For Your Life DM - Online Class

For Your Life DM - Online Class We are always sharing digital marketing strategies and technology videos

Customer Relationship Management~~~~~~~~~~~~~~~~~~~~~~~~~ပင်လယ်ရေတစ်ယောက်တည်းသောက်လို့တော့မကုန်ဘူးပေါ့လေ ဒါပေမယ့် ကိုယ်မ...
16/12/2023

Customer Relationship Management

~~~~~~~~~~~~~~~~~~~~~~~~~

ပင်လယ်ရေတစ်ယောက်တည်းသောက်လို့တော့မကုန်ဘူးပေါ့လေ ဒါပေမယ့် ကိုယ်မှကိုယ်ဖြစ်နေအောင်တော့လုပ်လို့ရပါတယ် တနည်းအားဖြင့် ကိုယ့် Page မှာ Customer မြဲစေဖို့ပေါ့...

ဘယ်လိုလုပ်ရမလဲမသိဘူးဆိုရင်တော့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးအကြံလေးတစ်ခုပေးချင်ပါတယ်...

Boost လုပ်ပြီး Customer အသစ်တွေရှာတာလည်းရှာတာပေါ့ဗျာ ကိုယ့်ဆီမှာဝယ်ဖူးပြီးသား Customer အဟောင်းတွေဟာ ကိုယ့်ရဲ့ Product ကို ထပ်ပြီးဝယ်နိုင်ခြေအများဆုံး Customer တွေဖြစ်တယ်ဆိုတာ မေ့မထားပါနဲ့မိတ်ဆွေ...

Customer အသစ်တွေက မိတ်ဆွေရဲ့ Product ကို
တကယ်လိုအပ်နေရင်တောင်မှ မဝယ်သေးပါဘူး
သူတို့ယုံကြည်နိုင်လောက်တဲ့ အာမခံချက်တစ်ခုခုရမှဝယ်မှာဖြစ်ပါတယ်...

Customer အဟောင်းတွေကတော့ သူတို့လိုအပ်ရင် သင့်ဆီမှာဝယ်ဖို့ကို စဥ်းစားနေမှာမဟုတ်ပါဘူး ယုံကြည်မှုရှိပြီးသားလေ ကိုယ့်ဘက်ကတော့ သူတို့ကိုတကယ်ဂရုစိုက်တယ်ဆိုတဲ့ ခံစားချက်မျိုးထည့်ပေးနိုင်ဖို့လိုပါမယ်...

တချို့ Online Shop တွေရှိတယ်ဗျ Customer က ကိုယ့်ဆီကဝယ်ပြီးရင်ပြီးပြီ ဘာမှထပ်လုပ်ပေးစရာမလိုတော့ဘူးပေါ့ ဒါမျိုးက ရေတိုအတွက်တော့အဆင်ပြေပါလိမ့်မယ် ရေရှည်မှာ Customer နဲ့ Relationship ကောင်းမကောင်းက စကားပြောသွားပါလိမ့်မယ်...

မိတ်ဆွေက ရေရှည်အတွက်ကြည့်တယ် Customer အဟောင်းတွေကို ကိုယ့်ဆီမှာ ထပ်ထပ်ပြီးဝယ်စေချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကိုသုံးကြည့်ပါ...

သူတို့ကိုယ့်ဆီက Product တစ်ခုကိုဝယ်ပြီးပြီဆိုရင် နောက် ( ၂ ) ရက်လောက်ကြာတဲ့အခါ ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် Messenger ကပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Product နဲ့ပတ်သက်ပြီး
အဆင်မပြေတာများရှိလား ?
ဘာတွေများလိုအပ်လဲ ?
ကျွန်တော်တို့ဘာများကူညီပေးရမလဲခင်ဗျာ ?
ဆိုတာမျိုးမေးပေးပါ ပြီးရင် သူတို့သိချင်တာရှိလို့ မေးတဲ့အခါတိုင်းမှာလည်း စိတ်ရှည်ရှည်နဲ့ ပြန်လည်ဖြေကြားပေးပါ...

