Yangon Digital Agency

Yangon Digital Agency Services

Permanently closed.
29/05/2024
‼️ Boost လုပ်ခြင်းတစ်ခုကိုပဲ လုပ်နေတော့မှာလား ...?Boost ထိုးမှရောင်းရတယ် မထိုးရင်မရောင်းရဘူးဆိုတဲ့စကားတွေက အမြဲတမ်းကြားန...
19/10/2023

‼️ Boost လုပ်ခြင်းတစ်ခုကိုပဲ လုပ်နေတော့မှာလား ...?

Boost ထိုးမှရောင်းရတယ် မထိုးရင်မရောင်းရဘူးဆိုတဲ့စကားတွေက အမြဲတမ်းကြားနေရတဲ့ စကားတွေပါ။
ဒီနေ့ကျနော်ပြောချင်တဲ့ အကြောင်းအရာလေးကတော့
Trend ပေါ်မူတည်ပြီးပြောပြပေးသွားမှာပါ။
ဒီအချက်လေးတွေကို သတိထားကြည့်ပါ ...

✅ သိအောင်အရင်လုပ်ပါ
------------------------------------
လူငယ်ဆိုတော့ လူငယ်ပုံစံပဲနားလည်လွယ်မဲ့ ဥပမာပေးပါမယ်။ ကောင်မလေးတစ်ယောက်ကိုလိုက်တယ်ဆိုပါစို့ ...
ကိုယ့်အကြောင်း သိပြီးသားသူကိုလိုက်တာနဲ့
မသိသေးတဲ့သူကိုလိုက်တာ ဘယ်ဟာကပိုပြီး အဆင်ပြေစေလဲ သိပြီးသားသူ ရင်းနှီးပီးသားသူကို လိုက်တာကပိုအဆင်ပြေစေတာပေါ့။ ဒါဆိုရင်တော့ သူနဲ့အရင်ဆုံးသိအောင် ရင်းနှီးအောင်အရင်လုပ်တာပေါ့။
Product ဆိုလည်းထိုနည်းအတိုင်းပါပဲ လူတွေသိလာအောင် ကိုယ့် Product ကိုမရောင်းခင် အရင်သိလာအောင် မိတ်ဆက်တာတွေများများလုပ်ပေးရပါမယ်။

✅ စိတ်ဝင်စားလာပါလိမ့်မယ်
-----------------------------------------
ကောင်မလေးက ကိုယ့်အကြောင်းတွေ များများသိလာလေ များများကြားလာလေ ချစ်တာမချစ်တာထက် သူစိတ်ဝင်စားလာပါပြီ။ Product လည်းထိုနည်းတူပါပဲ Product အကြောင်းကို Awareness Stage မှာသေချာလုပ်ရပါမယ်။ Boosting, Photo Content, Text Content, Video Content စတဲ့ ပုံစံမျိုးစုံကနေ သေချာလေးလုပ်ရပါလိမ့်မယ်။ ဒါကိုသူမြင်လာလေလေ ကြားလာလေလေပိုပိုပြီးစိတ်ဝင်စားလာလေလေပါပဲ။

✅ စုံစမ်းပါမယ်
-----------------------
ဒီအဆင့်မှာတော့ စပြီးစုံစမ်းပါတော့မယ်။ Product နဲ့ပတ်သတ်တဲ့ Review, Product အကြောင်း စတာတွေကို
လေ့လာတော့မှာပါ။ ဒီအဆင့်တွေမရောက်ခင် ကြိုပြီးကိုယ့်ဘက်က ပြင်ထားရမှာတွေကအများကြီးရှိပါတယ်👍

ဒါတွေကတော့မိတ်ဆွေအနေနဲ့ အထူးသတိထားရမဲ့အချက်လေးတွေပါ။ ဒါရဲ့နောက်ထပ်အဆက်လေးကို
ထပ်တင်ပေးသွားမှာဖြစ်လို့ Page လေးနဲ့ အဆက်သွယ်မပြတ်နေဖို့လိုပါမယ်နော် ... 🥰

18/10/2023

မိတ်ဟောင်းမိတ်သစ်များအားလုံး… Boost Service ပြန်ရနေပါပြီဗျ

ရောင်းအားတက်ဖို့… လူသိများဖို့…

Boost လုပ်ဖို့ဆို Yangon Digital Agency နဲ့ ဆက်သွယ်လိုက်နော်

Boost Service နဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုတာရှိရင်လည်း Chat Box မှာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ဗျ

🔜 A Strong Facebook Account Meta version သို့ ပြောင်းလဲခြင်းများအပေါ်....error မဖြစ်....ရက်သူံးဆယ် မ ban... fb acc lock ...
25/06/2022

🔜 A Strong Facebook Account
Meta version သို့
ပြောင်းလဲခြင်းများအပေါ်....

error မဖြစ်....ရက်သူံးဆယ် မ ban...
fb acc lock မကျအောင်
ဆောင်ရန်ရှောင်ရန်များ..............🔚

ခိုင်မာသောဖေ့စ်ဘွတ်ခ်အကောင့်တစ်ခု

Fb acc တွေ ဘာလို့ ခနခန lock
ကျနေကြလဲ ????

ယနေ့ခေတ် ဖေ့စ်ဘွတ် သုံးစွဲတဲ့လူဦးရေတွေ အင်မတန် များပြားလာတာနှင့်အညီ ဖေ့ဘွတ်အကောင့်တွေ လော့ကျတာလည်း များလာတယ်။

မြန်မာနိုင်ငံမှာဆိုရင်
Vpn ကျော်နေရလို့ location
ပြသနာပေါ့..
ပြီးတော့ စကားလုံးအမှားအယွင်းများပေါ့ နည်းနည်းလေးမှ မှားမရ
post ဖျက်
နောက် ရက်30 ပါပဲ
lockတန်း မကျသွားတာပဲ
ကျေးဇူး တင်ရမလိုပါ
ဆိုလိုတာက...
ဖေ့ဘွတ်အကောင့်ကို အကျိုးရှိစွာ အသုံးပြုသူတွေ အနေဖြင့် မိမိတို့ အကောင့် လော့ကျသွားပါက အင်မတန် စိတ်ညစ်ရပါတယ်။

