Inkora

Inkora "𝗕𝗼𝗹𝗱 𝗠𝗮𝗿𝗸𝘀 𝗳𝗼𝗿 𝗕𝗼𝗹𝗱 𝗕𝗿𝗮𝗻𝗱𝘀"

Logo အပ်ရင်လိုက်နာရမည့် စည်းကမ်း ‼️ 1️⃣ Designer ကို ဆရာမလုပ်ရ 2️⃣ Designer ကို ဆရာမလုပ်ရ  3️⃣ Designer ကို ဆရာမလုပ်ရ  D...
23/09/2025

Logo အပ်ရင်လိုက်နာရမည့် စည်းကမ်း ‼️

1️⃣ Designer ကို ဆရာမလုပ်ရ
2️⃣ Designer ကို ဆရာမလုပ်ရ
3️⃣ Designer ကို ဆရာမလုပ်ရ

Designer တွေက Logo တစ်ခုကို အသေးစိတ်ကျကျ အနုစိတ်ဖန်တီးပေးထားတာမို့လွတ်
လွတ်လပ်လပ် သဘောထားကွဲလွဲလို့ရပေမယ့် ဆရာတော့မလုပ်ကြပါနဲ့ဗျာ 😉

ကျွန်တော်မျိုးတို့က စေတနာ ဗလပွနဲ့ သေချာလေး ဆွဲပေးထားပေမယ့် Client တွေကသူတို့ထည့်ချင်တာတွေ စွတ်ထည့်လိုက်တဲ့အခါ
Logo ကပုံပျက်သွားပါတယ် ~

မူလ Standard တစ်ခုကနေ Cheap Version ဖြစ်သွားတတ်လို့ စေတနာနဲ့ ပြောရတာပါ 🙂‍↕️

Logo တစ်ခုဆွဲတဲ့အခါ Perspective တွေ အများကြီး အများကြီး ကြည့်ပြီးတော့မှ ဆွဲရတာမို့ Logo တစ်ခုရဲ့ Value ကိုတော့ နားလည်စေချင်တယ်ဗျာ …

ဒါကြောင့် ကျွန်တော်တို့ “Inkora” မှာ Logo အပ်တော့မယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့စည်း
ကမ်းတွေလိုက်နာနိုင်မှ Logo လာအပ်ပါ 🤟🏻

ယုံယုံကြည်ကြည်နဲ့ ရွေးချယ်ရကျိုးနပ်အောင်လည်း အပြောနဲ့မဟုတ်၊ လက်တွေ့ပြသွားပေးဦးမှာပါ 😉‼️

🍀 Inkora Logo Design Service 🍀






အားကစားသမားတွေရဲ့ အားကိုးရာ Sprotswear တွေရဲ့ Logo တွေကို ကြည့်လိုက်ရင် ရိုးရှင်းပေမယ့် အဓိပ္ပာယ်ရှိတဲ့ အသွင်အပြင်တွေကို...
19/09/2025

အားကစားသမားတွေရဲ့ အားကိုးရာ Sprotswear တွေရဲ့ Logo တွေကို ကြည့်လိုက်ရင် ရိုးရှင်းပေမယ့် အဓိပ္ပာယ်ရှိတဲ့ အသွင်အပြင်တွေကို တွေ့ရမှာပါ။⛹️‼️

‎‎👉အဲ့လို Brandတွေထဲကမှ အားကစားသမားတွေကို စိတ်ခွန်အားပေးပြီး အခက်အခဲတွေကိုကျော်လွှားဖို့ ရည်ရွက်ချက်နဲ့ထုတ်ခဲ့တဲ့ Sportwears Brand တခုရှိပါတယ်။🤔

‎အဲ့တာကတော့ နာမည်ကျော် Sportswear Company တခုဖြစ်တဲ့ Adidas ပါပဲ။

‎ဒါကြောင့် Adidas ရဲ့ Logo က ကမ္ဘာတစ်လွှားက အားကစားသမားတွေကို ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်ဖို့ တွန်းအားပေးနေလဲဆိုတာ ဒီနေ့မှာ တူတူလေ့လာကြည့်ရအောင်။👇

‎‎📍The Trefoil Logo (အရွက်သုံးရွက် Logo)

‎‎Adidas ရဲ့ ပထမဆုံး Logo ကို 1972 ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီ Logo မှာ အရွက်သုံးရွက်ပါပြီး တစ်ခုချင်းစီက တိုက်ကြီးသုံးခုဖြစ်တဲ့ မြောက်အမေရိက၊ ဥရောပ၊ အာရှ ကို ကိုယ်စားပြုပြီး ကမ္ဘာတစ်ဝှမ်းကို ဖြန့်ကျက်ဖို့ ရည်ရွယ်ခဲ့တာကို ပြသနေပြီး အားကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ကိုပါ ဖော်ပြနေပါတယ်။

