Website Builder

Website Builder Affordable, Minimal, Beautiful and Functional Websites

ရှေ့ဆက်သွားရမယ့် အနာဂတ်လုပ်ငန်းများမှာ…သင့်လုပ်ငန်းဟာ အမြဲတမ်း ခေတ်နဲ့အညီလိုက်မှီနေဖို့လိုအပ်ပါတယ်။နိုင်ငံအသီးသီးမှာ နည်...
30/01/2022

ရှေ့ဆက်သွားရမယ့် အနာဂတ်လုပ်ငန်းများမှာ…
သင့်လုပ်ငန်းဟာ အမြဲတမ်း ခေတ်နဲ့အညီလိုက်မှီနေဖို့လိုအပ်ပါတယ်။
နိုင်ငံအသီးသီးမှာ နည်းပညာနဲ့ပတ်သက်တဲ့လုပ်ငန်းများလုပ်ကိုင်နေတဲ့ လူငယ်များနဲ့အဓိကဖွဲ့စည်းထားတဲ့ ကျတော်တို့ရဲ့ Website Builder Team မှာတော့… သင်သိလိုတဲ့.. သင်လိုအပ်တဲ့ website တစ်ခုအတွက် နွေးထွေးပွင့်လင်းစွာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ကျတော်တို့ရဲ့ Website Builder Team နဲ့အတူ သင့်လုပ်ငန်းကိုနောက်တစ်ဆင့်မြှင့်တင်ပါ။

သင့်ရဲ့သင်တန်းကျောင်းအတွက် E-learning Website Platform တစ်ခုလိုအပ်နေပြီလား? အွန်လိုင်းသင်တန်းကျောင်းအများစုမှာ ယခုအခါ မရ...
15/01/2022

သင့်ရဲ့သင်တန်းကျောင်းအတွက် E-learning Website Platform တစ်ခုလိုအပ်နေပြီလား?

အွန်လိုင်းသင်တန်းကျောင်းအများစုမှာ ယခုအခါ မရှိမဖြစ် Website တစ်ခုလိုအပ်လာကြပြီဖြစ်လို့ အများစုဟာ E-learning Website တစ်ခုကိုတည်ဆောက်လာကြပါတယ်..

💻 E-Learning Website တစ်ခုမှာ
ဘယ်နေရာရောက်နေပါစေ ပညာရေးသင်ကြားဖို့အတွက် တီချယ်တွေနဲ့သင်တန်းသူ/သားများကို ချိတ်ဆက်ပေးနိုင်ပါတယ်။
သင်တန်းသူ/သားများအနေဖြင့်လည်း
အချိန်မရွေး၊နေရာမရွေး၊ သင်ကြားရေးကို
International ကျကျဝင်ရောက်လေ့လာနိုင်တဲ့အပြင် မိမိအတွက် သင်ကြားရေး သီးသန့် environment တစ်ခုရရှိနိုင်မှာဖြစ်ပါတယ်။
အခုဆိုရင် Website တစ်ခုရှိထားခြင်းအားဖြင့်
သင်တန်းသူ/သားများဆီက impressionကောင်းကောင်းတစ်ခုကိုရရှိလာပြီဖြစ်ပါတယ်။

📒ကျွန်တော်တို့ Website Builderအနေနှင့်လည်း E-Learning Website Platformများကိုကုန်ကျစရိတ်အများကြီးကုန်စရာမလိုပဲ ပါဝင်တဲ့ features စုံလင်စွာနဲ့ အများနည်းတူ ခေတ်မှီအဆင်ပြေ အချိန်တိုအတွင်း အသုံးပြုနိုင်အောင် ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

ပါဝင်တဲ့ featuresများကတော့;
✔️ Unique WebDesign
ကိုယ်ပိုင် website တွင် သင်တန်းကျောင်းများ၏ Brand၊ Logoနှင့်ကိုက်ညီသော
WebDesignများကို Designerများဖြင့်သေချာဖန်တီးထားသောကြောင့် သင်တန်းကျောင်းအပေါ် impression ကောင်းကောင်းနှင့် brand awareness တစ်ခု ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

✔️သင်ခန်းစာ ဗီဒီယိုနှင့် စာရွက်စာတမ်းများ
ကို အလွယ်တကူတင်ထားနိုင်ပြီး အချိန်ကုန်သက်သာစေပါတယ်။ တစ်ခါတစ်ရံ ဖေ့ဘွတ် groupတွင် တင်ထားပါက VPN ကြောင့် ဗီဒီယိုဖိုင်များကြည့်မရခြင်း၊ စာရွက်စာတမ်းများ error တက်ခြင်း ပြဿနာများကိုလည်း တစ်ခါတည်းဖြေရှင်းနိုင်သွားမှာဖြစ်ပါတယ်။