ခုကျွန်တော် posts တင်ပေးလိုက်တာကတော့ ခိုင်မာသောဖေ့ဘွတ်အကောင့်တည်ဆောက်ပုံနှင့် Facebook account ကိုလော့မကျဘဲ ရှည်အသုံးပြုနိုင်ရန်အတွက် ရှောင်ရန်ဆောင်ရန်နည်းလမ်းများပင်ဖြစ်ပါသည်။ ဤ နည်းစနစ်များမှာက ကျွန်တော့အတွေ့အကြုံ ၊ Onlin General Knowledge နှင့် Facebook Community Standards ကိုအခြေခံပြီးရေးသားထားခြင်းဖြစ်ပါသည်။ ကိုးကားထားတဲ့ မူရင်းစာများကို လည်း တင်ပြပေးထားပါတယ်။ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်အလက်များစွာ ပါဝင်တဲ့ လေ့လာမှတ်သားထားသင့်ပါသည်။

1. Use to real account ♻♻♻ အကောင့်အစစ်သုံးပါ

အကောင့်အစစ်ဆိုတာက
(1) Real name ♻(အမည်အစစ်)
(2) Real birthday ♻ (မွေးသက္ကရာဇ်အစစ်)
(3) Real photo ♻(ပုံအစစ်)
(4) Real details ♻ (အသေးစိတ် အချက်အလက်)
(5) Real idenity ♻ (မှတ်ပုံတင်အစစ်
ကိုယ့်ရဲ့ ပုံအစစ်) အသုံးပြုသော Offical account ဖြစ်သည်။ ယခုလို real account များမှာ သာမာန်အကောင့်တွေထက် ပို၍ခိုင်မာမှုရှိပါသည်။

🔜 Upload a profile picture, and make sure to use your authentic name and date of birth.🔚
(Angela Community Operations Facebook)

ကျွန်တော်တို့ရဲ့ အကိုတွေ ဦးလေးတွေဆိုရင် facebook account ကို ဘာ ID မှမရှိဘဲနှင့် နှစ်နှစ်၊ သုံးနှစ် လော့မကျဘဲအသုံးပြုနေတာတွေ ရှိပါသည်။ ဒါဟာ real account အသုံးပြုခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်သည်။ သို့သော်လည်း တစ်ခုတော့ ရှိတယ်။ real account ဆိုရာ၌ မိမိ နာမည် မွေးသက္ကရာဇ် နှင့် မှတ်ပုံတင်ကို အကောင့်တစ်ခုထည်းအတွက်သုံးပါ။ names & birthdays တူ အကောင့်များစွာအသုံးပြုခြင်းက temporary, Indenity lock ကျတတ်သည်။

🔜 We've asked you to verify your identify because it looks like you may have multiple accounts or may not be using your authentic identity.🔚
Facebook Team

2. Don't make more " comments,likes,groups, pages & friend requested " 📵📵📵

ပြည်ပက မင်းသားမင်းသမီးပုံတွေ ယူသုံးခြင်း များနှင့်တကွ
Like, comments တွေအများကြီးပေးတာ ရေးတာမလုပ်ပါနှင့်။ groups တွေ page တွေ အများကြီးဖွဲ့တာ မလုပ်ပါနဲ့ ။ လော့ကျတတ်သည်(Online general knowledge)။

ဖွင့်ပြီးသား pages & groups များကိုလည်း အလကားမထားဘဲ posts & states တင်ခြင်းဖြင့် အလုပ်လုပ်ပေးပါ။အလုပ်မလုပ်သော page & groupsများမှာ ခိုင်မာမှုအားနည်းသည်။ friends များစွာအပ်ခြင်း လက်ခံခြင်းတွေ မလုပ်ပါနှင့်။ ကိုယ်နှင့် ဒိုးတူဘောင်ဖက် ဝါသနာတူသော သူငယ်ချင်းများကို ပို၍ လက်ခံသင့်သည်။ ဤ အချက်များမှာလည်း မှတ်သားသင့်ပေသည်။
🔜 Only send messages and friend requests to people you know personally.🔚
Angela Community Operations
Facebook

3. Only use one IP in two months 🔯🔯🔯
(နှစ်လတွင်း ip တစ်ခုထည်းမှာသုံး)

New account ကိုဖွင့်ပြီးပြီးခြင်း IP number တစ်ခုထည်းမှာ အသုံးပြုပါ။ ဆိုလိုတာက Fb account သစ်ကို ဖုန်းတစ်လုံးထဲ (သို့) computer တစ်လုံးထည်းမှာ အနည်းဆုံးနှစ်လလောက်အသုံးပြုပါ။ fb account သစ်ကို ဟိုလူဖုန်းယူသုံး ဒီလူ့ဖုန်းယူသုံး နှစ်လတွင်းမလုပ်သင့်ပါ။
နှစ်လအတွင်း IP တစ်ခုထည်းမှာစွဲစွဲမြဲမြဲ အသုံးပြုခြင်းကြောင့် အကောင့်က ပို၍ ခိုင်မာမှုရှိတယ်။ (Onlin general knowledge)

4. Don't use Destop site in two months 📵📵📵 နှစ်လအတွင်း ကွန်ပြူတာပုံစံ မသုံးပါနဲ့

Fb ကို Destop review ကွန်ပြူ တာပုံစံနဲ့ အသုံးပြုခြင်းက Browsers ဝင်၍အသုံးပြုရတဲ့အတွက် load အင်မတန်ဆွဲပါတယ်။ ထိုကြောင့်
နှစ်လအတွင်း username change (ယူစာအမည် ချိန်းခြင်း) , follow on (ဖော်လိုဖွင့်ခြင်း), comment ranking on (ကွန်းမန့် အရှင်) & tag 100 of friend (သူငယ်ခြင်း တစ်ရာတွဲခြင်း) မလုပ်ပါနှင့်။ account ကနုသေးတဲ့အတွက် load ဆွဲဒဏ်ကို မခံနိုင်ဘဲ Fb account လော့ကျနိုင်သည်။

5. Don't make any violation 📵📵📵 အမှားများမလုပ်ပါနဲ့

Groups , Comments & Messager တွေမှာ ရန်ဖြစ်တာတွေ ဆဲဆိုတာတွေမလုပ်ပါနဲ့ သီးခံပါ။ ပြန်လည်ဆဲဆိုမှု တွေလုပ်ခဲ့ရင် သူ့အပြစ်က ကိုယ့်အပြစ်ဖြစ်နိုင်၍ မိမိတို့ account Virus ကိုက်နိုင်သည်။ တရားလွန်လာတဲ့ထိ ရန်စလာပါက ဆရာတွေနှင့် တိုင်ပင်ဆွေးနွေး၍ ဖြေရှင်းပါ။
အကျိုးမရှိသော posts မျိုးတွေ ခဏခဏမတင်ပါနဲ့ ။ ကောင်းမွန်တဲ့ သုတရသ နည်းပညာ posts မျိုးတွေတင်ပါ။ အများအတွက်ကောမိမိအတွက်ကော အကျိုးရှိစေမဲ့ပို့တွေက အကောင့် ခိုင်မာမှုအတွက် အထောက်အပံ့ဖြစ်စေသည်။

