AMEN Digital Services

AMEN Digital Services Media Buying, Advertising, Content Creating, Graphic Design, Digital Marketing, Consultant

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယမှစ၍ ...ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ...ကပ်ဘေးအပေါင်းမှ ကင်းဝေ...
11/05/2025

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ
ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယမှစ၍ ...
ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ...

ကပ်ဘေးအပေါင်းမှ ကင်းဝေးကာ
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိပါစေကြောင်း
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ...

🪔 Happy Diwali 🪔ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ မီးထွန်းပွဲတော်နေ့မှာ လူသားအားလုံး ကျန်းမာချမ်းသာဘေးရန်ကင်းကွာပြီး စီ...
01/11/2024

🪔 Happy Diwali 🪔

ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ မီးထွန်းပွဲတော်နေ့မှာ လူသားအားလုံး ကျန်းမာချမ်းသာဘေးရန်ကင်းကွာပြီး စီးပွားလာဘ်လာဘများ ပိုမိုတိုးတက်အောင်မြင်ကြပါစေကြောင်း ...
AMEN Digital Services မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Hello .... Page မှာ Active ဖြစ်အောင် ... ပုံမှန် ... Post မတင်ဖြစ်ပေမယ့် .... Boosting ဆားဗစ် / Media Buying ကိုတော့ ပုံ...
06/10/2024

Hello .... Page မှာ Active ဖြစ်အောင် ...
ပုံမှန် ... Post မတင်ဖြစ်ပေမယ့် ....

Boosting ဆားဗစ် / Media Buying ကိုတော့ ပုံမှန်အတိုင်း
ဝန်ဆောင်မှုတွေပေးနေပါတယ် ..
ဒါ့အပြင် Digital Marketing နဲ့ ပတ်သက်တဲ့
လုပ်ဆောင်ချက်တွေကိုလည်း Consultant လုပ်ပေးဖြစ်ပါတယ် ..

ဒါကြောင့် အသစ် ဆားဗစ်အပ်ချင်တဲ့ Customer တွေလည်း
Page Chat Box ကနေ ဆက်သွယ်နိုင်သလို ...

Email : [email protected] ကနေလည်း
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ



Boost ဘာကြောင့် လုပ်သင့်တာလဲ .. ??Boost လုပ်တိုင်း ရောင်းရမှာလား ... ??Boost လုပ်တယ် ... တစ်နည်းအားဖြင့် Ads Run တယ်ဆိုတ...
05/10/2024

Boost ဘာကြောင့် လုပ်သင့်တာလဲ .. ??

Boost လုပ်တိုင်း ရောင်းရမှာလား ... ??

Boost လုပ်တယ် ... တစ်နည်းအားဖြင့် Ads Run တယ်ဆိုတာ
မိမိ ကုန်ပစ္စည်း (သို့) Page ကို ဆိုရှယ်မီဒီယာသုံးစွဲသူတွေထံ
ကြော်ငြာသဘောမျိုး သွားရောက် ပြသပေးတာဖြစ်ပါတယ်။
အဲ့ဒီထဲကမှ မိမိကုန်ပစ္စည်းကို စိတ်ဝင်စားသူ၊ အမှန်တကယ်
လိုအပ်သူတွေပဲ လာရောက်ဆက်သွယ် ဝယ်ယူကြမှာပါ။

ဒါကြောင့် စားသုံးသူတွေ၊ ဝယ်သူတွေဘက်က မိမိတင်လိုက်တဲ့
ကုန်ပစ္စည်းကို စိတ်ဝင်စားလာအောင် Content ကောင်းနေဖို့လည်း
လိုသလို ဒီဇိုင်း (သို့) ဗီဒီယိုကလည်း ဆွဲဆောင်မှုရှိနေဖို့ လိုပါတယ်။

Boost လုပ်တိုင်း ရောင်းရမယ်လို့ မဆိုလိုပေမယ့် မိမိကုန်ပစ္စည်း
(သို့) Page ကို လူပိုသိစေချင်ရင်၊ ရောင်းရချင်ရင်တော့ Boost က
လုပ်ကိုလုပ်ရမယ့် ကိစ္စဖြစ်လာပါပြီ ... ကုန်ပစ္စည်း မရောင်းရသော်လည်း
မိမိ Page ကို လူပိုသိလာနိုင်သလို ရွေးချယ်တဲ့ Audience နဲ့ Goal အလိုက်
အရင်ထက်ပိုပြီး မှန်ကန်တဲ့ ဖောက်သည်တွေဆီ ပြသပေးနိုင်ပါတယ်။

ဒါ့အပြင် ဆိုရှယ်မီဒီယာမှာ စျေးရောင်းနေတာမို့ မားကတ်တင်းရဲ့
(P) လေးလုံးဖြစ်တဲ့ ... (Product, Price, Place, Promotion) ကိုလည်း
လေ့လာထားဖို့လိုပါတယ်။ ဒါမှ မိမိရဲ့လုပ်ငန်းမှာ ဘာတွေလိုအပ်နေလဲ
ဘာတွေပြင်ဆင်ဖို့လိုမလဲ သိနိုင်မှာဖြစ်ပါတယ်။ မားကတ်တင်းရဲ့
(P) လေးလုံးအကြောင်းကိုတော့ နောက်ရက်တွေမှာ တင်ဆက်ပေးပါဦးမယ်။

Boosting နဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်းဆွေးနွေးချင်ရင် ...
Page Chat Box ကဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ မေးမြန်းနိုင်ပါတယ်။

💬 𝐂𝐡𝐚𝐭 𝐁𝐨𝐱 - 𝐦.𝐦𝐞/AMENDigitalServices

📬 𝐄𝐦𝐚𝐢𝐥 : 𝐚𝐦𝐞𝐧𝐝𝐢𝐠𝐢𝐭𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦

𝐀𝐌𝐄𝐍 - 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
𝐵𝑒𝑠𝑡 𝑆𝑒𝑟𝑣𝑖𝑐𝑒𝑠 𝐹𝑜𝑟 𝑌𝑜𝑢 !


