Htoo Htat Tinttal

Htoo Htat Tinttal online shop

17/11/2023
30/01/2023

“နာကျင်မှုတွေက တွန်းအားဖြစ်ပါစေ”

ကိုယ့်ကို အဖက်မလုပ်၊ အရာမသွင်းတဲ့ ကိစ္စတွေတိုင်းအတွက် အချိန်ကုန်ခံပြီး နာကျည်း၊ ခံစားမနေပါနဲ့၊ မုန်းတီးမနေနဲ့၊

ကိုယ့်မှာ သူတို့လိုချင်တာ မရှိဘဲ ကိုယ့်ကို အဖက်လုပ်မှာ၊ အရာသွင်းမှာမဟုတ်ဘူး၊

ဘောလုံးတစ်လုံးကို အရှိန်ပြင်းပြင်းနဲ့ မြေပြင်ကို ပစ်ပေါက်လိုက်ရင် အရှိန်ပြင်းရင် ပြင်းသလောက် ပြန်ကန်ပြီး ခုန်ထွက်လာသလိုပဲ၊ ကိုယ်နာကျင်ခံစားရသလောက်ပြန်ပြီး တုန့်ပြန်နိုင်ဖို့ကိုယ်လုပ်ရမှာက

“အဲဒီအတွက် သူတို့ရဲ့ပြဿနာတွေကိုရှာပါ”

“ သူတို့ရဲ့ ပြဿနာတွေကို ပုံစံတမျိုးမျိုးနဲ့ ဖြေရှင်းပေးနိုင်မည့် နည်းလမ်းကိုရှာပါ၊

“နည်းလမ်း ကိုယ့်မှာ မရှိရင် ရှိလာအောင်လုပ်ပါ”

“ ကိုယ့်မှာ ရှိထားပြီးသားအရာတွေနဲ့ ပေါင်းပြီး ကိုယ်ပိုင်နည်းလမ်းကို ဖန်တီးပါ”

ကိုယ်ဖန်တီးလိုက်တဲ့ နည်းလမ်းက သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ သူတို့ယူဆလာပြီဆိုရင် ကိုယ့်ကို အဖက်လုပ်၊ အရာသွင်းလာပါလိမ့်မယ်။

“သိအောင်လုပ်ပါ၊ ရှိအောင်လုပ်ပါ”

💪နေ့စဉ်ဘဝအမောတွေ ဝေးပါစေ၊

💪ဒီနေ့ ကိုယ့်နေ့ဖြစ်ပါစေ၊
Ko Ko Aung
Business Coach & NLP Master Trainer


07/01/2023

"အမှိုက်လှဲရအောင်"

စာဖတ်ချိန် (၂) မိနစ် ဆုံးအောင်ဖတ်ပေးပြီး “နှစ်ဟောင်းက အမှိုက်တွေလှဲဖြစ်အောင်လှဲလိုက်ပါ”

“၂၀၂၂ ခုနှစ် နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်မှာတွေးမိတဲ့ အတွေးစကို ဝေမျှပေးချင်မိပါတယ်”

လူတိုင်းက နေ့တိုင်းကို ပျော်ရွှင်သာယာစရာကောင်းပြီး အခက်အခဲမရှိ အဆင်ပြေတဲ့ နေ့တွေကို ပိုင်ဆိုင်ချင်ကြပါတယ်၊

ဒါပေမယ့် လူတိုင်း ကိုယ်လိုချင် ဖြစ်ချင်သလို ပိုင်ဆိုင်မနေကြပါဘူး၊

အကြောင်းရင်း (၂) ခုကို ဆွေးနွေးချင်မိပါတယ်၊

- ပထမတစ်ခုက "လူအမှိုက်"

- ဒုတိယတစ်ခုက "စိတ်အမှိုက်"

ဒီ (၂) ခုကြောင့်ပဲ မိမိဘဝမှာ မိမိလုပ်နိုင်၊ ရနိုင်ပါရက်နဲ့ မိမိရည်ရွယ်၊ ရည်မှန်းချက်တွေနဲ့ တဖြည်းဖြည်းဝေးကွာ သွားကြရတာ မဟုတ်ပါလား၊

အဆိုအမိန့်တစ်ခုက ဆိုထားပါတယ်၊

"နေ့စဉ် မိမိအိပ်ချိန်ကလွဲပြီး အတူတူပေါင်းသင်းဖြစ်တဲ့ လူ(၆)ယောက်ရဲ့ ပျှမ်းမျှက သင်ပါပဲတဲ့"

