771 Diamond Marketing

771  Diamond Marketing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 771 Diamond Marketing, Marketing Agency, No. 771, Ayeyar 17th Street , North Okkalapa Township, Yangon.
(340)

အောင်မြင်ပြီး ရောင်းအားကောင်းသော စီးပွားရေးလုပ်ငန်းကြီးများ / Online Shop ကြီးများ၏ ယုံကြည်စိတ်ချ အားအထားရဆုံးသောဝန်ဆောင်မှု။
တိကျမြန်ဆန် ရောင်းအားအမှန် တက်စေဖို့အာမခံပြီး ဝန်ဆောင်ပေးနေပါပြီခင်ဗျာ ။
အားလုံးကျေးဇူးပါ 🙏🙏🙏

23/08/2026

#လကုန်ရက်မှာအရောင်းရဆုံး၅မျိုး

အငြိမ်းစားယူပြီးနောက်ကိုယ်ပိုင် စီးပွားရေး စလုပ်ပြီဆိုရင်ငါက ဘာ ဆိုတဲ့ မာန်ကို ချထားခဲ့ရတယ်။စီးပွားရေးလောကမှာ ရာထူးတွေ မ...
23/08/2026

အငြိမ်းစားယူပြီးနောက်
ကိုယ်ပိုင် စီးပွားရေး စလုပ်ပြီဆိုရင်
ငါက ဘာ ဆိုတဲ့ မာန်ကို ချထားခဲ့ရတယ်။

စီးပွားရေးလောကမှာ ရာထူးတွေ မလိုဘူး ။
သမာအာဇီဝကျကျနဲ့ အကွက်မြင်တတ်ရင်
ငွေကြေး ပြည့်စုံရင် ၊ ရေရှည် ရင်းနှီးမြှုပ်နှံမှု
တတ်ကျွမ်းရင် ဘုရင်ပဲ။

ငါ့တပည့်တွေပဲ ခိုင်းလို့ရပါတယ်ကွာ
ဘာမှ လုပ်ပေးစရာ မလိုပါဘူး အတွေးနဲ့ဆိုရင်
တစ်ကြိမ် နှစ်ကြိမ်တော့ အခမဲ့ ကူညီလိမ့်မယ်။
ရေရှည်မှာ အဆင်မပြေဘူး၊ သူတို့မှာလည်း
မိသားစု နဲ့ ပါးစပ်ပေါက်တွေနဲ့ လုပ်ငန်းတွေနဲ့
အချိန်တွေနဲ့ ဆိုတာကို သိရှိ နားလည်
ကိုယ်ချင်းစာ ပေးတတ်ရတယ်။

ငါက အရင်က ဘယ်လို ဘာကြီး ဆိုတဲ့
ရွှေထီးကြီး ခဏခဏ ဆောင်းပြနေရင်
အဲဒီစိတ်နဲ့ မြှောက်ပင့်သမျှ သာယာပြီး
အလိမ်ခံရဖို့ ၇၅ % ပဲ။ 😛 လက်တွေ့

ဒီအလုပ်တွေက ငါလုပ်ခဲ့တာပါ ဆိုပြီးလည်း
မာန်မတက်နဲ့၊ စီးပွားရေးလောကမှာ
အောက်ခြေက စကြရသူတွေချည်းပဲ။
လိုအပ်ရင် မိမိကုန်ပစ္စည်းကို ထမ်းသင့်ရင်
ထမ်းပေးရတယ်ဗျာ။

Customer နဲ့ အလိုက်သင့်
ပြောတတ်ဆိုတတ် ဆက်ဆံရတယ်။
ကောင်တာခုံမှာ မိန့်မိန့်ကြီး ထိုင်နေလို့ကတော့
အလှူခံတောင် မရပ်ဘူး 😝

ဘယ်သူမှ ထိပ်ဆုံးကို တန်းမရောက်ဘူး။
အရင်းအနှီး ထည့်ဝင်နိုင်တုန်း ခဏပဲ
နေရာရမှာ၊ ဦးစားပေးခံရမှာ၊ ရေရှည်မှာ
ဘာမှ မလုပ်တတ်ရင် လေထိတဲ့ ပရုပ်လုံး ပဲ။
ထန်းလျက်လုံး ခွေးလျက်တာကမှ
သားရည် ကျန်ဦးမယ်။

အချို့က ပင်စင်ယူရမယ့် နှစ်ကို
ကြိုတင်တွက်ချက်ပြီး မိသားစု စီးပွားရေးကို
အချိန်ရရင် ရသလို လုပ်နေကြတယ်။

ပင်စင်လည်း ယူပြီးရော
ကိုယ်ပိုင် စီးပွားရေးအလုပ်ထဲ တန်းခနဲဝင်
အရာရာ ပြင်ဆင်ပြီးသားဆိုတော့ အလိမ်မခံရ
အကျော်အခွ ဇယားတွေ မရှုပ်တော့ဘူး။

