Digital Saw

Digital Saw Digital Saw: Your profit, our digital priority.

Tiktok Marketing က သင့်လုပ်ငန်းအတွက် တကယ်လိုအပ်နေပြီလား...လိုင်းအခြေအနေအရရော၊ အခုလတ်တလော အကြောင်းအမျိုးမျိုးကြောင့် Face...
27/05/2026

Tiktok Marketing က သင့်လုပ်ငန်းအတွက် တကယ်လိုအပ်နေပြီလား...

လိုင်းအခြေအနေအရရော၊ အခုလတ်တလော အကြောင်းအမျိုးမျိုးကြောင့် Facebook သုံးတဲ့သူ နည်းလာတာကို သတိထားမိကြမှာပါ။ အရင်က အသုံးအများဆုံး social media တစ်ခုဖြစ်ပေမယ့် reach ချခံရတာ၊ policy တွေ များတာ၊ မှားပြီး restrict ခံရတာ စတဲ့ ကိစ္စတွေကြောင့် စီးပွားရေးလုပ်ငန်းတွေက tiktok ဘက်ကို ခြေလှမ်းစတင်နေကြပါပြီ... 🏃‍♂️

လူကြီးမင်းတိုရဲ့ လုပ်ငန်းအတွက်ရော TikTok ဘက်ကို ခြေလှမ်းဖို လိုလားဆိုရင်တော့ ဒီအချက်တွေကို ဦးစားပေးပြီး စဉ်းစားရပါလိမ့်မယ်။

- Facebook မှာ ဝယ်သူနည်းပြီး တကယ်ရောင်းအားကျနေပြီလား
- တစ်တော့ကို ခြေလှမ်းဖို content နဲ့ video idea တွေကို စဉ်းစားပြီးပြီလား
ဆိုတာပါပဲ။

အခုချိန်မှာ Facebook က တင်သလောက် reach မရောက်တာအပြင် မြန်မာနိုင်ငံမှာ သုံးစွဲသူ တဖြည်းဖြည်း နည်းလာတာကြောင့် TikTok ဘက်ကို ခြေလှမ်းစထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ✅

လူကြီးမင်းတို စီးပွားရေးလုပ်ငန်းအတွက် TikTok ကို ဘယ်ကနေ စပြီး ခြေလှမ်းရမလဲ မသိဘူးဖြစ်နေတယ်ဆိုရင် အခုပဲ Digital Saw ကကျွမ်းကျင်တဲ့ Marketing Specialist များနဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ 📲

Digital Saw


ကြော်ငြာမှန်း သိသာလွန်းရင် လူတွေ ကျော်သွားတတ်ပါတယ်။ 👋ရောင်းအားတက်မယ့် Video Strategy နဲ့ စနစ်ကျတဲ့ Ads Setup ရှိမှ မကျော...
22/05/2026

ကြော်ငြာမှန်း သိသာလွန်းရင် လူတွေ ကျော်သွားတတ်ပါတယ်။ 👋
ရောင်းအားတက်မယ့် Video Strategy နဲ့ စနစ်ကျတဲ့ Ads Setup ရှိမှ မကျော်သွားဘဲ သေချာပေါက် video ကို ကြည့်မှာပါ။ ‼️

Setup လုပ်တာကအစ Budget တွက်တာအထိ ခက်ခဲရှုပ်ထွေးနေရင် စိတ်မပူပါနဲ့တော့။ လူကြီးမင်းတို့ Product နဲ့ ကွက်တိကျမယ့် Target ပရိသတ်ဆီ ရောက်ဖို့ Digital Saw က အစအဆုံး တာဝန်ယူပေးနေပါပြီ။

Ads Run ဖို့အတွက် ယုံကြည်စိတ်ချရပြီး ခေါင်းမခဲချင်ဘူးဆိုရင် အခုပဲ Digital Saw Page Messenger မှာ လာရောက်ဆွေးနွေးလိုက်ပါ ⬆️📈

Digital Saw

မှားယွင်းတဲ့နည်းလမ်းတွေနဲ့ Facebook ဒါမှမဟုတ် Tiktok မှာ Boosting လုပ်မိတာဟာ ငွေကုန်လူပန်းဖြစ်ရုံသာမကဘဲ ရေရှည်မှာ Page န...
21/05/2026