🙏 ဝါဆိုလပြည့်နေ့ 🙏ဓမ္မစကြာအခါတော်နေ့ ကိုယ်၊ စိတ်၊ နှလုံး ရွှင်လန်းချမ်းမြေ့ပြီးရောဂါဘယများ ကင်းဝေး၍ စီးပွားရေးများတိုးတက...
20/07/2024

🙏 ဝါဆိုလပြည့်နေ့ 🙏
ဓမ္မစကြာအခါတော်နေ့

ကိုယ်၊ စိတ်၊ နှလုံး ရွှင်လန်းချမ်းမြေ့ပြီး
ရောဂါဘယများ ကင်းဝေး၍ စီးပွားရေးများ
တိုးတက်ကြီးပွာပါစေကြောင်း ....

AMEN Digital Services မိသားစုမှ
ဆုမွန်ကောင်း တောင်းအပ်ပါတယ် ...

The Burmese Content ရဲ့ အစီအစဉ်အသစ်ဖြစ်တဲ့ ဆွေးနွေးမေးမြန်းခန်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်....
05/06/2024

The Burmese Content ရဲ့ အစီအစဉ်အသစ်ဖြစ်တဲ့ ဆွေးနွေးမေးမြန်းခန်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်....

Digital Marketing လောကမှာတော့ Content Writer နဲ့ Graphic Designer ဆိုတာ သမီးရည်းစားထက်တောင်မှ ပိုပြီးအနေနီးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ ဖြစ်ပါတယ်။

ဒီလိုလုပ်ဖော်ကိုင်ဖက်တွေကြားမှာ ပဋိပက္ခကင်းကင်းနဲ့ အကောင်းဆုံး Content တွေကို လက်တွဲဖော်ဆောင်နိုင်ဖို့အတွက် CW တွေနဲ့ GD တွေရဲ့ကြားမှာ Design Briefing ဆိုတဲ့တံတားလေးနဲ့ ချိတ်ဆက်ထားတာရှိပါတယ်။

ဒါကြောင့် Design Briefing နဲ့ပတ်သက်ပြီး Donato က ဆရာ "ကိုငြိမ်းချမ်းအောင်” ကို The Burmese Content ကနေ အခုလိုပဲမေးမြန်းဆွေးနွေးထားပါတယ်။

🔷🔷🔷🔷🔷

မေးခွန်းနံပါတ် (၁)

Graphic Designer တွေအနေနဲ့ Content Writer တွေဖက်က Design Brief ပေးခြင်း / မပေးခြင်းက Work Done အပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်လို့ မြင်မိပါသလဲအစ်ကို။

အဖြေ။ ။

Design Brief ပေးခြင်း / မပေးခြင်းက သက်ရောက်မှုဘယ်လိုရှိနိုင်လဲဆိုရင်လေ နံပါတ်တစ်က ဒီ Content Writer က visual အမြင်ရှိဖို့တော့လိုတယ်ပေါ့နော် ၊ Design Brief ပေးဖို့က။ Content Writer က Visual အမြင်မရှိတဲ့အခါကျရင် Design Brief ပေးတာက Designer အတွက် ပိုခက်ခဲသွားစေတာမျိုးတွေ ကျနော်တို့ရှိတတ်တယ်။

Content Writer က Designer တွေနဲ့ပူးပေါင်းပြီးလည်း အလုပ်လုပ်ခဲ့ဖူးတယ် ၊ သူ့မှာလည်း visual အမြင်ကောင်းကောင်းရှိတယ်ဆိုရင်‌တော့ Design Brief ချပေးတာက Designer တွေအတွက် (အလုပ်ရှုပ်တဲ့ company တွေမှာဆိုရင်) ပိုပြီးတော့ ကျနော်တို့ အလုပ်ပိုပြီးတော့ သက်သာတယ်ပေါ့နော်။ အလုပ်ကတအားများတဲ့အခါကျရင် Designer က တစ်ခါတလေ စဉ်းစားဖို့အချိန်အရမ်းမပေးနိုင်ဘူးဆိုရင် သူတို့ဖက်ကနေ Visual Reference လေးတွေနဲ့ ဘယ်လိုလေးတွေလုပ်ပေးပါဆိုပြီး request လုပ်ပေးတာက Designer ကို ပိုပြီးတော့ သက်သာစေပါတယ်။

ဒါပေမဲ့လည်း Designer က ကိုယ့်ဖက်ကနေပြီး ဖြစ်နိုင်မယ့်ပုံစံ ၊ မဖြစ်နိုင်မယ့်ပုံစံ ဒီလိုလေးဆိုရင်ပိုကောင်းမယ်ဆိုပြီးတော့ သူ့ဖက်ကလည်းပြန်ပြီးတော့ Brainstorm လုပ်တာမျိုးတွေ လုပ်သင့်တယ်ပေါ့နော်။

🔷🔷🔷🔷🔷

မေးခွန်းနံပါတ် (၂)

Graphic Designer တွေအနေနဲ့ Content တစ်ပုဒ်လုံးကိုဖတ်ပြီးမှ Design Concept ကို စဉ်းစားကြတာများလား? Briefing ကိုကြည့်ပြီးပဲ Idea ထုတ်ကြတာမျာလား? ဘယ်လိုလုပ်တာကရောပိုပြီးသင့်တော်မလဲဆိုတာလေးလည်း သိချင်ပါတယ်။