✔️သင်တန်းကျောင်း informationများအား ပြည့်စုံစွာတင်ထားနိုင်ခြင်း
သင်တန်းကျောင်း၏ အချက်အလက်များနှင့် တန်းခွဲများကို ပြည့်စုံစွာဖော်ပြထားနိုင်ခြင်း၊ Websiteမှ ပြည့်စုံသော သင်တန်းကျောင်း အချက်အလက်များအား ဖေ့ဘွတ်မှ တစ်ဆင့် ကြေငြာနိုင်ခြင်းတို့လည်း ပြုလုပ်နိုင်သောကြောင့် marketing လုပ်ငန်းများ
တွင်လည်းများစွာ အထောက်အကူပြုပါတယ်။

✔️Assignment၊ Homework၊ Quiz၊ စာမေးပွဲများကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ခြင်း
Assignment၊ homework၊ quiz၊ စာမေးပွဲများကို တစ်နေရာခြင်းစီ တစ်ယောက်ခြင်းစီ
စီစစ်နေစရာမလိုတော့ပဲ Website ၏ system နှင့် အဖြေမှန်များကို auto တိုက်စစ်နိုင်ခြင်း အစရှိသည့် system များပါဝင်သောကြောင့် ဆရာ၊ဆရာမများကို များစွာသက်သာစေပြီး အလုပ်အမြန်ပိုပြီးနိုင်သည့် အကျိုးများ ရရှိစေနိုင်ပါတယ်။

✔️Certificate system
အဓိကအနေဖြင့် Websiteကနေ သင်တန်းသူ/သားများ တိုက်ရိုက် certificate ထုတ်နိုင်ခြင်းကြောင့် သင်တန်းမှ အလုပ်အားသက်သာစေပြီး သင်တန်းသူ/သားများ အနေဖြင့်လည်း certificate အား လျှင်မြန်စွာရရှိနိုင်ခြင်းစသော စနစ်များလည်းပါဝင်မည် ဖြစ်ပါတယ်ခင်ဗျာ။

လူ ငါးယောက်၊ ဆယ်ယောက်လုပ်ရမယ့် အလုပ်တာဝန်များ ကို website system ကနေ တစ်ကြိမ်တည်း စနစ်ထည့်ထားတာနဲ့ အားလုံးဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။

အော် တစ်ခါမှ Websiteမလုပ်ဘူးလို့ ဘာတွေပါရမလဲ မသိသလို ဘယ်လိုဆက်သုံးရမလဲမသိဘူး အဆင်ပြေပါ့မလားဆိုပြီး တွေးပူနေသူများအတွက်လည်း
စလုံးရေးစ E-Learning Websiteတစ်ခုမှာ ဘာတွေပါသင့်ကြောင်းကို Developer Teamနှင့် Customer Serviceမှ အကြံပေးဆွေးနွေးပေးသွားမှာဖြစ်ပြီး Website တည်ဆောက်ပြီးတဲ့အခါမှာလည်း မိမိကိုယ်တိုင်အသုံးပြုတက်သွားအောင် Training နှင့် Instruction Guide များကို ပေးသွားမှာဖြစ်ပါတယ်။

အခုလို Website E-learning platformကို အဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့.. ကျွန်တော်တို့ Website Builder အနေနှင့် အသက်သာဆုံးစျေးနှုန်၊ အကောင်းမွန်ဆုံး function များပါဝင်ခြင်း၊ အလှပဆုံး UI design စတဲ့ အားသာချက်များစွာနဲ့ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပေးပါရစေခင်ဗျာ။

အသေးစိတ်သိရှိလိုပါက Website Builder၏ Messager ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
ကျွနိတော်တို့ဘက်က ပြန်လည်ဆက်သွယ်ပြီး အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

လူကြီးမင်းတို့လုပ်ငန်း၏ နောက်တစ်ဆင့်ကို ကျွန်တော်တို့နှင့်အတူ မြှင့်တင်လိုက်ပါ။


📣 E-Learning Website ပြုလုပ်ခြင်းသူများအတွက်  Year End Sales 50% Discount 💥 နှစ်သစ်ကူးအထူး Discountအနေဖြင့် သတ်မှတ်ထားသေ...
27/12/2021

📣 E-Learning Website ပြုလုပ်ခြင်းသူများအတွက် Year End Sales 50% Discount 💥

နှစ်သစ်ကူးအထူး Discountအနေဖြင့် သတ်မှတ်ထားသော အရေအတွက်ကိုသာ ဇန်နဝါရီလ ၁၁ရက်နေ့ ၂၀၂၂ထိသာ ပေးသွားမှာဖြစ်ပါတယ်။

နှစ်သစ်ကူအထူးpromotion နဲ့ အရည်အသွေးမှီသော E-Learning Website တစ်ခုကို စျေးနှုန်းသင့်တော်စွာနဲ့ အမြန်ဆုံးရရှိနိုင်ဖို့ အခုပဲ message boxမှာ အသေးစိတ်ကို စုံစမ်းမေးမြန်းလို့ရပါပြီ။

