Monday Creative Studio

Monday Creative Studio Monday Creative Studio
Where Creativity Meets Strategy. Design • Content • Digital Solutions

A new creative chapter begins 🚀We’re not just starting something new —we’re creating something unforgettable.Coming soon...
29/05/2026

A new creative chapter begins 🚀

We’re not just starting something new —
we’re creating something unforgettable.

Coming soon...




We are proud to deliver social media marketing designs for Landmark Language And Education Center.
06/01/2024

We are proud to deliver social media marketing designs for Landmark Language And Education Center.

သင့်လုပ်ငန်းအောင်မြင်ဖို့ အာမခံနိုင်တဲ့ အချက် (၈ ချက်)🎯🎯🎯လုပ်ငန်းတစ်ခု ကြီးပွားအောင်မြင်ဖို့ဆိုတာ ကလေးတစ်ယောက်ကို ပျိုးထ...
26/12/2023

သင့်လုပ်ငန်းအောင်မြင်ဖို့ အာမခံနိုင်တဲ့ အချက် (၈ ချက်)🎯🎯🎯

လုပ်ငန်းတစ်ခု ကြီးပွားအောင်မြင်ဖို့ဆိုတာ ကလေးတစ်ယောက်ကို ပျိုးထောင်ရတာထက်တောင် ခက်ပါသေးတယ်။ ဒါပေမဲ့ ဒီအချက် ၈ ချက်ကိုသာ သေချာလုပ်ရင် သင့်လုပ်ငန်း ကြီးပွားဖို့ အာမခံနိုင်ပါတယ်

၁။ လုပ်ငန်းနဲ့ပတ်သက်ပြီး ပန်းတိုင်ကို သေချာသိပါ

ဆိုပါစို့ သင်က ဟိုတယ်ပိုင်ရှင်ဆိုရင် သင့်ရဲ့ပန်းတိုင်က လူများများလာတည်းစေချင်တာ။ ဒါပေမဲ့ လူများများဆိုတဲ့နေရာမှာ တစ်နေ့ကို ဘယ်နှယောက်လဲ၊ ဘယ်နှနှစ်အကြာမှာ အဲ့လိုဖြစ်စေချင်တာလဲ တိတိကျကျ သိမှဖြစ်မယ်။ ထားပါတော့ သင့်ပန်းတိုင်က နောက်သုံးနှစ်ကြာရင် ဟိုတယ်မှာ တစ်နေ့ လူ အယောက် ၃၀ ဝင်တာ မြင်ချင်တယ်။ ဒါဆို ပန်းတိုင်ကို တိတိကျကျသိတာပဲ။ ဒီလို သိနေရင် ပန်းတိုင်ကို ရောက်မရောက်ဆိုတာ တိုင်းတာနိုင်တာပေါ့။

၂။ ဝယ်မဲ့လူကို နားလည်အောင် လုပ်ပါ

ပန်းတိုင်ကို သေချာသိပြီဆို ဝယ်မဲ့လူကို နားလည်မှဖြစ်မှာပါ။ ဟိုတယ်မှာ လာတည်းမဲ့လူတွေက ဘယ်လိုလူတွေလဲ နိုင်ငံခြားသားလား၊ ကိုယ့်နိုင်ငံက လူတွေပဲလား။ သူတို့ ဘယ်လိုအခန်းပုံစံကို ကြိုက်တာလဲ။ ‌ဝယ်မဲ့လူအကြောင်းကို ဒီလိုသိနေမှပဲ ကိုယ်က သူလိုချင်တဲ့အတိုင်း လုပ်ပေးနိုင်မှာကိုး။ ဒါကြောင့် ဝယ်သူတွေကို feedback တောင်းတယ်ဆိုတာ ပေါ်လာတာပါ။ ဝယ်သူအကြောင်း သိအောင်လုပ်ပါ။ ဖြစ်နိုင်ရင် ရင်းရင်းနှီးနှီး စကားပြောပြီး အကြံဉာဏ်တောင်းပါ။ အကြံတောင်းရုံမဟုတ်ဘဲ သေချာစဉ်းစားပြီး သူတို့အဆင်ပြေအောင်လည်း လုပ်ပေးရမှာနော်