အဖြေ။ ။

နံပါတ် (၂) အချက်က နှစ်ခုစလုံးကတော့ ဆက်စပ်မှုရှိတယ်ပေါ့နော်။ Client က Briefing မှာ သူကဘာကိုအဓိကလိုချင်တာလဲဆိုတာမျိုးကို ပြောထားလားဆိုတာ တစ်ချက် ကျနော်တို့ Briefing ကိုလည်း ကြည့်ရမယ်။ ဆို‌တော့ … Content ကိုလည်း ကျနော်တို့ဖတ်ကြည့်ရမယ်။ Content မဖတ်ဘဲနဲ့တော့ Design ကို ကျနော်တို့ ဆွဲချင်ရာဆွဲလို့မရဘူးပေါ့နော်။ ဆိုတော့ ဒီနှစ်ခုလုံးက အခြေအနေပေါ် မူတည်ပြီးသွားတာ။ Content ကအရေးကြီးတယ်ဆိုရင် Content ကိုဖတ် ၊ နားမလည်တာရှိရင် Content Writer ကို ပြန်မေးပေါ့နော်။

Brief ကိုကြည့်ပြီး ထုတ်တာလားဆိုတဲ့အပိုင်း … Briefing မှာက သူဘာပြောထားလဲပေါ့။ အဲ့ဒီ Briefing ကိုရော Content Writer က ထိမိအောင် ၊ လိုချင်တဲ့အချက်တွေပါအောင်ရေးထားနိုင်လားပေါ့။ အဲ့ဒါကို Designer အနေနဲ့ပြန်စစ်ရတယ်။

တစ်ခါတလေကျရင်တော့ Designer ဆီကို Brief တွေက မရောက်ဘဲနဲ့ Content တွေပဲ ရောက်တာမျိုးတွေရှိတတ်တယ်ပေါ့နော်။ ဆိုတော့ Client က Content Writer နဲ့တစ်ခါတည်းဖြတ်ထားတယ်။ ပြီးတော့မှ ရလာတဲ့ Content တွေကိုအကုန်လုံး Designer ဆီပို့လိုက်တယ်။ ဒီ Process ကတော့ Company နဲ့ပဲဆိုင်မယ်လို့ထင်တယ်။ ရလာတဲ့ Content အပေါ်မှာ Designer နဲ့ ဘယ်လို Deal လုပ်လဲပေါ့။

🔷🔷🔷🔷🔷

မေးခွန်းနံပါတ် (၃)

နိုင်ငံတကာ Agency ကြီးတွေမှာသုံးနေကြတဲ့ Design Brief ပေးနည်းစနစ်အကြောင်းလည်း အနည်းငယ်ရှင်းပြပေးပါဦးခင်ဗျ။

အဖြေ။ ။

Agency တစ်ခုနဲ့တစ်ခုကတော့ Brief ပေးတဲ့ပုံစံတွေကတော့မတူကြဘူးပေါ့နော်။ အရင်ဆုံးအနေနဲ့ Agency တစ်ခုမှာ သူတို့ရဲ့ Brief Form တွေ ၊ Format တွေကတော့ ရှိပြီးသား။ အဲ့ဒီ Format တွေပေါ်မူတည်ပြီးတော့ Client Service နဲ့ Creative Team နဲ့ ၊ အကြီးပိုင်းတွေကနေဖြစ်စေ Client တွေဆီကို ဒီ Brief Form တွေနဲ့ သူတို့အရင်ဦးဆုံး လိုချင်တဲ့ဟာကို meeting အရင်လုပ်တယ်။ ပြီးတော့မှ ရလာတာကို Brief မှာ သူတို့ဖြည့်ကြတယ်ပေါ့နော်။

ဖြည့်တဲ့အခါမှာဆိုရင် တစ်ခုနဲ့တစ်ခုမတူဘူးဆိုပေမဲ့ ပါဝင်ရတဲ့အကြောင်းအရာတွေကတော့ ဆင်တူရိုးမှားရှိတတ်တယ်ပေါ့။ ဥပမာအားဖြင့် ကျနော်တို့က ဒီ Brand Statement တွေ ၊ Brand History တွေပါမယ်။ Target Audience တွေပါမယ်။

ပြီးသွားရင် Brand နဲ့ပတ်သက်တဲ့ Position Strategy ၊ သူတို့ဘယ်လိုသွားနေလဲဆိုတာပါမယ်။ ပြီးသွားရင် Advertising Objective လို့ခေါ်တဲ့ advertising လုပ်ရခြင်းအကြောင်းအရင်းတွေပါမယ်။

ပြီးတော့ ကျနော်တို့က Key Message တွေ (ဒီ Design တစ်ခုလုံးရဲ့ပေးချင်တဲ့ Key Message ) က ဘာလဲ။ ပြီးသွားရင် Tone and Manner, Tone of Voice, Mood and Tone ပေါ့နော်... something ဒီကောင်တွေကတော့ similar ဖြစ်တယ်ပေါ့နော်။

ပြီးရင်တော့ Visual Excursion ပေါ့နော်။ အဲ့ဒါတွေ ဘာတွေလိုအပ်တာလဲဆိုတဲ့ အချက်အလက်တွေပါမယ်။ နောက်ဆုံးပိတ်မှာတော့ ကျနော်တို့ Tagline ပါမယ်ပေါ့နော်။ ဒါတွေကတော့ နိုင်ငံတကာ Agency တွေမှာသွားတဲ့ Brief Form တွေမှာပါတတ်တာလေးတွေဖြစ်တယ်။ အဲ့ဒီထဲကမှ ခြုံငုံပြီးတော့ ပြောပြပေးတာဖြစ်ပါတယ်။

🔷🔷🔷🔷🔷

မေးခွန်းနံပါတ် (၄)

အခုလက်ရှိမှာ Social Media Design အတွက် Content Writer တွေအနေနဲ့ Designer တွေကို ပေးသင့်တဲ့ Briefing ဆိုရင်တော့ မဖြစ်မနေဘာ တွေထည့်သွင်းပေးသင့်တယ်ဆိုတာလေး အကြံပေးပေးပါဦးအစ်ကို။

