24/06/2023
စကားပြောဆိုတဲ့ နေရာမှာ သူတို့ရဲ့ဘာသာစကားနဲ့ ပြောဖို့လိုတယ်
စစ်ပွဲတစ်ပွဲမှာဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေက စစ်သားတွေကိုပြောတဲ့ မိန့်ခွန်းတွေကို "အနုအရွ၊ ကဗျာဆန်ဆန် စကားလုံးတွေနဲ့ပဲ ပြောနေမယ်ဆိုရင် ရန်သူ့နယ်မြေကို တိုက်ပြီးသိမ်းဖို့မပြောနဲ့ ရပ်ကွက်ထဲက ကလေးတွေနဲ့ စစ်တိုက်တမ်းကစားရင်တောင် နိုင်မှာမဟုတ်ဘူးလို့"
ဗိုလ်ချုပ်ပတ်တွန်က သတင်းသမားတစ်ယောက်ကို ဖြေခဲ့ဘူးတယ်
အဲ့စကားထဲကနေ ကျွန်တော်တို့ဘာရလိုက်လဲဆိုရင် ကျွန်တော်တို့အနေနဲ့ ကို့အထက်လူကြီးတွေနဲ့ စကားပြောတဲ့အခါ၊ ဆရာ ဆရာမတွေနဲ့ စကားပြောတဲ့အခါ၊ ကို့ရဲ့ Clients တွေ Customers တွေနဲ့စကားပြောတဲ့အခါ၊ အသက်အရွယ်ကြီးသူတွေနဲ့ စကားပြောတဲ့အခါ၊ ပညာတတ် လူချမ်းသာတွေနဲ့ စကားပြောတဲ့အခါ၊ စျေးသည်တွေနဲ့ စကားပြောတဲ့အခါ တွေမှာ လိုက်လျောညီထွေစွာ ပြောဆိုနိုင်ဖို့အတွက် သူတို့ရဲ့ ဘာသာစကားတွေနဲ့ ပြောဖို့လိုတယ်
အဲ့ဒီအရာကို ဘာသာဗေဒလို့ ခေါ်ဝေါ်ကြတယ်