မှားယွင်းတဲ့နည်းလမ်းတွေနဲ့ Facebook ဒါမှမဟုတ် Tiktok မှာ Boosting လုပ်မိတာဟာ ငွေကုန်လူပန်းဖြစ်ရုံသာမကဘဲ ရေရှည်မှာ Page နဲ့ Brand Image ကိုပါ အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။

အဖြစ်အများဆုံး အမှားကတော့ Audience ကို သေချာမသတ်မှတ်ဘဲ ထင်တာကို ရမ်းတုတ်ပြီး boost လုပ်မိတာပါ။ အဲ့လိုမျိုး လုပ်မိတဲ့အခါ Like နဲ့ Share တွေ ထောင်သောင်းချီတက်လာပေမယ့် တကယ်ဝယ်မယ့်သူ (Potential Buyers) တစ်ယောက်မှ ပါမလာတာမျိုး ကြုံရတတ်ပါတယ်။ 😣

မှားယွင်းတဲ့ Target တွေဆီ ကြော်ငြာခဏခဏ ရောက်သွားတဲ့အခါ လူတွေက Post ကို ကျော်သွားတာ၊ "Hide Post" ဒါမှမဟုတ် "Report" လုပ်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ‼️

Facebook AIgorithm က လူကြီးမင်းတိုရဲ့ Page ကို အသုံးမဝင်တဲ့အကြောင်းအရာတွေ တင်နေတဲ့ Page လို သတ်မှတ်လိုက်ပြီး နောက်ပိုင်း ပိုက်ဆံမသုံးဘဲ တင်တဲ့ Post တွေ (Organic Reach) ကို လုံးဝချောင်ထိုးပစ်လိုက်ပါလိမ့်မယ်။ ❌❌

အရေးကြီးတာကတော့ Advertising Policies ကို သေချာမသိဘဲ တားမြစ်ထားတဲ့ စကားလုံးတွေ၊ ပုံတွေ မသုံးမိဖိုပါပဲ။ Policy နဲ့ ငြိစွန်းတဲ့အခါ ကြော်ငြာ Reject ခံရရုံတင်မကဘဲ Business Manager Account ပါ ပိတ်ခံရတတ်ပါတယ်။

ဒါကြောင့် လုပ်ငန်းတစ်ခု အောင်မြင်ဖိုဆိုရင် Boost မလုပ်ခင် Target Audience ကို သေချာရွေးချယ်ပြီး စနစ်တကျ ဂရုစိုက်ဖို လိုအပ်ပါတယ်။ ✅

Digital Saw မှာဆိုရင် Social Media Platform တွေရဲ့ Policy တွေနဲ့အညီ လူကြီးမင်းတိုလုပ်ငန်းအတွက် တကယ့် Potential Buyer (ဝယ်ယူနိုင်ခြေရှိသူ) တွေဆီကိုသာ တိတိကျကျ ရောက်ရှိအောင် အထိရောက်ဆုံး ကူညီ Boost ပေးနေတာဖြစ်လို အခုပဲ ယုံကြည်စိတ်ချစွာ ဆက်သွယ်စုံစမ်းလိုက်ပါ။ 📲

Digital Saw

Content တွေ ဘယ်လောက်ပဲ အကောင်းဆုံးဖန်တီးဖန်တီး View တွေ၊ Follower တွေ တက်မလာတော့ဘူးဆိုရင် TikTok Account Restricted ထိခံ...
21/05/2026

Content တွေ ဘယ်လောက်ပဲ အကောင်းဆုံးဖန်တီးဖန်တီး View တွေ၊ Follower တွေ တက်မလာတော့ဘူးဆိုရင် TikTok Account Restricted ထိခံထားရတာ ဖြစ်နိုင်ပါတယ် ‼️

ဒီနေ့မှာတော့ Digital Saw မှာ TikTok Account Restriction လာရောက်ဖြေရှင်းသွားတဲ့ အစ်မရဲ့ Success story လေးကို မျှဝေပေးချင်ပါတယ်။

အရင်က "Account Not Recommended" ဖြစ်ပြီး အကန့်အသတ်ခံထားရတဲ့ အခြေအနေကနေ အခုဆိုရင် စနစ်တကျနဲ့ အောင်မြင်စွာ "Normal State (ပုံမှန်အခြေအနေ)" ကို ပြန်လည်ပွင့်သွားခဲ့ပါပြီ။ 🥳✨