‎‎📍The Three-Stripe Logo (မျဉ်းသုံးကြောင်း Logo)

‎1990 ပြည့်လွန်နှစ်တွေမှာတော့ Adidas က The Trefoil Logo ကို ပိုပြီး ရိုးရှင်းတဲ့ မျဉ်းသုံးကြောင်းပုံစံ Logo နဲ့ အစားထိုးခဲ့ပါတယ်။
ဒီ Logo ဟာ အစပိုင်းက ဖိနပ်ပေါ်မှာ ထည့်သွင်းထားတဲ့ သားရေစကို အခြေခံပြီး ဖန်တီးခဲ့ကာ အချိန်ကြာလာတော့ မျဉ်းသုံးကြောင်းကို တောင်ပုံစံလေး ဖြစ်အောင် ပုံဖော်ခဲ့ပါတယ်။

‎ဒီတောင်ပုံစံ Logo က အားကစားသမားတွေအတွက် စိန်ခေါ်မှုနဲ့ အောင်မြင်မှုရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး အားကစားသမားတွေဟာ အမြဲတမ်း တောင်ထိပ်ကိုတက်သလိုပဲ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီး ကိုယ့်ရဲ့ပန်းတိုင်ကိုရောက်အောင် သွားနေရတာဖြစ်လို့ ဒီတောင်ပုံစံ Logo က ပန်းတိုင်ဆီရောက်အောင် တွန်းအားပေးနေသလိုပါပဲ။

‎‎📍The Globe Logo (ကမ္ဘာလုံး Logo)

‎‎နောက်ဆုံးအနေနဲ့ ပိုပြီး ရိုးရှင်းတဲ့ အမှတ်တံဆိပ်တစ်ခုကို ဖန်တီးဖို့အတွက် Adidas စကားလုံးအောက်မှာ မျဉ်းကြောင်းသုံးကြောင်းပါတဲ့ ကမ္ဘာလုံး Logo ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ Logo ကတော့ Adidas ရဲ့ နာမည်ကျော် ဖိနပ်ဒီဇိုင်းကို အခြေခံပြီး ဖန်တီးခဲ့တာပါ။

‎‎📍ဒီလို Logo အမျိုးမျိုးကို ဖန်တီးခဲ့ပေမဲ့လည်း Adidas ရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါပဲ။ အဲဒါကတော့ အားကစားသမားတွေကို သူတို့ရဲ့ စွမ်းရည်အပြည့်အဝနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ တွန်းအားပေးကာ Adidas ဟာ Logo တွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ပြောင်းလဲခဲ့ပေမဲ့လည်း အမြဲတမ်း မျဉ်းကြောင်းသုံးကြောင်းကိုတော့ မပျောက်ပျက်အောင် ထိန်းသိမ်းထားခဲ့ပါတယ်။

ဒီလိုထိန်းသိမ်းထားတာကလည်း အားကစား
သမားတွေရဲ့ ပန်းတိုင်တွေ၊ စိန်ခေါ်မှုတွေဟာ ထာဝရ ရှိနေမယ်ဆိုတဲ့အကြောင်းကို ကိုယ်စားပြုနေပါတယ်။💁

‎‎♦️Inkora ဟာ သင့်လုပ်ငန်းရဲ့ ပုံရိပ်ကို အကောင်းဆုံးဖော်ပြနိုင်မယ့် Logo တွေကို
ပုံဖော်ပေးနေလို့ အခုပဲ Messenger သို့မဟုတ် Viber ကနေဆက်သွယ်ပြီး သင့်လုပ်ငန်းအတွက် အကောင်းဆုံး Logo ကို စတင်ဖန်တီးလိုက်ပါ။🤝

Inkora Logo Design Service
"𝗕𝗼𝗹𝗱 𝗠𝗮𝗿𝗸𝘀 𝗳𝗼𝗿 𝗕𝗼𝗹𝗱 𝗕𝗿𝗮𝗻𝗱𝘀"

Hotline : 09 78 25 69 500
Viber : 09 78 25 69 500
‎


‎
‎
‎
‎
‎

ခဏခဏ Revise တော့မလုပ်ပေးဘူး ‼️ ဘာလို့ဆို တစ်ကြိမ်ထဲနဲ့ စိတ်ကျေနပ်အောင် ဖန်တီးပေးမှာမို့လို့ပါ 😎 Logo တစ်ခါဆွဲရင် အနည်းဆု...
16/09/2025

ခဏခဏ Revise တော့မလုပ်ပေးဘူး ‼️

ဘာလို့ဆို တစ်ကြိမ်ထဲနဲ့ စိတ်ကျေနပ်အောင် ဖန်တီးပေးမှာမို့လို့ပါ 😎

Logo တစ်ခါဆွဲရင် အနည်းဆုံး ၂ ခါ ၃ ခါလောက်တော့ ပြင်လိုက်ရမှဆိုတဲ့ ညိုကီတို့ ညိုမီတို့ကိုပြောချင်တာက ~

