Digital Culture Myanmar

Digital Culture Myanmar We are one of the biggest Digital Marketing Team in Myanmar. Be a happy family with the souls connec

✅Brand နဲ့ပတ်သတ်လို့ ကမ္ဘာအရပ်ရပ်က ပညာရှင်အများအပြားမှ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုခဲ့ကြပါတယ်။သေချာတာတစ်ခုကတော့ Brand ဆိ...
26/04/2023

✅Brand နဲ့ပတ်သတ်လို့ ကမ္ဘာအရပ်ရပ်က ပညာရှင်အများအပြားမှ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုခဲ့ကြပါတယ်။

သေချာတာတစ်ခုကတော့ Brand ဆိုတာနဲ့ အများနဲ့ကွဲထွက်အောင်သက်မှတ်လိုက်တာပါပဲ။ စျေးကွက်ထဲမှာ Same Product ချင်းတူရာမှ မတူအောင် ‌Brand Identity တစ်ခုခုနဲ့ သက်မှတ်လိုက်တာပဲဖြစ်ပါတယ်။ Same Brand ဆိုပြီးချွတ်ဆွတ်တူတာမရှိပါဖူး တူမယ်ဆိုရင်တောင် 🚩နိုင်ငံ Brand တူတာမျိုးလောက်ရှိမယ်။

စွန့်ဦးတီထွင်မယ့် လုပ်ငန်းရှင်များအတွက် Business Brand နဲ့ Personal Brand ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ 💰Business Brand ဆိုရင် စီးပွားရေးထုတ်ကုန်နဲ့ ကုမ္ပဏီဆိုင်ရာအတွက်တည်ဆောက်ထားသင့်ပြီး Soft Skill ဖြစ်တဲ့ 👨‍🎓Personal Brand ကိုလည်း ခုကတည်းကတည်ဆောက်ထားသင့်ပါတယ်။

အောင်မြင်တဲ့နယ်ပယ်က သူတွေကိုကြည့်လိုက်ပါ 🎖️Brand နှစ်မျိုးစလုံးကို ခိုင်ခိုင်မာမာတည်ဆောက်ထားတာတွေ့ရပါလိမ့်မယ်။

For more information: 👇👇👇
www.digitalculturemm.company.site

မင်္ဂလာရှိတဲ့ နှစ်သစ်အခါမှာ အားလုံးပဲ စီးပွားလာဘ်ရွင်ပြီး ကျန်းကျန်းမာမာ အေးအေးချမ်းချမ်း နေနိုင်ကြပါစေလို့ Digital Cult...
17/04/2023

မင်္ဂလာရှိတဲ့ နှစ်သစ်အခါမှာ အားလုံးပဲ စီးပွားလာဘ်ရွင်ပြီး ကျန်းကျန်းမာမာ အေးအေးချမ်းချမ်း နေနိုင်ကြပါစေလို့ Digital Culture Myanmar မှဆုတောင်း ဂါရ၀ပြုလိုက်ပါတယ်... 🙏

သင်သာ Smart ကျတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုရင် ခေါင်းစားခံမနေပါနဲ့တော့ DC Myanmar မှာ...😇  မိတ်ဆွေအနေနဲ့လည်း ခေါင်းစားစရာမ...
29/03/2023

သင်သာ Smart ကျတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုရင် ခေါင်းစားခံမနေပါနဲ့တော့ DC Myanmar မှာ...😇 မိတ်ဆွေအနေနဲ့လည်း ခေါင်းစားစရာမလိုပဲ ရလဒ်ကောင်းတွေရချင်တယ်ဆိုရင် ဘယ်လို Service မျိုးသုံးသင့်သလဲဆိုတာသိရအောင် Messanger မှာလာ Hi လိုက်နော်

Special One !!!
24/03/2023

Special One !!!