TikTok Policy တွေက တစ်ရက်ထက်တစ်ရက် ပိုမိုတင်းကြပ်လာတာကြောင့် အကောင့်ပြဿနာတွေကို ကိုယ်တိုင်စမ်းသပ်ပြီး လျှောက်လုပ်ကြည့်ရာကနေ အကောင့်လုံးဝ ပျက်စီးသွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစကတည်းက ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ တိုင်ပင်ဆွေးနွေးပြီး ဖြေရှင်းတာက အန္တရာယ်အကင်းဆုံးပါပဲ။

လူကြီးမင်းတိုရဲ့ tiktok အကောင့်မှာ
❌ Account Warning ပြနေလား?
❌ Account Not Recommended ဖြစ်နေလား?
❌ Live လွှင့်ရင် View ဝပ်နေလား?
ဒီလိုမျိုး TikTok အကောင့်နဲ့ပတ်သက်တဲ့ ဘယ်လို Error မျိုးကိုမဆို စိတ်ချလက်ချ ဖြေရှင်းချင်တယ်ဆိုရင်တော့...

📥 အခုပဲ Digital Saw Page Messenger မှာ အကောင့် Screenshot လေးပြပြီး လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီခင်ဗျာ 🤝

မြန်မာမှာက Google လို ရှာဖွေရေးအင်ဂျင်တွေထက် Facebook ကိုပဲ သတင်းအချက်အလက်ရှာဖွေဖို၊ ဖျော်ဖြေရေးနဲ့ ဈေးဝယ်ယူမှုတွေအတွက် ...
20/05/2026

မြန်မာမှာက Google လို ရှာဖွေရေးအင်ဂျင်တွေထက် Facebook ကိုပဲ သတင်းအချက်အလက်ရှာဖွေဖို၊ ဖျော်ဖြေရေးနဲ့ ဈေးဝယ်ယူမှုတွေအတွက် အဓိက အခြေပြု အသုံးပြုနေကြတာပါ။ 📱

နေ့စဉ်နှင့်အမျှ လူဦးရေ သန်းချီပြီး အချိန်အကြာကြီး အသုံးပြုနေကြတဲ့ social media platform ဖြစ်လို လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကို လူမြင်သာအောင် တခြားနေရာတွေမှာ လိုက်တင်နေစရာမလိုဘဲ Facebook တစ်ခုတည်းနဲ့တင် ထိရောက်စွာ လူသိများလာစေနိုင်ပါတယ်။

ဒါ့အပြင် KPay, Wave Money စတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှု (Mobile Banking) တွေနဲ့ အိမ်အရောက်ပိုစနစ် (Delivery) တွေဟာလည်း page နဲ့ Messenger စနစ်တွေကြားထဲမှာ အသားကျ အဆင်ပြေပြီးသားဖြစ်လို ဝယ်ယူသူတွေအတွက် ဈေးဝယ်ရတာ ပိုမိုလွယ်ကူ လျင်မြန်စေပါတယ်။✅

ဒါကြောင့် မြန်မာ့ဈေးကွက်မှာ သီးသန့် Website တစ်ခုထောင်ပြီး ရောင်းချတာထက် page ကတစ်ဆင့် ကြော်ငြာပြီးရောင်းချတာက ကနဦးကုန်ကျစရိတ် ပိုမိုသက်သာစေပြီး လူအများဆီ ပိုမိုရောက်ရှိ ရောင်းအားကိုလည်း အချိန်တိုအတွင်း တက်လာစေနိုင်ပါတယ်။ 📈

မြန်မာ့စျေးကွက်ကို အောင်မြင်စွာ ထိုးဖောက်ချင်တဲ့ ဘယ်လုပ်ငန်းရှင်မဆို page တစ်ခုကတော့ မဖြစ်မနေ ရှိထားရမယ့် Marketing platform တစ်ခုပါပဲ ‼️

Digital Saw

TikTok ဗီဒီယိုတစ်ခုကို လူတွေ ဆက်ကြည့်မလား၊ ကျော်သွားမလားဆိုတာကို ဆုံးဖြတ်ဖို ပထမ (၃) စက္ကန့် ပဲ အချိန်ရပါတယ်။ ဒါကို "Hoo...
16/05/2026

TikTok ဗီဒီယိုတစ်ခုကို လူတွေ ဆက်ကြည့်မလား၊ ကျော်သွားမလားဆိုတာကို ဆုံးဖြတ်ဖို ပထမ (၃) စက္ကန့် ပဲ အချိန်ရပါတယ်။ ဒါကို "Hook" လို ခေါ်ပါတယ်။ 🎣