အာ့လိုမှမဟုတ်ပဲ လုပ်ချင်တာတွေလုပ် တင်ချင်တဲ့ပို့ တွေတင် မန့်ချင်တာမန့် ဆဲဆိုနေမယ်ဆိုရင် community standard ကိုဖောက်ဖျက်ပြီဖြစ်တဲ့အတွက် disabled ထိနိုင်သည်။
🔜 Your account has been disabled because you violated Facebook's Terms. We disable users who send unsolicited messages and create objects for the sole purpose of promoting or advertising a product, service, or opportunity.🔚

ကွန်မြူ နတီ စည်းကမ်း များကို အင်္ဂလိပ်လို ထပ်၍ လေ့လာချင်ပါက link

Follow the Facebook Community Standards:📒📒📒📰📰📰 https://www.facebook.com/communitystandards (Katie Community Operations Facebook)

6. Security 🔬🔬🔬⚠⚠⚠ လုံခြုံရေးစနစ်

Fb account လုံခြုံရေး ဆိုင်ရာများဖြစ်တဲ့ (a)Notification on လုံချုံရေး အချက်ပြစနစ် ဖွင့်ထားပါ။
(b) Login approval အသိအမှတ်ပြု လျို့ဝှက်နံပါတ် ထားပါ။
(c) Trusted Contactes သူငယ်ချင်းအမှန်ရွေးချယ်မှု ထားပါ။
(d) Add one phone & extra mail ဖုန်းနံပါတ်တစ်ခုနှင့် mail အပိုတစ်ခုထပ်ထည့်ပါ။
(c) primary email ကို မိမိတို့ ဖုန်းထည်းမှာ ရှိရမည်။ primary email password ကိုလည်းသိထားပါ။ အကယ်၍ လော့ကျခဲ့ပါက အလွယ်တစ်ကူ ပြန်ယူနိုင်မည်။ primary email ဆိုတာက အကောင့်၏ အသက် အကောင့်ကို မောင်းနှင်နေသော mail ပင်ဖြစ်သည်။

7. Indenity (ID) 💯💯💯 မှတ်ပုံတင်ခြင်း

မိမိတို့အကောင့်ကို မှတ်ပုံတင်ထားပါ။ အစိုးရ မှတ်ပုံတင် မရှိရင် Credit Card ကျောင်းသားကဒ်၊ ယာဉ်မောင်းလိုင်စင်၊ passports တစ်ခုခုတော့ရှိရမည်။ မှတ်ပုံတင်ထဲက နာမည်နှင့် Fb Name နှင့်တူဖို့တော့ လိုပါသည်။

🔜 If you don't have a government-issued photo ID, you can also send us 2 different forms of ID (ex: school ID, credit card) that both show the same name. One of the IDs must also include a photo or date of birth that matches the information on your Facebook profile.🔚
Facebook Team

်နည်း (၄) မျိုးရှိသည်။

(a) Confirm your Indenity wint an ID ♻ လျောက်လွှာ တင်ခြင်း
(b) Submitte your Indenity ♻ အတည်ပြုခြင်း
(c) Personal data request ♻ အချက်အလက် ဖြည့်သွင်းခြင်း
(d) Name ID ♻ နာမည်အတည်ပြုခြင်း စသည်တို့ဖြစ်သည်။
ID တင်ထားသောအကောင့်မှာ သာမာန်အကောင့်များထက် ပို၍ခိုင်မာမှုရှိပါသည်။ ID အောင်ပြီဆိုပြီး ရန်လိုက်ဖြစ်နေလို့ မရပါ ID ရှိပြီးသား account လည်း community standard နဲ့မညီလျင် လော့ကျနိုင်သည်။
🔜 Thanks for verifying your identity. We've reactivated your account, and you should be able to log in now. You can take a few steps to make sure you don't lose access to your account again.🔚

Community Operations Facebook

အထက်ပါအချက်အလက်များကို လိုက်နာ၍ Community Standard နှင့်အညီ Fb account ကို အသုံးပြုပါက လော့မကျဘဲ ရေရှည်အသုံးပြုနိုင်၍ ခိုင်မာသော Fb Account တစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ ကျွန်တော်လည်း community စည်းကမ်း တွေကို နားမလည်ခဲ့တဲ့အတွက် အကောင့်တော်တော်များများ လော့ကျခဲ့ဖူးပါတယ်။
ကျောင်းမှာ ကျောင်းစည်းကမ်း အိမ်မှာ အိမ်စည်းကမ်း ဆိုတာရှိပါတယ်။ Community စည်းကမ်း များကိုမလိုက်နာပါက မည်သူမဆို လော့ကျနိုင်မည်ဖြစ်ပါကြောင်း ကျွန်တော်လေ့လာမိသမျှ ရေးသား တင်ပေးလိုက်ပါသည်။

Credit to original uploader
#ဆရာမဟန်နီနန်းထိုက်

Facebook က တရားဝင်ကြေညာလိုက်တဲ့ Policy အသစ်တွေအကြောင်း သိပြီးကြပြီလားကဲ... မနေ့ကပဲ Facebook ရဲ့အလားအလာ ဘာညာ ပြောနေတုန်းရ...
25/06/2022

Facebook က တရားဝင်ကြေညာလိုက်တဲ့ Policy အသစ်တွေအကြောင်း သိပြီးကြပြီလား

ကဲ... မနေ့ကပဲ Facebook ရဲ့အလားအလာ ဘာညာ ပြောနေတုန်းရှိသေး ဇူဇူရက်စက်ပါပြီ။ 😥
page owner တွေအတွက် အကျပ်အတည်းဖြစ်စေမဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေကို Facebook က တရားဝင်ကြေညာလိုက်ပြီး ဒီစည်းကမ်းတွေဟာ 26-7-2022 ကနေ စတင်ပါမယ်တဲ့။

သိပ်တော့လည်း စိတ်ညစ်မသွားကြပါနဲ့နော်။
စိတ်ဓာတ်ကျမဲ့သူတွေ ဖြေသိမ့်နိုင်အောင်လို့ ပြောပြရရင် အခုထုတ်ပြန်လိုက်တဲ့ policy တွေအကုန်လုံးက အသစ်တွေချည်းပဲမဟုတ်ဘဲ အရင်ကတည်းက Facebook က ကန့်သတ်ပြီးသားအချက်တွေ တော်တော်များများပြန်ပါပြီးသားမို့လို့ ကျနေတဲ့စိတ်ဓာတ်လေးတွေ ပြန်ကောက်တင်ပြီး ဖတ်ကြည့်ကြပါဦး။