၃။ ဝယ်မဲ့လူရဲ့ လက်တစ်ကမ်းမှာပဲ နေပါ

လူတွေက ဆိုင်ထိုင်တာပဲဖြစ်ဖြစ် ဟိုတယ်ရှာတာပဲဖြစ်ဖြစ် တစ်ခုခုဝယ်တာပဲဖြစ်ဖြစ် အွန်လိုင်းကပဲ ရှာတာများပါတယ်။ ဒါကြောင့် သင့်လုပ်ငန်း Page ကို ပျံလန်နေအောင် လုပ်ထားသင့်တာပေါ့။ အလှဆုံးပုံတွေပဲတင်ပေး၊ ဝယ်မဲ့လူတွေအတွက် အချက်အလက်ရှာရလွယ်အောင် လိပ်စာ၊ ဖုန်းနံပါတ်တွေ တင်ပေးထား။ Messenger မှာ ဖြေပေးမဲ့လူကိုလည်း အချိန်တိုင်းရှိနေပါစေ။ လူတွေက အလွယ်ကြိုက်တယ်ဗျ။ သင်က သူနဲ့လက်တစ်ကမ်းမှာမနေရင် တခြားပြိုင်ဘက်တွေက နေရာရသွားလိမ့်မယ်။ ဒါကြောင့် သင့်လုပ်ငန်း Page ကို စနစ်တကျနဲ့ လှပသပ်ရပ်နေအောင် အမြဲထားပါ။ ကိုယ်က ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုရင် ကျွမ်းကျင်သူတွေကို အပ်နှံတာက အကောင်းဆုံးပါပဲ။

၄။ မိတ်ဆွေများအောင်နေပါ

ဟိုတစ်ခါက ဝက်သားတုတ်ထိုးသွားစားပါတယ်။ အအေးပါသောက်ချင်တော့ လမ်းလျှောက်ပြီး သွားဝယ်၊ ပြန်လာမှ ဝက်သားတုတ်ထိုး စားမယ်ပေါ့။ အဲ့မှာ ဆိုင်က အန်တီကြီးက ဘာပြောလဲဆိုတော့ “လာလာ ထိုင်စား အအေးကို အန်တီမှာပေးမယ်”တဲ့။ ကိုယ်လည်း လမ်းမလျှောက်စရာ မလိုဘဲနဲ့ ဝက်သားတုတ်ထိုးဆိုင်ကို အအေးလာပို့ပေးပါတယ်။ ကြည့်ရတာ ဝက်သားတုတ်ထိုးဆိုင်နဲ့ အအေးဆိုင်က ပူးပေါင်းထားပုံရပါတယ်။ ကဲ မိတ်ဆွေများတာ ကောင်း၊ မကောင်း အဲ့တာသာ ကြည့်ပါတော့။ ဝယ်သူ အဆင်ပြေမှတော့ နောက်တစ်ခါစားမယ်ဆို အဲ့ဆိုင်ကို မသွားဘဲမနေနိုင်တော့ပါဘူး။ တခြားဆိုင်တွေက အအေးမှာပေးပါ့မလားမှ မသိတာ။

၅။ ထိရောက်တဲ့ Marketing ကိုပဲ လုပ်ပါ

ဒါကတော့ ကိုယ့်ဝယ်သူတွေနဲ့ ဆိုင်ပါတယ်။ သင်က ဟိုတယ်ပိုင်ရှင်တစ်ယောက်ပဲထားပါ။ နိုင်ငံခြားသားတွေကို သင်က အဓိက ရည်ရွယ်ပြီး စီးပွားရေးလုပ်နေတာ။ ဒါဆို သင်က နိုင်ငံခြားသားတွေသုံးတဲ့ social media တွေမှာ ကြော်ငြာတင်ရမယ်။ အင်္ဂလိပ်လို တင်ရမယ်။ နိုင်ငံခြားသားတွေရဲ့ အမူအကျင့်ကို လိုက်ပြီး ဟိုတယ်ကို ပြင်ဆင်ပေးရမယ်။