သူတို့ရဲ့ အပြုအမူ၊ အကျင့်စရိုက်၊ အလေ့အကျင့် တန်ဘိုးထားမှု၊ အောင်မြင်ကျော်ကြားမှု၊ ပိုင်ဆိုင်မှု အစရှိတဲ့ အရာအားလုံးရဲ့ ပျှမ်းမျှက ကိုယ့်လက်ရှိဘဝ ဖြစ်နေတတ်ပါတယ်၊

အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတဲ့ တိုင်းတာတွေ့ရှိမှုပါပဲ၊

ကျွန်တော်တို့တစ်တွေဟာ တစ်နည်း တစ်ဖုံအကျိုးရှိပြီး လုပ်ရမယ့်အရာတွေကို လုပ်ပေးဖို့ ကမ္ဘာကြီးကိုရောက်လာကြတာလို့ ခံယူထားပါတယ်၊

နေ့တစ်နေ့မှာ တစ်ပါးသူအတွက် ကောင်းကျိုးတစ်ခုခုကို မလုပ်ဆောင်ပေးနိုင်ခဲ့ရင်တောင်မှ တစ်ပါးသူအကျိုးမဲ့စေနိုင်မယ့် အရာတွေကို မလုပ်ဆောင်တတ်ဖို့လဲ ကြိုးစားရှောင်ရှားကြရမှာဖြစ်ပါတယ်၊

* မကောင်းတဲ့အကျင့်စရိုက်တွေ၊ လူအသိုင်းအဝိုင်းကလက်မခံတာတွေကို တကိုယ်ကောင်းဆန်စွာ ကိုယ်ကျိုးကြည့် လုပ်ဆောင်နေကြတဲ့ လောဘလူမိုက်တွေရှိသလို၊

* အကျင့်စာရိတ္တမကောင်းတဲ့သူ၊ ကိုယ်ကျင့်တရားမကောင်းတဲ့ စရိုက်ဆန်လူမိုက်တွေလည်းရှိနေတတ်ကြပါတယ်၊

* ရည်ရွယ်ချက်၊ ရည်မှန်းချက်မရှိ၊ ကျိုးစားအားထုတ်မှုနဲ့ လုံးလဝီရီယလည်းမရှိ၊ လေ့လာသင်ယူလိုစိတ်လဲမရှိကြတဲ့ အကျိုးမဲ့လူမိုက်တွေလည်းရှိတတ်ကြသလို

* စိတ်ခံစားမှုရှေ့တန်းတင်ပြီး ဒေါသထွက် ရန်လိုတတ်တဲ့ စိတ်ဆင်တိုင်းရိုင်းပြီး ရမ်းကားစော်ကားတတ်ကြတဲ့ လူရိုင်းတွေလဲ ရှိနေပြန်ပါတယ်၊

* သူများအကြံလည်း လက်မခံ ငါသာအမှန်၊ ငါသိ၊ ငါတတ် စိတ်ကြီးဝင် ဘဝင်ဟပ်တဲ့ တဖက်ပိတ် လူမိုက်တွေလဲရှိနေုပြန်သလို၊

* ဘာလာလာ အလျော့ပေး ငုံခံပြီး၊ ကိုယ်စွမ်းကိုယ်စမရှိပဲ သူများအကြံနဲ့ အမြတ်ထုတ် ဂုတ်သွေးစုတ်ကြမယ့် ကပ်ပါးလို အချောင်လူမိုက်များလည်း ရှိနေတတ်ပြန်ပါတယ်၊

လက်ရှိ ကျင်လည်နေထိုင်ရတဲ့ ဘဝမှာ မတူညီတဲ့ အကျင့်စရိုက်ရှိတဲ့ သူတွေကို ရှောင်လွှဲလို့မဖြစ်နိုင်ပဲ ဆက်ဆံနေကြရဦးမှာပါ၊ ဒါပေမယ့်

ပစ္စည်းတစ်ခုခုကို အသုံးမလိုတော့ရင်၊ အသုံးမပြုလိုတော့ရင် ဘေးဖယ်ထားမယ် ဒါမှမဟုတ် စွန့်ပစ်တတ်ကြတယ် မဟုတ်ပါလား၊

အမှိုက်လိုလူတွေကြောင့် တန်းဖိုးရှိတဲ့ ကိုယ့်ဘဝရဲ့ အချိန်တွေကို တန်ဖိုးမမဲ့စေချင်ပါဘူး၊