🔸သူများ page ကတင်ထားတဲ့ စာတွေ၊ ပုံတွေ၊ Google တို့ Pinterest တို့က save ထားတဲ့ပုံတွေကို ကူးတင်လို့မရဘူးတဲ့၊ ဒါက အရင်ကတည်းကရှိပြီးသား policy ပါပဲ။ ပိုပြီးတင်းကျပ်လာတာပဲရှိတယ်၊ အရင်က အဲ့လိုကူးတင်တာတွေကို ခွင့်မပြုပေမဲ့ သိပ်မတင်းကျပ်သေးတော့ တခါတလေကူးမိတာ ကံကောင်းရင် လွတ်နိုင်ပေမဲ့ ကံဆိုးရင်တော့ ပယ်ချခံရပါတယ်။ အခုတော့ ပိုပြီးစိစစ်လာတော့မယ်ဆိုတဲ့သဘော။ ကိုယ့် page မှာကိုယ် အရင်ကတင်ဖူးတဲ့ post တွေကို တသွေမတိမ်း ပြန်ကူးမတင်ရဘူးဆိုတာလည်း အရင်ကတည်းကကန့်သတ်ထားပြီးသားပါ။ သို့သော် အနည်းအကျဉ်းလောက်ပြန်တင်တာကိုတော့ သူခွင့်ပြုပါတယ်။ အခုကတော့ သူကြေညာထားတဲ့ ၇လပိုင်း ၂၆ရက်နေ့ကစပြီး လုံးဝခွင့်မပြုတော့ဘူးဆိုတဲ့အတွက် တစ်ခါသုံးပြီးတဲ့ post ကို ၏၊ သည်၊ ၍ မလွဲ ပြန်ကူးတင်လို့မရတော့ပါဘူး။ နည်းနည်းပါးပါးပြောင်းလဲပြီး တင်ရင်တော့ ရနိုင်ပါသေးတယ်။ သူများတင်ထားတဲ့ post ကိုတော့ page မှာ ပြန်ကူးတင်ဖို့မပြောနဲ့ ရှဲတောင်ရှဲလို့မရပါဘူးတဲ့။ ဒီပို့စ်လေးကြိုက်လိုက်တာ page မှာရှဲမယ်လို့တွေးမိရင် အချိန်မီ ဘရိတ်အုပ်ကြပါလို့ 😵

🔸နောက်တစ်ခုက ကိုယ့် page မှာတင်ထားတဲ့ post တွေကို ဂရုတွေမှာရှဲလို့မရဘူးဆိုတဲ့ကိစ္စ။ ဒါလည်းအရင်ကရှိပြီးသား policy ကို ပိုတင်းကျပ်လိုက်တာပါ။ Kay အမြဲတမ်းပြောပါတယ်။ ကိုယ့် page က post တွေကို group ပေါင်းသောင်းခြောက်ထောင်ရှဲတာကို Facebook က မကြိုက်ပါဘူး။ သို့သော် အတိုင်းအတာတစ်ခုထိတော့ ခွင့်ပြုထားပါတယ်။ မတရားသဖြင့် group တွေအများကြီးကို ခဏခဏရှဲနေမှသာ page quality ထိတတ်တာပါ။ အခုတော့ group တွေမပြောနဲ့ ကိုယ့် acc မှာတောင် မရှဲရဘူးတဲ့ 🤧။ နည်းနည်းများသွားပြီ 😒

အသစ်တိုးတာတွေကတော့
🔸Content တွေကို ပိဋကတ်သုံးပုံလို အရှည်ကြီးတွေရေးပြီး တင်ခွင့်မပြုတော့ပါဘူး 😵။ ဒီလောက်ကတော့ သိပ်ကိစ္စမရှိဘူးထင်တာပဲ။ ကိုယ်တွေလည်း စာအရှည်ကြီးတွေရေးဖို့ပျင်းသလို ဖတ်တဲ့သူတွေလည်း စာရှည်ရင် မဖတ်မှန်းသိတော့ တိုတိုတုတ်တုတ်ပဲ ဆော်ကြရုံပေါ့။ ဒီပို့စ်ရှည်တာတော့ လာမပြောနဲ့နော်။ ဒါက ရှည်ကိုရှည်ရမဲ့ post မို့လို့ရယ် 🥺
(Content Writer လက်သစ်လေးတွေတော့ သတိထားကြပါ။ ကိုယ်တွေလည်း Writer ပေါက်စဘဝတုန်းက Content တစ်ပုဒ်ရေးရင် ပြောချင်တာ ရေးချင်တာတွေများပြီး အရှည်ကြီးတွေဖြစ်ဖြစ်သွားတတ်တယ်။ ကျစ်ကျစ်လျစ်လျစ်နဲ့ ထိမိအောင် မချုံ့တတ်သေးဘူးလေ။ အခုတော့ စာအရေးအသားကောင်းဖို့အပြင် ကျစ်လျစ်ပြီး လိုရင်းရောက်ဖို့၊ အဓိကကျတဲ့အချက်တွေကို ရွေးထုတ်တတ်ဖို့ များများလေ့ကျင့်ကြပါတော့နော်။)

🔸Live လွှင့်နေတုန်း youtube ကသီချင်းတွေ tiktok ကသီချင်းတွေ လုံးဝမဖွင့်ရတော့ပါဘူး။ အရင်ကလည်း Live ထဲမှာ နိုင်ငံခြားသီချင်းတွေဖွင့်ထားမိရင် copyright ငြိပြီးဖျက်ချခံရပါတယ်။ အခုက youtube ကသီချင်းအကုန်ပါမဲ့သဘောမှာရှိတယ်။ ပြီးတော့ tiktok သီချင်းတွေမဖွင့်ရဘူးဆိုတော့ tiktok marketing ကို facebook နဲ့ချိတ်ဆက်ပြီးလုပ်နေတဲ့ page တွေ ထိပါပြီ။ 😕

🔸တင်လိုက်တဲ့ post တွေထဲမှာ link တွေမထည့်ရတော့ဘူးတဲ့။ "Promotion လေးရှိတယ်နော် ဒီ link ကိုသွားကြည့်ပါ" တို့၊ "link ထဲဝင်ပြီး page ကို like & follow လုပ်ပေးကြပါဦး" တို့ Link ချပေးပြီးကြော်ငြာလို့ မရတော့ပါဘူး။ 😖