အလိုတော့မလိုက်ဘူးကွာ! ထပ်ပြင်စရာမလိုအောင်ကို တစ်ခါထဲနဲ့ စိတ်ကျေနပ်အောင် ဖန်တီးပေးလိုက်မှာ ✔️

ဘာလို့ ဒီလောက်သေချာနေသလဲတော့ မမေးလိုက်နဲ့၊ ကျွန်တော်မျိုးတို့က Client နဲ့ သေချာလေး dealing လုပ်ပြီးမှ Logo ဆွဲပေးတာမို့ပါဗျာ ~

ပြီးပြီးရော လုပ်ပေးတာလုံးဝမဟုတ်ဘဲ မဆွဲခင်မှာ ရည်းစားထားလို့ တီတီတာတာပြောသလို တောက်လျှောက်စကားတွေပြောပြီး Dealing လုပ်ဦးမှာပါ 😉

အဲ့လိုမျိုး မဆွဲခင်မှာ သေချာလေးပြင်ဆင်ထားတော့ ဆွဲပြီးတဲ့အချိန်မှာ ဘာမှထပ်ပြီး Revise လုပ်စရာမလိုတော့ဘူးပေါ့ဗျာ!

အဲ့တော့ Logo ဆွဲရင် ပြင်လိုက်ရမှဆိုတဲ့သူတွေတော့ မလာပါနဲ့ဗျာ …

တစ်ခါထဲနဲ့ ပြင်စရာမလိုအောင် ဆွဲပေးတာကို ကြိုက်တယ်ဆိုမှ “Inkora” ကိုရွေးပါဗျို့ 🥳

Inkora Logo Design Service
"𝗕𝗼𝗹𝗱 𝗠𝗮𝗿𝗸𝘀 𝗳𝗼𝗿 𝗕𝗼𝗹𝗱 𝗕𝗿𝗮𝗻𝗱𝘀"

Hotline : 09 78 25 69 500
Viber : 09 78 25 69 500
‎


‎
‎
‎
‎
‎

ကမ္ဘာပေါ်မှာ အကြီးဆုံး E-commerce ကုမ္ပဏီတစ်ခုဖြစ်တဲ့ Amazon ကို လူတိုင်းရင်းနှီးကြမှာပါ။‼️‎‎👉Amazon ရဲ့ Logo ကို သေချာက...
12/09/2025

ကမ္ဘာပေါ်မှာ အကြီးဆုံး E-commerce ကုမ္ပဏီတစ်ခုဖြစ်တဲ့ Amazon ကို လူတိုင်းရင်းနှီးကြမှာပါ။‼️

‎‎👉Amazon ရဲ့ Logo ကို သေချာကြည့်ဖူးတယ်ဆိုရင် စာလုံးအောက်မှာ မြားအဝါရောင်လေးတစ်ခု ပါနေတာကို တွေ့ရမှာပါ။ ဒီမြှားလေးဟာ ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ အဓိပ္ပာယ်ရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖန်တီးထားတာ ဖြစ်ပြီး ဒီနေ့တော့ Amazon ရဲ့ Logo နောက်ကွယ်က လေးနက်တဲ့ အဓိပ္ပာယ်တွေကို Inkora ကမျှဝေပေးချင်ပါတယ်။🤗

‎‎‼️Amazon ကို 1994 ခုနှစ်မှာ Jeff Bezos (ဂျက်ဖ် ဘီဇို့စ်) က စတင်တည်ထောင်ခဲ့တုန်းက "Cadabra" လို့ အမည်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှေ့နေတစ်ဦးရဲ့ အကြံပေးချက်အရ နာမည်ကို "Amazon" လို့ ပြောင်းလဲခဲ့ပါတယ်။ Jeff Bezos က Amazon မြစ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးမြစ်ဖြစ်လို့ သူ့ကုမ္ပဏီကိုလည်း အကြီးဆုံးဖြစ်စေချင်တာကြောင့်
ဒီနာမည်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

‎‎📌Logo ရဲ့ လေးနက်တဲ့ အဓိပ္ပာယ်များ

‎‎Logo ကို 1998 ခုနှစ်မှာ Turner Duckworth ဆိုတဲ့ ကုမ္ပဏီက ဒီဇိုင်းရေးဆွဲခဲ့ပြီး Amazon ဆိုတဲ့ စာလုံးအောက်က မြားအဝါရောင်လေးဟာ ရိုးရှင်းပေမဲ့ အဓိပ္ပာယ်နှစ်မျိုးကို ကိုယ်စားပြုနေပါတယ်။