နိုင်ငံခြားသား ဧည့်သည် လိုချင်တယ်ဆိုပြီး ကိုယ့်နိုင်ငံက လူတွေရဲ့ အမူအကျင့်အတိုင်း သွားဆွဲဆောင်လို့ မဖြစ်ပါ။ ကိုယ်က ဘယ်သူ့ကို လာစေချင်တာလဲ။ ကိုယ် လာစေချင်တဲ့ လူတွေရဲ့ အမူအကျင့်၊ ကြိုက်နှစ်သက်မှုတွေကို အဓိကထားပြီး market ကိုထိုးဖောက်ပါ။

၆။ ခေတ်နဲ့အညီ ဆွဲဆောင်ပါ

ကိုယ်က ခေတ်မီစရာ မလိုပါဘူးလေဆိုပြီး နေလို့မရပါဘူး။ အခု ဘာတွေခေတ်စားနေလဲ ကြည့်ပါ။ ကိုယ့် ဝယ်သူတွေ ဘာကိုစိတ်ဝင်စားနေကြလဲ လေ့လာပါ။ ဥပမာ Christmas မှာ ရောက်လာတဲ့ Customer တွေအတွက် ဓာတ်ပုံတွဲရိုက်လို့ရတဲ့ ဆန်တာကလော့ဘိုးဘိုးကြီး တစ်ယောက်ထားပေးတာမျိုးပေါ့။ တတ်နိုင်သမျှ သင့်လုပ်ငန်းကို ဆွဲဆောင်မှုရှိအောင် ကြိုးစားပါ။ ဘာလို့ဆို ဈေးကွက်ထဲမှာ လုပ်ငန်းတူတွေမှ အများကြီးလေ။ ကိုယ့်လုပ်ငန်းက တစ်ကွက်တော့ ရှေ့ပြေးမှ ဖြစ်မှာပေါ့။ ဒါကြောင့် တီထွင်ဖန်တီးမှုအားနဲ့ ဉာဏ်နီဉာဏ်နက်လေးတွေ လိုကို လိုပါတယ်

၇။ လုပ်ငန်းတွင်းကိုလည်း မပြတ်‌စောင့်ကြည့်ပါ

ကိုယ့် လုပ်ငန်းတွင်းမှာ လည်ပတ်နေမှုတွေကို ပိုအဆင်ပြေချောမွေ့အောင် ဘယ်လိုလုပ်မလဲဆိုတာ အမြဲစဉ်းစားပါ။ လုပ်ငန်းလည်ပတ်မှု အဆင်ပြေချောမွေ့မှ ဝန်ထမ်းရော၊ ပိုင်ရှင်ရော ၊ ဝယ်သူပါ စိတ်ချမ်းသာ ရမှာပါ။ ဥပမာ စားသောက်ဆိုင်ပဲထား။ အော်ဒါ မှာယူတဲ့ စနစ်တွေ၊ မီးဖိုချောင်သန့်ရှင်းရေးစနစ်တွေ၊ ချက်ပြုတ်တဲ့ နည်းစနစ်တွေ မကောင်းရင် အကုန်လုံးစိတ်ညစ်ရမဲ့အပြင် စားသုံးသူတွေပါ ထွက်ပြေးကုန်မှာပါ။