ပညာရေးသင်တန်းကျောင်းများအတွက် မရှိမဖြစ် ဖြစ်လာတဲ့ Website (eLearning Platform)

လက်ရှိအချိိန််မှာ သင်ကြားရေးသင်တန်းကျောင်းတွေဟာ.. အပြင်မှာဖွင့်လှစ်ထားခြင်းထက် .. online learning အဖြစ်သို့ ပြောင်းလဲလာကြပါပြီ။

များပြားလွန်းတဲ့ သင်တန်းကျောင်းတွေထဲမှာမှ မိမိရဲ့သင်တန်းကျောင်းကို ပိုထင်ရှားပြီး..အဆင်မြှင့်တင်ချင်သူများအတွက် Website တစ်ခုကလည်း မရှိမဖြစ်လိုအပ်လာပါပြီ။

Website က ရရှိနိုင်တဲ့အကျိုးကျေးဇူးများ
✅ Brand awareness
ကိုယ်ပိုင် website ဖြင့် သင်ကြားပေးခြင်းအားဖြင့် သင်တန်းသူ/သားများရဲ့ သင်တန်းကျောင်းအပေါ် impression ကောင်းကောင်းနှင့် brand awareness တစ်ခု ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

✅ အချိန်ကုန် သက်သာခြင်း၊ One Time Job
သင်ခန်းစာ ဗီဒီယိုနှင့် စာရွက်စာတမ်းများကို အလွယ်တကူတင်ထားနိုင်ပြီး အချိန်ကုန်သက်သာစေပါတယ်။ တစ်ခါတစ်ရံ ဖေ့ဘွတ် groupတွင် တင်ထားပါက VPN ကြောင့် ဗီဒီယိုဖိုင်များကြည့်မရခြင်း၊ စာရွက်စာတမ်းများ error တက်ခြင်း ပြဿနာများကိုလည်း ရှင်းစရာမလိုတော့ပါဘူး။

✅ သင်တန်းကျောင်း informationများအား ပြည့်စုံစွာတင်ထားနိုင်ခြင်း
သင်တန်းကျောင်း၏ အချက်အလက်များနှင့် တန်းခွဲများကို ပြည့်စုံစွာဖော်ပြထားနိုင်ခြင်း၊ Websiteမှ ပြည့်စုံသော သင်တန်းကျောင်း အချက်အလက်များအား ဖေ့ဘွတ်မှ တစ်ဆင့် ကြေငြာနိုင်ခြင်းတို့လည်း ပြုလုပ်နိုင်သောကြောင့် marketing လုပ်ငန်းများတွင်လည်းများစွာ အထောက်အကူပြုပါတယ်။

✅ Assignment၊ Homework၊ Quiz၊ စာမေးပွဲများကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ခြင်း

Assignment၊ homework၊ quiz၊ စာမေးပွဲများကို တစ်နေရာခြင်းစီ တစ်ယောက်ခြင်းစီ စီစစ်နေစရာမလိုတော့ပဲ Website ၏ system နှင့် အဖြေမှန်များကို auto တိုက်စစ်နိုင်ခြင်း အစရှိသည့် system များပါဝင်သောကြောင့် ဆရာ၊ဆရာမများကို များစွာသက်သာစေပြီး အလုပ်အမြန်ပိုပြီးနိုင်သည့် အကျိုးများ ရရှိစေနိုင်ပါတယ်။

✅ Certificate system
အဓိကအနေဖြင့် Websiteကနေ သင်တန်းသူ/သားများ တိုက်ရိုက် certificate ထုတ်နိုင်ခြင်းကြောင့် သင်တန်းမှ အလုပ်အားသက်သာစေပြီး သင်တန်းသူ/သားများ အနေဖြင့်လည်း certificate အား လျှင်မြန်စွာရရှိနိုင်ခြင်းစသော စနစ်များလည်းပါဝင်မည် ဖြစ်ပါတယ်ခင်ဗျာ။

လူ ငါးယောက်၊ ဆယ်ယောက်လုပ်ရမယ့် အလုပ်တာဝန်များ ကို website system ကနေ တစ်ကြိမ်တည်း စနစ်ထည့်ထားတာနဲ့ အားလုံးဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။

အခုလို Website E-learning platformကို အဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့.. ကျွန်တော်တို့ Website Builder အနေနှင့် အသက်သာဆုံးစျေးနှုန်၊ အကောင်းမွန်ဆုံး function များပါဝင်ခြင်း၊ အလှပဆုံး UI design စတဲ့ အားသာချက်များစွာနဲ့ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပေးပါရစေခင်ဗျာ။

လူကြီးမင်းတို့လုပ်ငန်း၏ နောက်တစ်ဆင့်ကို ကျွန်တော်တို့နှင့်အတူ မြှင့်တင်လိုက်ပါ။

Merry Christmas to you all!လုပ်ငန်းရှင်များအာလုံးလည်း ပိုမိုအောင်မြင်သော နေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ Website Bui...
25/12/2021

Merry Christmas to you all!