24/01/2021

B for Beers

17/09/2020


Creative Thinking ဆိုတာဘာလဲ? သိတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေလည်း ရှိကြမှာပါ။အခြေခံအားဖြင့်တော့ Creative Thinking ဆိုတာ ...
07/11/2019

Creative Thinking ဆိုတာဘာလဲ?
သိတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေလည်း ရှိကြမှာပါ။

အခြေခံအားဖြင့်တော့ Creative Thinking ဆိုတာ အကြောင်းအရာကိစ္စတစ်ခုကို အခြားရှုထောင့်တစ်ခုကနေ ပြောင်းကြည့် ပြီးစဉ်စားတဲ့နည်းလို့ အဓိပ္ပါယ်ဖွင့်မယ်ဆိုဖွင့်နိုင်ပါတယ်။

တစ်နည်းအားဖြင့်ပြောရရင်တော့ ( ဘောင် ) အပြင်ကနေစဉ်စားတွေးခေါ်တယ်ပေါ့ ဘယ်လိုတားမြစ်ချက်မျိုးမှ မထားဘဲ အတွေးအခေါ်တွေကို လွတ်လပ်ခွင့်ပေးထားတယ်လို့ လည်းပြောနိုင်ပါတယ်။

တီထွင်ဖန်တီးမှုတွေရှိတဲ့လူတွေဟာလည်း သမားရိုးကျမဟုတ်တဲ့ တွေးခေါ်မှုမျိုး (Lateral thinking) ဒါမှမဟုတ် ရုတ်တရက်သတိမထားမိစရာ အကြောင်းတွေကို တွေးမြင်သိနိုင်တဲ့ စွမ်းရည်မျိုးတွေရှိတတ်ပါတယ်။

Lateral thinking ကိုအသုံးချလေ့ရှိတဲ့ လူတွေထဲကနာမည်ကြီးတစ်ယောက်ကတော့ အင်္ဂလိပ်စာရေးဆရာကြီး Sir Arthur Conan Doyle ရဲ့နာမည်ကြီးဇာတ်ကောင် Sherlock Holmes ဖြစ်ပါတယ်။ သူက ဘယ်သူမှထင်မှတ်မထားတဲ့အရာတွေကို အမြဲသတိပြုလေ့ရှိပြီး အမှုရဲ့အရေးကြီးဆုံး သဲလွန်စကိုရှာဖွေလေ့ရှိတာကို Sherlock Holmes ပရိသတ်တိုင်းသိကြမှာပါ အဲ့တာက Sherlock ရဲ့ Creativity နဲ့ Lateral thinking စွမ်းရည်ဘဲဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုရှိတဲ့လူတွေတိုင်းဟာ စိန်ခေါ်မှုတွေ၊ တာဝန်ယူမှုတွေ၊ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းအသစ်တွေကို အမြဲအားထုတ်ပြီး ရှာဖွေနေလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ရဲ့လုပ်ငန်းခွင်ထဲကို လတ်ဆတ်တဲ့ အတွေးအခေါ်ကောင်းတွေနဲ့သာမန်ထက်လွန်ကဲတဲ့ အတွေးအခေါ်သစ်တွေကို ဆောင်ယူလာလေ့ရှိတတ်ပါတယ်။

အဲ့လိုအတွေးအခေါ်တွေဟာ သူရှိနေတဲ့အဖွဲ့အစည်း၊ ဌာနခွဲအတွက် တန်ဖိုးရှိတဲ့ လမ်းညွှန်ချက်တွေဘဲဖြစ်ပါတယ်။ ဒီလိုအချက်အလက်တွေကြောင့်ဘဲ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့သူတွေဟာ သူရဲ့ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်အတွက် အရမ်းကိုတန်ဖိုးရှိပါတယ်။

တချို့ကသဘာဝအတိုင်း တီထွင်ဖန်တီးနိုင်စွမ်းရှိသလို အလေ့အကျင့်တစ်ခုအနေနဲ့လည်း Creative Thinking ကို ကျင့်ယူနိုင်ပါတယ်။ ဉာဏ်စမ်း တွေဆော့ရင်း သင့်ရဲ့မထင်မှတ်တဲ့ယူဆချက်တွေကို ဂရုတစိုက်စဉ်စားကြည့်တာမျိုးတွေနဲ့ သင်ရဲ့ Creative thinking ကို မြှင့်တင် ကျင့်ယူနိုင်ပါတယ်။ ဘယ်အရာကိုမဆို လေးနက်တဲ့ အဓိပ္ပါယ်တွေကို ဖြန့်ကျက်ပြီး ပေါ့ပေ့ါပါးပါး စိတ်ကူးကြည့်ပါ
Mind is limitless ဆိုတဲ့သဘောကို တွေ့ရပါလိမ့်မယ်။

