29/03/2025
မတ်လ ၂၈ ရက်နေ့မှာ အင်အားပြင်းငလျင်နဲ့ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံအတွင်း မန္တလေး ၊ စစ်ကိုင်း ၊ နေပြည်တော်အပါအဝင် အခြားဒေသတော်တော်များများမှာ ယခုလက်ရှိ သေဆုံးသူ ၁၅၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၅၀ နီးပါး ရှိထားတယ်လို့ သတင်းတွေမှာ ထုတ်ပြန်ချက်အရ သိရပါတယ် ။
ငလျင်ကပ်ဘေးနဲ့ ပတ်သက်ပြီး သတင်းတွေ ၊
ပို့စ်တွေ မြင်ရတာ ၊ ကြားရတာတွေကြောင့်
စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ် ။
ဒီလိုအခြေအနေတွေ အားလုံးကို ကျော်ဖြတ်နိုင်ပြီး သဘာဝဘေးအန္တရာယ်ကနေ လွတ်ကင်းနိုင်ကြပါစေလို့ ဆုတောင်းပေးနေပါတယ် ခင်ဗျာ ။