တခြား Customer ကို တကယ်ဂရုစိုက်ကြောင်းသိသာစေတဲ့နည်းလမ်းလေးတွေ စဥ်းစားမိတာမျိုးရှိရင်လည်း အသုံးချပါ...

ဒီလိုလေးတွေလုပ်ပေးရင် သူတို့ကို ဒီ Page က တကယ် ဂရုစိုက်တယ်ဆိုတာကို သူတို့ကိုယ်တိုင်ခံစားမိလာပါလိမ့်မယ်...

လူတွေက Product ချင်းတူရင်တောင် သူတို့ကိုစိတ်ကျေနပ်မှု့ပေးနိုင်တဲ့ သူဆီမှာပိုဝယ်ကြပါတယ် အဲ့ဒီလူကကိုယ်ဖြစ်နေဖို့ပဲအရေးကြီးတာပါ...

ဆိုတော့ မိတ်ဆွေကသူတို့အတွက် ဘာလုပ်ပေးရင် အကောင်းဆုံးဖြစ်မလဲဆိုတာပဲ စဥ်းစားရပါမယ် သူများနဲ့မတူတဲ့အရာကိုလုပ်ပေးနိုင်ရင်ပိုကောင်းပါတယ် ဒီနေရာမှာ ပိုပြီးမြင်သာအောင် ဥပမာလေးတစ်ခုပြောပြပါမယ်...

ကျွန်တော့်တို့သင်တန်းလေးကိုပဲကြည့်လိုက်ပါ
သင်တန်းသားတွေက သင်တန်းတစ်ခုတက်ပြီးရင် နောက်ထပ်သင်တန်းတွေထပ်တက်ကြပါတယ်...

ဘာဖြစ်လို့ပါလဲ...

သူတို့ကိုတကယ်ဂရုစိုက်တယ်ဆိုတဲ့ စိတ်ကျေနပ်မှုရကြလို့ပါ...

ဘယ်လိုလဲဆိုရင် တခြားသင်တန်းတွေနဲ့သင်တာချင်းတူရင်တောင် Service ချင်းမတူပါဘူး ကျွန်တော်တို့သင်တန်းမှာမှ ဘာလို့တက်သင့်တာလဲဆိုတဲ့မေးခွန်းရဲ့အဖြေလေးပေါ့ဗျာ...

သင်တန်းသားတွေအတွက် သင်ခန်းစာတွေကိုလေ့လာတဲ့နေရာမှာ မရှင်းတာမျိုးရှိရင် ဆရာ့ကိုတိုက်ရိုက်မေးလို့ရပြီး မရမချင်းရှင်းပြပေးတာမျိုးပါ...

စာမေးတဲ့သူဆိုရင် ဆရာကိုယ်တိုင်စိတ်ရှည်ရှည်နဲ့ဖြေပေးပါတယ် လုပ်ငန်းနဲ့ပတ်သက်ပြီးအကြံတောင်းတာမျိုးရှိလည်း ကူညီပေးပါတယ် သူတို့ကိုတကယ်စေတနာထားတယ်ဆိုတာသူတို့သိသွားတာပေါ့ဗျာ ဒါကြောင့်နောက်ထပ်သင်တန်းတွေထပ်တက်ကြတာပါ ပြောချင်တာလေးကိုမြင်မယ်ထင်တယ်နော်...

ဒီလောက်ဆိုရင် မိတ်ဆွေရဲ့လုပ်ငန်းမှာ Customer ကိုဘယ်လိုဂရုစိုက်ပေးရမယ်ဆိုတာ သိပြီထင်ပါတယ် အသုံးချကြည့်ပါ...

သူတို့ကိုတကယ်ဂရုစိုက်ပေးရင် သူတို့ကမိတ်ဆွေဆီမှာ ထပ်ဝယ်ရုံတင်မကပဲ Customer အသစ်တွေယုံကြည်မှုရှိစေဖို့အတွက် Page မှ Review တွေပါလာရေးပေးပါလိမ့်မယ် ( သူတို့မရေးပေးရင်ကိုယ်ကပွင့်ပွင့်လင်းလင်းအကူအညီတောင်းပြီးရေးခိုင်းလို့ရပါတယ် )

ကဲ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တယ်ဗျာ ဘယ်လောက်ကောင်းလဲ...

စာလည်းနည်းနည်းရှည်သွားပြီဆိုတော့ ဒီလောက်နဲ့ပဲဖြတ်လိုက်ပါရစေ...

အားလုံးပဲ ရောင်းအားတွေ ဆတိုးဆတိုးတက်လာပါစေလို့ ကျွန်​တော်ဆို့ For Your Life မှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ...

မိတ်ဆွေအတွက် အသိတစ်ခုတိုးသွားတယ်ဆိုရင် တခြားသူတွေအတွက်လည်း share ပေးသွားပါအုံးခင်ဗျာ

အားလုံးပဲအဆင်ပြေကြပါစေ ကျေးဇူးပါဗျ...