အဖြေ။ ။

Content Writing နဲ့ ကျနော်တို့ Designer ကိုပေးသင့်တဲ့ Brief မှာ ဘာတွေပါသင့်လဲဆိုတာကကျတော့ မျက်လုံးထဲမြင်သာအောင်ပြောရရင် Content Writing ဆိုတာက ရုပ်ရှင်တစ်ခုရဲ့ Story (ဒါမှမဟုတ်) နဂိုရှိပြီးသားစာအုပ်တစ်အုပ်နဲ့တူတယ်။ ဒီစာအုပ်ကို ကျနော်တို့ Designer တွေက ရုပ်ရှင်ပြန်ရိုက်ရသလိုမျိူးပေါ့နော်။ နှစ်ခုလုံးကသူ့ဟာနဲ့သူ။ ကျနော်တို့က တခါတလေကျ ဝတ္ထုကကောင်းပြီး ရုပ်ရှင်ကမကောင်းရင်လည်းဂွမ်းမယ်။ ရုပ်ရှင်ကကောင်းပြီး Content ကအနှစ်သာရမရှိဘူးဆိုရင်လည်း လူတွေ Sharing back လုပ်နိုင်မယ့် Content မျိုးဖြစ်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် နှစ်ဖက်လုံးကအချိတ်အဆက်လေးမိဖို့လိုတယ်။

အဲဒီအနေနဲ့ Designer ကလဲ Content Writer ကို ဒီ Content ကဘယ်လို Mood နဲ့ရေးထားတာဖြစ်ကြောင်း၊ ဘယ်လိုTone of voice နဲ့ ရေးထားတာဖြစ်ကြောင်းဆိုတာမျိုးတွေမေးသင့်တယ်။ အကယ်၍ Designer ကသိပ်ပြီး Knowledge မရှိဘူးဆိုရင် Content Writer အနေနဲ့ ငါ ဒီ Content က ဘယ်လိုလူတစ်ယောက်ကစကားပြောထားတဲ့ပုံစံနဲ့ရေးထားတယ်။ အကြမ်းဖျင်းအားဖြင့် ကျနော်တို့က လူလတ်ပိုင်းပုံစံလား ၊ လူကြီးလူကောင်းပုံစံလား ၊ မိန်းမပျိုလေးပုံစံလား စသည်ဖြင့် ဘယ်လို Mood နဲ့ရေးထားတယ်ဆိုတာပြောရမယ်။

ကိုယ့်ရဲ့ Content ကိုရေးထားတဲ့ပုံစံက Fresh ဖြစ်တဲ့ပုံစံ ၊ အရမ်းကိုမြူးကြွတဲ့ပုံစံ။ ဒါပေမဲ့ Designer ဆွဲထားတဲ့ပုံစံက Boring ဖြစ်တဲ့ပုံစံကြီးဆိုရင် ဒါဆိုဒီနှစ်ခုကလွဲနေပြီပေါ့နော်။ Content Writer အနေနဲ့က ကိုယ်ရေးထားတဲ့ Content ရဲ့ Mood and Tone ဘယ်လိုမျိုးပြောထားလဲ။ Tone of voice ဘယ်လိုမျိုးပြောထားလဲဆိုတာမျိုးတွေကို Designer ကို ဘယ်လိုဆွဲရမလဲဆိုတဲ့ Direction ကိုမိအောင် ၊ Clear ဖြစ်အောင် ပြောသင့်တယ်လို့မြင်တယ်။

ပြောချင်တဲ့အဓိပ္ပါယ်က ဝတ္ထုရေးထားတဲ့ဝတ္ထုဆရာကိုယ်တိုင်က သရဲကားဆန်အောင်ရေးထားတာလား ၊ Romance ဆန်အောင်ရေးတာလား ကိုယ်ကိုယ်တိုင် အဲ့ဒီလို Direction တွေ မကွဲလို့မရဘူး။ ကိုယ်ရေးထားတဲ့ Mood က ဘယ်လို Mood နဲ့ရေးထားတာလဲ။ ဘယ်လိုအချက်အလက်တွေတော့ အဓိက (Main) ပါမှဖြစ်မယ်။

ဒါက Brief နဲ့ပဲဆိုင်တဲ့အချက်တွေဆိုတော့လေ ပုံမှန်တော့မရှိဘူး။ မဖြစ်မနေဆိုတာထက် ကိုယ်ဘယ်လိုအကြောင်းအရာမျိုးကို Highlight အသားပေးပြီးတော့ရေးထားတာလဲ ၊ ကိုယ်က Product ကို Highlight ရေးထားတယ် … New Product Announcement ပုံစံမျိုး။ ဒါပေမဲ့ Designer က Product ကို ပေါက်စလေး သွားလုပ်ပြီးတော့ တခြားဟာတွေပေါက်ကရတွေလျှောက်လုပ်လိုက်မယ်ဆိုရင် ထွက်လာတဲ့ Design ကိုကြည့်တာနဲ့ Content Writer က ငါရေးထားတဲ့ Mood နဲ့ကွဲနေပြီဆိုတာကိုသိရမယ်။

ပြောချင်တဲ့အဓိပ္ပါယ်ကတော့ ကိုယ်က Romance ဆန်အောင်ရေးထားတယ် ၊ Designer က Action ကားရိုက်လာတယ်။ ဒါဆိုရင် ကျွန်တော်တို့လွဲနေပြီဆိုတာကိုသိရမယ်။ ကိုယ့်ဖက်ကနေပြီးတော့ ဒီလိုတော့မဟုတ်ဘူး ၊ ပေးချင်တဲ့ Message လေးက ဘယ်လိုပုံစံဖြစ်တယ်ဆိုတာမျိုးကို ကိုယ့်ဖက်ကနေပြန်ပြီးတော့ ပြောဖို့လိုတယ်ပေါ့နော်။