🔸 ဘယ်လောက်တောင်ဆိုးလဲဆိုတော့ ကိုယ့် page မှာ video တင်တယ်ဆိုရင် အဲဒီ video ကို ကိုယ်တိုင်ဝင်ကြည့်လို့မရဘူးတဲ့ဗျာ။ ကဲ... ကိုယ်ရိုက်ထားတဲ့/editထားတဲ့ video လေးကို တစိမ့်စိမ့်ပြန်ကြည့်တတ်တဲ့ ကိုယ်တွေဆိုရင် အဲ့မှာထိပါပြီ 🤧။ တစိမ့်စိမ့်ကြည့်ချင်ရင် page က video ကိုမကြည့်ဘဲ ကိုယ့်ဖုန်းထဲက video လေးကိုပဲ ပြန်ကြည့်ရတော့မဲ့အဖြစ်။ video တင်ရင်လည်း 10mins ထက်နည်းတဲ့ video တွေ တင်လို့မရဘူးလို့လည်းတွေ့ပါတယ်။ အဲဒါတော့သေချာမသိသေးဘူး။ တကယ်သာဟုတ်ရင် Video viwer တွေ ကျလာနိုင်ပါတယ်။ 10min နဲ့အထက် video အရှည်ကြီးတွေ ဘယ်သူကကြည့်ချင်မလဲနော်။ bill လည်းကုန်သေး 😫။ Video တင်ဖို့ ဒီတိုင်းပစ္စည်းတွေရိုက်တင်တာမဟုတ်ဘဲ Video Content ကောင်းကောင်းလေးနဲ့ အဆုံးထိကြည့်ချင်အောင် ဆွဲခေါ်ပြီးတင်မှ ကြည့်မယ့်သူရှိတော့မှာ။ ☹️

ကဲ... page admin တွေ တူတူဖက်ငိုကြမလား 🥺
ဘယ်လိုပဲဖြစ်ဖြစ် ဒီ Facebook ကြီးကို ဆက်ပြီးသုံးနေရဦးမှာပဲဆိုတော့ နိုင်ငံကြီးသားပီသစွာ စည်းကမ်းလိုက်နာပြီး ရသလောက်တော့ ဆက် run ကြမယ်လေနော်။ ရှေ့သို့လှမ်းချီ ကုန်ပါပြီ မဖြစ်ရအောင် ပေါ်လစီလေးတွေတော့ သတိထားကြပေါ့... အသစ်တိုးတာတွေရှိရင်လည်း ထပ်ပြီးဝေမျှပေးသွားမယ်နော် 🥺 ဖိုက်တိုး အဲဗီးဝမ်း 💪

Credit

  Digital Agency Content Marketing Strategy ဆိုတာ ဘာလဲ? Content marketing strategy, content strategy, content plan ဒီအခေ...
21/06/2022

Digital Agency

Content Marketing Strategy ဆိုတာ ဘာလဲ?

Content marketing strategy, content strategy, content plan ဒီအခေါ်တွေကို လူတွေက တူတူပဲလို့မှတ်ကြပြီး အမျိုးမျိုးခေါ်ကြပေမဲ့ တစ်ခုနဲ့တစ်ခုက နည်းနည်းကွာခြားချက်ရှိပါတယ်။

Content Marketing Strategy

Content marketing strategy ဆိုတာက ကျွန်တော်တို့လုပ်ငန်းတွေရဲ့ “why” ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့ ကျွန်တော်တို့ Content တွေဖန်တီးနေတာလဲ? ကျွန်တော်တို့က ဘယ်သူတွေကိုကူညီပေးနေတာလဲ? အဲဒီလူတွေကိုဘယ်သူမှမကူညီနိုင်တဲ့နည်းလမ်းနဲ့ ဘယ်လိုကူညီပေးမလဲဆိုတာပဲဖြစ်ပါတယ်။ လုပ်ငန်းတွေက များသောအားဖြင့် audience ရဖို့၊ revenue တိုးဖို့၊ ကုန်ကျစရိတ်နည်းဖို့၊ ပိုကောင်းတဲ့ customer တွေရလာဖို့ဆိုတဲ့ အကျိုးအမြတ်တွေကြောင့် content marketing ကို အသုံးပြုကြပါတယ်။

Content strategy

Content strategy ကတော့ content တွေ creation လုပ်ဖို့၊ ဖြန့်ဝေဖို့နဲ့ အသုံးပြုနိုင်တဲ့ content တွေဘက်ကို ပိုအလေးပေးပါတယ်။ Content strategy က လုပ်ငန်းတွေကို သူတို့မှာရှိတဲ့ Content တွေကို စီမံခန့်ခွဲဖို့ ကူညီပေးနိုင်တာမျိုးပါ။

Content plan

အပေါ်က နှစ်ခုနဲ့ယှဥ်လိုက်ရင် content plan က ပိုပြီးနည်းဗျူဟာကျပါတယ်။ Content plan က ကျွန်တော်တို့ Team က ဘယ်သူတွေက Task တွေကို handle လုပ်မလဲ? ကျွန်တော်တို့ strategy တွေကိုဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ တွေကိုသတ်မှတ်ပေးတာမျိုးပါ။ Content plan တစ်ခုမတည်ဆောက်ခင်မှာ content marketing strategy တစ်ခုရှိဖို့လိုတယ်ဆိုတာကို နားလည်ဖို့ကလည်းအရေးကြီးပါတယ်။ Content Plan တစ်ခုမှာ ကျွန်တော်တို့ဘယ်လို content တွေဖန်တီးမှာလဲ? ဘယ်အချိန်မှာ ဘယ် Social Media ကနေ share မလဲ? ဘယ်လို call to action တွေထည့်မလဲဆိုတဲ့ content နဲ့သက်ဆိုင်တဲ့ အသေးစိတ်ကျတဲ့ key topic တွေ ပါဝင်ရမှာပါ။

ကျွန်တော်တို့ရဲ့ Content Marketing Strategy မှာ ဘာတွေပါဝင်သင့်လဲ?
Content marketing strategy တစ်ခုကို customer တွေရဲ့လိုအပ်ချက် နဲ့ content တွေကို customer တွေဆီရောက်အောင်ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ အသေးစိတ် Plan တွေရဲ့ outline ဖြစ်တယ်လို့တွေးကြည့်လိုက်ပါ။

Content marketing strategy တစ်ခုမှာ အောက်ကဖော်ပြထားတဲ့အချက် (5) ချက်ပါဝင်လေ့ရှိပါတယ်။