‎‎📍ကျေနပ်ပျော်ရွှင်မှုရဲ့ သင်္ကေတ

‎‎အဝါရောင်မြှားလေးဟာ A စာလုံးအောက်ကနေစပြီး Z စာလုံးအထိ မျဉ်းကြောင်းတစ်ခုလို ဆက်သွယ်ထားတာကို တွေ့ရမှာပါ။ ဒါဟာ Amazon မှာ ပစ္စည်းတွေကို "A to Z" (အစမှ အဆုံး) အထိ အစုံအလင် ဝယ်ယူနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေပါတယ်။

‎‎ဒီလိုပစ္စည်းစုံလင်မှုက ဖောက်သည်တွေ လိုအပ်တဲ့ပစ္စည်းအားလုံးကို တစ်နေရာတည်းမှာ ရှာတွေ့နိုင်ပြီး ပိုမိုအဆင်ပြေစေတာကြောင့် "ပျော်ရွှင်မှု" ကိုလည်း ကိုယ်စားပြုပြီး မြှားပုံစံလေးဟာ ပြုံးနေတဲ့ နှုတ်ခမ်းပုံစံနဲ့တူနေတာကြောင့် ပျော်ရွှင်နေတဲ့ ဖောက်သည်တစ်ဦးကိုလည်း ရည်ညွှန်းနေပါတယ်။

📍ရိုးရှင်းတဲ့ ဒီဇိုင်း၊ ကြီးမားတဲ့ ရည်ရွယ်ချက်

‎‎Amazon ရဲ့ Logo ဟာ အရောင်အသွေးတွေ၊ ရှုပ်ထွေးတဲ့ ပုံစံတွေမပါဘဲ ရိုးရှင်းပြီး ဒီရိုးရှင်းမှုက Amazon ရဲ့ ရည်ရွယ်ချက်ကို ပိုမိုပေါ်လွင်စေပါတယ်။ "ဖောက်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးမယ်၊ လိုအပ်တဲ့ပစ္စည်းအားလုံးကို အစုံအလင်ရရှိအောင် လုပ်ဆောင်ပေးမယ်" ဆိုတဲ့ ရိုးရှင်းတဲ့ ရည်မှန်းချက်ကို
ဒီ Logo ကနေတစ်ဆင့် ဖော်ပြနေတာပါ။

‎‎✨ဒီလိုရိုးရှင်းတဲ့ Logo ဟာ ကုမ္ပဏီရဲ့ ရည်မှန်းချက်၊ ဖောက်သည်ကို ဦးစားပေးတဲ့ပုံစံနဲ့ ထူးခြားတဲ့ ဝန်ဆောင်မှုတွေကို ဖော်ပြပေးနေတာကြောင့် ကမ္ဘာပေါ်က အအောင်မြင်ဆုံး Logo တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေတာပေါ့။🤗

‎‎♦️Inkora ဟာ သင့်လုပ်ငန်းရဲ့ ပုံရိပ်ကို အကောင်းဆုံးဖော်ပြနိုင်မယ့် Logo တွေကို ပုံဖော်ပေးနေလို့ အခုပဲ Messenger သို့မဟုတ် Viber ကနေဆက်သွယ်ပြီး သင့်လုပ်ငန်းအတွက် အကောင်းဆုံး Logo ကို စတင်ဖန်တီးလိုက်ပါ။🤝

‎Inkora Logo Design Service
"𝗕𝗼𝗹𝗱 𝗠𝗮𝗿𝗸𝘀 𝗳𝗼𝗿 𝗕𝗼𝗹𝗱 𝗕𝗿𝗮𝗻𝗱𝘀"

Hotline : 09 78 25 69 500
Viber : 09 78 25 69 500
‎


‎
‎
‎
‎
‎

ရည်းစားကို ရစ်မရဖြစ်နေလား 🧐❓ ရစ်ချစ်လို့ ရည်းစားထားသော်လည်း ရည်းစားက ရစ်မရလို့ စိတ်ထိခိုက်နေပါသလား? ကဲ … စိတ်မညစ်ပါနဲ့။ ...
09/09/2025

ရည်းစားကို ရစ်မရဖြစ်နေလား 🧐❓

ရစ်ချစ်လို့ ရည်းစားထားသော်လည်း ရည်းစားက ရစ်မရလို့ စိတ်ထိခိုက်နေပါသလား?

ကဲ … စိတ်မညစ်ပါနဲ့။ ညီမလေးတို့ စိတ်ကြိုက်ရစ်ဖို့ ကျွန်တော်မျိုးတို့ “Inkora” မှာ Logo Design Service လေးရှိနေပါပြီဗျာ 🥳

Logo ဆွဲချင်လွန်းလို့ Page ထောင်လိုက်တာမဟုတ်၊ အရစ်သန်လှပါချည်ရဲ့ဆိုတဲ့သူတွေဆီက အရစ်ခံချင်လွန်းလို့ကို Page ထောင်လိုက်တာပါ 🙂‍↕️

ကျွန်တော်မျိုးကပဲ Logo ဆွဲတဲ့နေရာမှာ စိတ်ရှည်မလား?

