Fiber Internet Yangon 2

Fiber Internet Yangon 2 09956536920/09946311169

Fiber 🆚 Wireless---------------------------ချစ်တို့ရေ ...သိပြီးပီလား လက်ရှိမိမိတို့ သုံးနေတဲ့ supernet အမျိုးအစား Wirele...
10/10/2022

Fiber 🆚 Wireless
---------------------------
ချစ်တို့ရေ ...သိပြီးပီလား လက်ရှိမိမိတို့ သုံးနေတဲ့ supernet အမျိုးအစား Wireless လား ? Fiber လားဆိုတာ?

တိုးတတ်လာတဲ့နည်းပညာ ခေတ်ထဲမှာ တချို့က သိကြပီး တချို့က သတိမထားမိတာလေးတွေ မသိသေးတာလေးတွေ ရှိနေတာမို့ ဒီက မင်မင် က ထပ်ပီးတော့.....⏳
Fiber Internet နဲ့ Wireless Internet တို့ရဲ့ အားသာချက်၊ အားနည်းချက်လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်နော်

Fiber Internet (သို့) FTTH ဆိုတာဘာလဲ?
ဖိုင်ဘာအင်တာနက်ဆိုတာကတော့ ဖန်ဖြင့်ပြုလုပ်ထားသောကြိုးမှတစ်ဆင့် အလင်းအနေဖြင့် သတင်းအချက်အလက်များကို သယ်ဆောင်ပေးသော ဆက်သွယ်ရေးနည်းပညာတစ်ခုဖြစ်ပါတယ်။ DSL (ဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်သုံးသောနည်းပညာ) နှင့်သဘောတရားချင်းတူပြီး ဝါယာကြိုးများအစား ဖန်ကြိုးများဖြင့်တပ်ဆင်ထားခြင်းဖြစ်သည်။ သတင်းအချက်အလက်များကို လျှပ်စစ်အနေဖြင့် သယ်ဆောင်ခြင်းအစား အလင်းအနေဖြင့် သယ်ဆောင်ခြင်းဖြစ်သည်။

Wireless ဆိုတာဘာလဲ?
ရေဒီယိုလှိုင်းများကိုအသုံးပြုထားတဲ့ ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကို ဆိုလိုတာဖြစ်ပါတယ်။ ကြိုးမဲ့ဖြစ်တာကြောင့် လှိုင်းမိတဲ့နေရာတိုင်းမှာ အလွယ်တကူအသုံးပြုလို့ရပါတယ်။ လိူင်းမမိတဲ့ နေရာမှာဆို ရင်တော့
သုံးလို့မရဘူးပေါ့နော်... 😁

🌐အမြန်နှုန်း
အမြန်နှုန်းချင်းယှဉ်လာရင်တော့ Fiber က Wireless ထက်အများကြီးသာပါတယ်။ အသုံးပြုသူများလာတာနဲ့အမျှ၊ video တွေ game တွေ တစ်ပြိုင်တည်းအသုံးပြုလာတာနဲ့အမျှ Wireless ကပိုနှေးလာပါတယ်။ ဒီလိုအခါမှာဆိုရင် Fiber က သိသိသာသာနှေးသွားမှာမဟုတ်ပါဘူး။

✅အကွာအဝေး
အကွာအဝေးများသွားလေလေ Wireless signal ကလည်းအားနည်းသွားလေလေပါဖြစ်ပါတယ်။ မိမိအသုံးပြုတဲ့နေရာနဲ့ Wireless ထပ်ဆင့်လွှင့်စက်တွေဝေးနေရင်တော့ အင်တာနက်လိုင်းကောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါကြောင့် wireless ကို အသုံးပြုတဲ့နေရာမှာ ထပ်ဆင့်လွှင့်စင်တွေနဲ့ ဝေးတဲ့နေရာမှာ သုံးမိရင် အင်တာနက် လိုင်းကောင်းမွန်စွာ အသုံးပြု
ဖို့ရာ ခဲယဉ်းပါလိမ့်မယ် နော်။👨‍🔧👨‍💻

Fiber အင်တာနက်ကတော့ point to point ချိတ်ဆက်တာဖြစ်လို့ မိမိရှိတဲ့နေရာအထိ တိုက်ရ်ိုက် တပ်ဆင် အသုံးပြုရတဲ့အတွက် လိုင်းဆွဲအား တည်ငြိမ်ကောင်းမွန်ပီး မြန်ဆန်တဲ့ အင်တာနက်ကို အသုံးပြုနိူင်မှာပါ။
မိမိနေရာမှာ Fiber cable ချိတ်ဆက်လို့ရမယ်ဆို အိုကေပါပြီနော်။