1. Business Case

ကျွန်တော်တို့ရဲ့ audience ကို Value တစ်ခုခုပေးတာက အောင်မြင်တဲ့ Content Strategy ရဲ့ မရှိမဖြစ်လိူအပ်တဲ့အပိုင်းဖြစ်ပါတယ်။ audience အသစ်တွေနဲ့ follower တွေရပြီး Content Strategy ကြောင့် ကျွန်တော်တို့လုပ်ငန်းတွေကိုတိုးတက်နေသင့်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းအောင်မြင်ဖို့ Goal တွေသတ်မှတ်ပြီး အဲဒီ Goal တွေအောင်မြင်ဖို့ content marketing ကိုဘယ်လိုသေချာလုပ်ရမလဲဆိုတာ စဥ်းစားရပါမယ်။ စာရွက်စာတမ်းနဲ့သေချာသိမ်းဆည်းထားတဲ့ Business case က content marketing strategy တစ်ခု အကောင်အထည်ဖော်တဲ့အခါ တွေ့ရနိုင်တဲ့ အကျိုးအမြတ်၊ ကုန်ကျစရိတ်နဲ့ risks တွေကို နားလည်စေဖို့ အကူအညီပေးနိုင်ပါတယ်။

2. Business plan

Business plan ထဲမှာတော့ ကျွန်တော်တို့ရဲ့ Content program အတွက် ထားရှိတဲ့ goal တွေ ကျွန်တော်တို့ content ကပေးချင်တဲ့ value တွေနဲ့ business model အသေးစိတ်ပါဝင်ပါတယ်။ ကျွန်တော်တို့ Plan ကိုအကောင်အထည်ဖော်တဲ့အခါ တွေ့နိုင်တဲ့ အခက်အခဲနဲ့ အခွင့်အလမ်းတွေကိုပါ ထည့်သွင်းရေးသားရပါမယ်။

3. Audience Persona နဲ့ Content Map

ဒီဟာကတော့ ကျွန်တော်တို့ရဲ့ သီးသန့် audience အတွက် ဖန်တီးမဲ့ content တွေ သူတို့ရဲ့ needs နဲ့သူတို့ ဘယ်လို Content တွေကြိုက်လဲဆိုတာ ထည့်သွင်းစဥ်းစားရပါမယ်။ Buyer တွေ သူတို့ Goal ရရှိစေဖို့ ဘယ်လို content တွေ ဖန်တီးရမလဲဆိုတာ map တစ်ခုအနေနဲ့ plan ချထားလို့ရပါတယ်။

Credit

Face Book Page & Digital Size Please Like & Share Post
16/06/2022

Face Book Page & Digital Size
Please Like & Share Post

 # Content Calendar  # Yangon Digital Agency အွန်လိုင်းပေါ်က လုပ်ငန်းအများစု ရေရှည်ပုံမှန်လည်ပတ်နိုင်ဖို့ဆိုရင် Content ...
10/06/2022

# Content Calendar
# Yangon Digital Agency
အွန်လိုင်းပေါ်က လုပ်ငန်းအများစု ရေရှည်ပုံမှန်လည်ပတ်နိုင်ဖို့ဆိုရင် Content Plan ကအရေးကြီးပါတယ် ။ တစ်လတာအတွင်းမှာ ဘယ်နေ့ဘာတင်မယ်ဆိုတာကိုတော့ လုပ်ငန်းရှင်တွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် ။ ဒီလိုလုပ်တဲ့အခါ Content Calendar ရှိခြင်းနဲ့မရှိခြင်း ကောင်းကျိုးလေးတွေသိထားစေချင်ပါတယ် ။
🗯လုပ်ငန်းတစ်ဝက်ကို ပြီးမြောက်စေတယ်
ကြိုတင်ပြင်ဆင်ခြင်းက ဘယ်တော့မှ အချည်းအနှီးမဖြစ်ပါဘူး ၊ အထူးသဖြင့် Content Calendar တစ်ခုရှိခြင်းဖြင့် ပိုကောင်းတဲ့ရလာဒ်တွေကို မျှော်လင့်ထားနိုင်ပါတယ် ။ သို့ပေမယ့် Plan ထားတဲ့အတိုင်း တင်နိုင်ဖို့လည်း ကြိုးစားရပါတယ် ။
🗯Quality Content တွေဖန်တီးနိုင်တယ်
ကိုယ်တင်ရမည့် Content အပေါ်မှာ အပြည့်အဝအာရုံစိုက်နိုင်ခြင်းက Content Calendar ရဲ့အားသာချက်တစ်ခုပါ ။ စိတ်ကူးပေါက်ထတင် ချက်ချင်းထိုင်ရေးထက်ပိုပြီးအလုပ်ဖြစ်ပါတယ် ။ ဒါ့ကြောင့် သင်သာ Quality Content တွေဖန်တီးချင်ရင် Content Calendar တစ်ခုတည်ဆောက်ထားပါ ။
🗯ရောင်းအားကို မြှင့်တင်ပေးနိုင်တယ်
အရင်လိုပျင်းစရာကောင်းတဲ့ Page တစ်ခုကနေ ပုံမှန်စိတ်ဝင်စားဖို့ကောင်းတဲ့ Page အဖြစ်အသက်သွင်းနိုင်တယ်ဆိုရင် သင့်ရဲ့Product တွေကို စိတ်ဝင်စားတဲ့သူလည်းများလာနိုင်ပါတယ် ။ ဘယ်နေ့မှာ ဘာတင်မယ်ဆိုတာကို ကိုယ့်ရဲ့ Customer တွေသိတဲ့အထိ ကြိုးစားသင့်ပါတယ် ။
🗯Content Marketing လုပ်ဖို့အရေးပါတယ်
ရေရှည်လုပ်ငန်းတစ်ခုအတွက် Content Marketing ကအရေးပါတာ အားလုံးသိကြမှာပါ ။ ဒီ့အတွက် Content Calendar တည်ဆောက်ပြီး ပုံမှန်လေး Page ကို Growth ဖြစ်အောင် လုပ်ဆောင်နိုင်ဖို့လိုပါတယ် ။တင်ပြီးသားပို့စ်တွေကို ပြန်လည် Analysis လုပ်ဖို့ ပိုကောင်းတဲ့ Content တွေဖန်တီးဖို့မမေ့ပါနဲ့ ။

Media Buyer တွေFacebook မှာ Advertising လုပ်ရတာပျော်စရာကောင်းတာတစ်ခုရှိတယ် Facebook က Buyer တွေအပေါ်အမြဲစောင့်ကြည့်နေပြီ...
03/06/2022

