Yayy Pay Mal

Yayy Pay Mal We are responsible for providing the innovative content and design needed for your page at an afford

ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်အခါသမမှစ၍ မြန်မာပြည်သူ ပြည်သားများ အားလုံး ကိုယ်စိတ်နှလုံး အေးချမ်းပါစေကြောင်း ဆုမွန်ကောင်းတ...
19/10/2021

ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်အခါသမမှစ၍ မြန်မာပြည်သူ ပြည်သားများ အားလုံး ကိုယ်စိတ်နှလုံး အေးချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်...


ပညာတတ်လူငယ်တွေ စကစရဲ့ မှိုင်းမိထားလို့ရှင်းပြချင်လို့ရယ်။ Go Fund me ကိစ္စပေါ့။ ပိုက်ဆံက ထုတ်လို့ရတယ် သုံးလို့မရတာ။ အဲ့က...
12/09/2021

ပညာတတ်လူငယ်တွေ စကစရဲ့ မှိုင်းမိထားလို့ရှင်းပြချင်လို့ရယ်။

Go Fund me ကိစ္စပေါ့။ ပိုက်ဆံက ထုတ်လို့ရတယ် သုံးလို့မရတာ။ အဲ့ကိစ္စမှာ တာဝန်ရှိသူတွေက အမေရိကန်ကနေတဲ့ သူတွေပါတယ်။ ပြောရရင်တော့ အာ့တုန်းက အလှူခံဆိုလို့ အလှူခံလိုက်တာ go fund me ကနေ အလှူခံလို့ရတယ်ဆိုလို့ အလှူခံလို့ရပြီး ထုတ်သုံးမယ်ဆိုတော့ go fund me မှာ rule and regulation ရှိတယ်။ လူသားချင်းစာနာထောက်ထားမှုမှအပ တခြားရည်ရွယ်ချက်နဲ့ အလှူငွေသုံးလို့မရဘူး။ သုံးမယ်ဆို US က တာဝန်ခံတွေကို ဖမ်းဆီးခွင့်ရှိတယ်။ ထောင်ကျကိုကျမှာ။ ဒါကြောင့် pdf ကိုလက်နက်ဝယ်ဖို့ gofundme ကငွေကို သုံးမရပါဘူး။ နောက်တခု cdm ဝန်ထမ်းကိုလည်းထောက်ပံဖို့ မရဘူး။ လူသားချင်းစာနာမှုဆို covid တို့ဘာတို့အတွက်ဆိုရတယ်။ ဒါကပထမအခက်ခဲ။

ဒုတိယက အာ့ဒေါ်လာ ၉ သန်းကို ၁ သန်းပဲ မြန်မာပြည်ကို လွှဲပေးမယ်။ မြန်မာဘက်က ဘယ်ခရိုနီများ ကျပ်ငွေပြန်လဲပေးနိုင်မလဲ ကျပ်ငွေလည်းမလုံလောက်ဘူး။ လဲပေးချင်တောင် ဒါမှမဟုတ် ဒေါ်လာ ၁ သန်းလက်ခံပြီး cdm သမားတွေ စစ်ရှောင်တွေအတွက် ဘဏ်တွေထဲ exchange transfer ပြန်လုပ်ပေးနိုင်မလဲ။ ဘယ်ခရိုနီမှ မလဲပေးရဲဘူး။ nug ငွေကို ထောင်ဂဏန်းရာရာဂဏန်းလုပ်ပေးတဲ့ လူတွေလည်း လန့်နေရသလို ငွေသားကို စကစက ဒုက္ခပေးလိုက်သေးတယ်။ ဒါကြောင့် nug သူတို့ ထီလက်မှတ်နဲ့ ticket တွေရောင်းတာပါ။ အဲ့က ရတဲ့ငွေကို ကြိုက်သလိုသုံးလို့ရတယ်။ ဒါကြောင့် ဒါကို ဖိလုပ်ကြတာ ခုဆို blockchain ပါ try နေတယ်။ အာ့ငွေကိစ္စတည့်မေးကြတာကြာပေါ့ ရှိတယ်။ ဒီတော်လှန်ရေးပြီးမှ ပြန်လည်ထူထောင်ရေး လူသားချင်းစာနာ ဘာညာမှာပဲထောက်ပံပေးနိုင်မယ်။ နူဂျီက အခုလက်ရှိမှာ ထီရောင်းရငွေလေးနဲ့ သူ့ဟာသူ မနည်းရုန်းကန်နေရတာ အဖွဲ့အစည်းက လူတွေပဲ သိတယ်။ ပြည်သူတွေ သိလေ စိတ်ဓာတ်ပိုကျမှာ ကြောက်လို့သာ ဟိုလှည့်ဒီလှည့်နဲ့ လျှောက်ပြောနေတာ။ အဲ့ဒါမို့ ပြည်သူတွေအနေနဲ့ ကလစ်စရာရှိတာ ကလစ်။ ဝင်ငွေရှိတဲ့လူတွေက support။ ဘာသံညာသံကြားရင် အာမချောင်နဲ့။ မစပ်စုချင်နဲ့။ ဒါလောက်ပဲ လုပ်နိုင်အုံးမယ်။