~~~~~~~~~~~~~~~~~~~~~~~

Professional Online Shop Class တက်ချင်တဲ့မိတ်ဆွေများကတော့

ဒီ Link လေးထဲမှာ ဖတ်ပေးပါခင်ဗျာ 👇

{ https://m.facebook.com/story.php?story_fbid=184465107568025&id=100822329265637 }

Service ​တွေအတွက်အ​သေးစိတ်ကိုဒီပိုစ့်​လေးထဲမှာဖတ်ကြည့်လို့ရပါတယ်ခင်ဗျာ

👉 ( https://m.facebook.com/story.php?story_fbid=243725438308658&id=100822329265637 )




13/12/2023
12/12/2023

Knowledge Sharing ဘာကြောင့်လုပ်သင့်တာလဲ ?

---------------------------------------------------

Knowledge sharing post တွေဆိုတာ လူတွေကိုအသိပညာတွေပေးနေတာဖြစ်တဲ့အတွက် လူကြိုက်များတဲ့ Post တွေဖြစ်ပါတယ်...

လူကြိုက်များတဲ့အတွက် Share တာလည်းများပါမယ်...

Share တာများတဲ့အတွက် Online ပေါ်မှာ ကျွန်တော်တို့ရဲ့လုပ်ငန်းတည်ရှိနေတယ်ဆိုတာကိုလည်း လူသိများလာမှာဖြစ်ပါတယ်...

လူတွေစိတ်ဝင်စားတာများတဲ့ Post မျိုးတွေတင်နိုင်တဲ့ Page တွေဟာ တခြား Page တွေနဲ့ ကြော်ငြာပိုစ့်တင်တာချင်းတူရင်တောင် Reach ပိုရောက်ပါတယ်...

Knowledge sharing လုပ်တဲ့အခါမှာလည်း ကိုယ့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ Knowledge မျိုးပဲတင်နိုင်ရင်ပိုကောင်းပါတယ်...

ဒါမှ ကိုယ့်လုပ်ငန်းကိုတကယ်စိတ်ဝင်စားတဲ့သူတွေကြီးပဲ Like & Follow လုပ်လာကြမှာဖြစ်ပါတယ်...

ဒါဆိုရင် ကျွန်တော်တို့ရဲ့ Page မှာ Audience လည်းမှန်လာမယ် Audience မှန်တဲ့အတွက် ကျွန်တော်တို့ ကြော်ငြာပိုစ့်ကို Boost မလုပ်ပဲ Free တင်တဲ့အခါမျိုးမှာတောင် အလုပ်ဖြစ်နေမှာဖြစ်ပါတယ်...

ပိုပြီးမြင်သာအောင် ကျွန်တော်တို့သင်တန်းလေးနဲ့ ဥပမာ လေးပြောပြပါမယ်...

ကိုရန်လင်းဦးရေ ကျွန်တော်ကအကို့ Page မှာ Free တင်ပေးထားတဲ့ Video လေးတွေကိုကြည့်ပြီး လုပ်ငန်းအတွက် Page လေးထောင်ထားပါတယ် အကို Free တင်ထားတာလေးတွေနဲ့တောင် တော်တော်ကိုအဆင်ပြေနေပါတယ်...

အခုအကိုတို့ Page မှာ Facebook Marketing သင်တန်းကြော်ငြာလေးတင်ထားတာတွေ့ပါတယ် လုပ်ငန်းအတွက်ပိုပြီးအဆင်ပြေမယ်ထင်လို့ သင်တန်းလေးကို Join ချင်ပါတယ်...