ဒီ ၃ စက္ကန့်က ဘာလို ဒီလောက်တောင် အရေးပါရတာလဲဆိုရင် TikTok Algorithm က ဗီဒီယိုကို လူတွေ ဘယ်လောက်ကြာကြာ ကြည့်လဲ (Watch Time) ဆိုတဲ့အပေါ် မူတည်ပြီး For You Page (FYP) ပေါ် ထပ်တွန်းပေးရမလားဆိုတာ ဆုံးဖြတ်လိုပါ။ ⬆️

ပထမ ၃ စက္ကန့်မှာတင် လူတွေကို မဖမ်းနိုင်ရင် video က ဘယ်လောက်ကောင်းကောင်းပဲ အလကား ဖြစ်သွားတတ်ပါတယ်။

လူတွေရဲ့ သိချင်စိတ် (Curiosity) ဒါမှမဟုတ် သူတို ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းပြတာမျိုးက "ငါရော ဒီလိုမျိုး လုပ်နေမိလား" ဆိုပြီး video ကို ကြည့်ချင်လာအောင် လှုဆော်ပေးပါတယ်။

အစက ကောင်းမှ အလယ်နဲ့ အဆုံးကို လူတွေ မြင်ခွင့်ရမှာ ဖြစ်တာကြောင့် နောက်တစ်ခါ TikTok video တွေရိုက်ရင် အစ ကို အချိန်ပေးပြီး သေချာပြင်ဆင်ကြည့်ဖို အကြံပေးလိုက်ပါရစေ ✨

Digital Saw

Facebook မှာရောင်းကောင်းဖို ယုံကြည်မှုကို အရင်ရောင်းနိုင်ဖိုလိုပါတယ်။ဒါဆိုရင် ယုံကြည်မှုကို ဘယ်လိုရောင်းရမှာလဲ...ဝယ်သူ c...
14/05/2026

Facebook မှာရောင်းကောင်းဖို ယုံကြည်မှုကို အရင်ရောင်းနိုင်ဖိုလိုပါတယ်။

ဒါဆိုရင် ယုံကြည်မှုကို ဘယ်လိုရောင်းရမှာလဲ...
ဝယ်သူ customer တွေအနေနဲ့ Online shopping မှာဈေးဝယ်တဲ့အခါ ကိုင်ကြည့်လို မရတဲ့အတွက် customer ဘက်ကနေ အပြည့်အဝ ယုံကြည်မှု ရအောင် ကြိုးစားရမှာကို ဆိုလိုတာပါ။ 🤝

Comment တွေတစ်ခုချင်းစီကို စာပြန်ပေးတာ၊ Page မှာစာလာပိုရင် ကျော်မဖတ်ဘဲ ဂရုစိုက်ပေးတာတွေက ဝယ်သူကို "ငါ့ကို တကယ်ကူညီချင်တာပဲ" ဆိုတဲ့ စိတ်ကို ဖြစ်စေပါတယ်။

အရင်က ဝယ်ယူဖူးတဲ့သူတွေရဲ့ စိတ်ကျေနပ်မှု Feedback တွေ၊ Review တွေက အားအကောင်းဆုံးနဲ့ အထိရောကိဆုံး ကြော်ငြာတွေပါ။ ဒါတွေကို ပြန်ပြီး ဝေမျှပေးတာက အသစ်လာဝယ်မယ့်သူတွေအတွက် အကောင်းဆုံး သက်သေပါပဲ ✍️

ဒါ့အပြင် ရောင်းဖိုချည်း မဟုတ်ဘဲ customer တွေအတွပ် ဗဟုသုတရစေမယ့် အကြောင်းအရာတွေ၊ အမေးအဖြေလို engagement post တွေကိုလည်း တင်ပေးဖို မမေ့ပါနဲ့နော် ‼️

Consistency ရှိရှိ အမြဲတမ်းပုံမှန်တင်သွားမယ်ဆိုရင် ဝယ်သူတွေဘက်က ယုံကြည်မှုရရှိပြီး ခိုင်မာတဲ့ Brand တစ်ခုအနေနဲ့ ကြာရှည်ရပ်တည်နိုင်မှာ အသေအချာပါပဲ 💯