ဒါကိုနားလည်ပြီး သိတဲ့ကောင်တွေက တမင်ပွဲရှာပြီး ပြည်သူနဲ့ နူဂျီကို ရန်တိုက်ပေးနေတာ။ ဘယ်လောက်ထိဆိုးသလဲဆိုရင် လက်ဝဲဝါဒကို လူငယ်တွေ စိတ်ထဲရောက်အောင် လုပ်ခဲ့တဲ့ ဘဲတပွေဆို စကစရဲ့ အတွင်းလူတယောက်ဖြစ်နေတဲ့အထိပဲ။

မိတ်ဆွေရဲ့ လုပ်ငန်းက အရင်ကတော့ ရောင်းကောင်းတယ်။ အခု ပြိုင်ဘက်လုပ်ငန်းတစ်ခု ပေါ်လာတော့ ရောင်းမကောင်းတော့ဘူး။ အဲ့တော့ အရင်...
10/09/2021

မိတ်ဆွေရဲ့ လုပ်ငန်းက အရင်ကတော့ ရောင်းကောင်းတယ်။
အခု ပြိုင်ဘက်လုပ်ငန်းတစ်ခု ပေါ်လာတော့ ရောင်းမကောင်းတော့ဘူး။ အဲ့တော့ အရင်လို ရောင်းကောင်းအောင် ဘာလုပ်သင့်သလဲဆိုရင်...

အများစုကတော့ ပြောလိမ့်မယ် စာလေး ပုံလေးရိုက်ပြီး Facebook ပေါ်မှာ တင်ရောင်း လူစိတ်ဝင်စားရင်ရောင်းရတာပဲ။ အဲ့ထက် ပိုရောင်းရစေချင်ရင် Boost လိုက် စသဖြင့်ပေါ့။ ဒီလိုမျိုး လုပ်တာက လုပ်ငန်းအကြီးကြီး အငယ်ပေါ်မူတည်ပြီး အနည်းအကျင်းတော့ မှန်ကောင်း မှန်လိမ့်မယ်။ ရေရှည်အတွက်တော့ အဆင်မပြေပြန်ဘူး။

ကျွန်တော်သာ မိတ်ဆွေကို အကြံပြုခွင့်ရမယ်ဆိုရင် မိတ်ဆွေရဲ့ လုပ်ငန်းကိုပြန်ပြီး လေ့လာစေချင်တယ်။ ဥပမာ - လုပ်ငန်းက ဘာလဲ ဘယ်လိုလည်ပတ်နေတာလဲ ဘယ်လိုမျိုး ဝန်ဆောင်မှုတွေပေးနေတာလဲ ငါသာ စားသုံးသူတစ်ယောက်အနေနဲ့ စဥ်းစားမယ်ဆိုရင် ဘယ်အချက်လေးတွေ ပြောင်းသင့်သလဲစတာတွေပေါ့။ ဒါကို Business Model ကို ပြန်တည်ဆောက်တယ်လို့ပြောလို့ရတယ်။ မရောင်းရဘူးဆိုတာနဲ့ Digital Marketing ကို အတင်းဖိလုပ်နေတာထက်စာရင် အပေါ်ကအချက်တွေ ပြန်လည်ပြင်ဆင်ပြီး နည်းဗျူဟာကျကျ လုပ်ဆောင်ပြီးမှသာ အဲ့အနောက်ကနေ Digital Marketing Strategy လိုက်တဲ့အခါ ပိုသဘာဝကျပြီး ဒီထက်မက ပိုရောင်းကောင်းပြီး အောင်မြင်တဲ့ ရလဒ်ကောင်းတွေရမှာ အသေအချာပါပဲ။

Contact us: Message / Phone









ဇွတ်ရောင်းဖို့ချည်းပဲ လုပ်နေတုန်းလား?မိတ်ဆွေရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု တစ်မျိုးမျိုးကို Digital Channel ပေါ်  တင...
01/09/2021

ဇွတ်ရောင်းဖို့ချည်းပဲ လုပ်နေတုန်းလား?

မိတ်ဆွေရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု တစ်မျိုးမျိုးကို Digital Channel ပေါ် တင်လိုက်ပြီဆိုတာနဲ့ ရောင်းဖို့ချည်းပဲ တွေးမနေစေချင်ပါဘူး။

မိတ်ဆွေရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုနှင့် ဝယ်ယူမယ့်သူ (အလားအလာရှိတဲ့ Customer) ကြားမှာ ယုံကြည်မှုတစ်ခုကို အရင်တည်ဆောင်စေချင်ပါတယ်။

သူ ဘာလိုလဲ ဘာလိုအပ်ချက်ရှိလဲဆိုတာ သူအခက်အခဲတွေကို ကိုယ်က အရင်ဆုံး မေးစမ်းပြီး သူနဲ့ ကိုက်ညီတဲ့ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှု တစ်မျိုးမျိုးကို ပြသပေးတာမျိုး လမ်းညွှန်ပေးတာမျိုးက မရောင်းရဘူးဆိုရင်တောင် စိတ်ကျေနပ်မှု ပိုဖြစ်သွားစေပြီးတော့ ကိုယ့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအပေါ် ပိုပြီးယုံကြည်မှုတိုးလာစေမှာ အသေအချာပါပဲ။