✅အကြမ်းခံနိုင်ခြင်း
မိုးရာသီရောက်ပြီဆိုရင်တော့ Wireless တွေက လိုင်းအားကျတာလေးတွေခဏခဏဆိုသလိုဖြစ်နိုင်ပါတယ်။ မီးပျက်ရင်လည်း လိုင်းအားကျတာမျိုး၊ လိုင်းပျက်တာမျိုးတွေဖြစ်တတ်ပါသေးတယ်။ Fiber လိုင်းကတော့ ရာသီဥတုဒဏ်ခံနိုင်ပါတယ်။ မီးပျက်ရင်လဲ power supply (သို့)
Powerbank နဲ့ ချိတ်ဆက် ပီး အသုံးပြုနိူင်ပါသေးတယ်။👼

⁉️လုံခြုံရေး
Wireless ဟာရေဒီယိုလှိုင်းတွေလွှင့်ထားကြောင့် လိုင်းမိတဲ့နေရာတိုင်းမှာ အလွယ်တကူအသုံးပြုလို့ရမှာပါ။ ဒီအချက်ဟာ Wireless ရဲ့အားသာချက်ဖြစ်သလို အားနည်းချက်လည်းဖြစ်ပါတယ်။ Hacker များအလွယ်တကူ လုံခြုံရေးချိုးဖောက်ဝင်ရောက်နိုင်မှာပါ။ Fiber network မှာတော့ fiber ကြိုးကို အသုံးပြုထားတာဖြစ်တဲ့အတွက် အလွယ်တကူ hacking လုပ်လို့ရမှာမဟုတ်ပါဘူး။

♻️ဒတောပမာဏ
များသောအားဖြင့် Wireless တွေဟာ တစ်နည်းနည်းနဲ့ ဒေတာအသုံးပြုမှုပမာဏကို ကန့်သတ်ထားပါတယ်။ ဘယ်လောက် GB ကို ဘယ်အချိန်အတွင်းသုံးရမယ်ဆိုတာမျိုးလေးတွေပေါ့။ အကန့်အသတ်မရှိဘူးလို့ပြောရင်တောင် ဘယ်လောက်GB ကျော်သွားရင် လိုင်းနှေးသွားပါမယ်ဆိုတဲ့ ကန့်သတ်ချက်လေးတွေရှိပါတယ်။ Fiber အင်တာနက်ကတော့ ဒေတာဘယ်လောက်သုံးသုံး တကယ်ကို ပါပဲ။

✳️အသုံးပြုမှုလွယ်ကူခြင်း
ဒီအချက်မှာတော့ Wireless ကအားသာသွားမှာဖြစ်ပါတယ်။ လိုင်းမိတဲ့ဘယ်နေရာသွားသွား အင်တာနက်သုံးလို့ရနေမှာပါ။ Fiber ကတော့ မိမိချိတ်ဆက်တပ်ဆင်ထားတဲ့ မိမိတို့ရဲ့ Home Sweet Home မှာသာ အနားယူအပန်းဖြေရင်း video တွေကြည့်၊ game တွေဆော့၊facebook တွေစိတ်ကြိုက်သုံးလို့ရတာပေါ့။
ကဲ...ချစ်တို့ရေ..ခုလောက်ဆို ကိုယ်နေရာဒေသကာလ အပေါ်မူတည်ပြီး ကိုယ်နဲ့ အဆင်ပြေအိုကေစေမယ့် Internet ကို ရွေးချယ်အသုံးပြုနိုင်
ကြပါစေနော်...။

သြော်တစ်ချက် မေ့တော့မလို .... 😁
ဝယ်ယူ☑♻တပ်ဆင်မူ့
ဒီအချက် မှာတော့ Wireless က ထပ်ပီးအားသာပါတယ်။
အလွယ်တကူ နည်းစပ်ရာ နေရာဒေသ အလိုက် wireless
အရောင်းကိုယ်စားလှယ်ဆိုင်တွေ၊ မိုဘိုင်းဖုန်းအရောင်းစင်တာအချို့နဲ့
သက်ဆိုင်ရာshowroomတွေ မှာ 3 လစာ သက်တမ်းပါရှိ
တဲ့ wireless စက်တွေ ကို ချက်ခြင်းဝယ်ယူ အသုံးပြုနိင်ပါတယ်။

Fiber💁 ကတော့ အလွယ်တကူ ခုဝယ် ခုတပ်လို့မရပါဘူးနော်။
တည်ငြိမ်တဲ့လိုင်းဆွဲအားနဲ့ မြန်ဆန်တဲ့အင်တာနက် အသုံးပြုဖို့ အတွက်
ချစ်တို့ ရဲ့ Home Sweet Home လေးမှာ Point to point လာရောက်တပ်ဆင်ပေးမှာဖြစ်လို့ အချိန်အနည်းငယ် စောင့်ရပါတယ်။

စိတ်ဝင်စားလို့ တပ်ဆင်ချင်တယ်ဆိုရင် မင်မင် ဆီ ကို တိုက်ရိုက် ဆက်သွယ် လို့ရသလို ၊ chat boxကနေလဲ မှာယူလိုရပါတယ်နော်။

ကိုအမြန်ဆုံးတပ်ဆင်ဆောင်ရွက်ပေးနေပါပီ 👨‍🔧
မင်မင်Wireless လုံးဝ လုံးဝ မရောင်းပါဘူး နော် 😁📡

