Mr. Roven

Mr. Roven As digital marketing specialists, we can help increase your business's online presence and reach.

တခါတလေ ကျနော်တို့ တွေးမိကြံမိတဲ့ စိတ်ကူးလေးတွေကို ကိုယ့်ချစ်သူ၊ ဇနီးမယား၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေကို ပြောပြ တိုင...
20/04/2022

တခါတလေ ကျနော်တို့ တွေးမိကြံမိတဲ့ စိတ်ကူးလေးတွေကို
ကိုယ့်ချစ်သူ၊ ဇနီးမယား၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေကို
ပြောပြ တိုင်ပင်ဖူးကြမှာပါ။

ကျနော်ကိုယ်တိုင်လည်း ကိုယ့်စိတ်ကူးလေးတွေကို
ပြောပြ တိုင်ပင်ဖူးပါတယ်။

ဒါပေမယ့်လည်း အပြုသဘောဆောင်ပြီး အကြံပေးတာတွေထက်
ခပ်ပေါ့ပေါ့ပဲ သဘောထားပြီး
ခပ်ကြောင်ကြောင်အတွေးပါကွာဆိုပြီး
ပြန်ကြားရတာတွေကများပါတယ်။

ဒီလိုဖြစ်သွားတဲ့အခါ
အချို့သော စိတ်ကူး၊ အကြံဥာဏ်ကောင်းတွေဟာ
အကောင်အထည်ပေါ်မလာဘဲ ဆက်မလုပ်ဖြစ်တော့တာများပါတယ်။

ဒါ့ကြောင့်မို့လို့ Stan Lee ပြောသလို
ကိုယ့်မှာ အကြံကောင်းတွေရှိလာတဲ့အခါ
ဘယ်သူတစ်ဦးတစ်ယောက်ရဲ့
ဘယ်လို ပြောစကားကြောင့်မှ
အလဟဿမဖြစ်ပါစေနဲ့တဲ့။

ဒီစကားကို Talk Show တစ်ခုမှာ
Stan Lee ပြောခဲ့တာပါ။

Stan Lee ကို ယောက်ျားလေးတော်တော်များများကတော့
Marvel Cinematic Universe(MCU) ရဲ့ ဖခင်ကြီးအဖြစ်
သိရှိပြီးဖြစ်ကြမှာပါ။

လက်ရှိအချိန်မှာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့
Iron Man, Hulk, Spider Man စတဲ့
စူပါဟီးရိုး ဇာတ်ကောင်တွေကို
ရေးဆွဲဖန်တီးခဲ့တဲ့ ကာတွန်းဆရာကြီးဖြစ်ပါတယ်။

Stan Lee ဟာ
Spider Man ဇာတ်ကောင်ကို
ထုတ်ဝေဖို့အတွက် သူရဲ့ ထုတ်လုပ်သူနဲ့
တိုင်ပင်ခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း Publisher က
ခပ်ကြောင်ကြောင်စိတ်ကူးပါကွာဆိုပြီး
အလေးမထားခဲ့ပါဘူး။

စာအုပ်တိုက် အရှုံးပေါ်လို့ ပိတ်ရတော့မယ့်အချိန်
Publisher က လုပ်ချင်သလိုလုပ်တော့လို့ ပြောလိုက်တဲ့အချိန်
နောက်ဆုံးထုတ်ဝေတဲ့ အချိန်မှာ
Stan Lee ဟာ သူ့စိတ်ကူးအတိုင်း
Spider Man ဇာတ်ကောင်ကို
မိတ်ဆက်ထုတ်ဝေခဲ့ပါတယ်။

ဒီလိုနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး
ကျနော်တို့ အခုလို အံ့သ◌ြမင်သက်ရတဲ့
Spider Man ရယ်လို့ ဖြစ်လာတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဘယ်သူ့ ဘယ်သူရဲ့ ပြောစကားကြောင့်မှ
ကိုယ့်ရဲ့ စိတ်ကူးတွေကို မဆုံးရှုံးသွားပါစေနဲ့။

သီချင်းတစ်ပုဒ်ရဲ့ အရသာ၊ ပန်းချီကားတစ်ချပ်ရဲ့ အနှစ်သာရ၊ ရှုံးနိမ့်ခြင်းရဲ့ ခါးသက်မှု၊ အမေ့အပြုံးရဲ့ ချိုမြိန်မှု အချို့သေ...
11/04/2022

သီချင်းတစ်ပုဒ်ရဲ့ အရသာ၊
ပန်းချီကားတစ်ချပ်ရဲ့ အနှစ်သာရ၊
ရှုံးနိမ့်ခြင်းရဲ့ ခါးသက်မှု၊
အမေ့အပြုံးရဲ့ ချိုမြိန်မှု
အချို့သော အလှတရားတွေဟာ
မျက်စိနဲ့မမြင်နိုင်သလို
ထိတွေ့ကိုင်တွယ်နိုင်မှာလည်း မဟုတ်ပေမယ့်
Helen Keller ပြောသလို
နှလုံးသားနဲ့တော့ ကောင်းကောင်းကြီး ခံစားနိုင်ပါလိမ့်မယ်။

Failure isn't the opposite of success.It's a part of success.
09/04/2022

Failure isn't the opposite of success.
It's a part of success.

Address

Yangon
11415

Telephone

+959420173082

Website

Alerts

Be the first to know and let us send you an email when Mr. Roven posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mr. Roven:

Share