Digital Saw

သုံးလိုက်တဲ့ Ads Budget တစ်ဒေါ်လာချင်းစီကနေ Message တွေ အမြတ်ထွက်ကုန်ကြပြီ 💸🔥ကြော်ငြာခတွေ နှမြောနေရတဲ့ ခေတ်ကို ကျော်ဖြတ်...
13/05/2026

သုံးလိုက်တဲ့ Ads Budget တစ်ဒေါ်လာချင်းစီကနေ Message တွေ အမြတ်ထွက်ကုန်ကြပြီ 💸🔥

ကြော်ငြာခတွေ နှမြောနေရတဲ့ ခေတ်ကို ကျော်ဖြတ်ပြီး "ငွေ ၁ ကျပ် သုံးရင် ၂ ကျပ် ပြန်ရမယ့်" ရလဒ်ကောင်းတွေကို Digital Saw က ဖန်တီးပေးနိုင်ပါတယ်‼️

အခုပြထားတဲ့ Boosting Performance လေးကတော့ ကျွန်တော်တို ဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ အပ်နှံထားတဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ လက်တွေ့ရလဒ်လေးပါ။

စုစုပေါင်း Ads Budget ကို $8.67 ပဲ သုံးထားရသေးပေမယ့် ပစ္စည်းကို စိတ်ဝင်စားလို လာမေးတဲ့သူ Message ပေါင်း ၁၀၁ စောင်တောင် ရရှိထားပါတယ်။

💡 ဒါဆိုရင် Boosting လုပ်တာ Message တစ်စောင်ကိုမှ $0.08 (မြန်မာငွေ ၄၀၀ ဝန်းကျင်) ပဲ ကျသင့်တော့မှာ ဖြစ်ပါတယ်။

အခုခေတ်မှာ ဒီလောက်သက်သာတဲ့ ဈေးနှုန်းနဲ့ Customer အစစ်အမှန် ၁၀၁ ယောက်ကို စကားပြောခွင့်ရဖိုဆိုတာ တော်တော်လေးကို တွက်ခြေကိုက်တယ်လို ဆိုရမှာပါပဲ။

Reach အနေနဲ့လည်း
လူဦးရေ ၄,၀၀၀ နီးပါး ဆီကို ကြော်ငြာရောက်ရှိသွားပြီး၊ အဲ့ဒီထဲကမှ ကိုယ့်ပစ္စည်းကို တကယ်စိတ်ဝင်စားတဲ့သူတွေက တန်းစီပြီး လာမေးနေကြနေကြပါပြီ။

Budget တစ်ဒေါ်လာချင်းစီကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့တာကြောင့် ဒါဟာ Ads "အမြတ်" ထွက်နေတာပဲ ဖြစ်ပါတယ်။

လူကြီးမင်းတိုရဲ့ လုပ်ငန်း Page မှာလည်း Budget တွေကို အလေအလွင့်မရှိဘဲ ဒီလိုမျိုး ရလဒ်ကောင်းတွေ ထွက်ပေါ်လာစေဖို ကျွန်တော်တိုရဲ့ Digital Saw Team က အကောင်းဆုံး Strategy တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

အလေအလွင့်မရှိတဲ့ boosting budget နဲ့ အရောင်းတက်ချင်တယ်ဆိုရင်
အခုပဲ Page Messenger မှာ "Boosting" လို ရေးပြီး ဆက်သွယ်မေးမြန်းနိုင်ပါပြီ။ 📮

အခုထိ Ads Budget တွေ အများကြီးသုံးနေပြီး ရလဒ်က "မှန်းချက်နဲ့နှမ်းထွက်မကိုက်" ဖြစ်နေပြီလား...🤔တကယ်တော့ Marketing budget ဆ...
13/05/2026

အခုထိ Ads Budget တွေ အများကြီးသုံးနေပြီး ရလဒ်က "မှန်းချက်နဲ့နှမ်းထွက်မကိုက်" ဖြစ်နေပြီလား...🤔

တကယ်တော့ Marketing budget ဆိုတာ ရေထဲပစ်ချလိုက်သလို ပျောက်သွားတာမျိုး မဖြစ်သင့်ပါဘူး။
တကယ်တော့ ကြော်ငြာတွေ ရလဒ်ကောင်းဖိုဆိုရင် လူတွေရဲ့ ပြဿနာကို ထိထိမိမိ ဖြေရှင်းပေးနိုင်တဲ့ Content နဲ့ ဝယ်သူနောက်ကို အရောက်လိုက်မယ့် Strategy ရှိဖိုပဲ လိုတာပါ ‼️