Media Buyer တွေFacebook မှာ Advertising လုပ်ရတာပျော်စရာကောင်းတာတစ်ခုရှိတယ်
Facebook က Buyer တွေအပေါ်အမြဲစောင့်ကြည့်နေပြီး အဲ့ထဲက စိတ်ချရမယ်လို့ ယူဆတဲ့သူတွေ User Experience ဖြစ်လာတဲ့သူတွေဆိုရင် Ads Payment တွေကို အလိုလျှောက်အကြွေးစနစ်နဲ့ အသုံးပြုခွင့်ပေးထားပါတယ်
အဲ့လိုပေးထားတာကြောင့် Buyer တချို့က ပေးထားတဲ့အကြွေးတွေကို ပြန်မဆပ်တာတွေ Ads Accounts Disable ဖြစ်ခဲ့ရင် ပေးရမယ့်အကြွေးတွေ မဆပ်ပဲထားတာတွေ စတာတွေလုပ်လေ့ရှိကြပါတယ်
ဒီလိုမျိုး Facebook အပေါ် နားကိုက်နေတာတွေကို Facebookထပ်ပြီးလုပ်ခွင့်မပြုပဲ ဒီလ Update မှာ လုံးဝအဆုံးသတ်ပေးလိုက်ပါပြီ။
အပေါ်ကပြောခဲ့တဲ့ Facebook မှာ Media Buying လုပ်ရတာပျော်စရာကောင်းတယ်ဆိုတဲ့ကိစ္စက ယခု UPDATES မှာ ပြောင်းပြန်ဖြစ်လာခဲ့ပါပြီ
အရင်က ကိုယ့်ဘဏ်ကဒ်ထဲမှာငွေတပြားမှမရှိလဲ Facebook အကြွေးစနစ်ကြောင့် Advertising (Boost)
လုပ်ခွင့်ရှိပါတယ်
အခု Update မှာတော့အဲ့ဒီလိုလုပ်လို့မရတော့ပါ အဲ့ဒီလိုမရတဲ့အပြင်
ကိုယ်လုပ်မယ့်ငွေပမာဏရ ၂ဆကို Facebook ကိုကြိုတင်ငွေပေးထားရမှာပါ ဒါကဘယ်လိုမျိုးလဲဆိုရင်
$100 ဖိုး Boost လုပ်မယ်ဆိုရင် ကိုယ့်ကဒ်ထဲကနေ $200ဖိုး Facebook ဘက်ကကြိုတင်ပြီးဖြတ်ထားမှာပါ
Boost လုပ်ရင်၂ဆကြိုပေးထားရမယ့်သဘောပါ ဒါကမထူးဆန်းသေးပါဘူး ၂ဆပေးပြီးလုပ်လိုက်ယုံပဲပေါ့ ရှင်းနေပါတယ်
တကယ့်လက်တွေ့မှာ Payment ပြဿနာက အဲ့ဒီလောက်မရိုးရှင်းပါဘူး Facebook ဘက်တဝက်ကြိုဖြတ်ထားတဲ့ငွေတွေက Facebook ဘက်ကိုရောက်သွားတာမျိုးမဟုတ်ပါဘူး ပြီးတော့ဘဏ်အကောင့်ထဲမှာလဲရှိမနေပြန်ပါဘူး
Facebook က သူ့ကိုပေးစရာရှိတာရဲ့ ၂ဆကိုတော့ကြိုယူထားမယ် ဒါမယ့် သူကိုယ်တကယ်ပေးရမယ့်ငွေပမာဏကိုပဲသူ့ဘက်ကလက်ခံမှာဖြစ်ပြီး ကျန်တဲ့ပမာဏကို Pending အနေနဲ့ ပျောက်နေမှာဖြစ်ပါတယ် တကယ်လို့ BOOSTဆက်မလုပ်တော့တာ ၊အကောင့်ကျသွားတာတွေဖြစ်ခဲ့ရင် ကြားထဲကငွေက ဟိုဘက်လဲမရောက် ဒီဘက်လဲမရောက်ဖြစ်နေအုံးမှာပါ Facebook ဘက်က သူတို့ဘက်ကို ငွေပေးဖို့မကျန်တော့တာသေချာမှ ဘဏ်အကောင့်ထဲကို ငွေကပြန်ဝင်လာမှာပါ ဒီလိုပြန်ရောက်လာဖို့ တလလောက် အချိန်ယူပြီးမှ ဒီဘက်ကဘဏ်ကလဲပြန်လက်ခံပေးမှာဖြစ်ပါတယ် တလအတွင်းမှာငွေက အတိုးလဲမတက်ပဲ အိပ်နေတာကြောင့် 2ဆပေးရလို့နစ်နာတဲ့အပြင် ငွေအိပ်နေတာကြောင့်ပါ ထပ်ပြီးနစ်နာရအုံးမှာဖြစ်ပါတယ်
Facebook ကသူ့ကိုယ်သူ အားပျင်းပျင်းနဲ့ကာကွယ်လိုက်တာက ဒီဘက်က Media Buyer and Businessတွေအနေနဲ့ကတော့ အဆင်မပြေလှပါဘူး
မိတ်ဆွေတို့အနေနဲ့ရော ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုမျိုးမြင်လဲ ဆွေးနွေးခဲ့လို့ရပါတယ်

# Yangon Digital Agency

Maybe your real love is not always the one you  end up with:  တစ်ခါတစ်လေကိုယ်နဲ့အတူတူရှိသွားမယ့်သူက ကိုယ့်အချစ်ဆုံးမဟုတ်...
02/06/2022