လုပ်ငန်းရှင်များအာလုံးလည်း ပိုမိုအောင်မြင်သော နေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ Website Builder မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

စာသင်ကျောင်းတွေ ဘာလို့ E-Learning Website တည်ဆောက်လာကြသလဲ?ပညာရေးကတော့ အမြဲတမ်းလိုအပ်နေတဲ့အရာတစ်ခုပါ။ အခုဆိုရင် Tradition...
15/12/2021

စာသင်ကျောင်းတွေ ဘာလို့ E-Learning Website တည်ဆောက်လာကြသလဲ?

ပညာရေးကတော့ အမြဲတမ်းလိုအပ်နေတဲ့အရာ
တစ်ခုပါ။ အခုဆိုရင် Traditional ပညာရေးစနစ်တွေကနေ.. တိုးတက်ပြီးနိုင်ငံတွေမှာသုံးနေကြတဲ့
E-learning platform တွေမှာ သင်ရတာကို သင်ကြားသူများက ပိုမိုသဘောကျ အဆင်ပြေလာကြပြီဖြစ်ပါတယ်။

ဒါ့အပြင် Website (E-learning platform) စာသင်ကျောင်းများ တည်ဆောက်လာတဲ့ သင်တန်းကျောင်းများကလည်း များပြားလာပါတယ်။

Website (E-learning platform) စာသင်ကျောင်း တည်ဆောက်တော့မယ်ဆိုရင် အဓိက အပါဝင်
သင့်ဆုံး featuresများကို sharing လုပ်ပေးပါရစေ။

🔰တန်းခွဲများအားကြော်ငြာထားနိုင်မည့် Course Catalogues

❇️ သင်တန်းများအား သင်တန်းသူ/သားများမှ လွယ်ကူစွာ အပ်နှံနိုင်သည့် Self Registration/ enrollment ထားရှိခြင်း

⬇️ သင်တန်းသူ/သားများမှ သင်ကြားရေးဗီဒီယိုများ၊ သင်ထောက်ကူစာရွက်စာတမ်းများကို အလွယ်တကူလေ့လာကြည့်ရှု၊ download
လုပ်နိုင်သည့် features များပါဝင်ခြင်း

🔺Password မေ့သွားကသင်တန်းသူ/သား
ကိုယ်တိုင် အသစ်ပြန်လည်ပေးနိုင်သည့် feature

📇သင်ခန်းစာများနှင့်အတူ Quiz ၊Assignment၊ စာမေးပွဲ များအား website ထဲတွင်တစ်ခါတည်း ပြုလုပ်ပေးနိုင်သော feature

📜 Certificate တစ်ခါတည်း ပေးနိုင်သော certificate feature

🖥 သင်တန်းသူ/သားများ လေ့လာနေမည့်၊
မြင်နေရမည့် website စာမျက်နှာများအား creative designများဖြင့် ပြင်ဆင်ထားခြင်း
အစရှိသည့် features များကတော့ မပါမဖြစ်
ပါဝင်သင့်တဲ့ feautesတွေပဲဖြစ်ပါတယ်။

ကျွန်တော်တို့ Website Builderက တည်ဆောက်ပေးထားတဲ့ ဘာသာစကားသင်တန်းကျောင်း websiteများ၊ မူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်း websiteများ အစရှိသည့်
E-learning Platform Websiteများကိုတော့ အထက်ပါ features များ အကုန်ပါဝင်အောင်
အကြံပေး တည်ဆောက်ပေးထားပါတယ်ခင်ဗျာ။

ဒါ့အပြင် အခုမှ Website စတင်တည်ဆောက်မည့် လုပ်ငန်းရှင်များအတွက် E-Learning Wesbite တစ်ခုကို
သင့်တော်သောစျေးနှုန်း၊
တာဝန်ချပေးထားသော Developer team နှင့် Customer Service မှ အသေးစိတ်ရှင်းပြဝန်ဆောင်မှုပေးခြင်း၊
Websiteဆောက်လုပ်ပြီးသွားသည့်အခါ အသုံးပြုပုံကို အသေးစိတ် Training ပေးခြင်း၊
လိုအပ်သည့်အချိန်တိုင်း ကန့်သတ်ချက်မရှိ After Sales Customer Service ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။

ကိုယ်တိုင်က E-Learning Website
စာသင်ကျောင်းကို တည်ဆောက်ဖို့ စိတ်ဝင်စားသူဖြစ်ပါက Website Builders ရဲ့ Page Message Box မှာ အသေးစိတ်စုံစမ်းနိုင်ပါပြီခင်ဗျာ။



Welcome to Website BuilderMKLC- Myanmar Korean Language Centreသည် ကျောင်းသူ/သား ၅၀၀၀ကျော် တက်ရောက်ခဲ့ပြီး ယခုလက်ရှိ ၁၀၀၀...
11/12/2021

