းပြုပြင်စရာတွေ အများကြီးရှိပေမယ့် Website တစ်ခုမှာတော့ အဲဒီလောက် မလိုအပ်တော့ပါဘူး။ အရေးအကြီးဆုံးတစ်ချက်ကတော့ ပုံမှန် Update လုပ်သွားဖို့ပါပဲ။ သင့် Website အေပၚ Customer တွေက စိတ်ဝင်စားမယ့်အပြင် ယုံကြည်စိတ်ချလာမှာ ဖြစ်ပါတယ်။

Website တစ်ခု ဘယ်လိုတင်လို့ရလဲ? Website တင္တယ္ဆုိ ဘာလဲ ?
ကိုယ့်ရဲ့ Website ကို ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ Internet User တွေ ကြည့်ရှုနိုင်ဖို့အတွက် Web Server ေတြဆီမွာ Host လုပ်ရပါတယ်။ တစ်နည်းအားဖြင့် နေရာယူရပါတယ်။ အဲဒီလိုနေရာယူဖို့အတွက် Web Hosting Service ေပးတဲ့ Company၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ Web Hosting Service ပေးနေတဲ့ အများစုကတော့ Domain Name ၀ယ်ယူတာ (Registration လုပ္တာ)၊ ဒီဇိုင်းချပေးတာ၊ Website ဖန်တီးပေးတာအပါအဝင် Web Hosting Service ကိုပါ တစ်ပါတည်း လုပ်ဆောင်ပေးကြပါတယ်။ ဒါကြောင့် ကိုယ်ပိုင် Website တစ်ခု တင်ချင်တယ်၊ လုပ်ချင်တယ်ဆိုရင် နည်းပညာပိုင်းအရ တတ်ကျွမ်းစရာမလိုဘဲ သင့်တင့်မျှတတဲ့ ကုန်ကျစရိတ်နဲ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ မိမိဘက်က လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အရာက သတင်းအချက်အလက်တွေ မှန်ကန်တိကျဖို့၊ အစီအစဉ်တကျဖြစ်ဖို့နဲ့ ပုံမှန် Up-to-date ဖြစ်နေဖို့ပဲ ဖြစ်ပါတယ်။

Address

Yangon
12111

Telephone

+959964851547

Website

Alerts

Be the first to know and let us send you an email when Info Htoo Myat Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Info Htoo Myat Eain:

Share

Category