အဲဒီလို မဟုတ်ဘဲ
ငါ့တပည့်တွေ ငါ့မိတ်ဆွေတွေပဲ
ငါခိုင်းရင် လုပ်ပေးမှာပါ မတွေးမိစေနဲ့။
သူတို့စိတ်နဲ့ သူတို့ပဲ။ ခိုင်းလို့ရရင် ၂ ခါပေါ့။

နောက်တစ်ချက်က
စီးပွားရေးလောကဆိုတာ ငွေရှိတိုင်းလည်း
အထက်ကို မရောက်ဘူး။
ပေါင်းသင်းဆက်ဆံရေးလည်း ပြေပြစ်မှ
အောက်ကျ ခံသင့်ရင် ခံ၊ မသိရင် မိမိရဲ့
အလုပ်သမားကိုလည်း မေးရတယ်၊
မရှက်ရဘူး။ ပညာယူရတယ်။

စာသိ နဲ့ ငါသိ မတူဘူး။
ဘွဲ့ပေါင်း ၁၀၀၀ လောက် ရနေလည်း
အကွက်မမြင်တတ်ရင် စီးပွားရေး
လုပ်လို့ မရဘူး။

ခသင့်တဲ့သူကို ခ ရတယ်။
ရိုကျိုးသင့်သူကို ကြီးကြီးငယ်ငယ်
ရိုကျိုးရတယ်။

အခွင့်အရေးကို လက်တစ်ဆုံးနှိုက်ပြီး
အလကားရတဲ့ တောမီးကို ချွေးပြန်အောင်
မလှုံရဘူး။ 😛

အရေးကြီးတာက
ဘယ်ခေတ်ရောက်ရောက်
စီးပွားရေးသမားဆိုတာ အကုန်လုံးနဲ့
ချစ်ခင်အောင် တည့်အောင် နေတတ်ရတယ်။
ဒါမှ မယိုင်လဲတာ။

ကိုယ်တွေလည်း မိသားစုအတွက်
ဆီဖိုး ဆန်ဖိုးလေးရအောင် အားလပ်ချိန်မှာ
ကြိုးစား သင်ယူ လေ့လာနေတုန်းပါ။

အဲဒါပြောပြတာ။



#မှုရင်းရေးသားသူအားလေးစားစွာပြန်လည်မျှဝေပါတယ်ခင်ဗျာ 🙏🙏🙏

22/08/2026

#ပွင့်ပွင့်လင်းလင်းပြောရရင်

ပြိုင်စရာလဲမလိုဘူးနိုင်စရာလဲမလိုဘူးကိုယ့်စိတ်ကိုယ်နိုင်ကိုယ့်အလုပ်ကိုယ်လုပ်အခြားအရာတွေထက်ကိုယ့်အိမ်မက်တွေ ဂရုစိုက်မှကိုယ...
18/08/2026

ပြိုင်စရာလဲမလိုဘူး
နိုင်စရာလဲမလိုဘူး
ကိုယ့်စိတ်ကိုယ်နိုင်
ကိုယ့်အလုပ်ကိုယ်လုပ်
အခြားအရာတွေထက်
ကိုယ့်အိမ်မက်တွေ ဂရုစိုက်မှ
ကိုယ့်အတွက် ပိုတန်ဖိုးရှိမှာ ။

ဆန့်ကျင်ဘက်ဆိုတဲ့ ဆင်းရဲချမ်းသာ ကွာဟာမှုမှာ ...တစ်ယောက်က ဖြစ်နိုင်တယ်လို့တွေးပြီး ဖြစ်နိုင်တဲ့နည်းလမ်းရှာ ရအောင်လုပ်တဲ့အ...
18/08/2026

ဆန့်ကျင်ဘက်ဆိုတဲ့
ဆင်းရဲချမ်းသာ ကွာဟာမှုမှာ ...
တစ်ယောက်က ဖြစ်နိုင်တယ်လို့တွေးပြီး ဖြစ်နိုင်တဲ့နည်းလမ်းရှာ ရအောင်လုပ်တဲ့အခါ
အနည်းဆုံး နည်းလမ်းရ လမ်းစတွေ့သွားတယ်

နောက်တစ်ယောက်က မဖြစ်နိုင်ဘူးလို့တွေးပြီး
ဘာမှမလုပ် ဘာမှမဖြစ်ဘဲ
နည်းလမ်းမရ လမ်းစပါပျောက်သွားတယ်

အတွေးမကောင်း ပြောင်းပြီးမတွေး
အလုပ်မကောင်း အကောင်းမလုပ်ရင်
ကောင်းတာဖြစ်ဖို့ မလွယ်ဘူး