ဘယ်လိုဖြစ်ညှစ်ပြီး Thinking လုပ်လုပ်ထွက်မလာပါဖူး ဆိုရင်အကောင်းဆုံးနည်းလမ်းကတော့
" အစ " လေးတစ်စလောက်ပဲအရင်ရှာပါ။ ပြီးမှ နဲနဲချင်းစီဆွဲထုတ်ကြည့်ပါလိုက်ပါ။ ကိုယ်ရဲ့
Creative Idea တွေထွက်လာပါလိမ့်မယ်။Thinking လုပ်လို့ အကောင်းဆုံးအချိန်ကတော့ မနက် ၃ နာရီကနေ ၅ နာရီလောက်အထိဖြစ်ပါတယ်တဲ့။

Thinking တွေအများကြီး လုပ်ပြီးပြီဆိုရင်တော့ " Do " ဆိုတာလေးကိုလဲ မမေ့ကြနဲ့အုံးနော်။

တစ်ခြားအမြင်လေးတွေရှိမယ်ဆိုရင်လဲ Commend မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်

02/10/2019

အရောင်းသွက် ပိုစ့် တစ်ခု တင်တော့မယ်ဆိုရင်...🧐Demographic နည်းပညာအောင်မြင်လာတဲ့ နောက်ပိုင်း လုပ်ငန်းရှင် တော်တော်များများ...
29/09/2019

အရောင်းသွက် ပိုစ့် တစ်ခု တင်တော့မယ်ဆိုရင်...🧐

Demographic နည်းပညာအောင်မြင်လာတဲ့ နောက်ပိုင်း လုပ်ငန်းရှင် တော်တော်များများ မျက်စိကြလာတဲ့ အွန်လိုင်း မားကတ်ကြီးထဲမှာ ဈေးဗန်းဝင်ခင်းဖို့ သာမန်လောက်နဲ့ အလုပ်မဖြစ်တော့ပါဖူး….

ကိုယ်ရဲ့ Post တစ်ခုက သာမန်ထက်ထူးကဲနေဖို့
သိသင့်တဲ့ အချက် ( ၅ ) ချက်ရှိပါတယ်….

📈 Meaningful Visual 📈

ကိုယ့်ရဲ့ Post တစ်ခုမှာ လူတွေအရင်ဆုံးမြင်တာ ပုံကိုပါ။ အရမ်း လှပနေစရာမလိုဖူးနော်....
ကိုယ်ပေးချင်တဲ့ Content ရဲ့ 50% လောက်ကပုံမှာ ရှိနေဖို့လိုတယ်။ Meaningful ဖြစ်ပြီ Header နဲ့ လိုက်ဖက်နေဖို့လိုပါတယ်။
Header တစ်ခုက အရမ်းအရေးကြီးပါတယ်။
ကိုယ်ရဲ့ Header က ဖျက်ကနဲ ဆိုလက်ကနဲ ပေါ်နေပါစေ။

📈 See More…. 📈

Header ကိုကြိုက်လို့ ဝင်ဖတ်ပြီဆိုပါစို့ Head Line
၂ ကြောင်း ၃ ကြောင်းမှာ Content တစ်ပုဒ်လုံးရဲ့ အမြည်း
သို့မဟုတ် စိတ်ဝင်စားအောင် ဖော်ပြထားဖို့လိုပါတယ်။
အဲ့တာမှ See More ကို ဆက်နှိပ်မှာပါ။

📈 Problem 📈

ပုံမှန် Sale တစ်ခုမှာ Skill တွေလိုအပ်သလို
အရောင်း ပိုစ့် အတွက် Content ရေးမယ်ဆိုရင်
အစီအစဉ်တစ်ကျ တည်ဆောက်ဖို့လိုအပ်ပါတယ်။
အဲ့ဒီထဲမှာမှ Problem နဲ့ Pain Point လေး
တွေထည့်မယ်ဆိုရင် ကိုယ့် Customer တွေရဲ့
ရင်ထဲကို ပိုပြီးထိစေမှာပါ။
( For Example - ဝက်ခြံပျောက်ဆေးအတွက် ဝက်ခြံထွက်တာကြောင့် လူမှုရေးကျန်းမာရေး အဆင်မပြေဖြစ်ခြင်းကို ထောက်ပြထားခြင်း )