ဆိုပြီး ကျွန်တော်တို့ဆီမှာ လာတက်တဲ့သင်တန်းသားတွေလည်းမနည်းပါဘူး မိတ်ဆွေလည်းသင်တန်းလေးကိုစိတ်ဝင်စားရင် ​လေ့လာလို့ရပါတယ်ခင်ဗျာ

ဒါကတော့ကြော်ငြာဝင်တာပေါ့...😁

ဆိုတော့ ကျွန်တော်တို့ရဲ့ Customer တွေကို ပေးနိုင်တာအကုန် Free ပေးထားလို့ Customer တွေကလည်းကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ လက်တွဲတာဖြစ်ပါတယ် အပေးအယူရှိတယ်ခေါ်တာပေါ့...

Customer ကြီးစိုးတဲ့ Market မှာ Customer တွေကိုဘာမှပေးဖို့မကြိုးစားတဲ့လုပ်ငန်းတိုင်းဟာ Customer တွေဆီကလည်း ဘာမှရမှာမဟုတ်ပါဘူး

ဒါကြောင့်မိတ်ဆွေတို့ရဲ့ Page တွေမှာလည်း ကိုယ့်လုပ်ငန်းနဲ့ဆိုင်တဲ့ Knowledge တွေကို Sharing လုပ်ဖို့မမေ့ပါနဲ့လို့ပြောကြားရင်း ဒီစာလေးကို ဒီလောက်နဲ့ပဲဖြတ်လိုက်ပါရစေခင်ဗျာ...

မိတ်ဆွေအတွက်အသိလေးတစ်ခုတိုးသွားတယ်ဆိုရင် တခြားသူတွေအတွက်လည်း share ပေးသွားပါအုံးခင်ဗျာ...

အားလုံးပဲလုပ်ငန်းတွေအဆင်ပြေကြပါစေဗျာ...

အဆုံးထိဖတ်ပေးလို့လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျ...

~~~~~~~~~~~~~~~~~~~~~~~

Professional Online Shop Class တက်ချင်တဲ့မိတ်ဆွေများကတော့

ဒီ Link လေးထဲမှာ ဖတ်ပေးပါခင်ဗျာ 👇

{ https://m.facebook.com/story.php?story_fbid=184465107568025&id=100822329265637 }

Service ​တွေအတွက်အ​သေးစိတ်ကိုဒီပိုစ့်​လေးထဲမှာဖတ်ကြည့်လို့ရပါတယ်ခင်ဗျာ

👉 ( https://m.facebook.com/story.php?story_fbid=243725438308658&id=100822329265637 )




07/12/2023

Online သင်တန်းဆို​ပေမယ့် အပြည့်အဝ စိတ်ချယုံကြည်စွာ ​လေ့လာနိုင်ပါတယ်ခင်ဗျာ ❤️

~~~~~~~~~~~~~~~~~~~~~~~

Professional Online Shop Class တက်ချင်တဲ့မိတ်ဆွေများကတော့

ဒီ Link လေးထဲမှာ ဖတ်ပေးပါခင်ဗျာ 👇

{ https://m.facebook.com/story.php?story_fbid=184465107568025&id=100822329265637 }

Service ​တွေအတွက်အ​သေးစိတ်ကိုဒီပိုစ့်​လေးထဲမှာဖတ်ကြည့်လို့ရပါတယ်ခင်ဗျာ

👉 ( https://m.facebook.com/story.php?story_fbid=243725438308658&id=100822329265637 )




01/12/2023

ရောင်းအားကောင်းဖို့ဆိုရင်

ကိုယ့် Product or service ကို ဝယ်နိုင်ခြေရှိတဲ့သူတွေဆီ

Target သေချာရွေးပြီး Boost လုပ်တတ်ဖို့လိုသလို

Boost လုပ်လိုက်လို့ ကြော်ငြာကိုမြင်တဲ့သူတွေရဲ့

Attention ကိုရအောင် Design ကောင်းကောင်းဖန်တီးရမှာဖြစ်ပြီး

Content ကောင်းကောင်းနဲ့ တကယ်ဝယ်ဖြစ်သွားအောင်ရေးသားတတ်ဖို့လိုပါတယ်ခင်ဗျာ

ဒါကြောင့် Boost တစ်ခုတည်းလေ့လာတာမျိုးမဟုတ်ပဲ

Content နဲ့ Design ကိုလည်းသေချာဖန်တီးတတ်အောင်

စနစ်တကျလေ့လာမှ ရောင်းအားကောင်းတဲ့

လူကြိုက်များတဲ့ ကြော်ငြာပိုစ့်တွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်