အကောင်းတွေး အတွေးကောင်းဖို့လိုသလို
အလုပ်ကောင်းပြီး ကောင်းအောင်လုပ်မှ
ပိုပြီးကောင်းတာတွေဖြစ်လာမှာ ... မဟုတ်လား⁉️




📲 - 09961213123 ,

 #ပြောပြီးရင်_မပြောင်းနဲ့လူတစ်ယောက်ဘာကြောင့်ဆင်းရဲနေလဲဆိုရင် ...ပြောတဲ့စကားတွေ ခဏခဏပြောင်းနေလို့တိုးတက်နေတဲ့ လူတွေကိုကြည...
17/08/2026

#ပြောပြီးရင်_မပြောင်းနဲ့
လူတစ်ယောက်ဘာကြောင့်
ဆင်းရဲနေလဲဆိုရင် ...

ပြောတဲ့စကားတွေ ခဏခဏပြောင်းနေလို့
တိုးတက်နေတဲ့ လူတွေကိုကြည့်လိုက်ရင်လဲ
ပြောတဲ့စကားတည်ကြသလို
ဖြစ်အောင်လဲလုပ်ကြတယ်
ပြောတဲ့စကားကိုလဲတာဝန်ယူတယ်

မပြောခင်စဉ်းစား ပြောပြီးရင်ဖြစ်အောင်လုပ်
ပြောပြီးမလုပ် မလုပ်ဘဲပြောနေတဲ့လူတွေက
တစ်ဘဝလုံး လမ်းလွှဲနေမှာဘဲ ...




📲 - 09961213123 ,

 #ရပ်နေလို့မရတဲ့အခြေနေမှာ #ရှေ့ဆက်ဖို့ခက်နေကြတာမှန်ပါတယ်အရင်လိုရောင်းဖို့မလွယ်တော့သလိုဝယ်နိုင်ဖို့လည်း သိပ်ပြီးလွယ်မနေဘူ...
11/08/2026

#ရပ်နေလို့မရတဲ့အခြေနေမှာ
#ရှေ့ဆက်ဖို့ခက်နေကြတာမှန်ပါတယ်

အရင်လိုရောင်းဖို့မလွယ်တော့သလို
ဝယ်နိုင်ဖို့လည်း သိပ်ပြီးလွယ်မနေဘူး
ရောင်းနည်းလဲ မတူတော့ဘူး
အခြေနေတွေကလဲ ကွာသွားပြီ

သာမာန်အတွေးနဲ့ သန်မာဖို့
ဖြစ်မလာတော့ဘူး
သန်မာဖို့ဆိုရင် အဖက်ဖက်ကတွေး
စီးပွားရေးမှာ ပုံသေမရှိဘူး

ခေတ်ပြောင်းသွားပြီ
ပုံတင် စာတင် တဲ့ခေတ်ထက်
ပြောရဲ ဆိုရဲ ပြရဲ လှုပ်ရဲမှ
ရောင်းရတဲ့ခေတ်
ပညာထက် viewers
ရှာတဲ့ခေတ် ရောက်နေပြီ

မှတ်ချက်
လက်ရှိ Facebook ရဲ့ Ads အခြေနေ
ပြောင်းလဲလာတဲ့ AI system နှင့် Community တွေကြားမှာ Views တွေလျော့ချထားပြီး အားသန်တာကိုဘဲ
Reach တွေပေးသလိုဖြစ်နေပါတယ် သာမန်အတွေးလောက်နဲ့ အလုပ်သိပ်မဖြစ်တော့တာအမှန်ပါ ။
May လလောက်ကတည်းက အခုအချိန်ထိ
Ads error ကြောင့် Result တွေဆိုးရွားပြီး
အရှုံးများနေကြပါတယ် ။
လကုန်နဲ့ လဆန်းရက်ကိုဘဲ အဓီကထားပြီး
Boost စေချင်ပါတယ် ။
အရင်တုန်းကတဲ့ သာလွန်ကောင်းမွန်တဲ့ post တွေများများဖန်တီးပါ ။
လောလောဆယ်တော့ Video တွေကို ကိုယ်တိုင်ရုပ်ပြတာက လူယုံကြည်မှု့ပိုရစေပြီး ရောင်းရပါတယ်
စာလဲဝင်သလို Results တွေလဲကောင်းပါတယ် ။

အားလုံးကျေးဇူးပါ 🙏
အဆင်ပြေအောင်မြင်ကြပါစေ ။

Boosting အတွက် အခက်တွေ့နေတုန်းဘဲလား ⁉️နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Algorithm တွေ၊ Policy တွေကလည်း နေ့စဉ်နဲ့အမျှ ပြောင်း...
01/08/2026

Boosting အတွက် အခက်တွေ့နေတုန်းဘဲလား ⁉️

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Algorithm တွေ၊ Policy တွေကလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပါတယ်။

* အပြိုင်အဆိုင်တွေကြား ရောင်းအားကျလာသလား?