📈 Solution 📈

စဉ်းစားကြည့်ပါ ကျနော်တို့က ဝက်ခြံပျောက်ဆေးကိုရောင်းနေတာမဟုတ်ပါဖူး
ဝက်ခြံထွက်နေတာကို ပျောက်ဖို့အတွက် Solution ကို
ရောင်းတာပါ။
ကိုယ်ရောင်းမဲ့ Product က Solution ကောင်းကောင်းပေးနိုင်ပါစေ။

📈 CTA ( Call To Action )📈

ပုံကနေစပြီး အဆင့်ဆင့်နဲ့ စိတ်ဝင်စားအောင် ဆွဲခေါ်လာပြီဆိုပါစို့…
Buyer Temperature High Lvl ရောက်နေတဲ့ အချိန်မှာ
အဆင်သင့် ဖုန်းဆက်ဖို့ နံပါတ်လေးထားပေးတာ
Message ပို့ဖို့ အဆင်သင့်လုပ်ပေးတာ
Web Site ကို Visit ဖို့ Lead Bottom လေးထားပေးတာက
ဝယ်ယူမယ်သူအဖို့ လွယ်ကူစေမှာပါ။

ဒါကတော့ လွယ်ကူပြီးထိရောက်တဲ့ အရောင်း ပိုစ့် formula လေးပါ။

ထင်မြင်ချက်လေးတွေရှိရင် Commend မှာ
လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်။
မေးမြန်းချင်တာလေးရှိရင် Messenger မှာလဲမေးမြန်းနိုင်ပါကြောင်း နဲ့
Like and Share လုပ်ပြီး ဝေမျှခြင်းဖြင့်လည်း ကုသိုလ်ယူနိုင်ပါတယ်။

Good Luck!!!!

✌️✌️✌️

ဘီလ်ဂိတ်ကိုတော့ တော်တော်များများသိကြလိမ်မယ်ထင်တယ်...သူ့ရဲ့အတွေအကြုံလေးကို   လေးလုပ်ပြီး   မယ်နော်...ဘီလ်ဂိတ်က သူတွေ့ကြုံ...
19/09/2019

ဘီလ်ဂိတ်ကိုတော့ တော်တော်များများသိကြလိမ်မယ်ထင်တယ်...

သူ့ရဲ့အတွေအကြုံလေးကို လေးလုပ်ပြီး မယ်နော်...

ဘီလ်ဂိတ်က သူတွေ့ကြုံခဲ့ရတဲ့
ဇာတ်လမ်းတစ်ပုဒ်ကို အခုလို ပြောပြခဲ့ပါတယ်။

- ကျွန်တော် အဲဒီအချိန်တုန်းက မချမ်းသာသေးပါဘူး။
လူသိလည်း မများသေးပါဘူး။ တစ်နေ့ နယူးယောက်
လေဆိပ်မှာ သတင်းစာရောင်းသူ တစ်ဦးနဲ့ ဆုံခဲ့ပါတယ်။

- ကျွန်တော် သတင်းစာ တစ်စောင်ကို ဝယ်ချင်ခဲ့တယ်။
ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံအကြွေမရှိမှန်း
ငွေပေးခန်းနီးမှ သိခဲ့ရတယ်။ ဒါနဲ့ ဝယ်ချင်တဲ့ဆန္ဒကို
မျိုသိပ်ပြီး အဲဒီသတင်းစာကို ရောင်းတဲ့သူဆီ
ပြန်ပေးလိုက်တယ်။

ကျွန်တော့်မှ အကြွေမပါကြောင်း သူ့ကို ပြောပြပါတယ်။
ဒါနဲ့ “ဒီစာစောင်ကို အလကားပေးပါတယ်၊ ယူပါ” လို့
သတင်းစာရောင်းသူက ပြောပါတယ်။
သူက မရမက ဇွတ်အတင်းပေးတာကြောင့်
ကျွန်တော် အဲဒီသတင်းစာကို ယူသွားလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ရက်သတ္တပတ် နှစ်ပတ်၊
သုံးပတ်လောက်အကြာမှာ အဲဒီလေဆိပ်မှာ
ပြန်ဆိုက်ခဲ့ပါတယ်။ သတင်းစာ ဝယ်ဖို့ အကြွေမပါဘူး။
သတင်းစာ ရောင်းသူက သတင်းစာ
တစ်စောင် အလကား ပေးပြန်ပါတယ်။

