Brand Lift Marketing Agency

Brand Lift Marketing Agency We help brands & companies
increase visibility & leads
through strategic marketing.
📩 DM for free audit

အိန္ဒိယနည်းပညာဖြင့် ထုတ်လုပ်ထားသော အဆီပိုကျစေမည့် သဘာဝ green tea ဆေးလက်ဖက်ေြာခက်များအား လက်လီ လက်ကားရောင်းချပေးနေပါပြီ Wholesale and retail of natural green tea leaves made with Indian technology.

07/04/2026
06/04/2026

ပြသနာရဲ့အဖြေက?

06/04/2026

𝐁𝐫𝐚𝐧𝐝 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 ဆိုတာဘာလဲ❓
Brand Strategy ဆိုတာ သင့်ရဲ့လုပ်ငန်းကို customer တွေက ဘယ်လိုမြင်စေချင်လဲ၊ ဘာကြောင့် သင့်ကိုရွေးချယ်သင့်လဲဆိုတာကို အသေးစိတ် စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
သင့်လုပ်ငန်းရဲ့ Brand Strategy ကောင်းလေလေ သင့်လုပ်ငန်းကို လူသိများလာလေလေ၊ customer တွေရဲ့ ယုံကြည်မှုကို ပိုရလာလေလေ ဖြစ်ပါတယ်။
Brand Strategy ကောင်းတစ်ခုမှာ အဓိက ပါဝင်တဲ့အချက်တွေကတော့….
✅𝐌𝐢𝐬𝐬𝐢𝐨𝐧 & 𝐕𝐢𝐬𝐢𝐨𝐧
သင့်လုပ်ငန်းကို ဘာကြောင့် တည်ထောင်ခဲ့တာလဲ။ ဘယ်လိုပြဿနာတွေကို ဖြေရှင်းပေးချင်တာလဲ။ ဘယ်လိုအနာဂတ်ကို ပုံဖော်ချင်တာလဲ။
✅𝐓𝐚𝐫𝐠𝐞𝐭 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞
သင့်ရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို ဘယ်သူတွေအတွက် ရည်ရွယ်ပြီး ဖန်တီးထားတာလဲ။ သူတို့ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲ။
✅𝐁𝐫𝐚𝐧𝐝 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧𝐢𝐧𝐠 သင့်ရဲ့ပြိုင်ဘက်တွေနဲ့ ဘယ်လိုကွာခြားလဲ။ သင့်လုပ်ငန်းရဲ့ ထူးခြားတဲ့ အားသာချက်တွေ (Unique Selling Proposition - USP) က ဘာတွေလဲ?
✅𝐁𝐫𝐚𝐧𝐝 𝐕𝐨𝐢𝐜𝐞 & 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲 သင့်လုပ်ငန်းက ဖောက်သည်တွေနဲ့ ဘယ်လိုစကားပြောမလဲ။ ဖော်ရွေတဲ့ပုံစံလား၊ ကျွမ်းကျင်တဲ့ပုံစံလား၊ ခေတ်မီတဲ့ပုံစံလား စသဖြင့် သတ်မှတ်ထားတာမျိုးပဲဖြစ်ပါတယ်။
Brand Strategy မရှိတဲ့ လုပ်ငန်းတွေဟာ ဦးတည်ရာမဲ့ တဲ့ သင်္ဘောတစ်စင်းနဲ့ တူပါတယ်။
ဘယ်ကိုသွားရမလဲ၊ ဘယ်လိုသွားရမလဲ မသိတဲ့အခါ လမ်းပျောက်ပြီး ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့်…..Brand Strategy ဆိုတာ ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုလိုပါပဲ။ အုတ်မြစ်ခိုင်မှ အဆောက်အအုံကလည်း ကြာရှည်ခံသလို၊ Brand Strategy ခိုင်မာမှလည်း လုပ်ငန်းက ရေရှည်အောင်မြင်နိုင်မှာပါ💯
သင့်လုပ်ငန်းအတွက် 𝐁𝐫𝐚𝐧𝐝 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 ကောင်းကောင်းတစ်ခု တည်ဆောက်ပြီး market မှာ ပြိုင်ဘက်ကင်းလောက်အောက် တောက်ပနိုင်ဖို့အတွက်ဆိုရင်တော့ နဲ့ 𝐁𝐫𝐚𝐧𝐝 𝐋𝐢𝐟𝐭 လက်တွဲလိုက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။
ဆက်သွယ်ရန် 👇🏻
☎️𝟎𝟗 𝟕𝟗𝟏 𝟔𝟗𝟓 𝟑𝟔𝟓