အသုံးပြုလို့မရတဲ့၊ အသုံးမဝင်တော့တဲ့အရာတွေကို အမှိုက်လို့ သတ်မှတ်ပြီး အမှိုက်တောင်းထဲစွန့်ပြစ်ရသလို မိမိဘဝထဲက အမှိုက်လို လူတွေကိုလည်း ထွေးပိုက်မနေပဲ စွန့်ပစ်လိုက်ရမှာပါ၊

လူအမှိုက်ထက်ပိုပြီး စွန့်ပစ်သင့်တဲ့ နောက်တစ်ခုကတော့ "စိတ်အမှိုက်" ပါပဲ၊

ကိုယ့်စိတ်ကူးက ကိုယ့်အနာဂတ်ပါပဲ၊

စိတ်ကူး၊အတွေးတွေကနေ လုပ်ဆောင်မှုတွေဖြစ်လာပါတယ်၊

လုပ်ဆောင်မှုတွေကနေ အပြုအမူ၊ အကျင့်စရိုက်ဖြစ်လာပါတယ်၊

အဲ့ဒီအကျင့်စရိုက်တွေကပဲ မိမိလက်ရှိဘဝကို ဖန်တီးဖြစ်ပေါ်လာကြရတာပါ၊

ကောင်းတဲ့အတွေးတွေက ကောင်းမွန်တဲ့ အနာဂတ်ကိုဖြစ်ပေါ်စေမှာပါ၊

"စိတ်အမှိုက်"တွေစုပုံမနေဖို့ ကျွန်တော်တို့အတွေးတွေကို အထူးဂရုစိုက်ကြရမှာပဲဖြစ်ပါတယ်၊

"အတွေးတွေကောင်းဖို့ အကောင်းတွေတွေး" တတ်တဲ့ အကျင့်ကို မွေးမြူကြရပါမယ်၊

ကိုယ်စိတ်ကူး၊ အတွေးတွေကောင်းနေ၊ မှန်နေဖို့ မိမိရဲ့ စိတ်အခြေခံရှင်းနေနိုင်ဖို့ အဓီကကျပါတယ်၊

ခေါင်းရှုတ်၊ ခေါင်းပူနေမယ်ဆိုရင်တော့ အပြုသဘောဆောင်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတွေးထက် ဖြစ်ချင်တာကိုဦးစားပေးတဲ့ အတွေးတွေပဲတွေးမိကြမှာပါ၊

အကျိုးဆက်ကတော့ ပတ်ဝန်းကျင်ကလူတွေနဲ့ သဟဇာတမဖြစ်တဲ့ တုန့်ပြန်မှုတွေနဲ့ နေ့တစ်နေ့ကို အဆုံးသတ်ကြရပါတော့တယ်၊

စိတ်အမှိုက်တွေကိုလွင့်ပစ်ဖို့ဆိုရင် အပြုသဘောမဆောင်တဲ့ အတွေးတွေ မတွေးမိအောင် စိတ်အတွေးတွေကို စီစစ်ပြီး မလိုတာတွေကို ခေါင်းထဲက ထုတ်ပြစ်ကြရမှာပါ၊
ဘယ်လို လုပ်ရမလဲလို့ တွေးကြည့်မိတဲ့အခါမှာ
တစ်နေ့တာ ကိုယ်ရဲ့ လုပ်ရပ်တွေကို ညမအိပ်ခင်ပြန်လည်သုံးသပ်အဖြေရှာကြည့်ခြင်းပါပဲ၊

* ဒီနေ့ ကိုယ်ဘာတွေ လုပ်ခဲ့လဲ?
* ဒီနေ့ကိုယ် ဘာတွေအကောင်းဆုံးလုပ်နိုင်ခဲ့လဲ?
* ဒီနေ့ကိုယ် ဘာတွေအကောင်းဆုံးမလုပ်နိုင်ခဲ့ဘူးလဲ?
* ဘာတွေကို ပြုပြင်လိုက်ရင်တော့ ဒီထက်ပိုကောင်းတဲ့ ရလာဒ်တွေကို ဖန်တီးနိုင်မလဲ၊
* မနက်ဖြန်မှာ ဘယ်အရာတွေကို စလုပ်ဆောင်သင့်လဲ?
* အဲ့ဒီလုပ်ဆောင်ချက်က ကိုယ့်အတွက်ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ?