“ကျွန်တော် ဒီနေ့လည်း အကြွေ မပါပြန်ဘူး။ ဒါ့ကြောင့်
ကျွန်တော် ဒီသတင်းစာကို မယူနိုင်ပါဘူး” လို့
ငြင်းဆန်လိုက်ပါတယ်။

“သင် ယူသွားလိုက်ပါ။ ကျွန်တော် အမြတ်ငွေလေးရှိလို့
သင့်ကို အလကားပေးနိုင်တာပါ။ ကျွန်တော့် မရှုံးပါဘူး။
ဒီနေ့ ရောင်းကောင်းပါတယ်” လို့ သူက ပြောပါတယ်။
ဒါနဲ့ ကျွန်တော်လည်း အဲဒီသတင်းစာကို
ယူသွားလိုက်ပါတယ်။

နောက်၊ ၁၉ နှစ်အကြာမှာ ကျွန်တော်ဟာ လူသိများတဲ့
ပုဂ္ဂိုလ်၊ ကျော်ကြားတဲ့သူ တစ်ဦး ဖြစ်လာပါတယ်။
ရုတ်တရက်ဆိုသလို၊ သတင်းစာရောင်းသူကို
ကျွန်တော် သတိရပါတယ်။ ဒါနဲ့ အဲဒီနေ့က စပြီး
သူ့ကို ရှာပုံတော် ထွက်ပါတော့တယ်။
တစ်လခွဲလောက် ရှာပြီးတဲ့နောက်မှာ
ကျွန်တော် သူ့ကို တွေ့ခဲ့ပါတယ်။

“ကျွန်တော့်ကို သိပါသလား” လို့ သူ့ကို မေးလိုက်ပါတယ်။
“သိပါတယ်၊ သင်ဟာ ဘီလ်ဂိတ်ပဲ” လို့
သူက ပြန်ဖြေပါတယ်။

“ဟို အရင်တစ်ခေါက်က၊ ကျွန်တော့်ကို
သတင်းစာ တစ်စောင် အလကားပေးခဲ့တာ မှတ်မိသေးလား” လို့ သူ့ကို ပြန်မေးပါတယ်။

“ဟုတ်ကဲ့၊ ကျွန်တော် မှတ်မိတာပေါ့။
သင့်ကို နှစ်ကြိမ် အလကားပေးခဲ့တယ်လေ။” လို့
သတင်းစာ ရောင်းသူက ပြန်ဖြေပါတယ်။

“အဲဒီတုန်းက၊ သင် ကျွန်တော့်ကို ကူညီခဲ့တဲ့အတွက်
ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ သင့်ဘဝမှာ လိုအပ်တာရှိရင် ကျွန်တော့်ကို ပြောပါ။ ဖြည့်ဆည်းပေးပါ့မယ်”လို့
ကျွန်တော် သူ့ကို ပြောပါတယ်။

“ဆရာရယ်၊ သင်က အဲလို ကျေးဇူးပြုလိုက်လို့
အဲဒီ ကျွန်တော် ကူညီခဲ့တဲ့အရာကို ပြန်ဆပ်နိုင်မယ်လို့
မထင်ပါနဲ့”လို့ သတင်းစာရောင်းသူက
ကျွန်တော့်ကို ပြောပါတယ်။

“ဘာဖြစ်လို့လဲ” လို့ ကျွန်တော် ပြန်မေးလိုက်တယ်။

“ကျွန်တော်ဟာ ဆင်းရဲတဲ့ သတင်းစာရောင်းသူ
တစ်ဦးဖြစ်တဲ့အချိန်မှာ သင့်ကို ကျွန်တော် ကူညီခဲ့တယ်။
သင်ဟာ အခု ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသူ
ဖြစ်တဲ့အချိန်မှာ ကျွန်တော်ကို ကူညီချင်နေတာ ဖြစ်တယ်။ ကျွန်တော့်ရဲ့ ကျေးဇူးကို ဘယ်လိုလို့ ပြန်ဆပ်နိုင်မှာလဲ” လို့ သူက ပြောပါတယ်။