Welcome to Website Builder

MKLC- Myanmar Korean Language Centreသည် ကျောင်းသူ/သား ၅၀၀၀ကျော် တက်ရောက်ခဲ့ပြီး ယခုလက်ရှိ ၁၀၀၀ ကျော် တက်ရောက်လျက်ရှိသော ကိုရီးယားဘာသာစကားသင်တန်းကျောင်းတစ်ခု
ဖြစ်ပါတယ်။

ကျွန်တော်တို့ Website Builderကနေ E-Learning Platform တည်ဆောက်ရေးအတွက် ဝန်ဆောင်မှုပေးခွင့်ရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းနောက်တစ်ဆင့်မြင့်
တင့်ဖို့အတွက် ကျွန်တော်တို့ အမြဲရှိနေပါတယ်။


ဒီရက်ပိုင်း လုပ်ငန်းရှင်များ သတိထားရမယ့် ကိစ္စလေးမို့လို့ အသိပေးရင်းနဲ့ သတိထားလို့ရအောင် ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပ...
07/12/2021

ဒီရက်ပိုင်း လုပ်ငန်းရှင်များ သတိထားရမယ့် ကိစ္စလေးမို့လို့ အသိပေးရင်းနဲ့ သတိထားလို့ရအောင် ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပါရစေ။

အခုရက်ပိုင်း ကျွန်တော်တို့ ခပ်စိတ်စိတ်လေးကြားလာရတာက… ကိုယ်ပိုင် စီးပွါးရေးလုပ်နေတဲ့ Page တွေ.. Online Shop လုပ်နေတဲ့ Page တွေအပါအဝင်… Page တော်တော်များများ… “Page လုံးဝပျောက်သွားလို့” .. “Page ပျက်သွားလို့” customer information တွေပါပါသွားပြီ။ ဘယ်လိုလုပ်ရမလဲဲဆိုပြီး…လာမေးတာတွေက သတိထားရမယ့်အခြေအနေရောက်လာပါတယ်။

အဓိကဖြစ်ရတဲ့ အကြောင်းက Facebook ရဲ့ policy တစ်ခုခုကို ကျတော်တို့ တင်တဲ့ content က ချိုးဖောက်တယ်ဆိုတဲ့ “Your content goes against our community standards” ဆိုပြီး… ကိုယ်တင်တဲ့ post ကိုတင်မဟုတ်ဘဲ.. Page ကိုပါ unpublished လုပ်ပလိုက်တာမျိုး တော်တော်လေးကို များလာပါတယ်။
ဖေ့စ်ဘုတ် (Face b o o k)ရဲ့ AI နည်းပညာက အခုအချိန်မှာ ကျွန်တော်တို့ရဲ့ မြန်မာဘာသာနဲ့ အဆင်မပြေသေးပါဘူး။ “အေး” တစ်လုံးတည်း comment တာကိုတောင် ၃ ရက် ban တာတို့… ဘာတို့ဖြစ်တဲ့အထိကို အဆင်မပြေသေးတာပါ။
အဲ့တော့ ကိုယ်တွေကပဲ ပိုသတိထားရပါတော့မယ်။

Facebook ရဲ့ policy တွေအားလုံးကိုထိုင်ပြောရင် ထောင့်တစ်ညပုံပြင်လိုဖြစ်သွားနိုင်တာကြောင့်.. အဓိက သတိထားရမယ့် ၂ခု။ အခု အရမ်း strict ဖြစ်နေတာ ၂ခုကိုပြောရရင်..

1. ရေစာ (Watermark) ပါတဲ့ပုံတွေကိုယူသုံးမိခြင်း

ပုံလေးတစ်ပုံကိုတွေ့တယ် ဒီပုံကို ကိုယ့် post ထဲမှာ ပြန်သုံးတယ်။ အဲ့ပုံမှာ မူရင်းတင်တဲ့သူက watermark လို့ခေါ်တဲ့ ရေစာပေါ့မြန်မာလို.. ခပ်မှိန်မှိန်လေး သူ့ logo ကိုထည့်ထားတယ်။ ကျတော်တို့က မသိလိုက်မိဘူး။ အဲ့ဒါကို Facebook က detect လုပ်မိရင်.. သူများပုံယူသုံးတယ်ဆိုပြီး ကိုယ့် post or page ကိုဖျက်ပစ်သွားနိုင်ပါတယ်။