ညီမလေးတို့ ကိုကြီးတို့ကပဲ စိတ်တိုင်းမကျ
မချင်းရစ်နိုင်မလား ဆိုတာကတော့ ကိုယ်တိုင်သာ Logo လာအပ်ကြည့်လိုက်ပါ!

အဓိကကတော့ အရစ်သန်တဲ့ ညီမလေးတို့ရဲ့ ရွှေစိတ်တော်လေး မကျေနပ်မချင်း စိတ်တိုင်းကျတဲ့ Logo တစ်ခု ဖန်တီးပေးချင်တာမို့ ညီမလေးတို့အတွက် Special Price လေးရှိပါတယ် Chatbox ကိုသာ ကြွခဲ့ပါ 😎💬

Inkora Logo Design Service
"𝗕𝗼𝗹𝗱 𝗠𝗮𝗿𝗸𝘀 𝗳𝗼𝗿 𝗕𝗼𝗹𝗱 𝗕𝗿𝗮𝗻𝗱𝘀"

Hotline : 09 78 25 69 500
Viber : 09 78 25 69 500
‎


‎
‎
‎
‎
‎

ကမ္ဘာပေါ်မှာ Logo တွေကို အမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။‼️‎👉 ဒါပေမဲ့ ဥပဒေအရ တရားဝင် မ...
05/09/2025

ကမ္ဘာပေါ်မှာ Logo တွေကို အမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။‼️

‎👉 ဒါပေမဲ့ ဥပဒေအရ တရားဝင် မှတ်ပုံတင်ထားတဲ့ ပထမဆုံး Logo က ဘာလဲလို့ မေးရင်တော့ ဗြိတိန်နိုင်ငံထုတ် Bass Pale Ale ဘီယာရဲ့ အနီရောင်တြိဂံပုံ Logo ပဲ ဖြစ်ပါတယ်။🍻

‎‎📍ဒါကြောင့် ဒီ Bass Plae Ale ကဘယ်လိုနည်းနဲ့ သူတို့Brandရဲ့ Logo ကို ပထမဆုံးမှတ်ပုံတင်ခွင့်ရသွားသလဲဆိုတာနဲ့ Logo လုပ်ဖြစ်သွားတာကို Inkoraက ပြောပြပေးသွားမှာပါ။🤗

‎‎📌1876 ခုနှစ် အမှတ်တံဆိပ် ဥပဒေ

‎‎1875 ခုနှစ်မှာ ဗြိတိန်နိုင်ငံမှာ "Trade Marks Registration Act" ဆိုတဲ့ ကုန်အမှတ်တံဆိပ်မှတ်ပုံ
တင်ခြင်းဆိုင်ရာ ဥပဒေတစ်ခုကိုစတင်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေဟာ ကုမ္ပဏီတွေရဲ့ Logo တွေကို တရားဝင် အကာအကွယ်ပေးဖို့ ရည်ရွယ်ခဲ့တာပါ။

‎ဥပဒေ စတင်အသက်ဝင်တဲ့ 1876 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်နေ့မှာ Bass & Co. ဆိုတဲ့ ဘီယာကုမ္ပဏီက သူတို့ရဲ့ ထူးခြားတဲ့ အနီရောင်တြိဂံ Logo ကို မှတ်ပုံ
တင်ဖို့အတွက် တန်းစီခဲ့ပြီး အမှတ်စဉ် (1) နဲ့ မှတ်ပုံတင်နိုင်ဖို့အတွက်အရင်ရောက်အောင် တန်းစီခဲ့ကြကာ အဲဒီလိုနဲ့ မှတ်ပုံတင်နံပါတ် (1) ကိုရရှိခဲ့ပါတယ်။

‎‎📌Logo ရဲ့ အဓိပ္ပာယ်နဲ့ သမိုင်းကြောင်း

‎‎Bass Pale Ale ရဲ့ အနီရောင်တြိဂံ Logo ဟာ ရိုးရှင်းပေမဲ့လည်း အစွမ်းထက်ပါတယ်။

‎ဒီ Logo ကို တီထွင်ခဲ့သူကတော့ Michael Thomas Bass Jr. ပဲ ဖြစ်ပြီး‎သူဟာ သူတို့ရဲ့ ဘီယာပုလင်းတွေကို တခြားဘီယာတွေနဲ့ မမှားအောင် ခွဲခြားသိသာစေဖို့ရိုးရှင်းတဲ့ဒီဇိုင်းတစ်ခုကိုဖန်တီးခဲ့တာပါ။

‎အဲဒီ့ခေတ်က ဘီယာပုလင်းတွေကို အလွယ်တကူ ခွဲခြားနိုင်ဖို့ Logo တွေက အရေးပါလာတာကြောင့် Bass ကုမ္ပဏီဟာ သူတို့ရဲ့ ဘီယာပုလင်းတွေပေါ်မှာ အဲဒီအနီရောင် တြိဂံ Logo ကို ထင်ထင်ရှားရှား ကပ်ခဲ့ကြပါတယ်။