Maybe your real love is not always the one you end up with: တစ်ခါတစ်လေကိုယ်နဲ့အတူတူရှိသွားမယ့်သူက ကိုယ့်အချစ်ဆုံးမဟုတ်တဲ့သူလည်းဖြစ်တတ်တယ်တဲ့။
“Winona brings the best out of Johnny”
“I have never seen Johnny smiles like that before”
Winona - “He was my first everything”
Johnny - “ I love her almost more than I love myself”
2012 - 2016 လောက်ထိ Hollywood မှာအရမ်းနာမည်ကြီးပြီး fan တွေအရမ်းသဘောတူခဲ့တဲ့ Robert Pattinson နဲ့ Kristine Steward လို couple မျိုး 1990 ခုနှစ်ပိုင်းလောက်မှာရှိခဲ့ပါတယ်။ Johnny Depp နဲ့ Winona Ryder ပါ။
1988 ခုနှစ်ရဲ့ ရုပ်ရှင်ပြပွဲတစ်ခုမှာ Johnny နဲ့ Winona ကစတွေ့ခဲ့ပြီး Johnny က Winona ကိုမြင်မြင်ချင်းချစ်သွားတာပါတဲ့။ အဲ့တုန်းက ၁၇ နှစ် Winona အတွက် Johnny ကပထမဆုံးသောချစ်သူဖြစ်ပြီး နှစ်ယောက်လုံးက လုံးဝလုံးဝကို လေးလေးနက်နက်ချစ်သွားကြတာပါတဲ့။ Johnny ဆို Winona နဲ့တွေ့ပြီးအရင်က bad boy and pl***oy image တွေအကုန်ပျောက်သွားတာပါ။ Winona ကလည်း သဘာဝဆန်ဆန်လေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းပြီးလှတာပါ။ Johnny ကတော့ပြောစရာမလိုတော့ပါဘူး၊ ချောတာအရမ်း။ တွဲတဲ့ 4 နှစ်အတွင်းမှာလည်း Hollywood ရဲ့ လူတိုင်းသဘောကျတဲ့အတွဲဖြစ်ခဲ့တာပါ။ 1993 မှာတော့ လမ်းခွဲလိုက်ကြပြီး အဲ့လမ်းခွဲမှုက နှစ်ယောက်လုံးရဲ့ positive vibe နဲ့ energy တွေကိုယူသွားခဲ့တာဆိုပြီး သူတို့အသိုင်းအဝိုင်းကပြောကြတာ ခုချိန်ထိပါပဲ။
နှစ်ယောက်လုံးက ငယ်သေးတာကော၊ အထူးသဖြင့် Winona ကအရမ်းငယ်သေးပြီး သူမရဲ့မိဘတွေက လက်ထပ်ဖို့စောသေးတယ်ဆိုတဲ့ သဘောထားကြောင့်ကော နောက်ဆုံးတော့လမ်းခွဲလိုက်ကြတာပါ။ Johnny Depp ဆိုရင် Ed Wood ရုပ်ရှင်ရိုက်ကွင်းကို ငိုပြီးရောက်လာတဲ့နေ့တွေရှိတယ်လို့ ဒါရိုက်တာတွေကတောင်ပြောတာပါ။
ထူးခြားတာက တခြား celebrity couple တွေလို တစ်ယောက်နဲ့တစ်ယောက်အမုန်းပွါး၊ ပိုင်ဆိုင်မှုတွေကြောင့် ပြဿနာတွေဖြစ်ကြ ဆိုတာတွေလုံးဝမရှိပဲ တကယ်ကိုအေးအေးဆေးဆေးလမ်းခွဲလိုက်ကြတာပါ။ Johnny ကို Amber ကစပြီးတရားစွဲပြီး တကမ္ဘာလုံးက အပြစ်တင်ကြတဲ့အချိန်မှာ ဘယ်သူကမှမမေးပဲ Winona က “သူသိတဲ့ Johnny Depp ဟာအဲ့လိုလုံးဝမဟုတ်ပါဘူး။ သူကကြင်နာပြီး နူးညံ့တဲ့သူပါ။ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တဲ့ စရိုက်မျိုးလည်းမရှိဘူး” ဆိုပြီး အားလုံးနဲ့တစ်ယောက်ဝင်ပြီးကာကွယ်ပေးခဲ့တာပါ။
သူတို့နှစ်ယောက် date လုပ်နေတုန်းရိုက်ထားတဲ့ “Edward Scissiorhands” ကားလေးလည်းရှိတော့ မကြည့်ရသေးရင် ကြည့်ကြည့်နော်။ ခုလည်း သူတို့နှစ်ယောက်ပြန်တွေ့မယ်ဆိုပြီး သတင်းတွေထွက်နေတဲ့ ရုပ်ရှင်တစ်ခုကို Johnny ကလက်ခံလိုက်ပြီးဆိုတော့ အချစ်ဟောင်းနှစ်ယောက်ကို တူတူပြန်တွေ့ရတော့မယ်ထင်တယ်နော်။
# crd

23/05/2022

Facebook မှာစျေးရောင်တဲ့သူတွေက Boost အသုံးစရိတ်နဲ့ပြန်ရတာနဲ့မကိုက်ဖြစ်နေတတ်ကြပါတယ်
Facebook ကိုပေးတဲ့အသုံးစရိတ်ည်း နည်နည်းနဲ့ ထိရောက်မူရှိဖို့ CPR မတက်ဖို့ ဒါတွေလုပ်ဆောင်ဖို့လိုပါတယ်
ကိုယ်နဲ့ဆိုင်တဲ့ Audience ကိုယ်တိုင်သိအောင်လုပ်ပါ အွန်လိုင်းမှာဈေးရောင်းမယ်ဆိုရင်ပထမဆုံးသိရမှာက ဒီလိုအတိကျသိဖို့ research များများလုပ်ရဖို့လုပ်ဖို့လိုပါတယ်
Page invite ကိုမဆိုင်တဲ့သူတွေကိုမလုပ်ပါနဲ့Page Like များနေတာ ကောင်းပါတယ်Page Like များနေတာကြောင့်ဆိုးကျိုးတွေလဲရှိပြန်ပါတယ် Facebook ရဲ့ ကြော်ညာပြသမူစနစ်က AIနဲ့ အလိုလျှောက် ပြသတဲ့စနစ်ပါ ပေစ့်စကတည်းက Page နဲ့ဆိုင်တဲ့ Audience ကို ကျစ်ကျစ်လစ်လစ်တည်ဆောက်ခဲ့မှ Boost လုပ်တဲ့အချိန် AIက ဘယ်သူေတွကဝယ်နိုင်လဲဆိုတာကောင်းကောင်းသိပြီး အလိုလျှောက် စျေးဝယ်သူထံကြော်ညာကိုပြပေးနိုင်မှာဖြစ်ပါတယ် Page Like ကောင်းကောင်းမတည်ဆောက်ပဲ Interest မှာ Target ဘယ်ရွေးရွေးနေနေ AIကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် Results ကောင်းရနိုင်မှာမဟုတ်ပါဘူး
Ads Manager မှာပါတဲ့ Campaign တွေကို အလှည့်ကြသုံးဖို့ Planလုပ်ပါ
အားလုံးက အရောင်းကိုပဲ ဉီးတည်နေကြပါတယ် ဒီလိုအရောင်းရဖို့ဆိူရင်အရင်ဆုံး Brand Awareness And Enagement ဖြစ်စေမယ့် Content ,Campaign တွေကိုသေချာဆောင်ရွက်ပြီးမှ Looklike ,Custom Audience and A/B Test Campaign တွေကိုRunပြီး Sales ကို CPRအနည်းဆုံးရဖို့ စနစ်တကျနဲ့ သွားရမှာဖြစ်ပါတယ်
ဒီလိုမလုပ်ထားဘူဆိုရင်တော့ Products,Content ,Marketing ဘယ်လောက်ကောင်းကောင်း CPRကတက်နေအုံးမှာဖြစ်ပါတယ်
Digital Marketing And Marketing ဆိုင်ရာဗဟုသုတတွေကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော့ရဲ့ Pageလေးကို Likeလုပ်ထားပေးပါအုံးခင်ဗျာ ကျေးဇူးတင်ပါတယ်

Address

Yangon
2022

Website

Alerts

Be the first to know and let us send you an email when Yangon Digital Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share