အဲ့လို လုပ်ဆောင်လိုက်ခြင်းဖြင့် စိတ်ပူပန်၊ အလိုမကျမှုတွေ လျော့ချနိုင်လာပြီး ဖြစ်ချင်တာထက် ဖြစ်နိုင်တာ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လုပ်ဆောင်လာနိုင်ပါလိမ့်မယ်၊

ကျွန်တော်တို့ အတွေးတွေကောင်းမွန်နေစေဖို့ အကြောင်းအရင်းခံဖြစ်တဲ့ စိတ်အခြေခံတွေရှင်းနေအောင် လုပ်ဆောင်လိုက်ခြင်းပါပဲ၊

ဒီနေ့ပြုမှုကျင့်ကြံသမျှက မနက်ဖြန်ရဲ့ အကြောင်းအရင်းခံတွေဖြစ်တဲ့အတွက် ဒီနေ့အကောင်းဆုံးကိုပြင်ဆင်ပြီးမနက်ဖြန်များစွာကို အလှပဆုံးဖန်တီးနိုင်ကြမှာပါ၊

မိမိကိုယ်တိုင်လုပ်ဆောင်တိုင်တဲ့ လူအမှိုက် စိတ်အမှိုက်တွေကိုရှင်းရင်း၂၀၂၃ နှစ်သစ်ကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတာင်းလိုက်ရပါတယ်၊

နေ့စဥ် ကြံစည်လုပ်ဆောင်သမျှတွေ ကြံတိုင်းအောင်ပြီး ဆောင်တိုင်း မြောက်နိုင်ကြပါစေ။

💪 နေ့စဉ်ဘဝအမောတွေ ဝေးပါစေ၊

💪 ဒီနှစ်ကိုယ့်နှစ်ဖြစ်ပါစေ၊

🎈🎁🎄🎅 🎊 Happy New Year” 🎈🎁🎄🎅 🎊

သင်ယူလေ့လာလျက်
Ko Ko Aung - Professional Business Coach




Viber >>> https://bit.ly/breakthroughmyanmarviber

Telegram >>> https://t.me/breakthroughcoachingmyanmar

https://www.facebook.com/breakthroughcoachingmyanmar/

အပြစ်မရှာပါနဲ့၊ အဖြေရှာပါ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖တစ်ခါတုန်းက နွားကျောင်းသားတစ်ယောက်ဆီမှာ နွားဖြူနဲ့ နွားနက်ဆိုတဲ့ နွားနှစ်ကောင် ...
29/12/2022

အပြစ်မရှာပါနဲ့၊ အဖြေရှာပါ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

တစ်ခါတုန်းက နွားကျောင်းသားတစ်ယောက်ဆီမှာ နွားဖြူနဲ့ နွားနက်ဆိုတဲ့ နွားနှစ်ကောင် ရှိတယ်။

နှစ်ကောင်စလုံးကို နွားကျောင်းသားဟာ နားဖားကြိုးတစ်ခုထဲနဲ့ ချည်နှောင်ထားတယ်။

ဒီလိုချည်ထားတော့ နွားဖြူကြီးက တစ်နေရာရာ သွားရင် နွားနက်ကြီးက နောက်က ကန့်လန့်ကန့်လန့်ပါလာတယ်၊ နွားနက်ကြီးက တစ်နေရာရာသွားရင်လည်း နွားဖြူကြီးက နောက်က ကန့်လန့်ကန့်ကန့်ပါလာပြန်တယ်။

ကြာတော့ နွားနှစ်ကောင်စလုံးဟာ စိတ်တိုလာကြတယ်။ စိတ်တိုတဲ့အလျောက် တစ်ယောက်နဲ့ တစ်ပြန် အပြစ် တင်ကြတယ်။

နွားဖြူကလည်း မင်းကြောင့် ငါလွတ်လွတ်လပ်လပ် မသွားရတာလို့ ပြောတယ်။

နွားနက်ကလည်း ငါလည်း မင်းရှိနေလို့ လွတ်လွတ်လပ်လပ် မနေရတာလို့ အပြစ်ပြန်တင်တယ်။

အမှန်က ဘယ်သူကြောင့်မှ မဟုတ်ပါဘူး။ သူတို့နှစ်ကောင်ကို ဆက်သွယ်ချိတ်တန်းထားတဲ့ အလည်က နားဖားကြိုးကြောင့်ပါပဲ။ ဒီနားဖားကြိုးကို မမြင်ဘဲ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပဲမြင်နေတော့ ပြဿနာကို မဖြေရှင်းနိုင်တော့ဘူးပေါ့။