“အဲဒီနေ့က စပြီး ကျွန်တော် အသိတစ်ခု ရခဲ့ပါတယ်။
သတင်းစာရောင်းသူဟာ ကျွန်တော့်ထက်
ပိုပြီးချမ်းသာတဲ့သူ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့
သူဟာ တစ်ဦးတစ်ယောက်ကို ကူညီဖို့ သူ ချမ်းသာတဲ့အထိ မစောင့်ခဲ့လို့ပဲ ဖြစ်တယ်။”

အမှန်တကယ် ချမ်းသာတဲ့သူဆိုတာ
ငွေကြေးအမြောက်အများ ချမ်းသာတာထက်
ချမ်းသာကြွယ်ဝတဲ့ နှလုံးသားကို ပိုင်ဆိုင်တဲ့သူ ဖြစ်တယ်။ ဒါကို လူတိုင်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဟုတ်ပါတယ်။ အဲလို ချမ်းသာတဲ့ပုဂ္ဂိုလ်မျိုး ရှိနေဖို့
အင်မတန်မှ အရေးကြီးပါတယ်။...................................................................................
တစ်ချို့ကတော့ စေတနာနဲ့ မတန်ကြဖူး
လို့ပြောကြလိမ့်မယ်.....

ဒါပေမဲ့ အကျိုးမမျှော်လင့်တဲ့ စေတနာမှာတော့
တန်ကြေးနဲ့ တိုင်းတာခွင့်မရှိနိုင်ပါဖူး....

ဟုတ်ကြရဲ့လား??

မျှဝေခံစားခြင်းက ကောင်းမွန်တဲ့အရာဖြစ်တဲ့အတွက်
Post လေးကို Like and Share လေးလုပ်ပြီ
စေတနာ ထားပေးကြပါအုံးဗျ။ :-) :-) :-)

ထင်မြင်ချက်လေးများရှိရင်လဲ "မန့်" ခဲ့အုံးနော်။

အကြံဉာဏ်ကောင်းတစ်ခုအတွက် အရေးအကြီးဆုံးက စိတ်ကူးကစတာပါပဲ...ဒါပေမဲ့လူတော်တော်များများ ကြုံတွေ့နေရတာကတော့ စိတ်ကူးကနေ ရှေ့ကိ...
17/09/2019

အကြံဉာဏ်ကောင်းတစ်ခုအတွက် အရေးအကြီးဆုံးက စိတ်ကူးကစတာပါပဲ...

ဒါပေမဲ့လူတော်တော်များများ ကြုံတွေ့နေရတာကတော့
စိတ်ကူးကနေ ရှေ့ကိုမတက်နိုင်တော့ပဲ ဖြစ်နေတာပါ။

စိတ်ကူးယဉ်တယ်ဆိုတာ Relax တစ်ခု အနေနဲ့သာ အသုံးပြုမယ်ဆိုရင်တော်တာ် ပျော်စရာကောင်းလှပါတယ်။

ကိုယ်ကြိုက်တဲ့ မင်းသမီးတစ်ယောက်ယောက်နဲ့ ညားတဲ့စိတ်ကူးမျိုး၊ မော်ဒိုက်ကမ်းခြေမှာ မိသားစုလိုက် ရေကူးအပန်းဖြေတဲ့စိတ်ကူးမျိုး၊ ငွေရေးကြေးရေးဂရုစိုက်စရာမလိုပဲ တစ်ကမ္ဘာလုံးပတ်နေတဲ့ စိတ်ကူးယဉ်မှုမျိုးတွေက တွေက ထ ကချင်လောက်အောင် ပျော်စရာကြီးပါ။