၈။ ဈေးကွက်တိုးချဲ့ပါ

ဈေးကွက်တိုးချဲ့ဆိုလို့ လန့်မသွားပါနဲ့။ ခုနက ဟိုတယ်ဥပမာနဲ့ ပြောရရင် နိုင်ငံခြားသားတွေကို အဓိကထားရာက ကိုယ့်နိုင်ငံသားတွေကိုပါ အဓိကထားလိုက်တာမျိုးပေါ့။ ကောင်းကျိုးက ဘာရမလဲဆို ဈေးကွက်တိုးလာတော့ ပိုက်ဆံပိုဝင်နိုင်ခြေရှိတာပေါ့။ မကောင်းတဲ့ အချက်ကတော့ ဈေးကွက်နှစ်မျိုးလုံးကို ဂရုစိုက်ပေးရမှာမလို့ မနိုင်မနင်းတွေဖြစ်လာရင် ရှိပြီးသား Customer အချို့ကို ဆုံးရှုံးရနိုင်ခြေရှိပါတယ်။

အခု ၈ ချက်က လုပ်ငန်းရှင်တွေကို ကျိန်းသေကြီးပွားစေမှာပါ။ "မသိသူ‌ ကျော်သွား သိသူဖော်စား"မလို့ မြန်မြန်‌လေး အကောင်အထည်ဖော်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ရောင်းအား တဟုန်ထိုး တက်အောင်လုပ်နိုင်မဲ့ နောက်ထပ် အချက်(၉) ချက်ရှိသေးတာမလို့ မျှဝေပေးပါဦးမယ်။ မဖတ်လိုက်ရဘဲ လွတ်သွားမှာစိုးလို့ Page ကို Like & Follow လေး လုပ်ထားလိုက်ပါဦးနော်။

သင့်လုပ်ငန်းအောင်မြင်ဖို့အတွက် Marketing Professional များနှင့် အခမဲ့ဆွေးနွေးပေးခြင်း၊ လစဉ် Content Plan များကို စီစဉ်ပေးခြင်း၊ အကျိုးအမြတ်သေချာသော ကြော်ငြာ Boosting များ၊ Logo & Brand Awareness, Product Photography, Creative Short Video စတာတွေကို ပြန်လှည့်ကြည့်စရာမလို၊ စိတ်ချလက်ချ အပ်နိုင်တဲ့အပြင် SME တနိုင်တပိုင် လုပ်ငန်းများမှ စ၍ Enterprise Level Brand များအထိ အလုပ်အပ်နိုင်သော Service နှုန်းထားများနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

“နှစ်သစ် Promotion အနေနဲ့ ၃လအပ်ရင် ၁လ လက်ဆောင်ရမှာမို့ ၂လစာပဲပေးပြီး Marketing Team တစ်ခုလုံးကိုပိုင်ဆိုင်နိုင်ပါပြီနော်”

သင့်လုပ်ငန်းအကျိုးအမြတ်ရဖို့ အာမခံနိုင်တဲ့ ကြော်ငြာအေဂျင်စီကို ရှာနေတယ်ဆိုရင်တော့ အချိန်ကုန် လူပန်းမဖြစ်ရအောင် APEX ကို အခုပဲ ဆက်သွယ်လိုက်ပါ။”

Phone no : 09-790568446
09-251474984
Email [email protected]

Happy Christmas with The Brew Yangon
25/12/2022

Happy Christmas with The Brew Yangon

၂၅- ၁၂ - ၂၀၂၂ ရက်နေ့မှာကျရောက်တဲ့Christmas လိုထူးခြားတဲ့နေ့လေးကို
The Brew Yangon မှာဖြတ်သန်းဖို့ဖိတ်ခေါ်လိုက်ပါတယ်။
Christmas ကာလအတွင်းသာ
ရရှိမဲ့ Meun လေးလဲရှိတာကြောင့်အခုပဲ လာခဲ့ဖို့မမေ့နဲ့အုံးနော်။
ဒီ Christmas မှာလဲ အားလုံး ပျော်ရွှင်စရာအချိန်လေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🥰

04/12/2022

-Bao Hung Myanmar

14/10/2022

Mr.Noodles Korean Super Spicy Myanmar

Address

Sanchaung
Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+959790568446

Website

Alerts

Be the first to know and let us send you an email when Monday Creative Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share