ဆိုတော့ မိတ်ဆွေအနေနဲ့ Boost ပြီးရင်း Boost နေတယ်

​ရောင်းအားကထင်သလောက်မကောင်းဘူးဆိုရင်

Content နဲ့ Design ကိုသေချာပြန်ပြင်ဆင်ဖို့

အကြံပေးချင်ပါတယ်ဗျ

အားလုံးပဲဈေးတွေရောင်းကောင်းကြပါစေခင်ဗျာ

ကျေးဇူးပါဗျ...

~~~~~~~~~~~~~~~~~~~~~

Professional Online Shop Class တက်ချင်တဲ့မိတ်ဆွေများကတော့

ဒီ Link လေးထဲမှာ ဖတ်ပေးပါခင်ဗျာ 👇

{ https://m.facebook.com/story.php?story_fbid=184465107568025&id=100822329265637 }

Service ​တွေအတွက်အ​သေးစိတ်ကိုဒီပိုစ့်​လေးထဲမှာဖတ်ကြည့်လို့ရပါတယ်ခင်ဗျာ

👉 ( https://m.facebook.com/story.php?story_fbid=243725438308658&id=100822329265637 )




29/11/2023

Page အသစ်ကို Boost လုပ်တော့မယ်ဆိုရင်

-----------------------------------------------

စာနည်းနည်းရှည်ပါမယ်ခင်ဗျာ

အဆင့်သုံးဆင့်လုပ်သင့်တယ်ဗျ Page like များအောင်

အရင်လုပ်သင့်ပါတယ် ပြီးရင် အရောင်းပိုစ့်မှာ

Like / share / comment များအောင် Post engagement

နဲ့လုပ်သင့်ပါတယ် နောက်ဆုံးမှ Message နဲ့လုပ်သင့်

ပါတယ်ဗျ ဘာကြောင့်ဒီလိုလုပ်သင့်တယ်ဆိုတာ

မြင်သာအောင် ကိုယ်တိုင် Customer နေရာကနေ

ဝင်ကြည့်ရအောင်ဗျာ ( ကျွန်တော့်အမြင်သက်သက်သာ

ဖြစ်ပါတယ်ခင်ဗျာ ) ကျွန်တော်တို့သာ Online ကနေ

ဈေးဝယ်မယ်ဆိုရင် ကိုယ့်ဆီကြော်ငြာတက်လာတိုင်း

ဝယ်ဖြစ်ရဲ့လားဗျ စိတ်ဝင်စားရင် အလွန်ဆုံး Page ထဲ

ဝင်ကြည့်လိုက်မယ် Page like နည်းနေရင် Page က

အသစ်လား လိမ်မယ့် Page လား ဒါတွေကိုတွေးပြီး

ယုံကြည်မှု့မရှိတော့ပါဘူး ဒါကြောင့် Customer တွေရဲ့

ယုံကြည်မှု့ရဖို့ Page မှာ like များအောင်

အရင် Boost လုပ်ထားသင့်ပါတယ်ဗျ Page like နဲ့

Boost မလုပ်ခင် Page မှာ အရောင်းပိုစ့် (၃) ခုလောက်

တင်ထားသင့်တယ်ဗျ Page ကို Like လုပ်မယ့်သူတွေက

Page ထဲအရင်ဝင်ကြည့်တတ်ကြပါတယ် သူတို့

ဝင်ကြည့်လို့အရောင်းပိုစ့်ကို တွေ့ရင် တကယ်စိတ်ဝင်စား

တဲ့သူဆိုရင် ချက်ချင်းတန်းဝယ်နိုင်ပါတယ်ခင်ဗျာ

ဒီအချက်ကတော့ ရောင်းရဖို့ % နည်းပါတယ်

ကျွန်တော်တို့က Page like များအောင် အရင် Boost တာ

မို့လို့ပါ Page like များလာရင် ဒီတိုင်း Boost မလုပ်ပဲ

ရိုးရိုးပိုစ့်တင်ရုံနဲ့လူများများမြင်ပါတယ်ဗျ သူတို့က

Page like နဲ့ Boost လုပ်ထားကတည်းက ကိုယ်လိုချင်တဲ့