19/03/2026
18/03/2026

✅ယနေ့ခေတ် ကမ္ဘာကြီးမှာ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဟာ မရှိမဖြစ် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါပြီ။
ဘယ်စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် Digital Marketing မပါဘဲ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ဘာကြောင့်လဲဆိုရင် အခုခေတ်မှာ လူတိုင်းနီးပါး Online Social Media တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြတာဖြစ်တဲ့အတွက် Digital Marketing လုပ်မယ်ဆိုရင် အင်တာနက်ရှိတဲ့ ကမ္ဘာအနှံ့က လူတွေထဲကမှ သင့်ကြော်ငြာတွေကို စိတ်ဝင်စားမယ့် Target Audience တွေဆီ ထိထိရောက်ရောက် ပြသနိုင်ပြီး ကြော်ငြာစရိတ်ကိုလည်း ချွေတာနိုင်ပါတယ်။
Digital Marketing ရဲ့ အကြီးမားဆုံး အားသာချက်ကတော့လုပ်ဆောင်ခဲ့တဲ့ Marketing Strategy တွေ၊ Marketing Campaign တွေရဲ့ ရလဒ်တွေကို တိတိကျကျ တိုင်းတာနိုင်တဲ့အတွက် ဒီအချက်အလက်တွေကို Analysis လုပ်ပြီး ပိုကောင်းတဲ့ Marketing ဗျူဟာတွေ၊ Business Plan တွေကို ချမှတ်နိုင်တာပါပဲ။

အခုဆိုရင် Digital Marketing ဟာ ခေတ်သစ်စီးပွားရေးလုပ်ငန်းတွေရဲ့ အသက်သွေးကြောလိုဖြစ်လာပြီး Digital Marketing ရဲ့ အခန်းကဏ္ဍဟာလည်း ပိုပြီး အရေးပါလာပါပြီ။

လုပ်ငန်းတူ Competitors တွေက Digital Marketing ကို သေချာလုပ်ဆောင်ပြီး ဈေးကွက်ချဲ့ထွင်နေကြချိန်မှာ ကိုယ်က နောက်ကျနေမယ်ဆိုရင် စျေးကွက်ထဲမှာ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ပါတယ်။

📌ဒါကြောင့် အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒီနယ်ပယ်ကို နားလည်ပြီး ကျွမ်းကျင်စွာ အသုံးချနိုင်ဖို့အတွက်ဆိုရင်တော့ Creative Idea တွေနဲ့ အပြည့်အဝ တာဝန်ယူပေးနိုင်တဲ့ 𝐁𝐫𝐚𝐧𝐝 𝐋𝐢𝐟𝐭 နဲ့သာ လက်တွဲကြဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်။

ဆက်သွယ်ရန်👇🏻
☎️𝟎𝟗 𝟕𝟗𝟏 𝟔𝟗𝟓 𝟑𝟔𝟓

17/03/2026

အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ Content Marketing ဆိုတာ ကြော်ငြာရုံသက်သက်မဟုတ်ဘဲ၊ ကိုယ့်ရဲ့ Target Audience တွေအတွက် အသုံးဝင်တဲ့ Knowledge Sharing တွေ၊ Entertainment တွေနဲ့ Customer Awareness ရပြီး Branding ကောင်း တစ်ခုရလာအောင် တည်ဆောက်တာမျိုးပဲဖြစ်ပါတယ်။

Content Marketing က တစ်ကြိမ်တည်း ရောင်းချနိုင်ရုံအတွက်မဟုတ်ဘဲ Brand နဲ့ Customer တွေကြားမှာ ရေရှည်အတွက် ခိုင်မာတဲ့ Relationship တစ်ခုကိုလည်း တည်ဆောက်ပေးနိုင်ပါတယ်။

Content Marketing မှာဆိုရင်
✅Blog Posts & Articles
✅Video Content
✅Social Media Post
✅Ebooks
✅Podcast
✅Webinar
✅Case Studies အစုံအလင်ပါဝင်ပါတယ်။

ခေတ်မီဈေးကွက်မှာ မရှိမဖြစ်လိုအပ်တဲ့ Content Marketing ကို စနစ်တကျ မှန်မှန်ကန်ကန်နဲ့ အကောင်အထည်ဖော်မယ်ဆိုရင် လုပ်ငန်းအတွက် ရေရှည်အကျိုးအမြတ်တွေ အများကြီးရရှိနိုင်တာဖြစ်လို့ မိတ်ဆွေတို့ရဲ့ လုပ်ငန်းအတွက် Content Marketing လိုအပ်လာရင်တော့ Brand Lift က ကူညီပေးဖို့ အဆင်သင့်စောင့်ကြိုနေတဲ့အကြောင်းလေးကို သတင်းကောင်းလေးပါးလိုက်ပါရစေရှင်။