ဒီအဖြစ်လိုပဲ လူတွေမှာလည်း တစ်ခါတလေကျရင် တစ်ယောက်နဲ့ တစ်ယောက် အပြစ်တွေမြင်ရင်း မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ အများကြီး ရှိနေကြတယ်။

တကယ်ဆိုရင် ဘယ်သူကြောင့် ဖြစ်တယ်ဆိုတဲ့အစား ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ အဖြေကိုသာ ရှာရမှာ ဖြစ်တယ်။

အဖြေရှာရမယ့်အစား၊ အပြစ်သာ ရှာနေကြတော့ ပြဿနာက ဘယ်တော့မှ မဖြေရှင်းနိုင်တော့ဘူးပေါ့။

အားလုံး သတိပြုဆင်ခြင်နိုင်ကြပါစေ။


တိုးတက်မှုတွေ ခရီးရောက်နေမှန်း ညွှန်ပြနေတဲ့ လက္ခဏာ(4)ခုတစ်ခါတလေ ကိုယ်ဘယ်လောက် ဝေးဝေးရောက်ခဲ့ပြီဆိုတာ ပြန်သုံးသပ်ရခက်တတ်တ...
29/12/2022

တိုးတက်မှုတွေ ခရီးရောက်နေမှန်း ညွှန်ပြနေတဲ့ လက္ခဏာ(4)ခု

တစ်ခါတလေ ကိုယ်ဘယ်လောက် ဝေးဝေးရောက်ခဲ့ပြီဆိုတာ ပြန်သုံးသပ်ရခက်တတ်တယ်။

ရလဒ်တွေက အသေးစိတ်ကြည့်မှ မြင်ရတတ်လို့၊ ကိုယ့်ရဲ့ တိုးတက်မှု ခရီးစဉ် သိသိသာသာ ခရီးတွင်နေမှန်း ညွှန်ပြနေတဲ့ လက္ခဏာ(4)ခုကို မျှဝေလိုက်ပါတယ်။

(1)တာဝန်ယူတတ်လာတယ်

လူဆိုတာ ကိုယ့်ဘဝနဲ့ ကိုယ်ဖြစ်လို့၊ ကိုယ့်ရဲ့ ပြဿနာ‌၊ နာကျင်မှုတွေက ကိုယ်နဲ့ပဲ သက်ဆိုင်မှန်း သိမြင်လာတယ်။

တစ်ခုခု ဖြစ်လာရင် သူများအားမကိုးဘူး၊ လက်ညှိုးထိုး အပြစ်တင်ဖို့ စိတ်မဝင်စားဘူး။ ကိုယ်လုပ်နိုင်တာ၊ ပြောင်းလဲနိုင်တာကို အာရုံစိုက်ပြီး သွေးအေးအေး‌နဲ့ ရှေ့ဆက်သွားကြတယ်။

(2)လူအထင်ကြီးဖို့ မလုပ်တော့ဘူး

တစ်ခုခုလုပ်ဖို့ ဘယ်သူ့ ခေါင်းညိတ်မှုမှ စောင့်မနေတော့ဘူး။

ကိုယ့်ဘဝကို ဖြတ်သန်းရမှာ ကိုယ်ပဲဖြစ်လို့၊ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် ထားတတ်လာတယ်။ လူအထင်ကြီးဖို့ထက် ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဂုဏ်ယူနိုင်ဖို့ ကြိုးစားတတ်လာတယ်။

(3)သွေးအေးအေးနဲ့ ရှေ့ဆက်နိုင်လာတယ်

လောကဓံက ထိုးနှက်လာရင် သွေးမပျက်တော့ဘူး။ ကိုယ်ဘယ်ကလာခဲ့သလဲ ပြန်သုံးသပ်နိုင်သလို၊ ဘယ်ကိုသွားမလဲလည်း ပြတ်သားနေတယ်။

အိပ်မက်တွေအတွက် ရှင်သန်နေရရင် ဖိအား ဘယ်လောက်များများ၊ နေ့ရက်တိုင်းက ဆန်းသစ်နေလိမ့်မယ်။

(4)စိတ်ပျက်ရဲတဲ့ သတ္တိရှိလာတယ်

တစ်ခါတလေ စိတ်အလိုလိုက်ချင်နေတဲ့ ကိုယ့်ကိုယ်ကို ညှာမယ့်အစား ရဲရဲကြီး စိတ်ပျက်နိုင်လာတယ်။