2. Brands ကြီးများရဲ့ပုံများအားယူသုံးခြင်း

ဒီကိစ္စကတော့ တော်တော်လေး ရှုပ်ပါတယ်။ Fair use policy အရ.. global brands တွေကကြော်ငြာအနေနဲ့ တင်ထားတဲ့ပုံတွေဟာ.. သတင်းတွေ.. ဆောင်းပါးတွေမှာ အတိုင်းအတာတစ်ခုအထိပြန်သုံးခွင့်ရှိတယ်။ ဒါပေမယ့်.. ဒါဟာ ဖေ့စ်ဘုတ်ပေါ်မှာကျတော့… brand safety နဲ့ သွားပြန်ငြိနေနိုင်ပြန်ရော… ဖေ့စ်ဘုတ်က ဘယ်လိုတွေ detect လုပ်တယ် မသိရပေမယ့်.. ကိုယ်ဟာ branded products တွေရောင်းနေတဲ့သူဆိုရင်.. ပုံတွေသုံးတဲ့အခါ ကိုယ်တိုင် အရောင်လေးတွေ.. စာလေးတွေပြန်လည်ပြင်ဆင်တည်းဖြတ်ပြီး ကိုယ်တိုင် effort ထည့်ပြီး ပြင်ဆင်ပြီးမှတင်သင့်ပါတယ်။

၂ခုလုံးဟာ ဖေ့စ်ဘုတ်ရဲ့ Intellectual Property ဆိုတဲ့ ခေါင်းစဉ်အောက်က အရေးယူမှုတွေပါ။ လောလောဆယ်လည်း အရမ်းကို strict ဖြစ်နေတာနှစ်ခုမို့ သတိထားသင့်ပါတယ်။ ကိုယ်တိုင် နှစ်ရှည်လများ run ထားရတဲ့ Page တွေပါ ပါသွားတဲ့သူတွေမနည်းပါဘူး။

ဒီနေရာမှာ ကြော်ငြာလေးနည်းနည်းဝင်ပါရစေ။ လူကြီးမင်းတို့ရဲ့ အွန်လိုင်းစီးပွါးရေးလုပ်ငန်း ပိုမို ခိုင်မာနေစေဖို့ website တစ်ခုက ရှိထားသင့်ပါတယ်။ အချိန်မရွေး.. အမှားလေးတစ်ခုဖြစ်တာနဲ့ လုပ်ငန်းတစ်ခုလုံးပျက်စီးသွားနိုင်တဲ့အချိန်မှာ… ကိုယ့်မှာ ကိုယ်ပိုင် website ရှိတယ်။ ကိုယ့်ရဲ့ customers တွေကိုလည်း ကိုယ့်ရဲ့ website က တစ်ဆင့် အသုံးပြုတာလေးတွေလည်းပြောပြထားတယ်ဆိုရင်.. မတော်တဆ ကိုယ့်ရဲ့ Page လေးတစ်ခုခုဖြစ်သွားရင်တောင်.. ကိုယ့်ရဲ့ လုပ်ငန်းဟာ မယိုင်းယိုင်သွားပါဘူး။

ကျွန်တော်တို့ရဲ့ Website Builder မှာတော့.. လူကြီးမင်းတို့ လိုအပ်တဲ့ website ကို လူကြီးမင်းတို့ ဆွဲချင်တဲ့ပုံစံ.. သုံးချင်တဲ့ framework… သတ်မှတ်ထားတဲ့ budget တွေအပေါ်မူတည်ပြီး ရင်းရင်းနှီးနှီးဆွေးနွေးတည်ဆောက်ပေးနေပါတယ်။

သင့်လုပ်ငန်းတစ်ဆင့်မြှင်တင်ရန်.. ကျွန်တော်တို့ကိုသတိရပါ။

-Website Builder

Website တစ်ခုဘယ်လောက်လဲ?ဒီမေးခွန်းက Customers တွေအမေးအများဆုံးမေးခွန်းတစ်ခုဖြစ်သလို.. အသိချင်ကြဆုံး မေးခွန်းလေးဆိုလည်းမမ...
19/11/2021

Website တစ်ခုဘယ်လောက်လဲ?

ဒီမေးခွန်းက Customers တွေအမေးအများဆုံးမေးခွန်းတစ်ခုဖြစ်သလို.. အသိချင်ကြဆုံး မေးခွန်းလေးဆိုလည်းမမှားပါဘူး။
ဒီမေးခွန်းရဲ့အဖြေကိုအရှင်းလင်းဆုံးဖြစ်အောင် technical terms တွေလျှော့ပြီးဖြေပေးပါရစေခင်ဗျာ။