စိတ်ကူးထဲမှာ ပျော်စရာကောပေင်းမဲ့ ကိုယ့်ဘဝက ဘယ်လိုဖြစ်နေလဲဆိုတော့ ကိုင်ချင်တာက မနေ့တစ်နေ့ကထွက်တဲ့ Apple product စားစရာကတော့ ဆန်မရှိဆိုတဲ့အဖြစ်မျိုး။ ဘာပဲဖြစ်ဖြစ် ဒီလိုစိတ်ကူးတွေက ကိုယ့်ကို Entertain လုပ်တော့ တစ်နေ့ကို နည်းနည်းဖြစ်ဖြစ်စိတ်ကူးယဉ်လို့ရပါတယ်။

ဒါပေမဲ့ အချိန်အခါရယ်လို့သတ်မှတ်ထားရသလို လက်တွေ့လုပ်ဆောင်ဖို့လည်း လိုတာပေါ့။ ဥပမာ တစ်နေကုန်ထိုင်စားနေပြီး ဝိတ်ကျတယ်လို့ပဲ စိတ်ကူးယဉ်နေလို့မရဘူးလေ။ ဝိတ်ကျချင်တယ်ဆိုရင်လည်း စွတ်စားတာတွေလျှော့ပြီး ဝိတ်ကျအောင်လေ့ကျင့်ခန်းတွေလုပ်ရမှာပေါ့။

ကိုယ်က ချမ်းသာချင်တယ်ဆိုရင်လည်း ပညာတွေရှာ၊အလုပ်တွေကြိုးစားလုပ်ရမှာပေါ့ ဂိမ်းပဲဆော့နေလို့မရဘူးနော်။ ကိုယ်က စိတ်ကူးပဲယဉ်နေတဲ့ စိတ်ကူးယဉ်သမားတစ်ယောက်မဖြစ်ဖို့တော့ အရေးကြီးတယ်နော်။

စိတ်ကူကနေကော လက်တွေ့ဖြစ်မလာနိုင်တော့ဖူးလား ??

သင်တစ်ကယ်လို့ လက်တွေလုပ်ချင်တဲ့ စိတ်ကလေးရှိမယ်ဆိုရင်တော့။

သင့်မှာရှိတဲ့ စိတ်ကူးတွေကို စာအုပ်တစ်အုပ်မှာချရေး၊ အချက်ကျကျ အစီအစဉ်ဆွဲ၊အဆင့်တစ်ခုချင်းစီကို လက်တွေ့လုပ်ဆောင်ကြည့်ပါ။

အခက်အခဲတွေ၊ အတားအဆီးတွေ၊လိုအပ်ချက်တွေကြုံလာပါလိမ့်မယ်။

ဒါပေမဲ့စိတ်မပူပါနဲ့…..

စိတ်ကူကောင်းတွေကနေ လက်တွေတစ်စိုက်မတ်မတ်
ကျမဲ့လုပ်ဆောင်ခြင်းအားဖြင့်၊ အနာဂတ်မှာ အောင်မြင်သူတစ်ယောက်ဖြစ်မှာ မုချသေချာပါတယ်။

စိတ်ကူကောင်းတွေရှိရင် အခုပဲ အသုံးချပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်လိုက်ပြီး
စိတ်ကူးနဲ့ ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေဗျာ...။

သင်သာ “ Smart “ ကျတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုရင် စဉ်းစားကြည့်စေချင်ပါတယ်... 🤔🤔🤔👉  Facebook မှာ Business Page ဖွင့်ထားပြီ...
10/09/2019

ဆိုရင် စဉ်းစားကြည့်စေချင်ပါတယ်... 🤔🤔🤔

👉 Facebook မှာ Business Page ဖွင့်ထားပြီးပြီလား...

👉 Page ကတော့ဖွင့်ထားပါတယ် Page Like တွေပဲတက်သွားပြီး
Sale က ထင်သလောက်မစွံဖူးဖြစ်နေတာလား…

👉 ကိုယ်သုံးလိုက်တဲ့ ကြော်ငြာစရိတ်တွေသာကုန်သွားတယ်သိပ်ပြီး
Reach များပြီး မထိရောက်ဖူး ဖြစ်နေပြီလား…

👉 Direct Sale တွေများပြီး ကိုယ် Customer နဲ့ Engagement တွေနဲနေလို့လား...