ခုလို စိတ်မကောင်းစရာ စိတ်ပူနေရတဲ့ COVID -19 ကြောင့် အိမ်အပြင်မထွက်ပဲ ရုံးမတတ်ဘဲ online ကနေ အလုပ်လုပ်နေရတဲ့ အချိန်မှာကောင်းမွန်တဲ့ အင်တာနက် ကို ရှာနေ ပီဆိုရင်ဖြင့် upload /download မြန်ဆန်ပီး လိုင်းဆွဲအားကောင်းမွန်တဲ့...
🕺 Fiber Internet ကို စတင်အသုံးပြုဖို့ အခုပဲ

☎☎☎09956536920
📞📞📞09946311169
ကိုဆက်သွယ်လိုက်ပါနော်..🤗

သီတင်းကျွတ်🪔🪔🪔 ပရိုးမိုးရှင်းအနေနဲ့20Mbpsလေးကိုတစ်လချင်းပေးလေးနဲ့ရပါပြီရှင့်လူနည်းနည်းနဲ့သုံးချင်သူအတွက်ကတော့ တစ်ရက်ကို၁...
08/10/2022

သီတင်းကျွတ်🪔🪔🪔 ပရိုးမိုးရှင်းအနေနဲ့
20Mbpsလေးကိုတစ်လချင်းပေးလေးနဲ့ရပါပြီရှင့်

လူနည်းနည်းနဲ့သုံးချင်သူအတွက်ကတော့ တစ်ရက်ကို၁၀၇၀ကျပ်တည်းနဲ့တစ်ရက်လုံးအဝသုံး တစ်လလုံးမှ32000နဲ့စိတ်ကြိုက်သုံးလို့ရပြီနော်

မြန်မြန်order form တင်ထားမှစိတ်ချရမယ်နော်
📣 3ရက် အတွင်း အိမ်တိုင်ရာရောက်
အမြန်ဆုံးတပ်ဆင်ပေးတယ်နော်။ 💙

ကိုဝယ်ယူလိုပါက ၆လစာချုပ်ချုပ်ဆိုပေးရမှာဖြစ်ပါတယ်။

⬇️ _____ ⬇️ _____ ⬇️ _____ ⬇️ _____⬇️
(FTTH Fiber )

Home Broadband package

💥20mbps ➡️ 32000 (တစ်လချင်းပေး)

✅25mbps➡39600(တစ်လချင်းပေး)

✅40mbps➡46200(တစ်လချင်းပေး)

✅55mbps➡62700(တစ်လချင်းပေး)

#6လစာကြိုသွင်း 1 လအခမဲ့
#12လစာကြိုးသွင်း 2လအခမဲ့

💥ရရှိနိုင်တဲ့မြို့နယ်တွေကတော့-
ကျောက်တံတား၊လသာ၊အလုံ၊ကြည့်မြင်တိုင်၊ဘုရင့်နောင်၊မြေနီကုန်း၊စမ်းချောင်း၊လှည်းတန်း၊ကမာရွတ်၊လှိုင်၊မရမ်းကုန်း၊သမိုင်း၊အင်းစိန်၊လှိုင်သာယာ၊တောင်ဥက္ကလာ၊ရန်ကင်း၊တာမွေ၊ကျောက်မြောင်း၊မင်္ဂလာတောင်ညွန့်၊မြောက်ဥက္ကလာ၊တောင်ဒဂုံ၊မြောက်ဒဂုံ၊သာကေတ၊ဒေါပုံ၊သဃ်န်းကျွန်း၊သုဝဏ္ဏ၊ယုဇနဥယျာဥ်မြို့တော်၊အရှေ့ဒဂုံ၊ဒဂုံဆိပ်ကမ်း၊ရွှေပြည်သာ နေရာများ တပ်ဆင်လို့ရပါပီခင်ဗျ

💥အလွယ်ကူဆုံးငွေပေးချေမှုများ-
CB,KBZ,AYA,Mobile Banking, G&G,City Express,Oasis,Near Me,OK Dolla,City Mart,Ocean,Market Place အစရှိတဲ့နေရာတို့တွင်လွယ်ကူစွာပေးဆောင်နိုင်ပါပြီ။

💥တပ်ဆင်အသုံးပြုလိုပါက
1.နာမည်
2.မှတ်ပုံတင်အရှေ့၊အနောက်
3.လိပ်စာအပြည်စုံ
4.ဖုန်းနံပါတ် နှစ်ခု
6.Location
7.တပ်ဆင်လိုသည့် Planတို့ကို
Page Chatbox or Viber သို့ပေးပို့နိုင်ပါတယ်ရှင့်

💥Sale Hotline :09-946311169/09-956536920
ကိုဆက်သွယ်စုံစမ်းလိုက်တော့နော်💙💙💙

Copy ကူးယူခွင့်မပြု ❌❌❌

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959956536920

Website

Alerts

Be the first to know and let us send you an email when Fiber Internet Yangon 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share