Digital Channel တိုင်း ထိုနည်းတူပါပဲ ရောင်းဖို့မကြိုးစားလေလေ ပိုရောင်းရလေလေပါပဲ။

⚠Digital Channel ပေါ်မှာ လုပ်ငန်းတစ်ခုခု စဖို့ မရဲတရဲဖြစ်နေတယ်ဆိုရင် လာပြီးဆွေးနွေးပါ လိုအပ်တဲ့ အကြံဥာဏ်ကိုပေးဖို့ အဆင်သင့်ပါဘဲ တစ်ပြားတစ်ချပ်မှ ပေးစရာမလိုပါဘူး

Contact us: 📲✉







Marketing ကောင်းတယ်ဆိုတာ ကြော်ငြာတာ တစ်မျိုးထဲကိုပဲ မမြင်စေချင်ပါဘူး။ပထမဆုံး ကိုယ့် Product နှင့် Service ကို အရင်ကြည့်ရ...
30/08/2021

Marketing ကောင်းတယ်ဆိုတာ ကြော်ငြာတာ တစ်မျိုးထဲကိုပဲ မမြင်စေချင်ပါဘူး။

ပထမဆုံး ကိုယ့် Product နှင့် Service ကို အရင်ကြည့်ရပါမယ်။

ဒုတိယ ကိုယ့် Brand ရဲ့ Personality, Tag Line နှင့် Logo ကလည်း အရမ်းကို အရေးပါပါတယ်။

Product တစ်ခု ရောင်းတော့မယ်ပဲထား Quality ဘယ်လောက်ကောင်းကောင်း အပြင်အဆင် (Packaging) မကောင်းဘူး
ဆိုရင် လူတွေက ဝယ်ဖို့ အလားအလာနည်းဦးမှာပါ။

Packaging ကောင်းပြန်သော်လဲ ဈေးက အဆင်မပြေရင် မဝယ်ကြပါဘူး။

ဈေးအဆင်မပြေဘူးဆိုတာ ဈေးကြီးနေတာကိုပြောတာမဟုတ်ပါဘူး။
တချို့ တချို့က တွေးတယ်၊ ကိုယ်ရောင်းမယ့် ပစ္စည်းက ဈေးကြီးနေလို့ စျေးချလိုက်ရင် ဝယ်မယ်ထင်တာ။

တကယ်ဆိုရင် ဈေးချတိုင်းလဲ လူတွေက မဝယ်ကြတော့ပါဘူး။ ဈေးကြီးတဲ့ ဆိုင်တွေမှာလူတွေပိုများနေတယ်ဆိုတာ မျက်မြင်ပါပဲ။

အဓိကက ကျွန်တော်တို့ ရဲ့ Customer က ဘာကြောင့် ကျွန်တော်တို့ ကုန်ပစ္စည်းကို ဝယ်သလဲဆိုတာ သိဖို့လိုပါတယ်။

စျေးနှုန်းကို ကြည့်ပြီးဝယ်တာလား၊ Quality ကိုကြည့်​ပြီး ဝယ်တာလား၊ ဘာကိုကြည့်သလဲဆိုတာ သိဖို့လိုပါတယ်။

အဲ့တော့ Customer အကြောင်းနားလည်ဖို့လိုပါမယ်။

နောက်ဆုံးကတော့ ကျွန်တော်တို့ ကုန်ပစ္စည်း ဝန်ဆောင်မှုနဲ့ မကိုက်ညီတဲ့ အလားအလာမရှိတဲ့ ဖောက်သည်တွေကို ရောင်းမိနေတာမျိုးတွေ
ဖြစ်နေလားဆိုတာကို စမ်းစစ်ဖို့လိုပါတယ်။

ကိုယ့်လုပ်ငန်း ဘယ်လောက်ကြီးကြီး သေးသေး မရောင်းရဘူးဆိုရင်
Business လို့ခေါ်လို့မရပါဘူး။

ဒါကြောင့် Marketing ကောင်းကောင်း လုပ်တတ်ဖို့နှင့် Customer အကြောင်း ကောင်းကောင်းသိဖို့လိုပါတယ်။

ဒါတွေသိရင်တော့ ရောင်းအားကောင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ...

Contact us: 📲✉







မိတ်ဆွေရဲ့ Page မှာ တင်လိုက်တဲ့ Content တွေ Design တွေက Customer ကြိုက်ဖို့လိုတာလား?ကိုယ်ကိုတိုင် ကြိုက်ဖို့လိုတာလား?   ...
30/08/2021

မိတ်ဆွေရဲ့ Page မှာ တင်လိုက်တဲ့ Content တွေ Design တွေက Customer ကြိုက်ဖို့လိုတာလား?
ကိုယ်ကိုတိုင် ကြိုက်ဖို့လိုတာလား?





Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when Yayy Pay Mal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share