👉 Post တင်ဖို့ Design ပိုင်းမှာ အခက်အခဲဖြစ်နေတာလား

👉 Writing မကောင်းလို့ Sale တိုင်းလွဲနေတာလား

👉 Department တစ်ခုစာ Digital Marketing Manager တွေ
Designer တွေ Writer တွေအတွက် ကုန်မဲ့ လစာတွေ၊ ကွန်ပြူတာတွေ၊
ထိုင်ခုံတွေအတွက် Work Space စီစဉ်ပြီးပြီလား….
..................................................................


- Graphic Designer အတွက် Market Designer Service

- Writing မှာ အဆင်မပြေဖြစ်နေသူများအတွက် Content Writer Service

- ထိရောက်မှုအပြင်းဆုံး Content Marketing Service အပြင်

- အခြားလိုအပ်မဲ့ Service များကို ကိုယ့်စိတ်တိုင်းကျ ရွေးချယ်လိုရနိုင်ပါတယ်
..................................................................

စိတ်ကောချလို့ရပါ့မလား ❓

DCMyanmar မှ Team Member များသည် မိမိတို့ ၀ါသနာပါပြီး အားသန်ရာကိုလုပ်ဖို့ ပေါင်းစည်းထားတာဖြစ်ပြီး၊ Marketing အတွက်တစ်ကယ် အသုံးဝင်မဲ့ Training များကိုအထူးလေ့ကျင့် ထားကြပါတယ်ခင်ဗျ။

ကိုယ်နဲ့အတူလက်တွဲမဲ့ သူတွေအတွက်လဲ လုံးဝနစ်နာမှုမဖြစ်ရအောင် Post တစ်ခုချင်စီအတွက် အသေးစိပ် ပူးပေါင်းဆောင်ရွက်မှုများလုပ်ပြီး အမှန်တစ်ကယ် Result ထွက်စေမဲ့ လုပ်ဆောင်ချက်တွေကိုပဲ ပေးတာဖြစ်ပါတယ်။

************************************************************
ခုချိန်မှာ DC Myanmar နဲ့ အတူပူပေါင်းလုပ်ကိုင်ခဲ့တဲ့
လုပ်ငန်းအမျိုးစားတွေကတော့ -

✔ Dental Clinic
✔ CCTV Security
✔ Skin Care
✔ Online Shop
✔ Diet Tea
✔ Weight Loss
✔ Italian Furniture
✔ Clothing
✔ Construction
✔ Restaurants
✔ Gold and Jewellery
✔ Gym Product
✔ Wallpaper and PPC
✔ Maid Service
✔ Fashion Designer

တို့အပြင် အခြားအခြားသော လုပ်ငန်းရှင်များအတွက် ရလဒ်ကောင်းတွေရအောင် ၀န်ဆောင်မှုပေးနိုင်ခဲ့ ပြီးဖြစ်ပါတယ်။

Design Simple များကို အောက်ဖော်ပြပါ Link ထဲတွင်
ဝင်ရောက် လေ့လာနိုင်ပါတယ်နော်

( https://web.facebook.com/pg/dcmyanmar99/photos/?tab=album&album_id=127360835289924 )

( https://web.facebook.com/pg/dcmyanmar99/photos/?tab=album&album_id=125579222134752 )

**************************************************************

*** ယခုလအတွင်း Order တင်မဲ့ ရွှေမိတ်ဆွေများအတွက်
1 Time for Free Promotion ကျန်သေးတဲ့အတွက်
အမြည်းစားကြည့်ဖို့ ဖိတ်ခေါ်ပါရစေဗျ။ ***

မိတ်ဆွေအနေနဲ့လဲ ရလဒ်ကောင်းတွေရချင်တယ် ခေါင်းစားစရာမလိုပဲ Online Process ကို Online မှာတင်လုပ်ချင်တယ် ဆိုရင်တော့ -

Book Now မှာ တိုက်ရိုက် Order တင်နိုင်ပါတယ်
Message မှတစ်ဆင့်လဲ မေးမြန်းနိုင်ပါတယ် ခင်ဗျ။

အသေးစိပ် မေးမြန်ချင်တယ်ဆိုရင်တော့ -

Ph : 09965611794
: 09673169046 သို့ဆက်သွယ်နိုင်ပါတယ်နော်။

************************************************************

Address

Yangon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Digital Culture Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share