‎‎🍻အခုဆိုရင်လည်း Bass Pale Ale ဘီယာပုလင်းတွေကို စစချင်း Logo နဲ့အတူ တွေ့နိုင်ပါသေးတယ်။ Bass Pale Ale ဟာ Logo သမိုင်းမှာ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ဒီလိုပဲ သင့်လုပ်ငန်းအတွက် အမှတ်တရဖြစ်စေမယ့် Logo တစ်ခု ဖန်တီးချင်ရင်တော့ Inkora ဆီသာ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

‎‎♦️Inkora ဟာ သင့်လုပ်ငန်းရဲ့ ပုံရိပ်ကို အကောင်းဆုံးဖော်ပြနိုင်မယ့် Logo တွေကို ပုံဖော်ပေးနေလို့ အခုပဲ Messenger သို့မဟုတ် Viber ကနေဆက်သွယ်ပြီး သင့်လုပ်ငန်းအတွက် အကောင်းဆုံး Logo ကို စတင်ဖန်တီးလိုက်ပါ။🤝

‎Inkora Logo Design Service
"𝗕𝗼𝗹𝗱 𝗠𝗮𝗿𝗸𝘀 𝗳𝗼𝗿 𝗕𝗼𝗹𝗱 𝗕𝗿𝗮𝗻𝗱𝘀"

Hotline : 09 78 25 69 500
Viber : 09 78 25 69 500
‎


‎
‎
‎
‎
‎

ဒါတွေလက်မခံနိုင်ရင် “Inkora” မှာ Logo လာမအပ်ပါနဲ့ 😐‼️ ဘာတွေလဲဆိုတော့ ~ ✅ Logo တစ်ခုဆွဲရင် စိတ်တိုင်းကျတာ ✅ Revise လုပ်စရ...
02/09/2025

ဒါတွေလက်မခံနိုင်ရင် “Inkora” မှာ Logo လာမအပ်ပါနဲ့ 😐‼️

ဘာတွေလဲဆိုတော့ ~

✅ Logo တစ်ခုဆွဲရင် စိတ်တိုင်းကျတာ

✅ Revise လုပ်စရာမလိုတဲ့အထိ အကြိုက်တွေ့တာ

✅ ပြောထားတဲ့အတိုင်း အချိန်တိကျတာ
✅ Logo Design က Premium ဆန်ပြီး သပ်ရပ်တာ
✅ Brand နဲ့လိုက်ဖက်တာတွေပါ။

အဲ့တော့ လူကြီးမင်းတို့က အပေါ်က အချက်တွေကို လုံးဝ လက်မခံနိုင်ဘူး ❌

Logo ဆို အခါခါပြင်ပြီး တစ်ခါဆွဲ တစ်သက်စိတ်ဒဏ်ရာ ရလောက်တဲ့အထိ စိတ်ညစ်ချင်တယ်ဆိုရင်တော့ “Inkora” ကိုမရွေးပါနဲ့ဗျာ!

Inkora က လူကြီးမင်းတို့ကို တစ်ခါထဲနဲ့ စိတ်တိုင်းကျအောင် ဖန်တီးပေးမှာမို့ပါ 😉

Logo Design အမျိုးမျိုးကို Client လိုချင်တဲ့အတိုင်း သေချာလေး Consult လုပ်ပေးပြီးမှ

✍️ Sketch အကြမ်းချပြီး Logo ကို အသေးစိတ် ရှယ်ဆွဲပေးတာပါဗျာ

ဒါကြောင့် Logo တစ်ခုကို စိတ်တိုင်းကျတဲ့အထိ ယုံကြည်စိတ်ချစွာ အပ်နှံချင်ရင် “Inkora” ကိုသာ နှစ်ခါမစဉ်းစားဘဲ ရွေးချယ်လိုက်ပါ 🙂‍↕️‼️

Inkora Logo Design Service
"𝗕𝗼𝗹𝗱 𝗠𝗮𝗿𝗸𝘀 𝗳𝗼𝗿 𝗕𝗼𝗹𝗱 𝗕𝗿𝗮𝗻𝗱𝘀"

Hotline : 09 78 25 69 500
Viber : 09 78 25 69 500
‎


‎
‎
‎
‎
‎

ခေါင်းစားမခံနဲ့ ဘေဘီ ‼️ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေး အာရုံနောက်ပြီး ခေါင်းစားလို့ ဆံပင်တွေဖြူမှာ ကျွန်တော်မျိုး မကြည့်ရက...
28/08/2025

ခေါင်းစားမခံနဲ့ ဘေဘီ ‼️

ချစ်ဖို့ကောင်းတဲ့ မျက်နှာလေး အာရုံနောက်ပြီး ခေါင်းစားလို့ ဆံပင်တွေဖြူမှာ ကျွန်တော်မျိုး
မကြည့်ရက်လို့ပါ 🙂‍↕️

လုပ်ငန်းတစ်ခု စပြီးတည်ထောင်တော့မယ်ဆိုရင် Brand Logo ကလည်း အရေးပါတယ်ဆိုတော့ အဲ့ဒီ့ Logo ကိုကိုယ့်ဘာသာစဉ်းစားရင်းဦးနှောက်ခြောက်နေပြီဟုတ်?