Website တစ်ခုဆောက်တဲ့အခါ လုံးဝငွေမကုန်တဲ့ zero cost website တွေ ဆောက်လို့ရသလို… ကုမ္ပဏီအကြီးကြီးတွေ လုပ်ငန်းအကြီးကြီးတွေအတွက် $2000 ကျော် $3000 လောက်အထိကုန်တာတွေလည်းရှိပါတယ်။
အဓိကကတော့.. ကိုယ့်ရဲ့ website က လုပ်ငန်းသုံးလား? Functions တွေအများကြီးထည့်ရမယ့်လုပ်ငန်းလား…ဒီအတိုင်း ဘာမှမတင်ဘူး website နာမည်လေးနဲ့ပဲဖွင့်ထားချင်တာလားဆိုတာတွေရယ်…. နောက် ပါဝင်မယ့် features လေးတွေ… လုပ်ချင်တဲ့ design ပုံစံ စတာလေးတွေအပေါ်မူတည်ပြီး… ကုန်ကျတဲ့ငွေကြေးကပြောင်းလဲသွားပါတယ်။
ဒီထဲမှာမှ တစ်ခါ website တစ်ခုလုံးကို ကိုယ်ထည့်ချင်တဲ့ features တွေ function တွေကို ကိုယ်တိုင် coding တွေရေးထည့်ပြီး အစအဆုံး fully customizable ဖြစ်အောင်လုပ်မလား… ဒါမှမဟုတ် အခုအသုံးများကြတဲ့ Wordpress တို့ Wix တို့နဲ့ပဲ ရေးမလားဆိုတာပေါ်မူတည်ပြီး စျေးကထပ်ကွဲပါသေးတယ်။
ကိုယ်သုံးမယ့် budget… ထည့်ချင်တဲ့ function… ပါဝင်ချင်တဲ့ features.. နောက် Design လှလှလေး။ ဒါတွေပေါ်မူတည်ပြီး… သုံးသင့်တဲ့ framework တွေ.. ကုန်ကျနိုင်တာတွေကို စဉ်းစားတွက်ချက်ကြပါတယ်။
ကျွန်တော်တို့ဆီမှာတော့… customer လိုချင်တဲ့ပုံစံ..သုံးစွဲမယ့် budget.. design ပုံစံ စတာလေးတွေကို ကျတော်တို့နဲ့ နွေးနွေးထွေးထွေးတိုင်ပင်ပြီး…လိုအပ်ရင် Developer Team ထဲက တစ်ယောက်နဲ့လည်း Zoom Meeting မှာဆွေးနွေးလို့ရအောင် စီစဉ်ပေးပါတယ်။
လူကြီးမင်းတို့ရဲ့ လုပ်ငန်းနောက်တစ်ဆင့်မြှင့်တင်ဖို့ ကျွန်တော်တို့ရှိပါတယ်။

-Website Builder

CHAN MYAE AUNG. ကုမ္ပဏီဆိုတာ စက်သုံးဆီတင်သွင်းရောင်းချတဲ့နေရာမှာ leading company တစ်ခုပါပဲ။ ရန်ကုန်မှာတင်မက.. နယ်တွေမှာပ...
18/11/2021

CHAN MYAE AUNG. ကုမ္ပဏီဆိုတာ စက်သုံးဆီတင်သွင်းရောင်းချတဲ့နေရာမှာ leading company တစ်ခုပါပဲ။ ရန်ကုန်မှာတင်မက.. နယ်တွေမှာပါ နာမည်ရထားတဲ့ trading company ကြီးတစ်ခုအနေနဲ့ ဒီ့ထက်ပိုအောင်မြင်ပါစေခင်ဗျာ။

ကျွန်တော်တို့ Website Builderကနေ website တည်ဆောက်ရေးအတွက် ဝန်ဆောင်မှုပေးခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းနောက်တစ်ဆင့်မြင့်တင့်ဖို့အတွက် ကျွန်တော်တို့ အမြဲရှိနေပါတယ်။


Pyin Nyar Zone E-Learning platform သည် ကလေးများအတွက် Cambridgeသင်ရိုးကိုအခြေခံသည့် International English, Match & Scienc...
18/11/2021

Pyin Nyar Zone E-Learning platform သည် ကလေးများအတွက် Cambridgeသင်ရိုးကိုအခြေခံသည့် International English, Match & Science၊
မြန်မာသင်ရိုးကိုအခြေခံသည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ သင်တန်းများ၊ ကျောင်းပညာရပ်ပြင်ပ ပန်းချီ၊ အနုပညာ၊ တူရိယာ၊ အက နှင့် ICT ပညာရပ်များကို လေ့ဘာသင်ယူနိုင်မည့် E-Learning Platform တစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ Website Builderကနေ website တည်ဆောက်ရေးအတွက် ဝန်ဆောင်မှုပေးခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းနောက်တစ်ဆင့်မြင့်တင့်ဖို့အတွက် ကျွန်တော်တို့ အမြဲရှိနေပါတယ်။


Web Designer ကပေးတဲ့ ဒီီဇိုင်းအတိုင်းထွက်လာဖို့.. အခြေခံ coding တွေ Javascript, jQuery, Node.js, PHP, ASP.NET Python စတာ...
07/11/2021

Web Designer ကပေးတဲ့ ဒီီဇိုင်းအတိုင်းထွက်လာဖို့.. အခြေခံ coding တွေ Javascript, jQuery, Node.js, PHP, ASP.NET Python စတာတွေနဲ့ နာရီပေါင်းများစွာ ထိုင်ရေးကြရတဲ့ သူတွေကို Web Developer aka Programmer တွေလို့ကျွန်တော်တို့က ခေါ်ကြပါတယ်။ သူတို့ရဲ့ အဓိကတာဝန်ကတော့… fully functoning ဖြစ်တဲ့ .. run တဲ့အခါ error လုံးဝမရှိတဲ့ smooth ဖြစ်တဲ့ website တစ်ခုဖြစ်လာဖို့ပါပဲ။