🔷🔷🔷🔷🔷

မေးခွန်းနံပါတ် (၅)

Brand Guideline နဲ့ပတ်သက်ပြီးတော့လည်း Content Writer တွေကို မျှဝေချင်တာများရှိရင် ပြောပေးစေချင်ပါတယ်ခင်ဗျ။

အဖြေ။ ။

Brand Guideline နဲ့ပတ်သက်ရင်တော့ အရေးကြီးတာက သူတို့ Brand ရဲ့ Brand Guideline ကိုဖတ်ဖို့လိုကိုလိုတယ် Content Writer က။ အကြောင်းအရင်းကတော့ သူတို့ Brand ရဲ့ Value က ဘာလဲ ၊ သူတို့ Brand ရဲ့ Objective က ဘာလဲ ၊ သူတို့ Brand ရဲ့ Goal က ဘာလဲ။ အဲ့လိုမျိုးကျနော်တို့က အကြောင်းအရာတွေကို ဒီစာနဲ့ ဒီ Story ကို ရေးသားမယ့်သူက မသိဘူးဆိုရင် ဘယ်လိုပုံဖော်မလဲ။

သူတို့ Brand သည် Healthy ဖြစ်တဲ့ Lifestyle ကို အဓိကသွားချင်တယ်။ ဒါပေမဲ့ ဒီပုံတွေ Design တွေမှာတော့ တစ်ခါတလေကျရင် ကျနော်တို့မမြင်မိဘူး။ သူတို့ရဲ့ Target ၊ သူတို့ရဲ့ Cool Value က ဘာလဲဆိုတာကို ကျနော်တို့သိအောင်လုပ်ရမယ်။ အဲ့ဒါလုပ်နိုင်တော့မှ Content Writer သည် သူကဘယ်ဖက်ကို Focus လုပ်ပြီးသွားရမယ်ဆိုတာကို သူတို့ကသိမှာပေါ့နော်။

ဒါကြောင့်မို့လို့ ကျနော်က Brand Guidline က အဓိကတော့ သူတို့ရဲ့ Vision တွေ ၊ Mission တွေ ၊ Goal တွေကအများကြီး Content နဲ့ပတ်သက်ရင်ပိုအရေးကြီးတယ်ပေါ့။

ကျန်တဲ့အခြားသော Designer သိရမယ့် Color တို့ ၊ Font တို့ ၊ Logo တို့ ဒါတွေကတော့ Designer တွေသိရမယ့်အပိုင်းပေါ့။ ကိုယ်ကတော့ ရေးသားရမယ့် Storyline က Brand နဲ့ချိတ်ဆက်မှုရှိမရှိဆိုတာ ကျနော်တို့က အရင်ဦးဆုံးဖတ်ထားဖို့လိုတယ်။ သိထားဖို့လိုတယ်။

အကယ်၍ အချို့ Brand တွေက Guideline မရှိဘူးဆိုရင်လည်း Client ကို တစ်ချက်မေးကြည့်ပြီးတော့ ဘယ်လို Mood and Tone မျိုးကို ဦးတည်ပြီးရေးရမလဲ ၊ ဘယ်လိုပုံစံမျိုး ဦးတည်ပြီးသွားရမလဲ ၊ အစ်ကိုတို့အစ်မတို့ရဲ့ Vision က ဘာလဲ ၊ Mission က ဘာလဲ ဖြစ်ချင်တဲ့ Goal က ဘာလဲမေးဖို့ လိုတယ်ပေါ့နော်။

🔷🔷🔷🔷🔷

မေးခွန်းနံပါတ် (၆)

Design Briefing ပေးရာမှာ Content Writer တွေသိထားသင့်တဲ့အကြောင်းအရာတွေ / ရှောင်ရမယ့်အရာတွေ / Designer တွေကို ပိုပြီးအခက်တွေ့စေမယ့်အရာတွေများရှိမလားဗျ။

အဖြေ။ ။

ရှောင်ရန်ဆောင်ရန်တွေကို ကျနော်တို့သိချင်တယ်ဆိုရင် Design Process အချို့ကို ကျနော်တို့နားလည်မှဖြစ်မယ်။ ဥပမာအားဖြင့် content writer က တစ်ခါတလေကျရင် သူ… ကျနော်တို့လည်းကြုံဖူးတယ်ပေါ့နော်။ Content Writer က သူတို့ စိတ်ကူးထဲကပေါက်ရာ ၊ ပါးစပ်ထဲကတွေ့ရာတွေ ပြောလိုက်ရော ၊ Visual Direction တွေ ပေးလိုက်ရော။ ပြီးလည်းပြီးရော အဲ့ဒါတွေက Design မှာ ဘယ်လိုမှလုပ်ဖို့အဆင်မပြေတာမျိုးတွေရှိတယ် ၊ တိုင်ပတ်နေတာမျိုးတွေရှိတယ်။

တစ်ခါတလေကျရင် Content Writer က ခေတ်စနစ်ရဲ့ ဒီဇိုင်း ၊ အခြေအနေ ၊ ပုံစံ ၊ Flow တွေ ၊ Trend တွေကို နားမလည်ဘဲနဲ့ Direction တွေ လျှောက်ပေးလို့မရဘူး။ ဆိုတော့ Design မှာ ဘယ်လိုပုံစံတွေကခေတ်စားနေလဲ ၊ ဘယ်လိုပုံစံတွေက သွားသင့်တဲ့ပုံစံတွေလဲ နားမလည်ဘဲနဲ့ Content Writer က‌ ခေတ်နောက်ကျပြီးတော့ ဟိုခေတ်နောက်ပြန်ဆွဲတဲ့ Design တွေ Direction တွေလျှောက်ပေးနေတယ်ဆိုရင် အဆင်မပြေနိုင်ဘူးပေါ့နော်။