ဒီမှာညီမလေးတို့ရာ ကျွန်တော်မျိုးပြောပြမယ် 🤓

Inkora မှာ Logo Design လေး လာအပ်လိုက်!

Logo အတွက် ဘာမှစဉ်းစားစရာမလိုဘူး ဒီက အားလုံးလုပ်ပေးမှာ!

မကြိုက်ဘူးမလား ရတယ်။ ကြိုက်တဲ့ထိ ဆွဲပေးမှာ! ( ဗေဒင်တွေ ယတြာတွေနဲ့ ကိုက်အောင်တော့ ကျွန်တော်မျိုးမဆွဲတတ်တာ နားလည်ပေးဗျာ 🥹 )

ပိုက်ဆံအများကြီးကုန်ရင်လည်း ညီမလေးတို့ စိတ်ထိခိုက်မှာ ကျွန်တော်မျိုးသိတယ် 🤫

အဲ့တာကြောင့် Package တွေလည်း စီစဉ်ပေးထားပြီး အတန်တကာ့ အတန်ဆုံး အစီအစဉ်တွေလည်း ရှိမယ်ဗျာ ~

ကဲ … ဒီလောက်ပြောနေတာတောင် ဆံပင်ဖြူခံပြီး စဉ်းစားနေတုန်းလား? Inkora မှာသာ မြန်မြန်လေး Logo လာအပ်ပြီး စိတ်ချမ်းသာခြင်းရဲ့ အရသာ
အပြည့်အဝ ခံစားကြည့်လိုက်ပါဗျို့ 🙂‍↕️‼️

Inkora Logo Design Service
"𝗕𝗼𝗹𝗱 𝗠𝗮𝗿𝗸𝘀 𝗳𝗼𝗿 𝗕𝗼𝗹𝗱 𝗕𝗿𝗮𝗻𝗱𝘀"

Hotline : 09 78 25 69 500
Viber : 09 78 25 69 500
‎


‎
‎
‎
‎
‎

ကမ္ဘာပေါ်မှာ လူသိအများဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ရဲ့ Logo ကိုလူတိုင်းနီးပါး ရင်းနှီးကြမှာပါ။‼️‎‎👉 ပန်းသီးကို ...
25/08/2025

ကမ္ဘာပေါ်မှာ လူသိအများဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ရဲ့ Logo ကိုလူတိုင်းနီးပါး ရင်းနှီးကြမှာပါ။‼️

‎‎👉 ပန်းသီးကို တစ်ဝက်လောက် ကိုက်ထားတဲ့ပုံစံက Apple ရဲ့ ထူးခြားတဲ့ အမှတ်အသားတစ်ခု ဖြစ်ပြီး ဒီ Logo ရဲ့ သမိုင်းကြောင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ဒဏ္ဍာရီတွေ၊ ယူဆချက်တွေ အများကြီး ရှိပြီး ဒီနေ့တော့ Apple Logoရဲ့နောက်ကွယ်ကအကြောင်း
အရာတွေကို Inkora က မျှဝေပေးချင်ပါတယ်။🤗

‎‎🍎Apple ရဲ့ ပထမဆုံး Logo

‎‎လူသိနည်းတဲ့အချက်ကတော့ Apple ရဲ့ ပထမဆုံး Logo က အခုလို ရိုးရှင်းတဲ့ ပန်းသီးပုံ မဟုတ်ပါဘူး။ 1976 ခုနှစ်မှာ Apple ကို စတင်တည်ထောင်ခဲ့တုန်းက Isaac Newton (အိုက်ဇက် နယူတန်) သစ်ပင်အောက်မှာ ထိုင်နေပြီး သူ့ခေါင်းပေါ် ပန်းသီးတစ်လုံး ပြုတ်ကျလာတဲ့ ပုံကို Logo အဖြစ် အသုံးပြုခဲ့ပြီး
ဒီ Logo ကို Ronald Wayne (ရော်နယ် ဝိန်း) ဆိုတဲ့ ပူးတွဲတည်ထောင်သူတစ်ဦးက ရေးဆွဲခဲ့တာပါ။

ဒါပေမဲ့ ဒီ Logo က ခေတ်နဲ့မညီဘဲ ရှုပ်ထွေးလွန်းတယ်လို့ ယူဆခဲ့ကြတာကြောင့်တစ်နှစ်အကြာမှာပဲ ပယ်ဖျက်လိုက်ရပါတယ်။