ဆက်သွယ်ရန်👇🏻
☎️𝟎𝟗 𝟕𝟗𝟏 𝟔𝟗𝟓 𝟑𝟔𝟓

14/03/2026

ကျွန်မတို့အဖွဲ့ဟာ အောက်ပါ လုပ်ငန်းကြီးများနဲ့ ၁ နှစ်ကျော် လက်တွဲပြီး အောင်မြင်မှုများ ရယူနိုင်ခဲ့ပါတယ်-
✅ တန်ဖိုးကြီး ရတနာပစ္စည်း ကုမ္ပဏီများ
✅ အစားအသောက်နှင့် လူသုံးကုန် ဖြန့်ဖြူးရေး ကုမ္ပဏီများ
✅ အိမ်ဆောက်ပစ္စည်း နှင့် ရေချိုးခန်းသုံး ကုမ္ပဏီကြီးများ

သူတို့နဲ့ လက်တွဲခဲ့တဲ့ ကာလအတွင်းမှာ ကျွန်မတို့ ဘာတွေ လုပ်ပေးခဲ့လဲ?

ဒါတွေကတော့ ကျွန်မတို့ရဲ့ စနစ်ကျတဲ့ Marketing Strategy တွေပါ။

🎯 အခြေခံအုတ်မြစ် (Branding)
• Creative Copywriting: သင့် Brand ရဲ့ အသံ (Voice) ကို ဖန်တီးပေးခြင်း
• Professional Visual Design: ပရော်ဖက်ရှင်နယ် ဒီဇိုင်းများဖြင့် ယုံကြည်စိတ်ချရမှု တည်ဆောက်ခြင်း

📈 တိုးတက်မှု (Growth)
• Audience-Focused Content: ပရိသတ်ကို ဗဟိုပြုတဲ့ ချဉ်းကပ်နည်း
• Engaging Motion Videos: အာရုံစိုက်မှုရယူနိုင်တဲ့ ဗီဒီယိုများ
• Strategic Media Buying: ဘတ်ဂျက်တိုင်းအတွက် အကောင်းဆုံး ရလဒ်

📊 စနစ်တကျ စီမံခန့်ခွဲမှု (Management)
• Monthly Campaign Planning: လစဉ် မတူညီတဲ့ စိတ်ကူးသစ်များ
• Regular Strategy Meetings: လုပ်ငန်းနဲ့လိုက်ဖက်အောင် အမြဲဆွေးနွေးခြင်း
• Monthly Marketing Reports: ရလဒ်ကို ပွင့်လင်းမြင်သာစွာ အတူတူ သုံးသပ်ခြင်း

ဒီနည်းလမ်းတွေကြောင့် ကျွန်မတို့ရဲ့ Client ကုမ္ပဏီကြီးတွေဟာ Brand Awareness နဲ့ Sales Growth ကို သိသိသာသာ မြင့်တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။

BrandLift ရဲ့ ချဉ်းကပ်ပုံက ဘာထူးခြားလဲ?
ကျွန်မတို့ဟာ သင့်လုပ်ငန်းကို ကိုယ့်လုပ်ငန်းလို ချစ်မြတ်နိုးပြီး အကောင်းဆုံး ဖြစ်အောင် အမြဲရှာဖွေပေးနေပါတယ်။

✅ ခိုင်မာတဲ့ Brand တစ်ခု တည်ဆောက်ချင်တယ်။
✅ ရောင်းအား တိုးချင်တယ်။
✅ Social Media Marketing ကို စနစ်ကျကျ လုပ်ချင်တယ်။

ဆိုရင်တော့ BrandLift Advertising & Marketing နဲ့ ချိတ်ဆက်လိုက်ပါ။

🎯 သင့်လုပ်ငန်းကို နောက်တစ်ဆင့်တက်အောင် ကူညီဖို့ ကျွန်မတို့ အဆင်သင့်ပါ။

လက်တွဲဆွေးနွေးလိုပါက
📩 Page Messenger ကနေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
📒 BrandLift Advertising & Marketing
☎️ 09791695365

Address

House No. 204, Thura (7)Street , South Okkalapa
Yangon

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00

Telephone

+959696189891

Alerts

Be the first to know and let us send you an email when Brand Lift Marketing Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Brand Lift Marketing Agency:

Share