အတွေ့အကြုံ ကျနော်တို့က အတိုင်းအတာတစ်ခုလောက်အထိတော့ Content Writer တစ်ယောက်ကရှိဖို့လိုတယ်။ မဟုတ်ဘူးဆိုရင် သူတို့က တစ်ခါတလေကျရင်ရှိတတ်တယ်။ Pinterest ကနေ သူတို့က Reference တွေရှာပေးတတ်တယ်ပေါ့နော်။ ပြီးတဲ့အခါမှာ ရှာပေးတဲ့ပုံတွေက တကယ်ကိုကောင်းတဲ့ပုံတွေဆိုရင် ပြဿနာမရှိဘူး။ Pinterest မှာလည်း ရှာရင် ရှာတတ်သလို ကောင်းတာတွေအများကြီးရှိတယ်။ မကောင်းတဲ့ပုံတွေဆိုရင်တော့မဖြစ်ဘူး။

ဥပမာအားဖြင့် Freepik က အလွယ်တကူရနေတဲ့ Free Template လိုဟာမျိုးတွေ ၊ ပုံစံမျိုးတွေလာရှာပေးပြီးတော့ Designer ကို ဒါမျိုးတွေလုပ်ပေးပါဆိုတာမျိုးဆိုရင်တော့ တော်တော်အခက်အခဲရှိတယ်။

အဲ့တော့ ကျနော်တို့ကရှောင်ရမယ့်အချက်တွေဆိုတာထက် Content Writer က Designer ကို Briefing ပေးချင်လား ၊ ပေးချင်တယ်ဆိုရင် ကျနော်တို့က Design အမြင် ၊ ဗဟုသုတ အနည်းအကျဉ်းရှိမှဖြစ်မယ်။

ဒါကြောင့်မို့လို့ ကျနော်တို့က Content Writer တွေ Design တတ်ထားရင် ပိုကောင်းတယ်ပေါ့နော်။ တတ်ကိုတတ်ရမယ်လို့ကျနော်မပြောဘူး။ တတ်ထားရင်ပိုပြီးတော့ ပိုကောင်းတယ်။ Designer တွေနဲ့ Collab လုပ်တဲ့နေရာတွေမှာ သူတို့ရဲ့အခက်အခဲတွေ ၊ သူတို့အတွက် ဘယ်ဟာကပိုခက်လဲ ၊ ဘယ်ဟာကပိုလွယ်လဲ ၊ ဘယ်ဟာကလုပ်ရတာခက်လဲ အဲ့ဒါမျိုးတွေကိုနားလည်နိုင်မှာဖြစ်တယ်ပေါ့နော်။ ဆိုတော့ အနည်းအကျဉ်း Design မတတ်ဘူးဆိုရင်တောင် Design နဲ့ပတ်သက်တဲ့ ဗဟုသုတအချို့ရှိထားရင် ကျနော်တို့က အကောင်းဆုံးဖြစ်တယ်။

🔷🔷🔷🔷🔷

မေးခွန်းနံပါတ် (၇)

နောက်ထပ်တစ်ခုကတော့ Content Writer တွေဖက်ကနေ သူဖန်တီးထားတဲ့ Content တစ်ခု ပီပြင်ဖို့ Designer တွေနဲ့ပူးပေါင်းရတဲ့အခါ ဘယ်လို Conflict တွေဖြစ်လာနိုင်တယ်ဆိုတာနဲ့ ဘာတွေကိုရှောင်ရမလဲဆိုတာလေးလည်း သိချင်ပါတယ်။

အဖြေ။ ။

နံပါတ် (၇) ရဲ့ Solution ကတော့ ရှင်းပါတယ်။ Conflict မဖြစ်ချင်ဘူးဆိုရင် အရင်ဦးဆုံး Brainstorming လုပ်ရမယ်။ ကိုယ်ရေးထားတဲ့ပုံစံနဲ့ Designer နဲ့လုပ်လို့ရတဲ့ ပုံစံတစ်ခုကို meeting တစ်ခုလုပ် ၊ Brainstorm လုပ်ပြီး အရင်ဦးဆုံးဆွေးနွေးဖို့ လိုတယ်။ ဒါပေမဲ့ ဒီဖက်ခေတ်မှာပြဿနာကဘာလဲဆိုတော့ အဲ့ဒါမျိုးတွေမလုပ်တော့ဘူး။ အဲ့ဒါမျိုးတွေမဆွေးနွေးချင်တော့ဘူး ၊ အချိန်လည်းမပေးချင်တော့ဘူး။

Content Writer က သူရေးစရာရှိတာရေး ၊ Designer ကို သူတို့ပို့ပစ်လိုက်တယ်။ တစ်ခါတလေကျရင် work from home ဆို‌တော့ messenger group ထဲကနေပဲပို့တယ်။ Content Writer က ရေးလိုက်တဲ့ဟာကို Designer က ဖတ်။ ပြီးရင် Designer ကလည်း သူနားလည်သလိုလုပ်ပေါ့။ Designer ကလည်း ပြန်မမေးဘူး။ ဆိုတော့အဲ့ဒီလိုပြဿနာမျိုးတွေဖြစ်တယ်ပေါ့နော်။ တကယ်တမ်းလုပ်ရမယ့် Procedure ကတော့ ဟိုးအရင်တုန်းက ကျနော်တို့ ရုံးတက်ရုံးဆင်း ရုံးတွေမှာကျနော်တို့ အလုပ်လုပ်သလိုမျိုးပဲ … Online ကနေဆိုရင်လည်းပေါ့နော် ၊ Content ရလာပြီဆိုရင် အချိန်ရှိခဲ့ရင်ပေါ့နော် ၊ Video Conference လေးခေါ်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Content က ဘယ်လိုပုံစံနဲ့ရေးထားတယ် ၊ ဘယ်လိုပုံစံလေးပြောချင်တာဆိုပြီးတော့ Story Telling လို ပုံစံမျိုးလေးတစ်ခုခုကို Designer ကို နည်းနည်းလေးပြောပြသင့်တယ်။

