07/10/2022
ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင်
နှိပ်စက်ကြလိမ့်မယ် တဲ့...
Rangoon Tea House မှာ ဒန်ပေါက်တစ်ပွဲ
၁၂ ဒေါ်လာ၊ မုန့်ဟင်းခါးတစ်ပွဲ ၆ ဒေါ်လာ၊
ရောင်းတဲ့သူကလည်း ရောင်းတယ်
လာစားတဲ့သူကလည်း စားနိုင်တဲ့ လူတန်းစားတွေ။
အဲ့တော့.. ဘာမှပြသနာ မရှိဘူး။
အဲ့လိုပဲ .. ဝင်ဒါမီယာ၊ ဥယျာဉ်လမ်းထဲက
အ မ က ကျောင်းထဲမှာ တဲထိုးပြီး ရောင်းနေတဲ့
ဒေါ်နှင်းဆီ မုန့်ဟင်းခါး၊
တစ်ပွဲကို အကြော်စုံ၊ငါးဖယ်၊ အိုးဘဲဥ၊ ငါးသလောက်ဥနဲ့ဆို ၁၂၀၀၀ လောက်ရှိမယ်၊
ရောင်းလာတာ နှစ် ၂၀ လောက်ရှိပြီ၊
လာစားတဲ့ လူတန်းစားကလည်း စားနိုင်တဲ့ လူတန်းစား၊ ဘာပြသနာမှ မရှိခဲ့ဘူး။
ဒီနှစ်ဆိုင်က အရသာလည်း သိပ်မကွာဘူး၊
စျေးလည်း သိပ်မကွာဘူး။
သို့ပေမယ့် .. ဟိုတစ်လောက ဒေါ်နှင်းဆီဆိုင်မှာ
လာစားတဲ့ လူတစ်ယောက်က တစ်ပွဲတစ်သောင်းခွဲတန်ဆိုပြီး ဖေ့ဘုတ်မှာ တင်တော့
တို့လူမျိုး ထုံးစံအတိုင်း ဝိုင်းဆဲ ကြသည်ပေါ့။
ဆဲတဲ့အထဲမှာ ၁၅၀၀၀ ဆိုရင် တစ်မိသားစုလုံး
နှစ်ရက်လောက် ထမင်းစားလို့ရတယ်လို့ ပြောတဲ့လူလဲ
ရှိတယ်။
(တကယ်လည်း သူတို့ မိသားစုက ၁၅၀၀၀ နဲ့
နှစ်ရက်လောက် ထမင်းစားနေရတာလည်း ဖြစ်ချင်ဖြစ်
မယ်)
နောက်ထပ်ဆဲတဲ့ လူတန်းစား တစ်မျိုးကျတော့
Roof Top Bar မှာ Mild seven တစ်ဗူး ၅၅၀၀ ပေးသောက်တဲ့ လူတွေပါတယ်၊
Brave မှာ ဘလက်တစ်လုံး ၈၀၀၀၀ ပေးသောက်တဲ့
လူတွေလည်း ပါတယ်။
KTV မှာ အသီး ၃ မျိုးလောက် ၄ စိတ် စိတ်ပြီး
ထည့်ထားတဲ့ ပန်းကန်ကို ၇၅၀၀ ပေးပြီး စားတဲ့ လူတွေလည်းပါတယ်။
ဘာမှန်းမသိ ညာမှန်းမသိနဲ့ မှုတ်ရ ပြီးရော ဆိုပြီး
ရှီရှားတစ်အိုး တစ်သိန်းလောက် ပေးသောက်တဲ့
အဖွဲ့တွေလည်း ပါတယ်။
ပြောချင်တာကတော့ ဒီလူတွေ အကုန်လုံးက
ဆဲချင်လို့ကို ဝင်ဆဲတာ။
အဆိုတော် နေဝင်းက .. အိမ့်ချစ်ချောကို ကြည့်တဲ့
အကြည့်က
အင်မတန် နှစ်လိုဖွယ်ကောင်းပြီး မိန်းခလေးတိုင်း
အားကျ ရတယ်။
ဗိုလ်တစ်ထောင် ညစျေးက မုန့်လင်မယား ရောင်းတဲ့ အမျိုးသမီးကို သူ့ယောက်ကျားက ကြည့်တာလည်း
ဒီ အကြည့်ပဲ။
ဒါပေမယ့် .. နှစ်လိုဖွယ် မကောင်းဘူး၊
မိန်းခလေးတွေ ရာနှုံးပြည့် အားမကျဘူး။
အရက်ဖိုး တောင်းမလို့ မျက်နှာချို သွေးနေတယ် လို့
တောင်ပြောတဲ့လူ ရှိသေးတယ်။
မှော်ဘီက မရမ်းတလင်းခြံမှာ ဆရာမင်းင်္သိခ ရေးထားတဲ့ ဆိုင်းဘုတ်ကြီး ဖတ်ဖူးတယ်။
ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်တဲ့...
အဲတော့ ကိုယ့်ကိုယ့် ကိုယ် ခမ်းနားအောင်သာ
တည်ဆောက်ပါ၊
လူချမ်းသာ စိတ်ချမ်းသာအောင် အမြဲကြိုးစားပါ။
ပိုက်ဆံဆိုတာ ဘာတွေ မဖန်ဆင်းနိုင်ဘူး
ညာတွေ မဖန်ဆင်းနိုင်ဘူးဆိုတဲ့ ဗော်ရှီဘစ်
ဂျင်းတွေကို သွားမယုံနဲ့...
ဥပါယ်တံမျဉ် ဇာတ်ကားထဲက ဗီလိမ်ဇာတ်ရုပ်
သိန်းစိုး ပြောသလိုပဲ...
ခင်ဗျား ဆင်းရဲဖူးလား ဆင်းရဲရင် ဘယ်သူမှ
စောက်ဖက် မလုပ်ဘူးတဲ့...
မျှဝေပါ၏