‎‎🍎Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo

‎‎ပထမဆုံး Logo ကို ပယ်ဖျက်ပြီးနောက်မှာ Rob Janoff (ရော့ဘ် ဂျန်နော့ဖ်) ဆိုတဲ့ ဒီဇိုင်နာကို Apple Logo အသစ်တစ်ခု ရေးဆွဲဖို့ တာဝန်ပေးခဲ့ကာ Rob Janoff ဟာ ရိုးရှင်းပြီး မှတ်ရလွယ်တဲ့ Logo တစ်ခုကို ဖန်တီးချင်ခဲ့ပြီးပန်းသီးပုံကိုအဓိကထားပြီးဒီဇိုင်းဆွဲခဲ့ပါတယ်။

ဒါပေမဲ့ ပန်းသီးအလုံးလိုက်ပုံကို ကြည့်လိုက်တဲ့အခါ ချယ်ရီသီး ဒါမှမဟုတ် ခရမ်းချဉ်သီးနဲ့ မှားယွင်းနိုင်တာကြောင့် ပန်းသီးမှန်း သိသာစေဖို့ ကိုက်ရာလေးတစ်ခု ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

‎‎🍎ပန်းသီးကိုက်ရာရဲ့ ဒဏ္ဍာရီများ

‎‎ဒီကိုက်ရာလေးနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီဆန်တဲ့ ယူဆချက်တွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ်။

‎လူအချို့က Alan Turing (အလန် တူးရင်း) လို့ခေါ်တဲ့ ကွန်ပျူတာသိပ္ပံပညာရှင်ကို ဂုဏ်ပြုဖို့ ဖန်တီးခဲ့တာလို့ ယူဆကြပြီး အချို့ကတော့‎ကွန်ပျူတာပညာရပ်မှာ အသုံးပြုတဲ့ “Byte” နဲ့ “Bite” (ကိုက်တယ်) ဆိုတဲ့ စကားလုံးနှစ်ခုရဲ့ အသံထွက်ဆင်တူမှုကို ရည်ရွယ်ပြီး ဖန်တီးခဲ့တာလို့လည်း ဆိုကြပါတယ်။

‎အဖြစ်နိုင်ဆုံး အဖြေကတော့ Rob Janoff ကိုယ်တိုင် ရှင်းပြခဲ့သလို ပန်းသီးမှန်း သိသာစေဖို့ ထည့်သွင်းခဲ့တာပါပဲ။

‎ဒါ့အပြင် ပန်းသီးကိုက်ရာ Logo ကို စတင်အသုံးပြုချိန်မှာ သက်တံရောင် (Rainbow) ခြယ်ထားတဲ့ ပန်းသီးပုံ ဖြစ်ခဲ့ပါတယ်။ ဒီအရောင်ခြယ်တာက Apple II ကွန်ပျူတာရဲ့ ရောင်စုံဖန်သားပြင် (Color Display) ကို ကိုယ်စားပြုခဲ့ပြီး 1998 ခုနှစ် Steve Jobs (စတိဗ် ဂျော့ဘ်) Apple ကို ပြန်လည်ရောက်ရှိလာပြီးနောက်မှာတော့ ရိုးရှင်းပြီး ခေတ်မီတဲ့ ပုံစံမျိုးဖြစ်အောင် Logoကို မိုနိုခရုမ်း(Monochrome) လို့ ခေါ်တဲ့တစ်ရောင်တည်း ပုံစံမျိုးကိုပြောင်းလဲအသုံး
ပြုခဲ့ပါတယ်။

‎‎ဒီနေ့ခေတ်မှာတော့ Apple ရဲ့ ရိုးရှင်းပြီး ဆန်းသစ်တဲ့ ပန်းသီးကိုက်ရာ Logo ဟာ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ရင်ထဲမှာ စွဲမြဲနေတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်နေပါပြီ။💁

‎♦️Inkora ဟာ သင့်လုပ်ငန်းရဲ့ ပုံရိပ်ကို အကောင်းဆုံးဖော်ပြနိုင်မယ့် Logo တွေကို ပုံဖော်ပေးနေလို့ အခုပဲ Messenger သို့မဟုတ် Viber ကနေဆက်သွယ်ပြီး သင့်လုပ်ငန်းအတွက် အကောင်းဆုံး Logo ကို စတင်ဖန်တီးလိုက်ပါ။🤝

Inkora Logo Design Service
"𝗕𝗼𝗹𝗱 𝗠𝗮𝗿𝗸𝘀 𝗳𝗼𝗿 𝗕𝗼𝗹𝗱 𝗕𝗿𝗮𝗻𝗱𝘀"

Hotline : 09 78 25 69 500
Viber : 09 78 25 69 500
‎


‎
‎
‎
‎
‎

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Inkora posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share