* Ads Budget သုံးသလောက် ရလဒ်က ပြန်မလာဘူး ဖြစ်နေလား?

* Target Audience လွဲနေလို့ Reach တွေ တိုင်ပတ်နေလား?

ဒီလို အခက်တွေ့နေတယ်ဆိုရင် အဖြေက **"Content + Strategy"** ပါပဲ။

ကျွန်တော်တို့က သင့်လုပ်ငန်းအတွက်:
✅ ဝယ်သူအစစ်အမှန်တွေဆီ ရောက်စေမယ့် **Right Audience** ရွေးချယ်ခြင်း။
✅ ဆွဲဆောင်မှုရှိတဲ့ **Creative Content** ဖန်တီးပေးခြင်း။
✅ ရေရှည်အတွက် ခိုင်မာတဲ့ **Brand Awareness** တည်ဆောက်ပေးခြင်း။

စတဲ့ ဝန်ဆောင်မှုတွေကို စနစ်တကျ လုပ်ဆောင်ပေးနေပါပြီ။ ရလဒ်ကောင်းတဲ့ Advertising အတွက် အခုပဲ Messenger မှာ ဆွေးနွေးလိုက်ပါ။

Sein Myint Maw


အားလုံးမင်္ဂလာပါ ကျွန်တော် ခရီးက ပြန်ရောက်ပါပြီခင်ဗျာ 🙏( ၁၄ ) ရက်တာခရီးမှာ နှောင့်နှေးကြန့်ကြာမှု့များအဆင်မပြေမှု့များအတ...
29/07/2026

အားလုံးမင်္ဂလာပါ
ကျွန်တော် ခရီးက ပြန်ရောက်ပါပြီခင်ဗျာ 🙏

( ၁၄ ) ရက်တာခရီးမှာ နှောင့်နှေးကြန့်ကြာမှု့များ
အဆင်မပြေမှု့များအတွက် အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ 🙏🙏🙏

သွားချင်တာသွား စားချင်တာစား
လည်ချင်တာလည်ပြီးတဲ့နောက်
အလုပ်တွေ ပြန်ကြိုးစားရမှာဖြစ်လို့
အမြန်ဆန်ဆုံး အကောင်းဆုံးဖြစ်အောင်
ကြိုးစား ဝန်ဆောင်မှု့ပေးပါမယ်ခင်ဗျာ ။

အမြဲယုံကြည်စွာ လက်တွဲခွင့်ပေးတဲ့
စီးပွားရေး လုပ်ငန်းရှင် ကျေးဇူးရှင်ကြီးများကိုလည်း
ကျေးဇူးအထူးပါခင်ဗျာ

🙏🙏🙏

အားလုံး အဆင်ပြေ ကျန်းမာ စိတ်ချမ်းသာ၍
စီးပွားရေးလုပ်ငန်းများ အဆပေါင်းများစွာ
တိုးတက် အောင်မြင်ကြပါစေ ။

🙏🙏🙏🙏🙏

ချင်းမိုင်မှာဘဝအရေး အခြေနေမပေးတဲ့အရပ်မှာ ထက်အနေဝေးတဲ့အရပ်မှာ မိဝေးဖဝေး မိသားစုနဲ့ အဝေးမှာ ဘဝကို ခက်ခက်ခဲခဲ မဖြစ်ဖြစ်အောင...
20/07/2026

ချင်းမိုင်မှာ
ဘဝအရေး အခြေနေမပေးတဲ့အရပ်မှာ ထက်
အနေဝေးတဲ့အရပ်မှာ မိဝေးဖဝေး
မိသားစုနဲ့ အဝေးမှာ ဘဝကို ခက်ခက်ခဲခဲ
မဖြစ်ဖြစ်အောင် ကြိုးစားရှင်သန်နေကြတဲ့
လူငယ် လူရွယ်တွေ အများကြီးဘဲ
ဘယ်မှာ မွေးလဲဆိုတာထက်
ဘယ်နေရာရောက်ရောက် အကောင်းဆုံး
ရှင်သန်နိုင်နိုင်မှ ဘဝတွေက
ပြည့်စုံမှာ ... မဟုတ်လား ⁉️

အရှုံး အနိုင် အားပြိုင်တဲ့အခါ
အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်
နည်းလမ်းရှာ ထိပ်တိုက်ရင်ဆိုင်
အရှုံးကိုရင်ဆိုင်ပြီး အမှားနည်းအောင်ပြင်
စိတ်ကူးထက် လက်တွေ့
ကြိုးစားနိုင်မှ အောက်မကျမှာ ...

Address

No. 771, Ayeyar 17th Street , North Okkalapa Township
Yangon
0000

Telephone

+959961213123

Website

Alerts

Be the first to know and let us send you an email when 771 Diamond Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share