အဲ့ဒီအခါကျရင်လည်း Designer က ပြန်ပြောလိမ့်မယ်။ ဒါကတော့ဖြစ်နိုင်တယ် ၊ ဒါကတော့မဖြစ်နိုင်ဘူးဆိုတာတွေကိုပေါ့။ အရင်ဦးဆုံးတော့ ကျနော့်အမြင်ပြောရရင်တော့ Conflict တွေမဖြစ်ချင်ဘူးဆိုရင် Brainstorming လုပ်တာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ စစချင်းမှာတော့ အချိန်လေး may be (၁) နာရီ (၂) နာရီလောက်ပေးရနိုင်တယ်။ ဒါပေမဲ့နောက်ပိုင်းကိစ္စတွေမှာတော့ တော်တော်လေး ရှောရှောရှူရှူဖြစ်သွားနိုင်တယ်။

အခုပြဿနာကကျတော့ Content Wirter ကလည်း သူရေးချင်တာရေးတယ်။ Designer ကလည်းဖတ်တယ်။ သူနားလည်သလိုဆွဲတယ်။ အဲ့တော့ ကျနော်တို့က အချိတ်အဆက်မမိဘူး။ မမိဘူးဆိုလည်း တစ်ယောက်နဲ့တစ်ယောက်မပြောကြဘူး။ ကြိတ်ခံကြတယ်။ ဆိုတော့ အဲ့လိုမျိုးပေါ့နော်။

Content Writer ကလည်း သူရေးတာတွေကို Designer က မလုပ်တတ််ဘူး ၊ မလုပ်နိုင်ဘူး။ Desinger ကျတော့လည်း Content ဘဲက ဘာတွေလျှောက်ရေးမှန်းမသိဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်တယ်ပေါ့နော်။

ဒါကြောင့် ကျနော်ကအကြံပေးချင်တာကတော့ … Content တစ်ခုထွက်လာပြီ ၊ Content Calendar ကျလာပြီ ၊ တစ်လစာထွက်လာပြီဆိုရင် Designer နဲ့ အရင်ဦးဆုံး Brainstorming လုပ် ၊ Meeting လုပ် ၊ ဆွေးနွေး ၊ လိုချင်တဲ့ပုံစံတွေပြောပြ။ Designer ဖက်ကလည်း ဖြစ်နိုင်လားမဖြစ်နိုင်လားပြန်ပြောပြပြီး ဆွေးနွေးသင့်တယ်လို့ထင်ပါတယ်။

🔷🔷🔷🔷🔷

မေးခွန်းနံပါတ် (၈)

နောက်ဆုံးအနေနဲ့ကတော့ Content Writer တွေအနေနဲ့ Graphic Designer တွေကို အကူအညီပေးနိုင်တဲ့ အခြားထင်မြင်ယူဆချက်လေးတွေရှိဦးမယ်ဆိုရင်လည်း ပြောပြပေးစေချင်ပါတယ်ခင်ဗျ။

အဖြေ။ ။

နံပါတ် (၈) ကတော့ ကျနော်အပေါ်မှာလည်းပြောပြီးခဲ့ပါပြီ။ ဆိုတော့ အပေါ်ကပြောတဲ့အချက်တွေကိုသာ ကောင်းကောင်းမွန်မွန်လုပ်လိုက်မယ်ဆိုရင်တော့ Content Writer နဲ့ Designer တွေကြားမှာ အခက်အခဲမရှိဖြစ်သွားနိုင်တယ်ပေါ့နော်။ အဲ့ဒီတော့ အရေးကြီးဆုံးကတော့ ကျနော်တို့က တစ်ယောက်ရဲ့ Professional ကို တစ်ယောက်က နားလည်ဖို့လိုတယ်။ မဟုတ်ရင် ကျနော်တို့ ပူးပေါင်းလုပ်ဆောင်ဖို့ခက်ခဲတယ်။

ပြောချင်တာကတော့ Content Writer ကပဲ Designer တွေရဲ့အခက်အခဲကို နားလည်နေရမှာမဟုတ်သလို ၊ Designer ဖက်ကလည်း Content Writer ရဲ့ပုံစံ ၊ ရေးချင်တဲ့အရေးအသားပုံစံ ၊ Content Writing နဲ့ပတ်သက်ပြီးဗဟုသုတ သူ့မှာလည်း အကြမ်းဖျင်းဗဟုသုတရှိထားရင်ကောင်းတယ်။

Content Writer ဖက်ကလည်း Design နဲ့ပတ်သက်တဲ့ဗဟုသုတ အကြမ်းဖျင်းရှိထားဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က တကယ်တမ်းပြောရရင် Design ရော Content ရောက နှစ်လွှာပေါင်းမှ တစ်ရွက်လိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့် ကိုယ့်မြင်းကိုယ်ထင်ရာစိုင်းပြီး စီးနေကြမယ်ဆိုရင်တော့ ဒီနှစ်ခုက ဘယ်တော့မှချိတ်ဆက်မိပြီး အံဝင်ခွင်ကျရှိနေမှာမဟုတ်ဘူးပေါ့နော်။