Web Designer မှာကျတော့ UI/UX ဆိုပြီး ထပ်ခွဲပါသေးတယ်။ UI ဆိုတာကတော့.. User Interface designer ပေါ့လေ.. သူ့ရဲ့အဓိကတာဝန်ကတော့.. ဒီ website ရဲ့အလှတရားလို့ပြောရမှာပါပဲ။ Coding တွေ Function တွေဘယ်လောက်ကောင်းနေပါစေ.. ဆွဲဆောင်မှုမရှိတဲ့ website တစ်ခုဟာ လူစိတ်ဝင်စားမှု.. Customer Satisfaction လို့ခေါ်တဲ့ customer ရဲ့ စိတ်ကျေနပ်မှုကိုရလေ့မရှိပါဘူး။

ပြောရရင် Web Developer တွေရဲ့အားသာချက်က coding ပိုင်တာဖြစ်ပါတယ်။ သူက အရောင်တွေရဲ့သဘောတရားတို့ .. font တွေရဲ့ အဓိပ္ပာယ်တို့သိချင်မှသိပါမယ်။ ဒါတွေကို သိရမှာကကျတော့.. Web Designer ရဲ့တာဝန်ဖြစ်လာပါတယ်။

ဒါ့ကြောင့်ပဲ ကျွန်တော်တို့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကုမ္ပဏီကြီးတွေမှာတော့.. Web Developer, UI Web Designer, UX Web Designer, Visual Designer စတဲ့ တစ်ယောက်နဲ့တစ်ယောက် အားသာချက်မတူတဲ့ လူတွေစုပြီး team တစ်ခု အနေနဲ့ ဆွဲရတဲ့အခါ အလှပအကောင်းမွန်ဆုံး Website တွေထွက်လာပါတယ်။

ဒါပေမယ့် ဒီလို website တွေရဲ့ စျေးကလည်း $2000 လောက်အနည်းဆုံးရပြန်ပါတယ်။ နိုင်ငံနဲ့လည်းဆိုင်ပါလိမ့်မယ်။ မြန်မာပြည်အတွက် Website တစ်ခု $2000 ဆိုရင် တော်ရုံ ဆွဲဖြစ်မှာမဟုတ်တာကို.. ကျွန်တော်တို့ Developer တွေအနေနဲ့လည်းသိထားရပါဦးမယ်။

ကျွန်တော်တို့က Code တွေဘယ်လောက်အထိ ထည့်ထားတာ.. function တွေလည်း ရှယ်မိုက်.. Designers တွေ ကျွမ်းကျင်သူတွေလည်း အများကြီးသုံးထားတာမို့ ဒီစျေးဖြစ်ရတာပါလို့ပြောရင်တောင်… ဒါကို customer အနေနဲ့က သိပ်စိတ်ဝင်စားမှာ မဟုတ်ပါဘူး။

Customer တစ်ယောက်လိုအပ်တာက.. သူ့လုပ်ငန်းအတွက် သူလိုချင်တဲ့ function တွေပါမယ့် website တစ်ခု.. သူ့ customer တွေသုံးတဲ့အခါ အဆင်ပြေမယ့် website တစ်ခုပါ။ သူပေးချင်တဲ့ စျေးအနေအထားလည်းရှိရပါဦးမယ်။ ကျွန်တော်တို့ ဘာတွေနဲ့ ရေးထားရေးထား.. ဘယ် function တွေ.. လူဘယ်နှစ်ယောက်သုံးပြီးရေးထားတာတွေက… နောက်ဆုံး result-oriented သုံးသပ်တဲ့အခါ အသုံးမဝင်ဖြစ်တတ်ပါတယ်။ အဲ့တော့ Customer ရဲ့လိုအပ်ချက်.. သုံးနိုင်တဲ့ budget.. ပါဝင်ချင်တဲ့ function စတာတွေအပေါ်မူတည်ပြီး ကျွန်တော်တို့ပေးနိုင်တဲ့အထဲက အကောင်းဆုံး… အလှဆုံးလေးတွေလုပ်ပေးဖို့ပဲလိုလိမ့်မယ်လို့ထင်မိပါတယ်။

မေတ္တာဖြင့်

-Website Builder Team

Thank You.. Black Market & SneakerNut for choosing us.Wish you to success more in your business.သတင်းတွေပဲအဓိကတင်မယ့် Sn...
01/11/2021

Thank You.. Black Market & SneakerNut for choosing us.
Wish you to success more in your business.

သတင်းတွေပဲအဓိကတင်မယ့် SneakerNut website အတွက် ရိုးရိုးရှင်းရှင်းလေးလုပ်ပေးထားပါတယ်။
www.sneakernut.xyz

-Website Builder

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Website Builder posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Website Builder:

Share

Category