07/10/2023
မကြာမီရောက်ရှိလာမယ့် သီတင်းကျွတ်လပြည့်အချိန်အခါသည် တေဇောဓါတ်အားကြီးမားစွာ (စန်းပြည့်)မည့် ရက်ဖြစ်ပါသည် ။
တေဇောဓါတ်သည် ဂုဏ်အရှိန်အဝါကြီးခြင်း ရာထူးဂုဏ်မြင့်မားခြင်း နဲ့အတူ ဥစ္စာဓန တိုးတက်ခြင်း အများ၏ ရိုသေမူခံရခြင်း ရည်ရွယ်ချက်အောင်မြင်ပြီးမြောက်ခြင်း တို့ဖြစ်စေနိုင်သည်။ထိုကြောင့် စန်းလ ၏အလင်းရောင် အင်အားနှင့် ပက္ခ အားတို့ကြီးမားသော လပြည့်ကာလတွင် တေဇောဓါတ်မှ ပေးစွမ်းတတ်သောကောင်းကျိုးတို့ တစ်ဦးချင်းစီတွင် လက်ခံရယူနိုင်ရန် လပက္ခပြည့်နေ့တွင် စီရင်ဆောင်ရွက်ကြမည်ဖြစ်သည်။
သို့သော် ထိုသို့ တေဇောဓါတ်အား ကြီးသောအခါကာလသည် လူတို့၏စိတ်တွင် မာနကြောင့်ဖြစ်သောဒေါသကြီးစေတတ်သည်။နက္ခတ်ကောင်း စန်းကောင်းနှင့်ကြုံသော ကာလ ပင်ဖြစ်ပါသော်လည်း ထိုကာလတွင် ဒေါသ မာန တို့ကြီးစိုးသောစိတ်တို့ဖြင့် စီရင်ဆောင်ရွက်သော လပက္ခ အစီအရင်တို့သည် ထိရောက်နိုင်စွမ်း အားနည်းစေတတ်သည် ။ထို့ကြောင့် ရောက်ရှိလာမည့် သီတင်းကျွတ်လ လပက္ခပြည့် အစီအရင်များကိုဆောင်ရွက်မည့်သူတို့သည် (လပက္ခပြည့်)လပြည့်ရက် 29.10.23 မတိုင်မီ အောက်တိုဘာလ 26,27,28ရက် သုံးရက်တာကာလ 29ရက်နေ့အထိ
နေ့စဉ်မပျက် မေတ္တာဘာဝနာ ပွားများ ပေးပါ။
နေ့စဉ်မပျက် ရေနှင့်ဆိုင်သောအလှူကိုပြုလုပ်ပေးပါ။
နေ့စဉ်မပျက် ကြမ်းတမ်းသောစကားကို
(လုံးဝ)ရှောင်ပါ ။
လက်တွေ့ ကာလသို့ ရောက်လာချိန် တေဇောဓါတ်အရှိန်တို့၏ အကျိုးပေးမူတို့သည်လည်းထိုသို့ မကောင်းသောတေဇောအရှိန်ကိုပြောင်းလဲရန် ကြိုတင်ပြင်ဆင်ထားသူ က ပို၍လေးနက်သော အကျိုးကိုထင်ရှားစွာ ခံစား ရရှိပါလိမ့်မည်။
#မိတ်ဆွေများအားလုံးပြင်ဆင်ဆောင်ရွက်နိုင်ကြပါစေ။