အဲ့တော့ ကိုယ်ရေးထားတဲ့ Content ရဲ့ပုံစံနဲ့ Design နဲ့က ချိတ်ဆက်မှုရှိရမယ်။ တစ်သွေးတည်း တစ်သားတည်းဖြစ်ရမယ်။ အဲ့လိုဖြစ်ဖို့က တစ်ယောက်ရဲ့ပညာရပ်ကို တစ်ယောက်ကအကြမ်းဖျင်းအားဖြင့် နားလည်နေဖို့လိုတယ်။

ဒါကြောင့်မို့လို့ ကျနော်တို့က ဒီ (၂) ခုသည် ကိုယ်ကရေရှည်လုပ်စားမယ် ၊ ရေရှည် Content Writer အဖြစ်လုပ်တော့မယ်လို့ရည်ရွယ်ထားတယ်ဆိုရင် Design နဲ့ ပတ်သက်တဲ့ Process တွေကို ကျနော်တို့ အနည်းငယ်သင်ယူထားဖို့လိုတယ်။

Designer တစ်ယောက်အနေနဲ့ကလည်း ကိုယ်က Social Designer အဖြစ်နဲ့ပဲ အသက်မွေးတော့မယ်။ Content Writer နဲ့ပဲ ပူးပေါင်းပြီးလုပ်ဆောင်ရတော့မယ် ၊ နပမ်းလုံးပြီး အမြဲတမ်းသွားရတော့မယ်ဆိုရင် Content Writing နဲ့ပတ်သက်တဲ့ အခြေခံသဘောတရားလေးတွေကို နားလည်ထားဖို့လိုတယ်လို့ အကြံပေးချင်ပါတယ်။




ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ .... " ကဆုန်လပြည့် " (ဗုဒ္ဓနေ့)
22/05/2024

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ .... " ကဆုန်လပြည့် " (ဗုဒ္ဓနေ့)

ဒီရက်ပိုင်း Result တွေ သိပ်မကောင်းပါ...စိတ်ဓာတ် ကျအောင်ပြောတာတော့မဟုတ်ဘူး….ခုရက်ပိုင်း Boost မယ့်သူတွေ ဒေါ်လာအများကြီး မ...
16/05/2024

ဒီရက်ပိုင်း Result တွေ သိပ်မကောင်းပါ...
စိတ်ဓာတ် ကျအောင်ပြောတာတော့မဟုတ်ဘူး….

ခုရက်ပိုင်း Boost မယ့်သူတွေ ဒေါ်လာအများကြီး မသုံးသင့်သေးပါဘူး....
Page Reach တွေ Engagement တွေ မကျအောင်သာ ဒေါ်လာလေးနဲနဲသုံးပီး မှေးထားသင့်ပါတယ်….

ဘာလို့ဆို အယောက် 100 Boost ရင် အယောက် 60 က Result မကောင်းတာ တွေ့ရပါတယ်...

ဒေါ်လာဈေးလည်း တက်လာသလို
လိုင်းလည်းမကောင်း မီလည်းပျက်တော့
အခြေအနေမကောင်းပါဘူး...

စာဝင်ရင်လဲ မရောင်းရတာက များနေကြပါတယ်

ဒါကြောင့်...

✅ Page Promote ဖြစ်ဖြစ်လုပ်ထားကြပါ

✅ Engagement ပိုစ့်တွေ များများတင်ကြပါ

အကြံဉာဏ်များလိုရင် ချက်ဘောက်ကနေ အကြံလာတောင်းနိုင်ပါတယ်နော်...

Page Owner များ Business Owner များ အဆင်ပြေကြပါစေ....


Happy Mother's Day ...ကမ္ဘာပေါ်ရှိ မိခင်တိုင်းကို လေးစားဂုဏ်ပြုရင်းသာယာပျော်ရွှင်သော မိခင်များနေ့ ဖြစ်ပါစေကြောင်း...ဆုမွ...
12/05/2024

Happy Mother's Day ...

ကမ္ဘာပေါ်ရှိ မိခင်တိုင်းကို လေးစားဂုဏ်ပြုရင်း
သာယာပျော်ရွှင်သော မိခင်များနေ့ ဖြစ်ပါစေကြောင်း...

ဆုမွန်ကောင်းတောင်းလျက် ...
“Happy Mother’s Day”

*** နှစ်သစ်ဆုတောင်း ***မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင်စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများ ပြည့်၀ပြီးစီးပွားရေး...
17/04/2024

*** နှစ်သစ်ဆုတောင်း ***

မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင်
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများ ပြည့်၀ပြီး
စီးပွားရေးများ တိုးတက်အောင်မြင်ပါစေကြောင်း

AMEN Digital Services မှ နှစ်သစ်ဆုမွန်ကောင်း
တောင်းအပ်ပါတယ် ...

AMEN l Digital Services
Best Services For You !


📈 Boost Result လေးတွေ ... 🥰🤩ယုံကြည်စွာနဲ့ လက်တွဲပေးတဲ့ လုပ်ငန်းရှင်ကြီးများကို ကျေးဇူးတင်ရှိပါတယ်ဗျာ 🥰Content, Design, B...
05/02/2024

📈 Boost Result လေးတွေ ... 🥰🤩

ယုံကြည်စွာနဲ့ လက်တွဲပေးတဲ့ လုပ်ငန်းရှင်ကြီးများကို ကျေးဇူးတင်ရှိပါတယ်ဗျာ 🥰

Content, Design, Boosting, Media Buying, Marketing Consultant စတာတွေအတွက် AMEN Digital Services က အကောင်းဆုံး ၀န်ဆောင်မှုတွေနဲ့ ဆောင်ရွက်ပေးနေပါပြီ ... ✌️

အချိန်မဆွဲဘဲ အမြန်ဆုံး Chatbox ကနေ Hi လိုက်တော့နော် ..


Address

Nwe Ni 3rd Street, North Okkalapa
Yangon
11031

Alerts

Be the first to know and let us send you an email when AMEN Digital Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AMEN Digital Services:

Share