Audience ကိုရွေးပြီး Boost ထားတာဖြစ်လို့

ကိုယ့် Product ကိုစိတ်ဝင်စားတဲ့သူအများဆုံးရှိမှာပါ

ဒါကြောင့် Page like များပြီး audience မှန်ရင် ဒီတိုင်း

ရိုးရိုးပိုစ့်တင်ရုံနဲ့လည်းရောင်းရနိုင်ပါတယ်ခင်ဗျာ

Page like များလာပြီဆိုရင်တော့ အရောင်းပိုစ့်ကို

Post engagement နဲ့ Boost စလုပ်သင့်ပါပြီ

ကျွန်တော်တို့ပိုစ့်မှာ Like / share / comment များနေ

အောင်ပါ ဘာလို့ဆိုရင် မြင်သာအောင် ဥပမာလေးနဲ့

ပြောပေးပါမယ် ကျွန်တော်တို့လမ်းထိပ်မှာ စတိုးဆိုင်

နှစ်ဆိုင်ယှဥ်ရောင်းပါတယ် တစ်ဆိုင်မှာ လူဝယ်တာများ

ပြီးတော့ တစ်ဆိုင်မှာ လူဝယ်တာနည်းတယ်ဆိုရင်

မိတ်ဆွေဘယ်ဆိုင်မှာဝယ်မလဲခင်ဗျ ကျွန်တော်ကတော့

လူဝယ်တာများတဲ့ဆိုင်မှာပဲ ဝယ်မှာပါ Online မှာလည်း

ဒီလိုပါပဲ ကျွန်တော်တို့ရဲ့အရောင်းပိုစ့်မှာ Like / share /

comment များများရှိအောင် Post engagement နဲ့အရင်

လုပ်သင့်ပါတယ် ဒီ အဆင့်မှာလည်း တကယ်စိတ်ဝင်စား

တဲ့သူက Post မှာ comment ပေးပြီးဝယ်နိုင်သလို

Message ပို့ပြီးလည်းလာဝယ်နိုင်ပါတယ် ဒါပေမယ့်

% နည်းပါတယ် Post engagement ရဲ့သဘောတရားက

Like / share / comment များများရမှာမို့လို့ပါ

​Post engagement နဲ့လုပ်ပြီးရင်တော့ Message နဲ့

ဒီအရောင်းပိုစ့်ကိုပဲ Boost ထပ်လုပ်လို့ရပါပြီခင်ဗျာ

ဒါဆိုရင်တော့ ဝယ်မယ့်သူတွေလည်း လူများများရှိတော့

ဝယ်ချင်စိတ်ပိုရှိမယ် Page မှာလည်း Like များတော့

ယုံကြည်မှု့လည်းပိုရှိပါမယ် ဒီပုံစံအတိုင်း Boost ရင်တော့

ပုံမှန်ထက်ပိုရောင်းရနိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်

ခင်ဗျာ နောက်တစ်ခုကတော့ Customer တွေရဲ့

ယုံကြည်မှု့ရစေဖို့အတွက် Page မှာ review ခလုတ်လေး

ရှိဖို့လိုပါတယ် Online ကနေဈေးဝယ်တဲ့သူ ၈၀% က

review နဲ့ပဲ ဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ကြတာပါခင်ဗျာ

တချို့ Page တွေရှိတယ် review ခလုတ်တောင်မထည့်

ထားဘူး ဒီလို Page မျိုးတွေဆို Customer တွေရဲ့

ယုံကြည်မှု့ကိုအပြည့်အဝမရနိုင်ပါဘူးခင်ဗျာ ဆိုတော့

ဒီပိုစ့်လေးက ကျွန်တော့်ရဲ့ အမြင်သက်သက်ပဲ

ဖြစ်ပါတယ် မိတ်ဆွေရဲ့ အမြင်ကိုလည်း Comment မှာ

ဆွေးနွေးပေးသွားပါအုံးခင်ဗျာ အားလုံးပဲ အသိလေး

တစ်ခုတိုးသွားမယ်လို့မျှော်လင့်ပါတယ်

ဈေးတွေလည်းရောင်းကောင်းကြပါစေဗျာ

ကျေးဇူးပါ...

