05/03/2026
Digital Marketing ဆိုတာ Facebook Marketing တင်မဟုတ်ဘူးနော် 💡
လူအများစုက Digital Marketing ဆိုတာကို Facebook မှာ ကြော်ငြာတာ၊ Page ကိုင်တာလို့ပဲ ထင်နေကြပါတယ်။
တကယ်တော့ Facebook Marketing ဆိုတာ Digital Marketing ရဲ့ အစိတ်အပိုင်းတစ်ခုလေးပဲ ဖြစ်ပါတယ်။
Digital Marketing က အများကြီးပိုကျယ်ပြန့်ပါတယ်။ ဥပမာအနေနဲ့ -
⏰ Search Engine Optimization (SEO): Google လိုမျိုး Search Engine တွေမှာ ကိုယ့်လုပ်ငန်းနာမည် (ဒါမှမဟုတ်) ကိုယ့်ကုန်ပစ္စည်းနဲ့ သက်ဆိုင်တဲ့ စကားလုံးတွေကို ရှာလိုက်ရင် ထိပ်ဆုံးမှာပေါ်အောင်လုပ်တာမျိုးပါ။
⏰ Website Marketing: ကိုယ်ပိုင် Website တစ်ခုရှိခြင်းက အင်တာနက်ပေါ်မှာ ကိုယ်ပိုင်ဆိုင်တစ်ဆိုင်ဖွင့်ထားတာနဲ့ တူပါတယ်။
⏰ Email Marketing: ကိုယ့်ရဲ့ Customer တွေကို အထူး Promotion တွေ၊ သတင်းအချက်အလက်တွေကို Email ကနေတစ်ဆင့် တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
⏰ Content Marketing: Blog တွေ၊ Video တွေ၊ Infographic တွေလို အကျိုးရှိတဲ့ အကြောင်းအရာတွေဖန်တီးပြီး Customer တွေနဲ့ ရေရှည်ဆက်ဆံရေးတည်ဆောက်တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ Anargat Digital Marketing မှာလူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်းတွေပေါက်ရောက်ဖို့အတွက် Content Marketing နဲ့ပတ်သတ်တဲ့ Package တွေရှိပါတယ်။ အချိန်ကုန်မခံပဲ Content တွေဖန်တီးပေးပြီး Audience တွေဆီ ရောက်ဖို့အတွက် Anargat Digital Marketing ကိုသာအပ်ထားလိုက်လို့ရပါတယ်နော်။ 😎😎