ကိုယ့်ကိုယ်ကို ချစ်တတ်သလို၊ တိုးတက်ဖို့ ပျက်ကွက်မိတဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းတတ်လာတယ်။ ဒီစိတ်ပျက်မှုတွေကို လောင်စာအဖြစ် အသုံးချပြီး တိုးတက်မှုအကြွေးကို နှစ်ဆအတိုးချ ပြန်ဆပ်သွားနိုင်တယ်။

တိုးတက်မှုဆိုတာ အချိန်ယူတတ်လို့ ကိုယ်လမ်းမှန်ပေါ်ရောက်နေရဲ့လားဆိုတာ တရားသေပြောဖို့ ခက်တယ်။ ဒါကြောင့် ဒီလက္ခဏာတွေသာ ကိုယ့်မှာပိုင်ဆိုင်ထားပြီဆိုရင် အခုလျှောက်နေ‌တဲ့လမ်းကို ယုံယုံကြည်ကြည်နဲ့ ရှေ့ဆက်သွားဖို့ပဲလိုတယ်။

ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။

လူတွေက ကုန်ပစ္စည်းတွေကို မဝယ်ယူကြပါဘူး။သူတို့ရဲ့ ပိုကောင်းတဲ့ ပုံစံတွေကိုသာ ဝယ်ယူကြတာပါ။ဒါကတော့ Steve Jobs ပြောခဲ့တဲ့ စက...
29/12/2022

လူတွေက ကုန်ပစ္စည်းတွေကို မဝယ်ယူကြပါဘူး။
သူတို့ရဲ့ ပိုကောင်းတဲ့ ပုံစံတွေကိုသာ ဝယ်ယူကြတာပါ။

ဒါကတော့ Steve Jobs ပြောခဲ့တဲ့ စကားလေးတစ်ခုဖြစ်ပါတယ်။

Customer တွေအနေနဲ့ ကုန်ပစ္စည်းတစ်ခု ( သို့ ) ဝန်ဆောင်မှု တစ်ခုကို ဝယ်ယူကြတဲ့အခါမှာ သူတို့ဝယ်ယူလိုက်တဲ့ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုက သူတို့အတွက် ပိုကောင်းတဲ့ပုံစံတွေကို ဖော်ဆောင်ပေးနိုင်မှသာ ဝယ်ယူကြတာဖြစ်ပါတယ်။

Steve Jobs ကနေပြီးတော့ iPod ကို ထုတ်လုပ်တုန်းက “ 1, 000 songs in your pocket” ဆိုတဲ့ message လေးကိုပေးခဲ့ပါတယ်။

တခြားသူတွေအနေနဲ့ဆိုရင် MP3 Player မှာ 1G storage ရကြောင်းပြောနေမယ့်အချိန်မှာ၊ Steve Job အနေနဲ့ကတော့ ကိုယ့်ရဲ့ အိတ်ကပ်ထဲမှာ သီချင်းပေါင်း ၁၀၀၀ သယ်ဆောင်သွားလို့ရကြောင်း၊ ဒီအရာက သင့်ကို ပိုကောင်းတဲ့ ဗားရှင်းတစ်ခုဖြစ်စေကြောင်း Message လေးပေးခဲ့တာပါ။

Feature တွေကို ဖော်ပြတာမဟုတ်ဘဲ၊ Benefits တွေကိုဖော်ပြပြီး Marketing ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Feature ဆိုတာကတော့ ကိုယ့်ရဲ့ကုန်ပစ္စည်းက ဘာလုပ်နိုင်တယ်ဆိုတာကိုဖော်ပြတာဖြစ်ပြီး၊ Benefit ဆိုတာကတော့ ကိုယ့်ရဲ့ကုန်ပစ္စည်းကို အသုံးပြုပြီး customer တွေအနေနဲ့ ဘာလုပ်နိုင်လဲဆိုတာကိုဖော်ပြပေးတာဖြစ်ပါတယ်။

ဒီလိုပါဘဲ၊ ကျွန်တော်တို့အနေနဲ့လဲ ကိုယ့်ရဲ့လုပ်ငန်းမှာရှိတဲ့ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေက ဝယ်သူအသုံးပြုသူတွေကို ဘယ်လိုပိုကောင်းတဲ့ပုံစံတစ်ခုကို ပေးနိုင်စွမ်းရှိလဲဆိုတာကို နားလည်ထားပြီးတော့ သူတို့ကို မျှဝေပေးဖို့အတွက်လိုပါတယ်။

Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။

Address

Yangon

Telephone

+959428955411

Website

Alerts

Be the first to know and let us send you an email when Htoo Htat Tinttal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htoo Htat Tinttal:

Share