~~~~~~~~~~~~~~~~~~~~~~~

Professional Online Shop Class တက်ချင်တဲ့မိတ်ဆွေများကတော့

ဒီ Link လေးထဲမှာ ဖတ်ပေးပါခင်ဗျာ 👇

{ https://m.facebook.com/story.php?story_fbid=184465107568025&id=100822329265637 }

Service ​တွေအတွက်အ​သေးစိတ်ကိုဒီပိုစ့်​လေးထဲမှာဖတ်ကြည့်လို့ရပါတယ်ခင်ဗျာ

👉 ( https://m.facebook.com/story.php?story_fbid=243725438308658&id=100822329265637 )




28/11/2023

အဆင်​ပြေတာသိရလို့ဝမ်းသာပါတယ်ခင်ဗျာ 😍

~~~~~~~~~~~~~~~~~~~~~~~

Professional Online Shop Class တက်ချင်တဲ့မိတ်ဆွေများကတော့

ဒီ Link လေးထဲမှာ ဖတ်ပေးပါခင်ဗျာ 👇

{ https://m.facebook.com/story.php?story_fbid=184465107568025&id=100822329265637 }

Service ​တွေအတွက်အ​သေးစိတ်ကိုဒီပိုစ့်​လေးထဲမှာဖတ်ကြည့်လို့ရပါတယ်ခင်ဗျာ

👉 ( https://m.facebook.com/story.php?story_fbid=243725438308658&id=100822329265637 )




26/11/2023

ရောင်းအားကောင်းတဲ့လုပ်ငန်းတစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင်

လုပ်ငန်းကိုကြော်ငြာနေရုံ Customer အသစ်တွေရှာနေရုံနဲ့မလုံလောက်သေးပါဘူး

မိတ်ဆွေဆီကဝယ်ဖူးပြီးသား Customer အဟောင်းတွေကို

After Sale Service ကောင်းကောင်းပေးဖို့လည်း တကယ်လိုအပ်ပါတယ်ခင်ဗျာ

Customer အဟောင်းတွေကို သေချာဂရုစိုက်ပေးခြင်းက

သူတို့ကိုယ်တိုင် မိတ်ဆွေဆီမှာထပ်ဝယ်ရုံတင်မဟုတ်ပဲ

တခြားသူတွေကိုပါ မိတ်ဆွေဆီမှာဝယ်ရတာ အဆင်ပြေကြောင်း

စိတ်ချမ်းသာကြောင်းပြောပြီး ညွှန်ပေးကြပါလိမ့်မယ်

ဒါကြောင့် ကြော်ငြာစရိတ်မကုန်ပဲ ထပ်ရောင်းရချင်တယ်

Customer အသစ်တွေလည်းထပ်လိုချင်တယ်ဆိုရင်

After Sale Service ကောင်းကောင်းပေးဖို့

မမေ့ပါနဲ့ခင်ဗျာ

ကျေးဇူးပါ...

~~~~~~~~~~~~~~~~~~~~~~~

Professional Online Shop Class တက်ချင်တဲ့မိတ်ဆွေများကတော့

ဒီ Link လေးထဲမှာ ဖတ်ပေးပါခင်ဗျာ 👇

{ https://m.facebook.com/story.php?story_fbid=184465107568025&id=100822329265637 }

Service ​တွေအတွက်အ​သေးစိတ်ကိုဒီပိုစ့်​လေးထဲမှာဖတ်ကြည့်လို့ရပါတယ်ခင်ဗျာ

👉 ( https://m.facebook.com/story.php?story_fbid=243725438308658&id=100822329265637 )




Address

ရုံးရှေ့မှတ်တိုင် , ထီးလှိုင်ရှင်အိမ်ရာ, တိုက် 17, အခန်း302 , လှိုင်သာယာမြို့နယ်
Yangon
11401

Telephone

+959783571534

Website

Alerts

Be the first to know and let us send you an email when For Your Life DM - Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to For Your Life DM - Online Class:

Share