Digital Saw က လူကြီးမင်းတိုရဲ့ လုပ်ငန်းအတွက် -

✅ လူကြည့်များရုံတင်မဟုတ်ဘဲ အရောင်းတက်စေမယ့် Content များကို တိုင်ပင်ဆွေးနွေးပေးမယ့်အပြင် Budget အနည်းငယ်နဲ့တင် ထိရောက်မှုရှိစေမယ့် Targeting ကို စနစ်တကျ တည်ဆောက်ပေးပြီး

ကြော်ငြာခတွေကို ကုန်ကျစရိတ်သက်သက်အဖြစ်ကနေ အမြတ်အစွန်းတွေ ပြန်သယ်လာပေးမယ့် "ရင်းနှီးမြှုပ်နှံမှု" အဖြစ် ပြောင်းလဲပေးပါရစေ ✨

လူကြီးမင်းတိုရဲ့ လုပ်ငန်းအတွက် Budget တွေ အလဟဿ မဖြစ်စေဖို အထိရောက်ဆုံး Boosting plan ကို သိချင်ရင်တော့ အခုပဲ Page Messenger မှာ လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါ။ 📲

Digital Saw

Tiktok မှာ Viral ဖြစ်ဖို့ ကံကောင်းဖို့ လိုတာလား 🍀 Content ကောင်းရဲ့သားနဲ့ target လည်းမရောက်၊ view လည်း မတက်ဖြစ်နေတာက အချ...
11/05/2026

Tiktok မှာ Viral ဖြစ်ဖို့ ကံကောင်းဖို့ လိုတာလား 🍀

Content ကောင်းရဲ့သားနဲ့ target လည်းမရောက်၊ view လည်း မတက်ဖြစ်နေတာက အချိန်တစ်ခုကြာနေပြီဆိုရင်
"Views ပြန်တက်လာမလား" ဆိုပြီး စောင့်မနေသင့်တော့ပါဘူး ❌

တကယ်မှန်ကန်တဲ့ Target နဲ့ boosting လုပ်ပြီး FYP ပေါ် အရောက်ပို့ဖို့ လိုနေပြီ။

TikTok Boosting အတွက်ဆိုရင် လူအများကြီးဆီ ရမ်းသန်းပို့တာမျိုး မဟုတ်ဘဲ လူကြီးမင်းရဲ့ ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းကို တကယ်ဝယ်ယူမယ့်သူတွေဆီပဲ တိတိကျကျ ရောက်ရှိအောင် Target ထားပေးနိုင်တဲ့
Digital Saw ရှိပါတယ် 🎯

Digital Saw က TikTok Algorithm ကို သေချာနားလည်တဲ့အတွက် လူကြီးမင်းတို့ရဲ့ Video တွေကို စိတ်ဝင်စားနိုင်ခြေ အရှိဆုံးသူတွေရဲ့ FYP ပေါ် တန်းရောက်သွားအောင် နည်းစနစ်ကျကျ တွန်းတင်ပေးပါတယ်။

Tiktok မှာ Viral ဖြစ်ပြီး content အတွက် အပင်ပန်းခံရကျိုးနပ်ဖို့ အခုပဲ Digital Saw Page Messenger ကို ဆက်သွယ်လိုက်ပါ 📲

Digital Saw

သားသမီးတိုင်းရဲ့ ရှေ့ဆောင်လမ်းပြဖြစ်သော၊ ချစ်လှစွာသော မေမေတို့ရဲ့အားပေးသင်ပြမှုများကို လေးစားဂုဏ်ပြုရင်း မေမေများအားလုံး...
10/05/2026

သားသမီးတိုင်းရဲ့ ရှေ့ဆောင်လမ်းပြဖြစ်သော၊ ချစ်လှစွာသော မေမေတို့ရဲ့အားပေးသင်ပြမှုများကို လေးစားဂုဏ်ပြုရင်း မေမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း
Digital Saw မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

Address

No(742), Aye Yeik Thar 4Street, 43 Ward, Dangon Myothit(North)
Yangon

Telephone

+959978477891

Website

Alerts

Be the first to know and let us send you an email when Digital Saw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Digital Saw:

Share